← Chapters

ဒုတိယတွဲ ဘယ်တော့ထွက်မှာလဲ

Vol. 15 Ch. 217

ဒုတိယတွဲ ဘယ်တော့ထွက်မှာလဲ

Vol. 15 Ch. 217

ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ လူနေဆောင်။ 

အကြမ်းဖျဉ်း မီတာ (၃၀) ပတ်လည်ခန့် ရှိသော တစ်ယောက်ခန်းလေးထဲတွင် ချင်ရှီရှီ ဆိုဖာပေါ်ထိုင်လျက် ဖုန်းကိုသာ အာရုံစိုက်၍ ကြည့်နေ၏။ 

သိုက်တူးမှတ်တမ်းဝတ္ထုမှာ သူ့အမြင်ထဲ၌ စွဲထင်နေလေသည်။ 

‘ကျွန်တော်လည်း ပိုးသားမြေပုံထဲ ပါတဲ့ ဝါရင်းနယ်က အုတ်ဂူကို သွားစုံစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တော့တယ်’

‘လုပ်ငန်းကောင်းကောင်း လုပ်နိုင်ဖို့ အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားရမှာပေါ့’

‘ကျွန်တော် စတီးချောင်းပိုက်အသေးလေးတွေ၊ ထောက်ချွန်တွေ၊ ပေါက်ပြားတွေ၊ တူတွေ၊ ဓားတွေ စသဖြင့် အများကြီး ရှာဖွေ စီစဉ်လိုက်ရတယ်။ ကျုံကျီကို ဖြေရှင်းဖို့ပေါ့’

‘ဒီလိုပစ္စည်းတွေ သုံးဖို့လိုနေမယ်လို့ ဘယ်သူက ထင်မှာလဲ’

‘…’

ချင်ရှီရှီ ထိုအထိ ဖတ်ပြီးနောက် မျက်မှောင်ကြုတ်ထားသော အခြေအနေမှ ပြေလျော့သွား၏။ 

ကျုံကျီလား။ 

သမိုင်းဝင်ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးအနေဖြင့် အုတ်ဂူအချို့ ရောက်ခဲ့ဖူးသော်လည်း ထိုအသုံးအနှုန်းတော့ မကြားဖူးသေးချေ။ 

လင်းချွမ်တွင် မှော်အစွမ်းများရှိနေသည်ဟု ပြောခြင်းမှာ အမှန်ပင်။ 

ယခုသိုက်တူးဝတ္ထုထဲတွင် သိပ္ပွံနည်းမကျသည်များ၊ သဘာဝမကျသည်များ များစွာ ပါဝင်နေ၏။ 

သို့သော် ထိုအချက်များကြောင့်လည်း ချင်ရှီရှီ ပိုစိတ်ဝင်စားကာ အာရုံစိုက်၍ ဆက်ဖတ်မိလေသည်။ 

‘မြေပုံအရတော့ အုတ်ဂူကြီးက ချီလူနယ် လင်းရိနားမှာ ရှိနေတယ်’

‘လင်းရိဆိုတာကတော့ ဝါရင်းနယ်ခေတ်မှာ လုမျိုးဆက်တွေရဲ့ နယ်ပယ်ပဲ’

‘ပိုးသားမြေပုံကိုသုံးပြီး မှတ်တမ်းတင်ထားတယ်ဆိုတော့ အုတ်ဂူပိုင်ရှင်ဟာ ရာထူးကြီး ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်။ အထဲမှာ ဘာတွေ ရှိနေမလဲတော့ တကယ် စိတ်ဝင်စားမိပါတယ်’

‘ကျွန်တော် ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး’

‘နောက်ဆုံးတော့ ကျွန်တော်တို့ အားလုံး အသင့်ဖြစ်သွားပြီး ထွက်ခွါဖို့ပဲ ကျန်တော့တယ်’

‘ကျွန်တော်တို့ ပစ္စည်းတွေလည်း အများကြီးပါတော့ ဘတ်စ်ကားပဲ စီးသွားလိုက်တယ်။ အရင်ခေတ်ကတော့ သိုက်တူးသမားတွေအနေနဲ့ ဒီနည်းပဲ သုံးကြတာပဲ’

‘ပိုက်ဆံရှိပြီးသားသူတွေကတော့ ကိုယ်ပိုင်ကားဝယ်ပြီး တောင်တွေဖြတ်ကြတာပေါ့’

‘ဘတ်စ်ကားပဲ အကြာကြီး စီးသွားတာက သိပ်တော့ မသက်သာလှဘူး။ (၁၀) နာရီကျော်လောက် ပင်ပင်ပန်းပန်း သွားပြီးနောက်မှာ နောက်ဆုံးတော့ ချီလူနယ်မြင်ကွင်းကို တွေ့နေရပြီ’

‘ဒါပေမဲ့ ကျွန်တော်တို့ မနားနိုင်သေးဘူး’

‘ဘာလို့ဆိုရင် အဘိုးမှာရှိခဲ့တဲ့ ဝါရင်းပိုးသားမြေပုံက ဟိုးအရင်တည်း နိုင်ငံခြားစစ်သားတွေ ယူသွားလို့ အခု သူတို့လည်း စခန်းချနေလောက်တယ်’

‘ကျွန်တော်တို့ ခပ်သွက်သွက်ပဲ လင်းရိရောက်တာနဲ့ အုတ်ဂူနေရာကို တန်းထွက်လာခဲ့တယ်’

‘သိုက်တူးခြင်းက လျင်သူစားစတမ်းပဲလေ’

‘ထိုက်ရိတောင်တန်း’

‘…’

ချင်ရှီရှီ ထိုအထိဖတ်ပြီးနောက် ဖုန်းကိုချ၍ သူ့လွယ်အိတ်ထဲမှ A4 စာရွက်တစ်ရွက် ထုတ်လိုက်သည်။ 

ထိုစာရွက်မှာ အဖွဲ့ (၉) ၏ ခရီးအစီအစဉ် ဖြစ်၏။ 

လိပ်စာနေရာတွင် ချီလူနယ်၊ လင်းရိ၊ ထိုက်ရိတောင် ဟူ၍ တွေ့ရသည်။ 

“တော်တော် တိုက်ဆိုင်တာပဲ”

ချင်ရှီရှီ တစ်ယောက်တည်း ရေရွတ်မိ၏။ 

လင်းချွမ်၏ သိုက်တူးမှတ်တမ်းဝတ္ထုမှာ သူတို့၏ ခရီးအစီအစဉ်နှင့် တူနေမည်ဟု မထင်ထားချေ။ 

သို့သော် သူ အရမ်းမတွေးတော့ပေ။ 

သာမာန် တိုက်ဆိုင်သည်ဟုသာ သဘောထားလိုက်၏။ 

သို့သော် ထိုသို့ နေရာတိုက်ဆိုင်နေ၍ လင်းချွမ်၏ ဝတ္ထုကို ပိုစိတ်ဝင်စားမိသည်မှာတော့ အမှန်ပင်။ 

ထို့နောက် ဆက်၍ ဖတ်ကြည့်ပြန်သည်။ 

‘တတိယဦးလေးက နဂါးခေါင်းလှည့် မြေနေရာကြည့်ခြင်းကို ကျွမ်းတယ်လေ’

‘’ကျွန်တော်လည်း မြေသင်းနံ့ရှူကြည့်လိုက်တဲ့အခါ သွေးညှီနံ့ ခပ်ဝေးဝေးရပြီး ချက်ချင်း တူးကြည့်လိုက်ကြတယ်’

‘အဖွဲ့မှာ အားကောင်းမောင်းသန် လူငယ်လေးတွေများလို့ ခဏလေးအတွင်း (၈) မီတာလောက်အထိ တူးမိသွားတယ်’

‘ပြီးတော့ ထူးဆန်းတဲ့ နံရံတစ်ချပ်ဆီကို ရောက်သွားတယ်’

‘နံရံထဲမှာ အက်စစ်ပြင်းတွေ ပြည့်နေပြီး ကွဲတာနဲ့ ချက်ချင်း လူတွေအပေါ် လျှံကျပြီး အလောင်းတွေ ထပ်ကုန်မှာ’

‘…’

ချင်ရှီရှီ အံ့ဩစွာ ကြည့်နေမိသည်။ 

ဤသို့ဖြင့် ဝတ္ထုထဲ နစ်မျောရင်း ညနေစောင်းချိန်ပင် ရောက်လာသည်။ 

ထို့နောက် ရေချိုးသန့်စင်ကာ ဆိုဖာတွင်ထိုင်၍ ဝတ္ထုဆက်ဖတ်ရန် ပြင်လိုက်သည်။ 

သို့သော် ပထမအတွဲမှာ သူ့အတွက် ခဏအတွင်း ပြီးဆုံးသွားလေပြီ။ 

ဟူး—

ချင်ရှီရှီ သက်ပြင်းချလိုက်မိ၏။ 

သူ စိတ်အလိုမကျဖြစ်ကာ လင်းချွမ်ထံ ဓားပို့၍ ခြိမ်းခြောက်ရမည်လားဟုပင် တွေးမိလေသည်။ 

ထို့နောက် လင်းချွမ်အကောင့်ကိုရှာ၍ ချက်ချင်း စကားသွားပြော၏။ 

“ဆရာလင်း မင်္ဂလာပါ”

ချင်ရှီရှီ စကားစလိုက်သည်။ 

“မင်္ဂလာပါ”

လင်းချွမ်ထံမှ စာပြန်လာ၏။ 

“ပထမအတွဲက တိုလိုက်တာ။ မဝသေးဘူး။ ဒုတိယတွဲ ဘယ်တော့မှ ထွက်မှာလဲ”

ချင်ရှီရှီ ပြုံး၍ ပြောလိုက်သည်။ 

ဝတ္ထုထဲကအတိုင်း အပြင်၌ တကယ်ရှိနေလျှင်တော့ အတိုင်းထက်အလွန် အံ့ဩစရာပင်။ 

“ဒုတိယတွဲက ထွက်တော့မှာပါ။ ဆရာမချင် subscribe လုပ်ပြီးပြီလား”

“အစတည်းက လုပ်ထားတာပေါ့။ စာအုပ်တိုင်းပဲ”

ချင်ရှီရှီ ကျေနပ်စွာ ဖြေ၏။ 

လင်းချွမ် ကျေးဇူးတင်သည့် အီမိုဂျီပုံလေး ပြန်ပို့လာသည်။ 

ထိုစဉ် ချင်ရှီရှီ ရုတ်တရက် သတိရသွားပြီး

“ဒါနဲ့ ကျွန်မ နိုင်ငံတော်အဆင့်က အဖွဲ့ (၉) ကို ပြောင်းသွားပြီလေ။ ခေါင်းဆောင်က မေးနေတာ။ အန်လင်းမှာတုန်းက ဟန်ခေတ်အုတ်ဂူကိစ္စ ဘယ်လိုဖြစ်တာလဲဆိုပြီး”

All Chapters