← Chapters

အခန်း (၃၆၉-၃၇၂)

Vol. 24 Ch. 369-372

အခန်း (၃၆၉-၃၇၂)

Vol. 24 Ch. 369-372

အခန်း ၃၆၉ အနက်ရောင် မြူခိုးကမ္ဘာ

လျှင်မြန်သော ကုသမှုစွမ်းရည်နဲ့ အကောင်းဆုံးအရည်အသွေး ဝင်္ကပါစောင့်ကြည့်သူ ၈‌ ကောင်ရှိနေသည်။ ကောင်းဖန်က သူတို့ကို သူ၏သားရဲများနဲ့နောက်သို့ ဖြည်းဖြည်းချင်းဆုတ်ရင်း လျှို့ဝှက်စွာ အကဲခတ်နေသည်။ ဝင်္ကပါစောင့်ကြည့်သူများထဲမှ ကျန်သူများထက် ကြီးမားသောတစ်ယောက် ထွက်လာသည်။ ဒီစောင့်ကြည့်သူက ကျန်တဲ့သူများထက် အဆင့်ပိုမြင့်သည်။ သူတို့အားလုံးက အဆင့် ၅၀ ဖြစ်ကြသည်။ သူကမူ နတ်ဘုရားအဆင့် သားရဲအဖြစ် အဆင့်တတ်ပြီးသားဖြစ်သည်။ ကျန်သူများထက်လည်း အရည်အသွေးကောင်းသည်။ ပြီးပြည့်စုံသော အရည်အသွေးဖြစ်သည်။

ဟိန်းဟောက်သံများကိုသာ ကောင်းဖန်ကြားနေရသည်။ သူတို့ဘာတွေပြောနေကြလဲဆိုတာ သူတစ်လုံးမျှ နားမလည်ချေ။ ဒန်ဘီက ခဏနားထောင်ပြီး သူ့ကို ဘာသာပြန်ပြသည်။ “သခင်… သူတို့က ကျွန်တော်တို့ကို အန္တရာယ်မပြုပါဘူးလို့ ပြောနေတာပါ… သူတို့က ကျွန်တော်တို့ဆီက အကူအညီတောင်းဖို့ ဒီကိုလာတာ”

ဝင်္ကပါစောင့်ကြည့်သူများ၏ရည်ရွယ်ချက်ကို နားလည်သွားသောအခါ ကောင်းဖန် စိုးရိမ်မှုများကို ဘေးဖယ် လိုက်သည်။ သူတို့က အကူအညီလိုတာလား… ကောင်းဖန်ဘာမှမပြောဘဲ လေးလေးနက်နက်စဥ်းစားနေသည်။ ဝင်္ကပါစောင့်ကြည့်သူအချို့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းလှည့်ကာ ဒန်ဘီကိုပြောလိုက်သည် “ငါတို့နောက် လိုက်ခဲ့ပါ”

ဒန်ဘီဘာသာပြန်ပေးတာကို ကြားပြီးသောအခါ ကောင်းဖန်က ခေါင်းခါလိုက်ပြီး ပြန်ပြောခိုင်းလိုက်သည် “ငါတို့ ဒီတိုင်းတော့ မင်းတို့နောက်ကို မလိုက်နိုင်ဘူး… ဒါ မင်းတို့ပိုင်နက်လေ အဲဒါကြောင့် မင်းတို့အားလုံးကို မယုံနိုင်ဘူး”

ဝင်္ကပါစောင့်ကြည့်သူများက တစ်ယောက်ကို တစ်ယောက်ထပ်ကြည့်လိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဝင်္ကပါစောင့်ကြည့်သူများထဲက တစ်ယောက်က စော်ကားသလို ခံစားလိုက်ရသည်။ သူက ရှေ့သို့တိုးလာပြီး ကောင်းဖန်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။

ဒန်ဘီ့မျက်လုံးထဲတွင် မီးတောက်သွားသည်။ သူက ခေါင်းကိုမော့လိုက်ပြီး ဝင်္ကပါစောင့်ကြည့်သူကို မျက်လုံးတည့်တည့်စိုက်ကြည့်လိုက်သည်။ ထို့နောက် ဘာမှမပြောဘဲ သူ့နောက်က အမြီးကိုထုတ်ယူလိုက်သည်။ ဂိုဒီက စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကိုပွတ်လိုက်ပြီး မြေကြီးပေါ် တံတွေးထွေးလိုက်သည်။

ငါ ဂိုဒီကို ဒီလိုလာစော်ကားလို့မရဘူး.. ငါ့လူတွေကို လာမအော်နဲ့..

ကျန်တဲ့ကောင်းဖန်၏သားရဲများကလည်း အော်ဟစ်သံများ စထွက်လာကြသည်။ လည်ချောင်းကနေ သတိပေးသလို ဆူညံသံများ လုပ်ကြသည်။ ပြီးပြည့်စုံသောအရည်အသွေးနဲ့ ဝင်္ကပါစောင့်ကြည့်သူခေါင်းဆောင်က စော်ကားလိုက်သော စောင့်ကြည့်သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ပြင်းထန်သော ရိုက်ချက်က စောင့်ကြည့်သူကို လည်ထွက်သွားစေသည်။ သူ နောက်ပြန်လန်သွားပြီး မြေပေါ်သို့လဲကျသွားသည်။ စောင့်ကြည့်သူက သူ့ခေါင်းဆောင်ကို တွေဝေဟန်ဖြင့်ကြည့်လိုက်ပြီး သူဘာများလုပ်လိုက်မိလို့လဲဟု တွေးမိသည်။

ခေါင်းဆောင်က အသံနက်နက်ဖြင့် အော်လိုက်ပြီး ပါးစပ်ပိတ်ထားဖို့ သတိပေးလိုက်သည်။ သူက ခေါင်းကိုလှည့်ပြီး ကောင်းဖန်ကို ကြည့်လိုက်သည်။ ထို့နောက် ဟိန်းဟောက်ရင်းပြောလိုက်သည် “ငါတို့ တကယ်ကို ဘာအန္တရာယ်မှ မပေးပါဘူး… ငါတို့သခင်ကို မင်းတို့ကူညီပေးဖို့ပဲမျှော်လင့်တာပါ”

ကောင်းဖန်ကတော့ သတိအနေအထားရှိနေဆဲ ဖြစ်သည်။ ဒီကောင်တွေ သူတို့ကို မသိလိုက်ဘဲ ဓားစားခံအဖြစ်ခေါ်သွားမှာများလားဟု တွေးနေသည်။

“ကောင်းပြီ ပြင်ဆင်ဖို့အချိန်ပေးပါ… အဆင်သင့်ဖြစ်ရင် မင်းတို့ဆီ ပြန်လာမယ်”

ဝင်္ကပါစောင့်ကြည့်သူများက မိနစ်ဝက်ခန့် ဘာမှမပြောပဲ ကောင်းဖန်ကို ကြည့်နေသည်။ စောင့်ကြည့်သူ ခေါင်းဆောင်က နောက်ဆုံးတော့ ခေါင်းငြိမ့်ပြလိုက်သည်။ “ကောင်းပါပြီ လူသားတို့… ငါတို့ကို လှည့်စားတာမဟုတ်ဖို့ မျှော်လင့်ပါတယ်”

“ငါတို့က ဘာလို့ မင်းတို့ကို လှည့်စားရမှာလဲ… မင်းတို့ လူသားကမ္ဘာကိုလာပြီး မေးကြည့်လို့ရတယ်.. ငါက ရိုးသားပြီး ယုံကြည်လို့ရတဲ့သူပါ” ကောင်းဖန်က ပြုံးပြလိုက်သည်။

“ရိုးသားပြီး ယုံကြည်လို့ရတဲ့သူ… ဒါဆိုမင်းက လူသားကမ္ဘာက ကတိတည်တဲ့သူဖြစ်မယ် လူလိမ်တွေထက် ပိုတော် ပိုကောင်းတဲ့သူပဲ” ဝင်္ကပါစောင့်ကြည့်သူက ခေါင်းငြိမ့်ပြီး လေးလေးနက်နက်ဟန်ဖြင့် ပြောသည်။

ဒန်ဘီ့၏အကူအညီဖြင့် ခေါင်းဆောင်ပြောသောစကားများကို ဘာသာပြန်လိုက်သည်။

ကောင်းဖန်က ရိုးသားစွာပြုံးလိုက်သည်။ “ဒါနဲ့ သားရဲအားလုံးကို ဒီမှာပဲ ပြုစုပျိူးထောင်တာလား” ဟု နံရံပေါ်က အနက်ရောင်ပုတ်သင်ညိုကို လက်ညိုးထိုးပြရင်း မေးလိုက်သည်။

ဝင်္ကပါစောင့်ကြည့်သူက အနက်ရောင်ပုတ်သင်ညိုကို တစ်ချက်ကြည့်လိုက်ပြီး “ဟုတ်တယ် သူတို့က ဝင်္ကပါထဲမှာ ငါတို့ရဲ့ အစာအရင်းအမြစ်ပဲ”

“ငါတို့ကို မွေးမြူဖို့ အနက်ရောင်ပုတ်သင်နည်းနည်းလောက် ပေးနိုင်မလား… မင်းတို့အတွက် ငါ အစာအများကြီး ထောက်ပံ့ပေးပါမယ်” စောင့်ကြည့်သူများက သူထင်သလောက် ဆက်ဆံရ မခက်ဘူးဆိုတာ သိသွားပြီးနောက် ကောင်းဖန် ပိုပြီး စိတ်အားထက်သန်လာသည်။

ဝင်္ကပါစောင့်ကြည့်သူက ခေါင်းခါလိုက်သည်။ “မရဘူး ဒါကို မွေးမြူစရာအနေနဲ့ ယူသွားလို့ မရဘူး… ဘာလို့လဲဆိုတော့ ဒီတွားသွားသတ္တဝါတွေက အချင်းချင်း မျိုးမပွားဘူး…. ဒါပေမယ့် မင်း ငါတို့ဆရာကို နိုးထအောင် လုပ်ပေးနိုင်ရင် သူဝမ်းမြောက်ဝမ်းသာနဲ့ အလဲအလှယ် လုပ်ပေးမယ်ထင်တယ်… တကယ်တော့ ငါတို့ လူသူကင်းမဲ့တဲ့ ဝင်္ကပါကသူတွေက အနက်ရောင် မြူခိုးကမ္ဘာက တခြားအဖွဲ့တွေလို လူသားမျိုးနွယ်စုကို မုန်းမနေပါဘူး”

ကောင်းဖန် စိတ်မအေးဖြစ်နေသည်။ “အနက်ရောင် မြူခိုးကမ္ဘာထဲမှာ တခြားလူသားတွေရော ရှိနေတာလား… သူတို့နေတာက ဝင်္ကပါနဲ့ နီးလား”

ကောင်းဖန်စိုးရိမ်တာက တခြားကမ္ဘာမှာ လူသားတွေ တကယ်ရှိနေလား ဆိုတာပင်… စောင့်ကြည့်သူတွေရဲ့ အပြုအမူတုံ့ပြန်ချက်တွေအရ သူတို့ လူသားကိုမြင်ဖူးကြောင်း သူသိသည်။

တခြားမျိုးနွယ်စုက လူသားတွေနဲ့ပတ်သတ်လို့ ကောင်းဖန် ခုထိ အကောင်းဖက်က မဟုတ်သော အမြင်မျိုးရှိနေသည်။ မျိုးနွယ်စုတွေကြားထဲက စွမ်းရည်ကွာခြားချက်က သိပ်မများရင်တော့ ကိစ္စမရှိ။ သို့သော် အဲဒါနဲ့ ဆန့်ကျင်ဖက်ဆိုရင်တော့ စစ်ပွဲနဲ့ ကျူးကျော်မှုများသာ ဖြစ်လာလိမ့်မည်။ အစတုန်းထဲက ဒီလိုပဲဖြစ်ခဲ့သည်။

“လူသားလား” ဝင်္ကပါစောင့်ကြည့်သူက ပြုံးသည်။ ‘ငါ ဘယ်လူသားကိုမှ မတွေ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ထဲက”

“ သူတို့နေတာ ဒီကနေဆို ဝေးလား”

ဝင်္ကပါစောင့်ကြည့်သူက ကောင်းဖန်ကို တချက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောသည်။ “ဟင့်အင်း အဲ့ဒီလူလိမ်တွေက တခြားကမ္ဘာကို ထွက်ပြေးသွားကြပြီ”

“ကောင်းပြီ လူသား… မင်း အရင်ပြန်လိုက်တော့… ငါတို့ဆရာကို နိုးထအောင် လုပ်ပေးချင်စိတ်ပေါ်လာတဲ့ ဘယ်အချိန်မဆို ပြန်လာခဲ့ပါ” ဝင်္ကပါစောင့်ကြည့်သူက ပြောပြီး နောက်လှည့်ကာထွက်သွားသည်။ သူတို့ ထွက်သွားကြသည့်အသံများက တဖြည်းဖြည်းဝေးသွားသည်။

ကောင်းဖန်က တိတ်ဆိတ်စွာ ရပ်နေပြီး ဝင်္ကပါစောင့်ကြည့်သူပြောသွားသည့် စကားများကို ဖြည်းဖြည်းချင်း နားလည်အောင် ကြိုးစားနေသည်။

“တကယ်တော့ လူသူကင်းမဲ့တဲ့ ဝင်္ကပါက ငါတို့တွေက အနက်ရောင် မြူခိုးကမ္ဘာက တခြားအဖွဲ့တွေလို လူသားမျိုးနွယ်စုကို ခွဲခြားဆက်ဆံတာမျိုး မရှိဘူး… အဲ့ဒီလူလိမ်တွေက တခြားကမ္ဘာကို ထွက်ပြေးသွားကြပြီ”

ကောင်းဖန် စိတ်ရှုပ်ထွေးစွာဖြင့်မျက်ခုံးပင့်လိုက်သည် ဒီကမ္ဘာမှာ အရင်တုန်းက လူသားတွေ နေခဲ့ဖူးပုံပဲ။ ဒါပေမယ့် ဂုဏ်သတင်းတော့ ကောင်းပုံမရဘူး။

သို့သော် ဒီကမ္ဘာက လူသားတွေက သားရဲတွေ ပိုင်ကြလား သူတို့မသိကြပေ။ ဝင်္ကပါစောင့်ကြည့်သူကို မေးဖို့ သူမေ့သွားခဲ့သည်။ သူမေးခဲ့သင့်တာ။

တခြားတဖက်တွင် သူ့အဖိုး၊ ရှုဟဲ့ထိနဲ့ မျိုးနွယ်ခေါင်းဆောင်တို့လို ဝိဉာဉ်ဖောင်ကို လူသားကမ္ဘာသို့ပြန်ရန် စောင့်နေကြသူ အများကြီးရှိသည်။

ရှုဟဲ့ထိ ကောင်းဖန်ကိုမြင်သောအခါ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ “မင်းထားခဲ့တဲ့ ကြွက်ရဲ့ တည်တည်ငြိမ်ငြိမ်ရှိတာကြောင့်သာ မဟုတ်ရင် မင်းအဖိုးက သူကိုယ်တိုင်အထဲကိုဝင်သွားတော့မလို့”

သူ့ဘေးတွင် မုန်လာဥစားနေသော ကြွက်ဝတုတ် တစ်ကောင်သူ့ဘေးတွင်ရှိနေသည်။

သူ ကောင်းဖန်ကိုကြည့်တဲ့ပုံက မုန်းတီးနေဟန်ပေါ်သည်။ ငါ့ကို ဘယ်လိုလုပ် ထားခဲ့ရက်တာလဲ…

“အဖိုး ..အန်ကယ်ရှု” ကောင်းဖန်က နှုတ်ဆက်လိုက်သည်။

“မင်းတို့ သားရဲတွေအားလုံးကို အနိုင်ရခဲ့လား” ကျီဟန့်ဝူက မေးသည်။

“တစ်ခုတော့ သိခဲ့ရတယ်… နေရာရှာပြီး နောက်မှပြောရအောင်” ကောင်းဖန် ကြည့်လိုက်သည့်နောက် လူအရမ်းများနေသည်ကို သတိထားမိသွားသည်။ တိတ်ဆိတ်တဲ့နေရာမှာ ပြောတာကောင်းမယ်။

သူတို့ ကားပေါ်တတ်ပြီး ထွက်လာကြသည်။ ထို့နောက် သူတို့ အသံလုံသည့် အထူးခန်းပါသော အစိုးရရုံးအဆောက်တစ်ခုကို သွားကြသည်။ တချို့ သားရဲတွေက အကြားအာရုံအလွန်ကောင်းသောကြောင့် ဒီအသံလုံခန်းက လူစကားနားလည်တဲ့ သားရဲတွေ ခိုးနားမထောင်နိုင်အောင် လုပ်ထားခြင်းဖြစ်သည်။

ကောင်းဖန် သူတို့ကို ဝင်္ကပါစောင့်ကြည့်သူနဲ့ ပြောခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။ သူတို့ တုံ့ပြန်မှုတွေက ကောင်းဖန် စစချင်းဒီသတင်းကို ကြားလိုက်ရတုန်းကလိုပဲဖြစ်သည်။

ဒီကမ္ဘာကို အနက်ရောင် မြူခိုးကမ္ဘာဟုခေါ်သည်။ ပြီးတော့ အဲဒီမှာ လူတွေ နေခဲ့ဖူးသည်။ ဒါပေမယ့် သူတို့ တခြားကမ္ဘာကို ထွက်ပြေးသွားကြသည်။ သူတို့ အတိအကျ ဘယ်ကမ္ဘာကို ဖြစ်မလဲ ကမ္ဘာကြယ်ပေါ်မှာလား။

ပြီးတော့ လူသူကင်းမဲ့တဲ့ ဝင်္ကပါထဲမှာ နတ်ဘုရားအဆင့် သားရဲ ၈ယောက်နဲ့ ထူးဆန်းတဲ့ လေ့ကျင့်သူလည်း ရှိနေသည်။

အနက်ရောင် မြူခိုးကမ္ဘာက သူတို့ထင်ထားတာထက် ပိုစွမ်းအားကြီးသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၇၀ ဟိုက်လန်းအဓိကမြို့တော်

အခြေအနေကိုနားမလည်ဘဲ သူတို့ဘယ်သူမှ လက်လွတ်စပယ် နတ်ဘုရားသားရဲကေင်ဆီ ချဉ်းကပ်ဖို့ လူမလွှတ်လိုက်ရဲပေ။ အခြေအနေကို သေချာနားမလည်ခင် အလွယ်လေး ကိုယ့်ပြဿနာကိုယ်ရှာသလိုဖြစ်သွား နိုင်သည်။

“အဲဒီအနက်ရောင် မြူခိုးတောက်တဲ့တွေ… အင်း သူတို့ကို အနက်ရောင်ဂျာကင်ဝတ် တောက်တဲ့လို့ခေါ်တယ်ထင်တယ်” ရှုဟဲ့ထိက နာမည်ကို ထပ်ခါ ထပ်ခါရွတ်နေသည်။

“ဟုတ်တယ် သူတို့ကို အနက်ရောင်မြူခိုးကမ္ဘာထဲက အနက်ရောင်ဂျာကင်ဝတ် တောက်တဲ့တွေလို့ ခေါ်တယ်”

ရှုဟဲ့ထိက နာမည်ကို အာရုံစိုက်မနေတော့ဘဲ “ငါတို့ အနက်ရောင်ဂျာကင်ဝတ်တောက်တဲ့ရဲ့ အလောင်း တစ်စိတ်တစ်ပိုင်းလောက်ကို သုတေသနလုပ်ဖို့ယူခွင့်ပြုဖို့ အစိုးရဆီကနေခွင့်တောင်းထားတယ်… ဒါပေမယ့် သူ့ရဲ့အသားက အာဟာရဓာတ်တွေအများကြီးပါနေတယ်ဆိုတာ ငါတို့သိလိုက်ရတယ်… သူတို့အသားကို စားမိတဲ့သူတွေက စိတ်ခံစားမှု အပြောင်းအလဲတွေဖြစ်မယ်… တစ်ချိန်တည်းမှာပဲ သွေးပေါင်ချိန် တိုးလာမယ်”

“ဝင်္ကပါစောင့်ကြည့်သူတွေ တစ်ခါပြောဖူးတယ် ဒီ အနတ်ရောင်ဂျာကင်ဝတ် တောက်တဲ့တွေက သူတို့ရဲ့ အစာအရင်းအမြစ်တဲ့… အဲ့ဒါကြောင့် အာဟာရတန်ဖိုးအရမ်းမြင့်တယ်ထင်တယ်” ကောင်းဖန် အတွေးထဲ မြောနေသည်။

“အဲဒါအပြင် သူတို့ပြောတာ အနတ်ရောင်ဂျာကင်ဝတ် ပုတ်သင်ရဲ့အသားက အများကြီးစားမိရင် စွဲသွားရောတဲ့” ရှုဟဲ့ထိက အံ့အားသင့်သွားပြီး ခေါင်းညိမ့်လိုက်သည်။

သူတို့ပြန်သွားရင် ဆွေးနွေးရမည်။ တကယ့်ရလဒ်က ဓာတ်ခွဲခန်းက တိကျတဲ့အချက်အလက်နဲ့ သုတေသန လုပ်ထားတဲ့ဆီကနေပဲ သက်သေပြနိုင်မှာဖြစ်သည်။ သို့သော် ဥက္ကဌက အနည်းဆုံးတော့ သူတို့ကို ညွှန်ကြားချက် ပေးသေးသည်။ အဲဒါက ဓာတ်ခွဲခန်းက လူတွေကို အများကြီး ပိုသက်သာစေသည်။

တကယ်တော့ ကောင်းဖန်က ခုတလော လက်တွေ့စမ်းသပ်ချက်တွေတွင် ဝင်မပါတာများသည်။ အမှုတော်တော် များများကို သူ့လက်အောက်ကသူတွေကိုသာ လွှဲပေးထားပြီး သူက ညွှန်ကြားချက်နည်းနည်းသာ ပေးရန်လို သည်။ ရှုချင်းကျီက အခု ကောင်းဖန်၏ ဂရုတစိုက်လေ့ကျင်ပေးမှုများကြောင့် အဆင့်နိမ့်ဆေး တော်တော်များ များကို ထုတ်လုပ်နိုင်နေပြီဖြစ်သည်။ ကွန်မန်ဒါအဆင့်ထက်နိမ့်သောသားရဲများ စားသုံးသော ဓာတ်ကူပစ္စည်းများကို အဆင့်နိမ့်ဆေးဟု ကောင်းဖန်က သတ်မှတ်သည်။

“ဥက္ကဌ.. အစီရင်ခံစရာရှိပါတယ်… ကျွန်တော်တို့ ချန်ပင်းမှာရှုံးသွားပါပြီ… လျို့ဝှက်ဆန်းကြယ်မြေအောက် လောကရဲ့ မီးကိုပဲ ပြန်ယူလာနိုင်ခဲ့ပါတယ်” ရှုဟဲ့ထိက ပြောသည်။

“အဲဒီမှာ သူတို့ဘာတွေရှိလဲ” ကောင်းဖန်က စပ်စုဟန်ဖြင့်မေးသည်။

“ဝိဉာဉ်စစ်သားတွေလေ” ရှုဟဲ့ထိ မျက်မှောင်ကျုံ့သည်။ “အဲဒါအပြင် သူတို့ကို ကျောင်းခေါင်ဆိုတဲ့ ဗိုလ်ချုပ်က ဦးဆောင်တာ… သူ့မှာ ဝိဉာဉ်စစ်သားတွေရဲ့ ကုသခြင်းစွမ်းရည်ကို စုပ်ယူနိုင်တဲ့ အစွမ်းရှိလားတော့ မသိဘူး… ဒါပေမယ့် သူကအရမ်းလုပ်ဆောင်နိုင်စွမ်းရှိတယ်”

“ကျောင်းခေါင် ဖြစ်ဖြစ် လီခေါင်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး… ငါတို့ပိုင်တာကိုလာယူဖို့ ကြိုးစားတဲ့သူမှန်သမျှကို သတ်ပစ်မယ်” ကျီဟန်၌ဝူက ခံစားချက်မဲ့စွာပြောသည်။

ကျန်လူများက စကားတစ်ခွန်းမှ မဟချေ။ စိတ်ထဲကနေတော့ သူတို့အစ်ကိုကြီးကို လက်ခုပ်တီးပေးနေကြသည်။

ကျီဟန့်ဝူ က ကောင်းဖန်၏ခေါင်းကို ဖွဖွလေး ပုတ်ပြီး “မင်းရွာကို ပြန်ပြီး ကောင်းကောင်းနားသင့်ပြီ… ငါမကြာခင်ပြန်လာခဲ့မယ်”

သူခေါင်းကို မော့လိုက်ပြီးနောက်တွင်တော့ သူ့မျက်နှာပေါ်က နူးညံ့မှုတွေ ပျောက်သွားသည်။ ထိုအစား သူ့မျက်နှာက အေးစက်ပြီး ရက်စက်တဲ့ပုံဖြစ်သွားသည်။

“နဂါးဖြူ!”

မိုးကြိုးခြိမ်းသလို အသံကျယ်ကြီး ကောင်းကင်မှထွက်လာသည်။ ထူထဲ သိပ်သည်းသော တိမ်များက ကောင်းကင်ကို ကာထားသည်။ နဂါး၏ခေါင်းအဖြူရောင်က အနက်ရောင်တိမ်များကြားတွင် ထွက်ပေါ်လာ သည်။ ပုံရိပ်က ကောင်းကင်ကနေ မြေပြင်သို့ ဆင်းသက်လာပြီး မြေပြင်နဲ့ကောင်းကင်ကို ဆက်သွယ်ထားသည့် အဖြူရောင် အငွေ့တန်းရှည်ပေါ်လာသည်။

အငွေ့တန်းက ကောင်းဖန်ရှေ့တွင် လှည့်ပတ်သွားပြီး လေပြင်းဖြစ်ကာ ကောင်းဖန်၏ ဆံပင်များရှုပ်သွားစေ သည်။ သူပုံမှန်အခြေအနေပြန်ဖြစ်သွားချိန်တွေင် သူ့အဖိုးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အဝေးက တိမ်တွေထဲက နဂါးဖြူကိုသာ မြင်ရတော့သည်။

“အဖိုးကတော့ အရင်လို စိတ်တိုလွယ်တုန်းပဲ… သူသွားချင်တဲ့ဆီဆို သွားရမှ” ကောင်းဖန် သူ့သားရဲတွေကို အိမ်ပြန်မခေါ်သွားခင် ဆံပင်ကို သပ်ရပ်အောင် ပြန်လုပ်လိုက်သည်။

…

သိပ်မကြာခင်ကာလထဲက အနီးပတ်လည်က သားရဲများက ဟိုက်လန်းမြို့ကို တိုက်ခိုက်ရန် ကြံစည်ထားကြခြင်း ဖြစ်သည်။ ကံကောင်းစွာနဲ့ သူတို့တွေ တစ်ကောင်ကမှ ကွန်မန်ဒါအဆင့် မဟုတ်ချေ။ ထို့ကြောင့် ခုထိ မြို့က ယဲ့ယဲ့လေးဆိုသော်လည်း ဆက်တောင့်ခံထားနိုင်တာဖြစ်သည်။

“အထက်ကလူတွေကရော ဘာပြောလဲ… အထက်ကိုရော ဒီကိစ္စတင်ပြပြီးပြီလား”

“ရသလောက် တောင့်ခံထားဦးလို့ပြောတယ်… တပ်ကူတွေက တစ်ပတ်အတွင်းရောက်မယ်တဲ့” ကြောက်ချွေးပြန်နေသော ဟိုက်လန်း၏ လက်ထောက်မြို့တော်ဝန်ကပြောသည်။ သူက မြို့တော်ဝန်နဲ့ မတူပေ။ ဘာကြောင့်ဆို သူ့ကိုက အထက်က တိုက်ရိုက်ခန့်ထားသောကြောင့် သူ့အနေအထားက ထူးခြားသည်။ အထက်ကလူများနဲ့ဆက်သွယ်ဖို့လိုသည့် ကိစ္စအများစုက သူ့တာဝန်ဖြစ်သည်။

သူလက်ရှိ ရာထူးကိုရဖို့ သူ့ဦးလေး၏အဆက်အသွယ်ကို မှီခိုခဲ့ရတာဖြစ်သည်။ သို့သော် သူ့ဦးလေးက ရာထူးကနေ အနားယူသွားခဲ့ရတာ ၆လရှိပြီဖြစ်သည်။ သူ့ဦးလေး၏အရင်က နိုင်ငံရေးနဲ့ အခြားကိစ္စများကို စွက်ဖက်ခဲ့ခြင်းကြောင့်ဖြစ်မည်ထင်သည်။

“အစီရင်ခံစရာတစ်ခု ရှိပါတယ် မြို့တော်ဝန်… မြောက်ဖက်ကနေ ဆင်ခြေဖုံးဧရိယာကို ကျူးကျော်လာတဲ့ သားရဲတစ်ဖွဲ့ရှိနေပါတယ်… သူတို့က ၅ ကောင်သေ၊ ၆၃ ကောင် ဒဏ်ရာရအောင် လုပ်ပြီးပါပြီ… အကူအညီတပ်တွေ အခုအဲဒီကို သွားနေကြပါပြီ” နောက်ထပ် သတင်းဆိုးတစ်ခုပေါ့။

ဆင်ခြေဖုံး၏ မြောက်ဖက်ပိုင်းတွင် သားရဲတစ်စုက သူတို့နောက်က ကြောက်စရာတစ်ခုခု လိုက်လာနေသလို ဆင်ခြေဖုံးကို ဖြတ်ပြေးနေကြသည်။ အဲ့ဒါက ယုန်နဲ့တူသော သားရဲအုပ်စုဖြစ်သည်။ သူတို့က ၁၀ ပေ အရှည်ရှိ ကြပြီး သူတို့၏နားရွက်များက ရေဒါလို ထောင်နေကြသည်။ သူတို့၏ မျက်လုံးနီနီများက အနီးပတ်လည်ကို လိုက်ကြည့်နေကြပြီး ပါးစပ်များပွင့်ဟနေကာ ဓားလို သွားတွေကို ဖော်ပြနေကြသည်။ သူတို့၏ အသွင်အပြင် ကိုကြည့်ရင် အမွေးပွပွနှင့် ချစ်စရာကောင်းသည်။ သို့သော် သူတို့က အနည်းဆုံး ပေ ၁၀ လောက်ထိ ခုန်နိုင်ပြီး တစ်ချက်ထဲနဲ့ ကားတစ်စီးကို ကိုက်ဖြတ်နိုင်သည်။

တချို့အကောင်များ၏ မျက်နှာပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးများပေးနေပြီး အလွန်ကြောက်စရာ ကောင်းသည်။

“ပစ်…ပစ်” တစ်စုံတစ်ယောက်က အော်လိုက်သည်။

ကျည်ဆံများက သားရဲများ၏ ခန္ဓာကိုယ်ကို ထိသွားကြပြီး ဒဏ်ရာကနေ သွေးများ ပန်းထွက်လာသည်။ ကံမကောင်းစွာနဲ့ အဲ့ဒါက သူတို့၏ အရေပြားကိုသာ ထိခိုက်နိုင်သည်။ ဒဏ်ရာက ကြောက်ဖို့ကောင်းသည်

ထင်ရသော်လည်း တကယ်တော့ ကျည်ဆန်များက သူတို့၏ကြွက်သားများတွင် ညှပ်မိနေခြင်းဖြစ်သည်။

မြို့၏ကာကွယ်ရေးတပ်များက သားရဲတစ်စုကို လွှတ်ပြီး သူတို့ အနောက်ဖက်ကို ကာထားကြသည်။

အပြာရောင် လင်းနို့များ၏ အတောင်က ၆ ပေအကျယ်ရှိသည်။ သူတို့က ကောင်းကင်တွင် ပျံသန်းနေကြသည်။ သူတို့၏ ခရမ်းရောင် သွေးကြောများက တည်ငြိမ်နေပြီး သူတို့အတောင်ပံများက ပါးလျသည်။ တချို့ အပြာရောင် လင်းနို့တွေက အောက်သို့ဆင်းလာပြီး ယုန်များကို ကုတ်ခြစ်ကြသည်။ သူတို့ဒဏ်ရာများပေါ် ရေခဲ ခဲလာသောကြောင့် ဒဏ်ရာရထားသော ယုန်များ၏ အရှိန်က နှေးကွေးလာသည်။

မရှောင်နိုင်လိုက်သော အပြာရောင်းလင်းနို့ကြီး တစ်ကောင်က ယုန်များ၏ ခုန်တတ်ကာ ရင်ဘတ်ကို ကန်ကြောက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ချက်ချင်းပင် အကန်ခံရသော လင်းနို့သည် ပေ ၃၀ လောက်လွင့်သွားသည်။ သူသေပြီဟု ထင်ရသည်။

ယုန်များက တောင်ပေါ်တွင် နေရာအနှံ့ယူထားသည်။ အကောင်ပေါင်း ထောင်ချီရှိမည်။ သားရဲများက ဆင်ခြေဖုံးကို ဖြတ်ပီး တချို့က အိမ်များပေါ်သို့ ခုန်တတ်ကာ ဖျက်စီးကြသည်။ ထိုအချိန်တွင် သူတို့၏ အနီရောင် မျက်လုံးများက ကြောက်လန့်မှုတွေနဲ့ ပြည့်နေသည်။

“စစ်ကူ တောင်းဆိုပါတယ် စစ်ကူတောင်းဆိုပါတယ်” ရှေ့တန်းကို တာဝန်ယူရသော လုံခြုံရေးခေါင်းဆောင်၏ မျက်နှာ အမူအရာပြောင်းသွားသည်။ သူ ဧရာမယုန်ကြီးတွေကို မှတ်မိသည်။ သူတို့က မြောက်ဖက်ပိုင်း ကွင်းပြင်တွင် နေထိုင်သော သားရဲများဖြစ်သည်။ သူတို့ကို မျက်လုံးနီ ယုန်ဖြူများဟု ခေါ်သည်။ သူတို့က လက်ရွေးစင်အဆင့် သားရဲတွေဖြစ်ပြီး အသားနဲ့ မြက်ကိုသာစားသော အစုံစားသတ္တဝါဖြစ်သည်။ အဲဒီ ဒေသက သားရဲတွေ အကုန်မရှိတော့ချေ။ ကံကောင်းစွာနဲ့ ယုန်တွေကတော့ ရှင်သန်နိုင်ခဲ့သည်။

မျက်လုံးနီယုန်ဖြူများက သိမ်မွေ့သော သားရဲဖြစ်ပြီး လူကို တိုက်ခိုက်လေ့မရှိကြပေ။ ဘာတွေဖြစ်သွားတာလဲ သူတို့ တစ်ယောက်မှ မသိချေ။

ခုတလော ဒီ မျက်လုံးနီယုန်ဖြူသာမကဘဲ တခြားဒေသတော်တော်များများက သားရဲတွေလည်း မြို့တော်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြသည်။ ဟိုက်လန်းက မြို့သေးသေးလေးဖြစ်သည်။ ဒီမြို့တွင် ကွန်မန်ဒါအဆင့် သားရဲထိန်းကျောင်းသူ တစ်ယောက်မှမရှိပေ။ လူတွေ လာပြီး ပူဇော်ကြတဲ့ မိုင် ၁၀၀ အဝေးလောက်က ကွန်မန်ဒါအဆင့် အစိမ်းရောင်တောင် မျောက်ဝံဖြူ တစ်ကောင်သာ ရှိသည်။ အဲဒါက ကွန်မန်ဒါအဆင့် သားရဲတွေ မြို့ကို ကျူးကျော်တဲ့အခါ လူတွေကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်သည်။

လောလောဆယ်တွင် ယုန်အုပ်ထဲမှာ ဦးဆောင်သူ ကွန်မန်ဒါအဆင့်သားရဲမရှိချေ။ မျောက်ဝံဖြူက လူတွေ အကူအညီတောင်းရင်တောင် ကူညီချင်မည် မဟုတ်ချေ။ မျောက်ဝံဖြူက အမြဲလိုပင် ကောက်ကျစ်သည်။

ရာထူးနိမ့်ရဲအရာရှိတစ်ယောက် အစီရင်ခံဖို့ ချွေးတွေနဲ့ ပြေးလာသည်။ “ခေါင်းဆောင် တပ်ကူတွေ ၁၀ မိနစ်နေရင် ရောက်မယ်တဲ့” သူ့စကား ရုတ်တရတ် ရပ်သွားသည်။

ကောင်းကင်ပေါ်တွေင် အဖြူတန်းပေါ်လာပြီး သူတို့အနီးကို တဖြည်းဖြည်း နီးကပ်လာသည်။

လမ်းတလျောက်က တိမ်များအားလုံး အပိုင်းပိုင်းပြတ်ပြီး ပြန့်ကျဲကုန်သည်။

“အဲ…အဲဒါ ဘာကြီးလဲ” ရဲအရာရှိ ကြက်သီးတွေပါ ထနေသည်။ အလွန်ကြီးမားသော အန္တရာယ် နီးကပ်လာပြီဟု ခံစားရသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၃၇၁ နောက်ဆုံးပါ၀င်ပစ္စည်း

အနီရောင်မျက်လုံးနှင့်ယုန်ဖြူ သည် ရုတ်တရက်ရပ်တန့်သွား‌လေသည်။ ထိုအချိန်တွင် ရှိသမျှသူအားလုံး မြေကြီးပေါ်သို့မှောက်သွားကြလေသည်။

တချို့က မိုးပေါ်သို့ကြောက်လန့်စွာဖြင့် မော့ကြည့်ကြလေသည်။ ၎င်းတို့၏အဖြူရောင်အမြီးများသ ည်ကြောက်လန့်စိတ်ဖြင့် ထိန်းချုပ်မရ‌ပဲတဆတ်ဆတ်တုန်နေကြသည်။

တချို့က ထိတ်ထိတ်ပျာပျာဖြင့် တွင်းများတူးပြီးမြေကြီးအောက်သို့ အလျင်အမြန်တိုး၀င်နေကြသည်။

သို့သော် သူတို့ယခုရောက်နေသည်မှာ အင်္ဂ‌‌တေ‌ပေါ်တွင်ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့ဘယ်လောက်ပင်တူးတူး လက်သည်းများမှသွေးများပင်ထွက်လာသော်လည်း ၎င်းတို့လုံခြုံစွာပုန်းအောင်းနိုင်ရန် တွင်းတစ်ခုဖြစ်မလာနိုင်။

ကောင်းကင်တွင် တိမ်ဆိုင်များစုဝေးလာကြသည်ပြီး စိုစွတ်‌သောမြူခိုးများဖြင့် ထူထပ်လာလေသည်။ ချက်ချင်းပင် မိုးသည်းထန်စွာရွာသွန်းလေတော့သည်။

မိုးသံလေသံများက တဖြည်းဖြည်း ကျယ်သထက်ကျယ်လောင်လာသည်။ မိုးသီးမိုးပွင့်တပွင့်ချင်းစီသည် ကျည်ဆံပုံသဏ္ဍာန်ကဲ့သို့ပင်ဖြစ်နေလေသည်။

ထိုကျည်ဆံပုံသဏ္ဍာန်မိုးစက်များသည် အနီရောင်မျက်လုံးများနှင့် အဖြူရောင်ယုန်များအပေါ်သို့ ကျလာကြလေသည်။ ရေ၏ပြင်းထန်သော သိပ်သည်းဆကြောင့် မိုးစက်များသည် စတီးအစိုင်အခဲများကဲ့သို့ မာကျောလျက်ရှိကြပေသည်။

မိုးစက်များထိကာ ယုန်များထံမှသွေးများဖြာထွက်လာကြသည်။

မိုးစက်များသည် အဖြူရောင်နဂါး၏ဦးတည်ရာလမ်းကြောင်းအတိုင်း လူနှင့်တခြားသားရဲများကိုမထိပဲ မြေပြင်ပေါ်မှ အနီရောင်မျက်လုံးနှင့်ယုန်များဆီသို့သာထိမှန်ကြလေသည်။

သည်းထန်သောမိုးသည် ဆယ်မိနစ်ဆက်တိုက်ရွာသွန်းခဲ့လေသည်။ မိုးတိတ်သွားချိန်တွင် မြေပြင်ပေါ်တွင် ယုန်များ၏အလောင်းများပင်ကျန်ရစ်ခဲ့လေသည်။

မြေပြင်သည်စိုစွတ်နေသည်။ ရဲဌာနမှသူများလည်း တစ်ကိုယ်လုံးရွှဲရွှဲစိုလျက် ရောက်ရှိလာကြပေသည်။ ထိုသူတို့၏ယူနီဖောင်းများသည် မိုးရေကြောင့်စိုစွတ်ပြီး ကိုယ်မှာကပ်လျက်ရှိနေသည်။ ချမ်းလွန်း၍သွားများလည်း ခိုက်ခိုက်တုန်နေကြသည်။

ရာသီဥတုအခြေအနေမှာ အလွန်‌ပင်အေးစက်နေပေသည်။

ကောင်းပင်မြို့မှရဲအရာရှိများပင် လေအဝှေ့တွင် ခိုက်ခိုက်တုန်လျက်ရှိပေကြသည်။

ထိုလူများဆီသို့ ကြီးမားသောနဂါးဦးခေါင်းတစ်ခုကဦးတည်လာလေသည်။ ထိုအရာသည် ပုံမှန်မဟုတ်သောတည်ဆောက်မှုနှင့် အဖြူရောင်၀တ်ရုံရှည်၀တ်ထားသော အဖိုးအိုတစ်ယောက်ဖြစ်ပေသည်။

"တဆိတ်လောက်ခင်ဗျာ.. ကျုပ်ကိုချန်ပင်းရွာကိုဘယ်လိုသွားရမလဲလမ်းညွှန်ပေးနိုင်မလား...." ဟု ထိုအဖိုးအိုကပြောလေသည်။ "ဒီလမ်းအတိုင်း သွားလိုက်လို့ရတယ်...." ရဲအရာရှိကပြောရင်း ရွာကိုညွှန်ပြလိုက်သည်။ "နောက်ထပ် ၂၅မိုင်လောက်ဆက်သွားလိုက်ရင်ရောက်ပါလိမ့်မယ်..."

ထိုနဂါးအဖိုးအိုသည် ကျယ်လောင်သောအော်မြည်သံနှင့်အတူ လေထဲတွင်ပျံသန်း ပျောက်ကွယ်သွားလေသည်။ ရဲ အရာရှိသည်သက်ပျင်းချကာ မြေပေါ်တွင်ထိုင်ချလိုက်လေသည်။

သူ့စိတ်ထဲတွင်တခဏမျှအရာရာကိုမေ့သွားသယောင်ဖြစ်သွားသည်။ သတိပြန်၀င်လာချိန်တွင် သူစိတ်ကိုပြန်လည်စုစည်းကာ တွေးတောနေမိသည် "အဖြူရောင်နဂါး၊ အဖြူရောင်၀တ်ရုံ၊ အဖြူရောင်ဆံပင်...."

အို ဘုရားရေ! အဲဒါသူပဲဖြစ်မယ်....

ထိုအရာပေါ်လာသောကိစ္စအား အရာရှိကမယုံနိုင်ဖြစ်နေလေသည်။

…

ထူထပ်သောတိမ်များ ချန်ပင်းရွာ၏ကောင်းကင်တွင်စုဝေးလာကြပြန်သည်။ အဖြူရောင်နဂါးက ထိုတိမ်များကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး တိမ်များကိုသူ၏ မမြင်နိုင်သောလက်များဖြင့် တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။

တိမ်များသည်ကောင်းကင်ပေါ်တွင် ချာလပတ်လည်ကာ မှင်ရည်များကဲ့သို့မည်းမှောင်နေလေသည်။

ကောင်ကင်ပေါ်‌တွင်တိမ်များလှည့်ပတ်ပျံသန်းနေပြီး ရုတ်တရက်နေရောင်ခြည်သည် တိမ်နှစ်ခုကြားမှထိုးခွဲကာထွက်လာလေတော့သည်။

ဒီရွာမှာနေရောင်မမြင်ရသည်မှာအတော်ပင်ကြာခဲ့ပြီဖြစ်သည်။ ရွာသားတွေကတော့ နေထွက်လာတာကို မြင်ကြပြီး မယုံနိုင်လောက်အောင်အံ့ဩနေကြလေသည်။

တိုင်လုံးပုံမီးခိုးလုံး‌တွေ တလိပ်လိပ်တက်လာကာ နံရံသဖွယ်ဖြစ်နေလေသည်။

သို့သော် တစ္ဆေစစ်သားများနှင့် တခြားမကောင်းဆိုးဝါးအငွေ့အသက်များရှိမနေပေ။ တိတ်ဆိတ်ခြင်းသာ ပတ်၀န်းကျင်ကိုကြီးစိုးလျက်ရှိသည်။

ကောင်းပင်မြို့တော်၏ တောင်ဘက်ဆင်ခြေဖုံးနေရာတွင် တစ္ဆေစစ်သားတစ်သောင်းခန့် အုပ်စုလိုက် ရပ်နေကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်မှ အပြာ‌ရောင်အလင်းတန်းများ ဖြာထွက်လျက်ရှိ‌ကြသည်။ ထိုစစ်သားတွေ၏ရှေ့တွင် မကောင်းဆိုးဝါးအုပ်စုတစ်စုက မြို့ဆီသို့ပြေးပြီးချီတက်လာနေကြလေသည်။

ကျောင်းခေါင်ကသူ၏စစ်တပ်ရှေ့တွင်ရပ်ကာ သွေးရောင်လွမ်းသောဒိုင်းကာကို ကိုင်ထားလေသည်။ သူ၏အမဲရောင်ဆံပင်မွှေးများသည် ဖိုသီဘတ်သီဖြစ်နေကြလေသည်။ သူသည်အေးစက်သောအကြည့်ဖြင့် ကောင်းပင်မြို့တော်ကို မြွေပွေးတစ်ကောင်၏အကြည့်မျိုးဖြင့်ကြည့်နေလေသည်။

"မင်းတို့အားလုံးငါ့ကိုရင်ဆိုင်ဖို့သတ္တိမရှိကြဘူးလား.... မင်းတို့အားလုံးကိုပုန်း‌နေရာကထွက်လာအောင် ငါလုပ်ပြမယ်.." ဟုတစ္ဆေများရဲ့ခေါင်းဆောင် ကျောင်းခေါင်ကအော်ဟစ်ပြောလိုက်လေသည်။

သူ့အကြံအစည်အတိုင်းပင် တောထဲတွင်ရှိသောမကောင်းဆိုးဝါးသားရဲများသည် ကြောက်လန့်ကာ တောထဲမှ အစုလိုက်အပြုံလိုက်လန့်ဖြန့်စွာဖြင့် မြို့ထဲသို့ထွက်ပြေးလာကြတော့သည်။

"ငါတို့အကြံအစည်အောင်မြင်တယ်ဟေ့...ဒီကောင်တွေမြို့ဘက်ကိုဦးတည်လာကြပြီ..ငါတို့လည်း အစီအစဉ်အတိုင်း ဆက်သွားကြမယ်.."ကျောင်းခေါင်က ထိုကဲ့သို့ကောက်ကျစ်စွာ၀င်း၀င်းတောက်နေသော မျက်လုံးများဖြင့်ဆိုသည်။

ရုတ်တရက်ဆိုသလို အဝေးဆီမှ ပျံ့လွင့်လာသောအသံတချို့ကိုကြားလိုက်ရလေသည်။

စက္ကန့်ပိုင်းအတွင်းပင် မည်းမှောင်နေသောတိမ်တိုက်များသည် စစ်တပ်အပေါ်တွင်အုပ်မိုးလာလေသည်။

တိမ်တိုက်သည်အရမ်းမကြီးမားသောလည်း မှင်ရောင်ကဲ့သို့မဲနက်လျက်ရှိသည်။ ထိုတိမ်တိုက်ကြောင့် ချက်ချင်းပင် လေများပြင်းထန်စွာတိုက်ခတ်လာပြီး ပတ်၀န်းကျင်ရှိသစ်ပင်သစ်ကိုင်းများပင် ကျိုးပဲ့ပြုတ်ကျ လာလေသည်။ လေထဲတွင် သစ်ရွက်များ သဲများ၀ဲပျံ‌နေကြလေသည်။

ကျောင်းခေါင်၏ဒိုင်းကာသည် လေတိုးသောကြောင် ဆူညံသံများထွက်လျှက်ရှိသည်။

"ဟမ်.." ကျောင်းခေါင်၏မျက်နှာသည် ရုတ်တရက်မဲမှောင်လာသည်။ သူ၏ဓါးရှည်ကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်သည်။ ဓါးသွားဆီမှ ဖြာထွက်လာသော အပြာရောင်အလင်းတန်းသည် လေထုထဲသို့ တိုး၀င်သွားလေသည်။

ကျောင်းခေါင်သည်မြေကြီးပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားသည်။ သူ့အရိုးများကျိုးသွားသည်ဟုပင် ခံစားလိုက်ရပြီး လက်ထဲမှဓားလည်းအဝေးသို့လွင့်ထွက်သွားတော့သည်။

သူ၏အနီးရှိတစ္ဆေတပ်သားများမှာလည်း ထိခိုက်ဒဏ်ရာရရှိကုန်ကြသည်။

မည်းမှောင်နေသောတိမ်ထုကြားထဲမှ အဖြူရောင် လက်သည်းတစ်စုံထွက်လာသည်။

ထိုတိမ်တိုက်သည် တပ်သားများအားအ‌ဝေးသို့သွားသယောင် ဟန်ဆောင်အယောင်ပြလိုက်သည်။ အမှန်တကယ်မှာနောက်တွင် တိမ်တိုက်များစွာပိတ်ကာတားဆီးထားလျှက်ရှိပေသည်။ နဂါးသည်နှာတစ်ချက်မှုတ်လိုက်သည်။ ထို့ကြောင့်အနီးအနားတွင်ရှိ‌သောတိမ်များပြန့်ကျဲကုန်သည်။ သူသည်တိမ်များအား လက်သည်းများဖြင့် လက်အိတ်သဖွယ် ပြန်လည်စုစည်းလိုက်လေသည်။ သူ၏လက်သည်းများဆီမှ တဖြောင်းဖြောင်းအသံများပျံ့လွင့်နေလေသည်။

ကျောင်းခေါင်၏ကိုယ်မှအရိုးများသည် ပုံသဏ္ဍာန်အမှန်ပင်မရှိနိုင်ကြတော့ပေ။

"သတ်ပြစ်ကြ...." သူ၏တပ်သားတစ်သောင်းကိုအမိန့်ပေးလိုက်သည်။ ကမ္ဘာမြေပြင်နှင့် နတ်ဘုံအကြားတွင် စစ်တလင်းပြင်ဖြစ်လာ‌လေတော့သည်။

စစ်သားများ၏ တစ္ဆေအလင်းတန်းများသည် အဖြူရောင်နဂါးကိုဓါးများရွယ်လိုက်သည်နှင့် ပျောက်ကွယ်မှေးမှိန်သွားကြလေသည်။

အဖြူရောင်နဂါးသည် သူ၏အမှီးကို ဓါးသွားများဆီသို့ဝှေ့ယမ်းလိုက်လျင် ဓါးများသည်အပိုင်းပိုင်းကျိုး‌ကြေကုန်ကြသည်။

ကျောင်းခေါင်သည် ထဖို့ရန်ခြေထောက်များကို လှုပ်ရန်ကြိုးစားလျက်ရှိသည်။ သို့သော် အဖြူရောင်နဂါး၏ ထိန်းချုပ်မှုအောက်တွင် လှုပ်မရပဲရှိနေလေသည်။

ထို့နောက်အဖြူရောင်နဂါးသည် ကျောင်းခေါင်အားသယ်ယူပြီး ကောင်းကင်ထဲတွင်ပျောက်ကွယ်သွားပြီး ကျန်ခဲ့သောတပ်သားများသည် မြေပြင်ပေါ်တွင်အံ့ဩတွေဝေစွာကျန်ရစ်ခဲ့သည်။

ကျောင်းခေါင်အား ရေကန်နဘေးနားသို့ပစ်ချ‌လိုက်သည်။ ကျောင်းခေါင်၏ အရိုးများသည် အသက်ရှုရန်ခက်ခဲအောင်ပင် ကျိုးကြေနေပြီဟု သူခံစားနေရသည်။ သူ့ဘေး‌တွင် သူ၏ကြက်‌သွေးရောင်ဒိုင်းကာသည်လည်း ကျိုးကြေလျက်ရှိနေသည်။

"ခင်ဗျားကြီးက ဘယ်သူလဲ...."

အဖြူရောင်နဂါးက သူ့အမေးကိုဂရုမစိုက်ပဲလျစ်လျူရှုကာ သူ၏လက်သည်းများကိုလှုပ်ယမ်းလျက် စဉ်းစားနေပုံပေါ်သည်။

"ငါလည်းဘယ်လိုလုပ်ရမှန်းမသိတာနဲ့ မင်းလိုချင်တဲ့ပါ၀င်ပစ္စည်းကို အစိတ်အပိုင်းတစ်ခုထဲမဟုတ်ပဲ တစ်ကောင်လုံးယူလာလိုက်တယ်..." ထိုကဲ့သို့ ကျီဟန့်ဝူအားပြောလိုက်သည်။

အဖြူရောင်နဂါးကသူ့အကျဉ်းသားကိုတစ်ချက်ကြည့်ပြီး သန်းဝေလိုက်သည်။ ထို့နောက် ရေကန်နားသို့ပြန်သွားပြီး သတိမေ့နေသောကျောင်းခေါင်ကို ရေကန်ဘေးရှိကမ်းပေါ်တွင်ထားခဲ့လိုက်သည်။

ကောင်းဖန်သည် သတိမေ့နေသောကျောင်းခေါင်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်နေလေသည်။

နောက်ထပ်ပါ၀င်ပစ္စည်းရရှိရန်မှာ ပို၍လွယ်လိမ့်မည်ဟု ကောင်ဖန်တွေးမိသည်။ သို့သော် တစ်ခုခုထူးဆန်း‌ သလိုခံစား‌သူခံစား‌မိနေသည်။

နည်းနည်းတော့လွယ်နေသလိုပဲ.....

သူ့မှာသူလိုချင်သော အဓိကအရေးကြီးပစ္စည်းဖြစ်‌သည့်ဒန်ဘီ၏ဆင့်ကဲဖြစ်စဉ်သည် သူ့လက်၀ယ်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးအနေနှင့် ကျန်နေသောပဟေဠိတစ်ချို့ရှိနေသေးသည်။

အခန်း ၃၇၂ ကွမ်ယု နှင့် ချင်းချုံ

[သားရဲအမည်]: အရိုးစု အာဏာရှင်

[သားရဲ အမျိုးအစား]: ဒဏ္ဍာရီအဆင့်

[သားရဲ အဆင့်]: အဆင့် ၄၆

[ဒဏ္ဍာရီအဆင့်သို့မြှင့်တင်ရန် လိုအပ်သော ပါ၀င်ပစ္စည်း]: အနက်ရောင်မီးတောက်၊ အုပ်ချုပ်သူအရာရှိ၏ အရိုး၊ နှစ်ထောင်ချီအမှောင်ထု နှလုံးသား, နှင့် မသေဆုံးသောနှလုံးသား၏အဆီအနှစ်.....

ထိုပါ၀င်ပစ္စည်းများမှာ ဒန်ဘီအား ဒဏ္ဍာရီအဆင့်သို့မြှင့်တင်ရန် လိုအပ်သောအရာများပင်ဖြစ်သည်။ ကောင်းဖန်ထံတွင် ၎င်းတို့အနက်သုံးခုအား စုဆောင်းထားပြီးအခြားသော အသေးအဖွဲလေးများလည်း ရှိလေသည်။ တစ်ခုထဲ‌သော သူအလိုအပ်ဆုံး ပါ၀င်ပစ္စည်းမှာ မသေဆုံးသောနှလုံးသား၏ အဆီအနှစ်ပင်ဖြစ်ပေသည်။

အများအမြင်တွင်မူ မထူးခြားသောပါ၀င်ပစ္စည်းများသာဖြစ်လိမ့်မည်။ သို့သော်လည်း ထိုအရာတစ်ခုချင်းစီကို ပေါင်းစည်းလိုက်လျှင် အကောင်းဆုံးအရာဖြစ်လာနိုင်ပေသည်။

ဥပမာအားဖြင့် ပိုတက်စီယံနိုက်ထရိတ်၊ ဆာလဖာနှင့် မီးသွေးတို့အား အချိုးကျရောစပ်လိုက်လျင် လူအများသုံးနေသော ဖောက်ခွဲရေးကိရိယာ သေနတ်တွင်သုံးသည့်ယမ်းမှုန့်ကို ရနိုင်သကဲ့သို့ပင်ဖြစ်ပေသည်။

[ပါ၀င်ပစ္စည်း အမည်]: မသေဆုံးသောအသဲနှလုံး၏ အဆီအနှစ်

[ဖော်ပြချက်]: တောင်ထိပ်တွင်ရှိသောအလောင်းကောင်ပေါ်တွင် ဖြစ်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သော သလင်းကျောက်တစ်ခု။ ထိုအရာသည် စိတ်ဝိဉာဉ်၏ မသန့်စင်မှုကိုထိန်းချုပ်နိုင်ပြီး ဒဏ်ရာအနာတရများ ကိုလည်းကုသနိုင်ပေသည်။ ထိုအရာကို သေဆုံးခြင်းများနှင့်တည်ငြိမ်အေးချမ်းသောနေရာများ‌တွင် တွေ့ရှိနိုင်သည်။

ကောင်းဖန်သည် မျက်စိကိုမှိတ်လိုက်သည်။ ပထမဦးစွာ သူစဉ်းစားလိုက်မိသည်မှာ မသေဆုံးသောအသည်းနှလုံး၏ အဆီအနှစ်ကို ချန်ပင်းရွာတွင် ရှာတွေ့နိုင်လိမ့်မည်ဟုထင်မိသည်။ သို့သော် ထိုရွာသည် သေဆုံးခြင်းများနှင့် တည်ငြိမ်အေးခြမ်းသော အရာများ၏ ပုံရိပ်အဖြစ် ကိုက်ညီမှုမရှိပေ။

ချန်ပင်းမြို့စစ်တလင်း‌တွင် သေဆုံးသွားသော စစ်သည်လေးသိန်းတို့၏ သေဆုံးခြင်းတွင် တည်ငြိမ်အေးခြမ်းမှုမှာမရှိနိုင်‌ပေ။

ကောင်းဖန်သည် ကျောင်းခေါင်၏ခန္ဓာကိုယ်ကိုစစ်ဆေးနေသည်။ သူ၏အရိုးနှင့် နှစ်ထောင်ချီအမှောင်ထု၏နှလုံးသားတို့ရှိကြသည်။ ကောင်းဖန်သည် ထိုအရာများကို ထုတ်ယူရာတွင် ကျောင်းခေါင်ကို ပွဲချင်းပြီးမသေစေအောင် တစ်ခုစီအသေအချာထုတ်ယူလေသည်။

သို့သော် အရိုးမရှိ နှလုံးသားမရှိသော ခန္ဓာကိုယ်သည်အသက်ရှင်ဖို့ရန် မဖြစ်နိုင်ပေ။ ကျောင်းခေါင်ကို သေချာစွာမြေမြှုပ်ပေးလိုက်လေသည်။

ထိုအချိန်တွင် ကောင်းပင်မြို့အနောင်တောင်ဘက်မှ တစ္ဆေစစ်သည်တစ်သောင်းတို့သည် ရပ်လျက်တည်ရှိနေကြသေးသည်။ မမြင်ရသောကြိုးများက ၎င်းတို့အားချည်နှောင်ထားသကဲ့သို့ မလှုပ်မရှားနိုင်ပဲ တစ်စုံတစ်ရာ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကြသည်။

စစ်သားများသည် တစ်ယောက်ချင်းစီ စက်ဝိုင်းထဲတွင်လှည့်ပတ်သွားလာနေကြသည်။ တချို့က မြေကြီးပေါ်တွင်ထိုင်လျက်ရှိနေကြပြီး မည်သည်ကိုစိုက်ကြည့်၍ ကြည့်မှန်းမသိ ကြည့်နေကြ လေသည်။ တချို့ကမူ ပုစဉ်းရင်ကွဲများအော်မြည်နေသည်ကိုကြည့်ကာ နှစ်သက်သဘောကျ နေကြသည်။ ကျန်တချို့သည် ၎င်းတို့၏ လက်နှက်များကိုကိုင်ကာ အဝေးကိုလမ်းလျှောက်သွားနေကြသည်။ သူတို့အားလုံး၏စိတ်တွင် တူညီသောအချက်တစ်ချက်မှာ ထိုနေရာမှ အမြန်ဆုံး လွတ်မြောက်ထွက်ပြေးလိုခြင်းပင်ဖြစ်သည်။

"အိမ်ပြန်ကြစို့....အိမ်ပြန်ကြစို့..." စစ်သည်တစ်ယောက်က တတွတ်တွတ်ပြောနေသည်။ သူ့မျက်လုံးများက ဦးတည်ချက်မဲ့စွာတစ်နေရာကိုကြည့်နေသည်။ သူ့အား အိမ်မှရနံ့တချို့ကပြန်လည်ခေါ်ဆောင်နေသလို ခံစားနေရသည်။ သူ့အိမ်သို့ရောက်ရန်မှာ ခရီးမိုင်ပေါင်းများစွာကျန်ရှိသေးပေသည်။

"တောင်းပန်ပါတယ်.. ငါဒီတစ်ကြိမ်မှာ အားလုံးကိုဖျက်ဆီးလိုက်မိတယ်..." လင်းရှင်ရွေကပြောရင်း တောင်းပန်လိုက်သည်။

သူမ တောင်ပိုင်းကောင်းကင် ကုမ္ပဏီနှင့်စာချုပ်ချုပ်စဉ်က အကျိုးအမြတ်တော်တော်များများရရှိပြီး လစာငွေလည်း အမြောက်အများ လက်ခံရရှိခဲ့ပေသည်။

သူမလုပ်‌ဆောင်ခဲ့သောတာ၀န်များအနက် ယခုတစ်ခါသည်သာ ကျရှုံးမှုကိုကြုံတွေရဖူးတော့သည်။ ထိုခံစားချက်က သူမကိုစိတ်ထိခိုက်မှုဖြစ်စေသည်။ သူမသည်အတိုကိအခိုက်တွင်မကျွမ်းကျင်သော်လည်း ထိန်းသိမ်းသူအဖြစ်မုဆိုးများကြား‌တွင် နာမည်ကျော်ကြားသူဖြစ်လေသည်။

ရှုဟဲ့ထိသည် လင်းရှင်းရွေ၏ တိုက်ပွဲတွင်လုပ်ဆောင်မှုကို ကောင်းဖန်အားပြန်လည်တင်ပြသည်။ ဤအရာသည် ကျေနပ်ဖွယ်ဖြစ်သည်။ သူမသည် သူမတာ၀န်အတွက် လုံလောက်သောအသိပညာနှင့်သာမက တိုက်ပွဲတွင်လည်း တစ်စုံတစ်ရာ တုံ့ဆိုင်းနှောင့်နှေးနေမှုမရှိပေ။ သူမ၏ကံကောင်းစေသော အားသာချက်သည် တိုက်ပွဲ၏အင်အားပင်ဖြစ်ပေသည်။

သူမသည် သူမ၏တာ၀န်အရ တိုက်ပွဲအတွက် အပြည့်အ၀ပြင်ဆင်လာသော်လည်း သူမလိုချင်သော ဒေါင်း၏သတ္တမအသံ ပုစွန် ပယင်းကျောက်ကို ကျောင်းခေါင်ဆီမှ ချက်ချင်းအလွယ်တကူမထုတ်ယူနိုင်ပေ။ ထို့ကြောင့်သူမ၏ သားရဲထိန်းချုပ်မှုအဆင့်သည်လိုအပ်ချက်များရှိနေသေးသည်။

"နောက်တစ်ကြိမ်‌သေချာဂရုစိုက်ပါ....." ကောင်းဖန်ကပြုံးလျက်ပြောလေသည်။ သူမအားထို့သို့နှစ်သိမ့်ပြီး အဆောက်အဦးထဲမှထွက်သွားလေသည်။

မြောက်အရပ်‌မြေ၀န်းအတွင်းတွင် ကြီးမားသောမြေကွက်လပ်ကြီးရှိနေသည်။ ထိုမြေများသည် တောက်ပသောခရမ်းရောင်ဖြစ်သည်။

ထိုသို့ ခရမ်းရောင်ရှိသော မြေအမျိုးအစားကို အေးခဲနေသောပယင်းမြေဟုခေါ်ကြောင်း ရုရှားအရာရှိ တစ်ယောက်က ဖော်ပြဖူးသည်။

အထူးသဖြင့်ထိုမြေများသည် မြေဩဇာကောင်းသောမြေဆီမြေသားများဖြစ်ကြပြီး အပင်အမျိုးအစား သားရဲများစိုက်ရန်အတွက်သင့်တော်သော အစာအဟာရ သတ္တုဓါတ်များပါ၀င်နေသည်။ များသောအားဖြင့် ရေခဲပြင်လွှာအောက်တွင်တွေ့ရလေ့ရှိပြီး၊ ထို အေးခဲနေသောပယင်းမြေကို ဂျယ်လီကဲ့သို့ပင်ပျော့အိသော အမျိုးအစားဖြစ်သည်ဟုဆို၏။ ထိုမြေသည်တန်ဖိုးအဆမတန်ကြီးမားပေသည်။ တစ်ဧကလျှင် ၁၅ ခရက်ဒစ် ရှိပေသည်။ ကောင်းဖန်တွင်၀ယ်ယူထားသော ဧကသုံးဆယ်ခန့်ရှိသည်။

ရင် ယန် သဘောတရားအရ စိုက်ပျိုးရန်အလွန်သင့်တော်သောမြေဖြစ်ပေသည်။ ကောင်းဖန်သည် သူ၏ သွေးစာချုပ်ကြောင့် ပျော်ရွှင်နေသည်။

ပန်းပင်လေးသည် အဆင့် ၃၁‌ ရောက်ပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အမြစ်တွင်အဟာရဓါတ်များ ပိုပြည့်၀လာပြီး အခြားသောသားရဲများထက် ပိုမိုလျှင်မြန်စွာကြီးထွားလာနိုင်ပေသည်။

ကောင်းဖန်သည် ဒန်ဘီအားအဆင့်မြှင့်ရန်လိုအပ်ပါ၀င်သောပစ္စည်းများကို အကုန်ပြင်ဆင်အပြီးသည်နှင့် အိမ်ပြန်ကာ အနားယူသည်။

နောက်တစ်နေ့မနက်တွင် ထျန်းကျဲ တက္ကသိုလ်သို့သွားပြီး တာ့ဇီနှင့်တွေ့ဆုံသည်။ တက္ကသိုလ်က အရင်အတိုင်းပင်မပြောင်းလဲပေ။ ဂိတ်ပေါက်၀တွင် ငွေရောင်ရုပ်တုနှစ်ခု တည်ရှိနေသည်။ ဘယ်ဘက်တွင် ကွမ်ယု နှင့် ညာဘက်ခြမ်းတွင် ချင်းချုံ တို့ဖြစ်သည်။

ကောင်းဖန်သည် ရုပ်တုကိုငေးကြည့်နေပြီး အသေးတစ်ခုကဘယ်ကလာသလဲဟု စဉ်းစားနေမိသည်။

"ကျောင်းအုပ်ကြီး အချိန်မှီပြန်လာတာပဲ...." အစောင့်ကသူ့ဆီ‌ပြေးလာပြီးပြောသည်။

"ကျောင်းအုပ်ကြီး၊ ‌ကျွန်တော်တို့မနေ့က ကျောင်းအုပ်ကြီးဆီဖုန်းခေါ်ကြသေးတယ် ဖုန်းမကိုင်လို့ အနှောင့်အယှက် ထပ်မ‌ပေးချင်လို့မဆက်ကြတော့တာ.." အစောင့်ကပြောလိုက်သည် ။

ကောင်းဖန်က အကြည့်ကို တစ်ဖက်ကရုပ်တုစီရွှေ့လိုက်ပြန်သည်။ ပထမ‌တွင် ယခင်ကရုပ်တုနှင့် တူသည်ဟုထင်မိသည်။ ထို့‌နောက်ရုတ်တရက်ဆိုသလို စာသားများပေါ်ထွက်လာသည်။

[သားရဲ အမည်]: သက်၀င်လှုပ်ရှားနေသောကြေးရုပ်တု(ကွမ်ယု)

[သားရဲ အဆင့်]: သားရဲအဆင့် ၄၁ (နတ်ဘုရားအဆင့်)

[သားရဲ ဖော်ပြချက်]: ကျန်းမာ

[သားရဲစွမ်းရည်]: ပုံမှန်

—

[သားရဲ အမည်]: သက်၀င်လှုပ်ရှားနေသောကြေးရုပ်တု (ချင်းချုံ)

[သားရဲ အဆင့်]: အဆင့်၄၄ (နတ်ဘုရားအဆင့်)

[သားရဲ ဖော်ပြချက်]: ကျန်းမာ

ထိုနှစ်ခုလုံးသည် မျိုးနွယ်တစ်ခုထဲမှဆင်းသက်လာဟန်ရှိသည်။ သို့သော ချင်းချုံက ကွမ်ယုထက် အဆင့်ပိုမြင့်နေသည်။ ယခင်ကအခြေအနေထက် အနည်းငယ်ပိုထူးခြားလာသည်။ ရုပ်တုနှစ်ခုသည် အစုံလိုက်ရပ်နေကြပြီး မိသားစုဓါတ်ပုံကဲ့သို့ဖြစ်နေသည်။

"ကျန်တဲ့ရုပ်တုတွေဘယ်ရောက်သွားကြလဲ.."ကောင်းဖန်ကအေးစက်စက်ဖြင့်မေးလိုက်သည်။

"မသိဘူး.. သူတို့တွေမနေ့ကမှတောင်ပေါ်ကဆင်းလာကြတာပဲ..." အစောင့်ကြီးကပြန်ဖြေသည်။

“ဘယ်တောင်ကလဲ.. ဆရာကွမ် ခဏခဏသွားတဲ့နေရာလား.."

"မဟုတ်ဘူးခင်ဗျ.. ဆရာကွမ်ကရွေ့တောင်မရွေ့ဘူး. သူရွေ့မယ်အချိန်က သူ့ရှေ့မှာ သားရဲတစ်ကောင် ပေါ်လာမဲ့အချိန်ပဲ..."

ကောင်းဖန်သည် သူကြားရတာကိုမယုံချင်ပေ။

"မနေ့ကတခြားရုပ်တုတွေပေါ်လာတုန်းကတော့ ဆရာကွမ်နဲ့ အကြည့်ချင်းတစ်ချက် ဆုံသွားတာ တွေ့လိုက်မိတယ်... သူခဏရပ်ကြည့်ပြီးတော့မှ ထွက်သွားတာတွေ့လိုက်တာပဲ.."အစောင့်က ချင်းချုံရုပ်တုဘက်ကို လှည့်ကြည့်ရင်းပြောလိုက်သည်။

ကွမ်ယုရုပ်တုက လေးနက်တည်ကြည်တဲ့ပုံနဲ့ ကျောင်းဂိတ်ရဲ့ဘယ်ဘက်ခြမ်းမှာရှိပြီး ချင်းချုံရုပ်တုက ညာဘက်ခြမ်းမှာရှိနေသည်။ သူတို့ကိုကြည့်ရသည်မှာ ကျောင်းကိုအတူတကွစောင့်ကြည့်နေကြပုံနှင့်တူနေသည်။

အရာရာတိုင်းကမြင်ရသလိုပဲရိုးရှင်းနေမယ်ဆိုရင်တော့.....

ဒီလိုမျိုး အန္တရယ်ရှိတဲ့နတ်ဘုရားအဆင့်ရုပ်တုနှစ်ခု ဘယ်ကမှန်းမသိပေါ်လာခြင်းက သူ့စိတ်ကို သံသယဖြစ်စေသည်။ သူသည်စောင့်ဆိုင်းရသည်ကိုကြိုက်သည့်လူမျိုးတော့မဟုတ်ပေ။ ဆူပူရမ်းကားကာ သောင်းကျန်းတတ်သောသူဖြစ်သည်။

ထိုအတွေးဖြင့် ကောင်းဖန်သည် မျက်လုံးများကိုကျဉ်းမြောင်းကာ ချင်းချုံရုပ်တုကိုကြည့်လိုက်သည်။

ကြည့်လိုက်လျှင်တော့ ရုပ်တုနှင့်အလွန်ပင်တူလေသည်။ တစ်ခုခုမသင်္ကာစရာကို သူခံစားမိ‌နေသည်။

ကောင်းဖန်ကမျက်မှောက်ကျုံ့ပြီးပြောလိုက်သည် "အိမ်ကိုယူခဲ့လိုက်.. အစင်းလေးနှင့်ခဏနေပစေ.. ပြီးတော့မှ ဘာလို့ဒီရောက်နေလဲစုံစမ်းရမယ်..."

ကွမ်ယုရုပ်တုသည် ရုတ်တရက်ရောက်လာခဲ့သလိုပင် ရုတ်တရက်ပျောက်ဆုံးသွားလေသည်။ ၄င်းအရုပ်သည် အရိုင်းဆန်သော ပင်ကိုယ်စွမ်းရည်ရှင်သန်သောသဘောရှိသည့်အရာဖြစ်သည့်အတွက် ထိန်းချုပ်၍ ရမည့်ပုံမရှိပေ။

ကောင်းဖန်သည် သူတစ်ခါမှမမြင်ဖူးသော သားရဲကောင်များကျောင်းသို့ရောက်လာသောကြောင့် ကျောင်း၏လုံခြုံရေးအတွက်စိတ်မအေး‌ဖြစ်နေသည်။ သူသည် အနည်းဆုံးတော့ မည်သူကထိုရုပ်တုများအား ခေါ်ဆောင်လာသည်ကိုသိအောင် ကြိုးစားရန်ဆုံးဖြတ်လိုက်လေသည်။

"တာ့ဇီ.. ခဏဖယ်ဦး...."ကောင်းဖန်ကပြောလိုက်သည်။

ကောင်းဖန်သည် ချင်းချုံရုပ်တုမှ နှုတ်သီးအားလှန်လိုက်သည်။

မိုးကြိုးလျှပ်စီးကြောင်းများသည် ချင်းချုံရုပ်တုအား ပင့်ကူအိမ်ကဲ့သို့ ရစ်ပတ်ကာ ပေါ်ပေါက်လာကြသည်။

All Chapters