အမာခံပရိသတ်၏ အခွင့်အရေး
Vol. 15 Ch. 218
“သတင်းတွေ တော်တော်ပျံ့နေတာပဲ”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
“ဒါပေါ့။ ကျွန်မလည်း ခေါင်းဆောင်ကို အမှန်အတိုင်း ပြောပြလိုက်တယ်လေ။ ရှင့်အကြောင်း ချီးကျူးလို့တောင် မကုန်ဘူး”
“မင်းတို့ခေါင်းဆောင်က အမြင်ရှိသားပဲ”
လင်းချွမ် ရယ်မော၍ စာပြန်လိုက်၏။
ချင်ရှီရှီ ပြုံးကာ
“အမြင်ရှိတာတော့ မပြောနဲ့တော့။ ရှင့်ကိုပြန်ပြီး ခေါင်းဆောင်အဖြစ် ခန့်ချင်နေသေးတာ”
“အဲ့တာတော့ မသင့်တော်ပါဘူးဗျာ။ အဖွဲ့ထဲ ဝင်ဝင်ချင်း ခေါင်းဆောင် တန်းဖြစ်တာက ထူးဆန်းတာပေါ့”
“သူကိုယ်တိုင်တောင် လက်ထောက် ပြန်လုပ်ပေးမယ်တဲ့”
“မဟုတ်သေးပါဘူး။ မဟုတ်သေးဘူးလေ”
“ရှင် စိတ်မဝင်စားဘူးလား”
ချင်ရှီရှီ ထပ်မေးလေ၏။
သူ လင်းချွမ်နှင့် အတူအလုပ်လုပ်ခွင့်ရရန် အလွန် မျှော်လင့်နေမိသည်။
တစ်ဖက်တွင်တော့။
လင်းချွမ်နှင့် ကျန်းတို့ ဝရံတာတွင်လှဲနေရင်း လေညင်းခံလျက် ရှိ၏။
လင်းချွမ် ချင်ရှီရှီ၏ စာကိုကြည့်ပြီးနောက် ကျန်းဘက်သို့ လှည့်လာသည်။
ကျန်းရှင်းရှင်းမှာ ခရမ်းရောင်ညအိပ်ဝတ်စုံလေး ဝတ်ဆင်ထားပြီး လင်းချွမ်အား စပျစ်သီး ခွံ့ကျွေးနေသည်။
“သူဌေး စပျစ်သီးလေး စားပါဦး”
လင်းချွမ် ပါးစပ်ဟပေးလိုက်သည်။
ကောင်းလိုက်တာ။
ထို့နောက် လင်းချွမ် တစ်ဖက်ကို စာပြန်လိုက်သည်။
“သမိုင်းဝင်ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ တူးဖော်ရေးက မြစ်တွေ၊ တောင်တန်းတွေကို ဖြတ်ပြီး အရမ်းပင်ပန်းတာ။ ကျွန်တော်နဲ့ မကိုက်ပါဘူး။ ကျွန်တော်က အိမ်မှာပဲ စာရေးရတာ ကြိုက်တယ်”
“နှမျောစရာပဲ”
ချင်ရှီရှီ စိတ်ပျက်သွားမိ၏။
“အခက်အခဲရှိရင်တော့ ကျွန်တော် ဝိုင်းဖြေရှင်းပေးမယ်လေ”
လင်းချွမ်မှ ပြော၏။
“ကောင်းပါပြီ။ သန်ဘက်ခါဆို ကျွန်မတို့ ခရီးစထွက်တော့မှာ။ လိုတာရှိရင် လာတိုင်ပင်မယ်နော်”
ချင်ရှီရှီ ပြုံး၍ပြန်ပြောလိုက်သည်။
“ရပါတယ်။ ကျွန်တော့် အမာခံပရိသတ် ဒုက္ခရောက်နေတာကို ဒီအတိုင်းတော့ ထိုင်မကြည့်ပါဘူး”
“ချန်းချန်းက ရှင့်ကို subscribe လုပ်ဖို့ ပြောပြောနေတာ မဆန်းပါဘူး။ အမာခံပရိသတ်ဆိုရင် ဒီလိုအကျိုးအမြတ် ပြန်ရှိတာပဲ”
“စိတ်ရင်းနဲ့ဆို အပြန်အလှန် စိတ်ရင်းဖြစ်တာပေါ့”
“ကဲ တာ့တာနော်။ ဝတ္ထု ပြန်ကြည့်လိုက်ဦးမယ်”
ချင်ရှီရှီ နှုတ်ဆက်၍ ပျောက်သွားလေသည်။
ညနေခင်းလေပြည်မှာ အန်လင်းမြို့ လင်ကျန်းအဆောက်အဦကို ဖြတ်၍ တိုက်ခတ်နေပြီး လင်းချွမ် ခပ်ပွပွ ညအိပ်ဝတ်စုံ ဝတ်ထားသောကြောင့် အေးမြမှုကို ကောင်းမွန်စွာ ခံစားရ၏။
“သူဌေး ဘာလို့ အဖွဲ့ထဲဝင်ဖို့ လက်မခံတာလဲ”
ကျန်း ပြုံး၍ မေးလိုက်သည်။
“ကို နေ့တိုင်း အိမ်မှာမရှိနိုင်တော့ရင် ဘယ်လိုလုပ်မလို့လဲ”
လင်းချွမ် ကျန်းဆံပင်လေးများအား သပ်ပေးရင်း မေးလေ၏။
“ဟင်းဟင်း။ သူဌေးက ကျွန်မအကြောင်း ဘယ်လိုလုပ် အဲ့လောက် သိတာလဲ”
လင်းချွမ်ခဏစဉ်းစား၍
“ကျန်းကရော ဘယ်လိုလုပ် အဲ့လောက် သိတာလဲ”
“ဟင်”
ကျန်းရှင်းရှင်း ရုတ်တရက် အံ့ဩမှင်တက်နေပြီးမှ ပါးလေးများရဲ၍
“ကျွန်မ… ဒီအတိုင်း သင်ထားတာ”
“ကျွန်တော်ရောပဲပေါ့”
“ကဲပါ အထဲဝင်ကြမယ်”
ထို့နောက် လင်းချွမ် သူ့ကို မချီ၍ ဧည့်ခန်းထဲပြန်ကာ ဝရံတာတံခါးကို ပြန်ပိတ်လိုက်လေသည်။
…
နောက်တစ်နေ့နံနက်။
လင်းချွမ် အိပ်ရာမှ ထလာပြီး ကျေနပ်သော အမူအရာ ဖြစ်လေသည်။
ကျန်းရှင်းရှင်းကတော့ ပင်ပန်းနေသေး၍ မနိုးသေးချေ။
လင်းချွမ် ဝရံတာထွက်၍ လေနုအေးများကို ခံစားရင်း မြစ်ကမ်းဘက်သို့ ငေးကြည့်နေသည်။
လေထဲ၌ လတ်ဆတ်သော ပန်းရနံ့များ၊ သစ်ပင်ရနံ့များ ပျံ့လွင့်နေလေ၏။
ထိုစဉ် နေထွက်လာပြီး ကောင်းကင်ကို ဆေးရောင်စုံ ခြယ်ကာ ရေပြင်ကျယ်တွင်လည်း စိန်မှုန်ကဲ့သို့ တလက်လက် ဖြစ်နေစေသည်။
စောစောနိုးထနေသော ငှက်ကလေးများမှာတော့ သစ်ကိုင်းများတွင် နားလျက် သာယာသော သံစဉ်ချိုချိုများအား ညည်းဆိုလျက် ရှိ၏။
လင်းချွမ် မျက်လုံးမှိတ်လျက် သဘာဝတရားကို အပြည့်အဝ ခံစားနေသည်။
သူ မနေ့ညက ဆိုးပြီး၍ ယနေ့တော့ သန့်စင်ကြည်လင်သော စိတ်ထားဖြင့် လောကကြီးကို ကြည့်ရှုနေလေ၏။
သူ့စာအုပ်ပထမတွဲသည် စာဖတ်သူများထံ ကောင်းမွန်စွာ ရောက်ရှိ၍ အခြေအနေ ကောင်းနေသည်။
Of course.
အချို့ စာဖတ်သူများမှာတော့ ဓားပို့၍ ခြိမ်းခြောက်ခြင်း ပြုချင်နေသည်မှလွဲ၍ အဆင်ပြေပါသည်။
လင်းချွမ် အရင်က ဝတ္ထုအပြည့် ထုတ်လေ့ ရှိသော်လည်း ယခုမှ အတွဲလိုက်ဖြစ်သွားသောကြောင့် စာဖတ်သူများ မစောင့်နိုင်ကြပေ။
အစပိုင်းအခြေအနေကောင်းပြီး ဆရာယော၏ ‘ရှေးဟောင်းလေပြည်’ ဟူသောစာအုပ်ကြောင့် ရိုက်ခတ်မှု မရှိသေးချေ။