← Chapters

မိုတုမှ အန်လင်းသို့

Vol. 14 Ch. 198

မိုတုမှ အန်လင်းသို့

Vol. 14 Ch. 198

[အဲ့တော့ မစ္စတာလင်း ပန်းအိုးကို မတော်တဆ ခွဲမိတယ်။ ဒါပေမဲ့ ပန်းအိုးက အတုဖြစ်နေတယ်။ ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့ဂိုဏ်းနဲ့လည်း ဆက်စပ်နေတယ်။ အဲ့တာကို လူထုအာရုံစိုက်အောင် ဗီဒီယိုတင်ပြီး ဖော်ခဲ့တယ်။ နောက်ဆုံး နောက်ကွယ်က ကြိုးကိုင်နေတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေကိုပါ မိသွားတယ်ပေါ့]

[တကယ်ပါပဲ။ ဒါ လူတစ်ယောက် လုပ်နိုင်တဲ့ အရည်အချင်း ဟုတ်လို့လား]

[လိမ်နေတာ။ လုံးဝ လိမ်နေတာ။ မစ္စတာလင်း ဘယ်လိုလုပ် လုပ်နိုင်မှာလဲ]

[ဟုတ်တယ်။ သူက သံသယရှိသူလေ။ ဒီလိုမျိုး အောင်မြင်မှု ရနိုင်တယ်လား]

[မစ္စတာလင်း ကျွန်တော် ခင်ဗျား အောင်မြင်မှုကို ကြည့်ချင်လို့ ရောက်နေတာ မဟုတ်ဘူးလေ။ ပြစ်မှုကျူးလွန်တာပဲ တွေ့ချင်တာ]

[ရက်စက်လိုက်တာ]

[အောင်မြင်နိုင်ခြေ တစ်ဝက်လောက်ပဲ ရှိတာကို ကြိုးစားခဲ့တာပဲ။ မစ္စတာလင်း ကြောက်စရာကြီး]

[လွန်လွန်းသွားပြီ။ ခင်ဗျား ကျွန်တော်တို့ ခံစားချက်ကို ကစားနေတာပဲ]

[သံသယရှိသူလင်း ခင်ဗျားက ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့ဂိုဏ်းရဲ့ ခေါင်းဆောင်လို့ ထင်ထားတာကို]

[မယုံဘူးကွာ။ မစ္စတာလင်းက တကယ့် တရားခံပဲ]

[ကွမ်ယုရှေ့မှာ ကြွားတာနဲ့ မစ္စတာလင်းရှေ့မှာ ပြဿနာရှာတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ]

[မစ္စတာလင်း ကိုယ်တိုင် အတုလုပ်ငန်းကြီး လုပ်လိုက်စမ်းပါ ဟားဟား]

[…]

စာဖတ်သူများ၏ ဝေဖန်သံများဖြင့် ဆူညံနေသည်။ 

“ထိုင်ပြီး ပေါက်ပေါက် အလကား လာစားမနေနဲ့။ အားလုံး subscribe လုပ်ဖို့ သတိထားကြဦး”

လင်းချွမ်မှ သတိပေးလိုက်သည်။ 

ထို့နောက် စနစ်၏အချက်အလက်များကို ဖွင့်ကြည့်လိုက်၏။ 

[စာအုပ်: ရှေးဟောင်းပစ္စည်းများ]

[အခြေအနေ: ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၅၆၇၆/၂၀၀၀၀]

သူ နောက်ထပ် အလုပ်အတွေ့အကြုံ ရရှိရန် ခရီးရှည်ကြီး ကျန်နေပါသေးသည်။ 

“ကျွန်မအထင်တော့ တကယ့် ကြောက်စရာလှိုင်းကြီး နီးလာနေပြီ။ ရှင်တော့ အောင်မြင်တော့မယ်]

ယုယွီ သူ့အတွက် အုန်းရည်တစ်ခွက် ငှဲ့ပေးရင်း စနောက်လိုက်သည်။ 

“သူများတွေ စာရေးရင်း အောင်မြင်နေပြီ။ ယုယွီကတော့ အခုထိ ကြော်ငြာဝင်နေရတုန်းလား]

လင်းချွမ် ရယ်မော၍ ပြော၏။ 

“ဒါကတော့ အခြေအနေအရပေါ့”

ယုယွီပြောသလိုပင် အခြေအနေမှာ အရေးကြီးလေသည်။ 

မကြာမီ မိုတုရဲစခန်းနှင့် ယဉ်ကျေးမှုအဖွဲ့၏ ထုတ်ပြန်ချက်မှာ နာရီဝက်အတွင်း နေရာအနှံ့ ပျံ့နှံ့သွားကာ ထိပ်တန်းသတင်းများ ဖြစ်လာသည်။ 

>မစ္စတာလင်းရဲ့ အရည်အချင်း

>အွန်လိုင်းစာရေးဆရာမှ မိုတုရဲစခန်းအား ကူညီကာ အမှုဖြေရှင်းပေးခြင်း

>မိုတုရဲစခန်း၏ ထုတ်ပြန်ချက်

>ရှေးဟောင်းပစ္စည်းများ

>နိုင်ငံ့ရတနာပန်းအိုး ထိတ်လန့်စရာ အလဲခံရခြင်း

သတင်းများအောက်မှ ဖတ်ရှုသူများလည်း အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ 

[ဒီဇာတ်ကွက်က တကယ်ကြီးလား]

[ဝတ္ထုထဲမှာတောင် မတွေ့ဖူးဘူး။ သူက လုပ်နိုင်တယ်လား]

[မစ္စတာလင်း အားနာပါတယ်။ ခုနက လွန်သွားတယ်]

[ဒီလို တော်တဲ့ အွန်လိုင်းစာရေးဆရာ ရှိတာလား]

[ဒီအရည်အချင်းနဲ့ သာမညစာရေးဆရာ မလုပ်ဘဲ အောင်မြင်တဲ့ စုံထောက်ဖြစ်အောင် ကြိုးစားပါရောလား]

[ဒါနဲ့ သူ့ ရှေးဟောင်းပစ္စည်းများဆိုတဲ့ စာအုပ်က အတ္ထုပတ္တိလိုပဲနော်။ လုံးဝ အံ့ဩစရာကြီး]

[မစ္စတာလင်းရဲ့လိပ်စာ သိတဲ့သူများ ရှိကြလား။ ကျွန်တော် ထောက်ပံ့ကူညီပေးချင်လို့ပါ]

[…]

ညအချိန်မှ မနက်အရုဏ်တက်ချိန်။ 

အနီရောင်ဖျော့ဖျော့ အလင်းတန်းများ ပေါ်ထွက်လာပြီး တဖြည်းဖြည်း အရှေ့အရပ် တစ်ခွင်လုံး နွေးထွေးသော  လိမ္မော်နီရောင်ကောင်းကင်အဖြစ် ပြောင်းလဲသွားသည်။ 

မနက်ခင်းအလင်းရောင်မှာ တိမ်လွှာများကြားမှ ထိုးဖောက်၍ တစ်မြို့လုံးအား ရွှေရောင် လွှမ်းခြုံထားလေ၏။ 

မနေ့ညက လင်းချွမ် စောစောအိပ်၍ အနားယူခဲ့သည်။ 

ယခုမနက်တွင်တော့ သူ့အပြန်ခရီးကို စတင်လေပြီ။ 

မိုတုမှ အန်လင်းသို့ ပြေးဆွဲမည့် ခရီးသည်တင် လေယာဉ်ကြီးမှာ အရှိန်မြှင့်၍ ကောင်းကင်ပေါ် ပျံတက်သွားတော့၏။ 

လေဆိပ်ထဲတွင်။ 

ယုယွီ ခေါင်းမော့၍ မျက်စိအောက်မှ ထိုလေယာဉ်ကြီး ပျံသန်းပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။ 

“ဟင်း…”

ထို့နောက် သက်ပြင်းချကာ ရင်ထဲ လေးလံဆို့နင့်နေမိသည်။ 

“ဘာလို့ မဆွဲထားလိုက်တာလဲ”

အယ်ဒီတာချုပ်မင်ယွီမှ သူ့ပုခုံးလေးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်လေသည်။ 

ယုယွီ ဝမ်းနည်းရိပ်သန်းစွာဖြင့်

“မဆွဲထားနိုင်ဘူးလေ”

“နည်းနည်းတော့ ခက်မှာပေါ့”

မင်ယွီ ကောင်းကင်ကိုမော့ကြည့်၍ ပြော၏။ 

“ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တစ်မိုးအောက်တည်း အတူရှိနေတာပဲ။ လောစရာ မလိုပါဘူး”

ယုယွီ ခေါင်းငြိမ့်ပြလိုက်သည်။ 

“ဟုတ်တယ်။ အခွင့်အရေး ရှိဦးမှာပေါ့”

လက်ရှိတွင် ယုယွီ အစိုးရိမ်ဆုံးမှာ လင်းချွမ်ကို မဆွဲထားနိုင်၍ မဟုတ်ဘဲ တစ်သက်တာ ဝေးရမည်ကို စိတ်ပူခြင်း ဖြစ်သည်။ 

လင်းချွမ် ချက်ချင်းပြန်သွားသည်ကို ထူးဆန်းနေ၏။ 

နောက်တစ်ခေါက်ပြန်တွေ့လျှင် လင်းချွမ် လုံးဝ ပြောင်းလဲနေလောက်ပါသည်။ 

ယုယွီ မင်ယွီ၏ကားအရှေ့ခန်းတွင် ဝင်ထိုင်ကာ ပြတင်းပေါက်မှတစ်ဆင့် လေညင်းခံနေသည်။ 

အယ်ဒီတာချုပ်ဖြစ်လာရန်မှာ သူ့ပန်းတိုင် မဟုတ်တော့ပေ။ 

ဒါဆို သူ့ပန်းတိုင်မှာ အဘယ်နည်း။ 

ယခုလောလောဆယ် စိတ်ထဲတွင် သေချာနေသည်မှာတော့ လင်းချွမ်မှာ သူ့ပန်းတိုင် ဖြစ်လေ၏။

…

လေထဲတွင် (၃) နာရီကြာ ပျံသန်းပြီးနောက် Boeing 73M အလတ်ဆိုဒ် လေယာဉ်ကြီးမှာ အန်လင်းလေဆိပ်သို့ ဆိုက်ရောက်လာလေပြီ။ 

လင်းချွမ်လည်း ခရီးဆောင်အိတ်ဆွဲ၍ လူအုပ်ကြားမှ တိုးထွက်လာ၏။ 

“သူဌေး”

သူ ဂိတ်ပေါက်ဝသို့ ရောက်သည်နှင့် လင်းချွမ် ရင်းနှီးနေသော အသံချိုချိုလေးကို ကြားလိုက်ရသည်။ 

လှည့်ကြည့်လိုက်သောအခါ လှပသော မိန်းမပျိုလေးမှ ရုတ်တရက် ပြေးဖက်တွယ်တက်လာသည်ကို တွေ့ရ၏။ 

ကျန်း လင်းချွမ်အား မြဲမြံအောင် ကုတ်ဖက်ထားလေသည်။ 

“လူတွေ အများကြီးပဲလေ”

လင်းချွမ် သူ့ကို လက်တစ်ဖက်ဖြင့် ထိန်းရင်း အခြားတစ်ဖက်ဖြင့် ဆံနွယ်များ သပ်တင်ပေးလိုက်သည်။ 

ခရီးဆောင်အိတ်မှာတော့ မည်သူမျှ ဂရုစိုက်ခြင်း မခံရဘဲ တစ်နေရာတွင် လဲနေလေပြီ။ 

All Chapters