← Chapters

ထောင်ချောက်

Vol. 15 Ch. 221

ထောင်ချောက်

Vol. 15 Ch. 221

“ပစ္စည်းတွေ၊ ကိရိယာတွေ၊ ဆေးတွေ သေချာ စစ်ဦးနော်”

“တောနက်ထဲဆိုတော့ သားကောင်တွေလည်း ဂရုစိုက်ဦး။ အန္တရာယ်ရှိတဲ့အကောင်တွေကို ရန်သွားမစမိစေနဲ့”

“အဖွဲ့နဲ့ နေကြ။ တစ်ယောက်တည်း မကျန်ခဲ့နဲ့”

“ငါ့နောက် သေချာကပ်နေနော်”

ဆရာယောမှာ နေရောင်ခြည်ကို အတော်လေး ကာကွယ်နိုင်သည့် ဝါးခမောက်ဆောင်းလျက် အိတ်များစွာပါသော ဘောင်းဘီဖြင့် ပစ္စည်းအစုံ ပါသည့် ကျောပိုးအိတ်ကိုလွယ်ကာ ဦးဆောင်၍ ထွက်သွားသည်။ 

လက်ထဲတွင်တော့ မြေပုံတစ်ခု ကိုင်ထားလေ၏။ 

ထိုမြေပုံမှာ ရှေးသုတေသန ပညာရှင်များ ရှာတွေ့ထားသော မပြည့်စုံသေးသည့် မြေပုံဖြစ်ကာ ဝါရင်းခေတ် လုမျိုးနွယ်များ၏ အုတ်ဂူများ ပါဝင်သည်။ 

သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ ပြောင်းလဲမှုများ ရှိနိုင်သည်။ 

အဖွဲ့ (၉) အဖွဲ့သားများမှာ နောက်ပိုင်း မြေပုံနှင့်ယှဉ်ကာ အမှတ်အသားများ ချနေ၏။ 

ယခု သူတို့ ရည်ရွယ်ထားသော နေရာသို့ သွားနေလေသည်။ 

“ရှီရှီ ဒါ မင်း ငါတို့အဖွဲ့ထဲကို ရောက်လာပြီး ပထမဆုံး ကြုံရတဲ့တာဝန်ပဲ။ ကျွန်တော့်နောက်ကနေ သေချာ လိုက်လာနော်။ မပျောက်စေနဲ့”

ဆရာယောမှ ပြောလိုက်သည်။ 

သူ အဖွဲ့ကို အောင်မြင်စွာ ဦးဆောင်၍ ပြန်ချင်ပါသည်။ 

ချင်ရှီရှီလည်း သဘာဝတောအုပ်ကို အံ့ဩစွာ ကြည့်ရင်း လိုက်ပါလာ၏။ 

သူ လင်းချွမ်ဝတ္ထုအား သေချာဖတ်ကာ သီအိုရီအရ နားလည်သော်လည်း လက်တွေ့မှာ အလွန် ခြားနားလေသည်။ 

ငယ်ငယ်က ကျောင်းတွင် သင်ထားသော ပုစ္ဆာနှင့် စာမေးပွဲ၌မေးသည့် ပုစ္ဆာတို့ မတူသလိုပင်။ 

ထို့ကြောင့် ချင်ရှီရှီ ပို၍ လေ့ကျင့်ရန် လိုအပ်နေပါသေးသည်။ 

“ကောင်းပြီလေ”

ချင်ရှီရှီ အားတက်သရော လိုက်သွား၏။ 

မီးခိုးရောင် ရှပ်အင်္ကျီ လက်ရှည်နှင့် အိတ်များစွာပါသော ဘောင်းဘီကို ဝတ်ဆင်ကာ တောင်တက်ဖိနပ်၊ ကျောပိုးအိတ်တို့ကိုလည်း ဆင်ယင်ထားသည်။ 

အဖွဲ့ (၉) မှာ ကန်ရေပြင်များ၊ တောင်တန်းများကို ဖြတ်၍ ပန်းတိုင်ဆီသို့ တဖြည်းဖြည်း လှမ်းလာကြ၏။ 

ဤသို့ဖြင့် နေ့လယ် (၃) နာရီဝန်းကျင်၌ နောက်ဆုံးတော့ ရောက်ရှိသွားလေပြီ။ 

သူတို့ ကုန်းပြင်မြင့်တွင် ထိုင်ရင်း အနားယူကာ အနေအထားများကိုလည်း လေ့လာနေသည်။ 

ပါမောက္ခချီလည်း အပါအဝင် ဖြစ်၏။ 

သူ မျက်လုံးပေါ်တွင် လက်ဖြင့် အုပ်ကာရင်း နေရောင်ခြည်ကို အန်တု၍ ဟိုဟိုဒီဒီ ကြည့်နေသည်။ 

အလယ်ပိုင်းတွင် မြေညီ၍ ပတ်လည်၌ တောင်တန်းများကြောင့် နိမ့်လိုက်၊ မြင့်လိုက် ဖြစ်နေပုံမှာ သားကောင်ကြီး၏ အရိုးစုနှင့်ပင် တူလေသည်။ 

ခပ်လှမ်းလှမ်း၌ တောင်တန်း (၅) ခု ထပ်နေပြီး တိမ်မြူများကြား ပျောက်ကွယ်ကာ မှော်ဆန်သော နဂါးကြီး လဲလျောင်းနေသကဲ့သို့ ထင်ရသည်။ 

“ဒီနေရာက နဂါးခေါင်းနဲ့ တူတယ်”

ပါမောက္ခချီမှ မြေပြင်အခြေအနေကို ကြည့်ပြီးနောက် ဆရာယောဘက်သို့ လှည့်ပြောသည်။ 

ဆရာယော မျက်ခုံးပင့်၍ ဝမ်းသာသွားပုံဖြင့်

“နဂါးခေါင်းလား”

ပါမောက္ခချီ ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ်။ ကျွန်တော်က ဖုန်းရွှေအကြောင်း နည်းနည်း သိတယ်လေ။ ဒီနားမှာ အုတ်ဂူရှိရင် အကောင်းဆုံး နေရာပဲ”

ဆရာယော ရင်ခုန်သွားပြီး ချက်ချင်း ပစ္စည်းကိရိယာများ ယူကာ စစ်ဆေးရန် ပြင်လေသည်။ 

ချင်ရှီရှီလည်း အံ့ဩစွာ ငေးကြည့်နေ၏။ 

မြေပြင်နေရာများနှင့် ရေကန်အခြေအနေများကိုလည်း သေချာ လေ့လာနေသည်။ 

ဒီနေရာနဲ့ ရင်းနှီးနေသလိုပဲ။ 

သူ ရုတ်တရက် လင်းချွမ်ဝတ္ထုထဲမှ အကြောင်းများကို အမှတ်ရသွားသည်။ 

ထိုစာအုပ်ကို (၃) ကြိမ်အထိ ဖတ်ထားသောကြောင့် အတော်လေး စိတ်ထဲစွဲထင်နေလေပြီ။ 

အသေးစိတ်ကို မမှတ်မိလျှင်ပင် အကြမ်းဖျင်းမျှ သိလေသည်။ 

‘လမ်းအတော်ကြာအောင် လျှောက်ပြီးတဲ့နောက် နောက်ဆုံးတော့ အုတ်ဂူနေရာ ရောက်လာခဲ့တယ်’

‘ကျွန်တော် ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး ခပ်လှမ်းလှမ်းမှာ တောင်တန်း (၅) ခု ထပ်နေရင်းက ပိုပိုမြင့်သွားတာမျိုးကို တွေ့ရတယ်’

‘အဝနားမှာတော့ (၁၀) မီတာလောက်မြင့်တဲ့ ရေတံခွန်တစ်ခု ရှိနေတာပေါ့။ အောက်မှာလည်း ကျောက်တုံးလေးတွေစီထားတဲ့ ရေအိုင်လေးနဲ့။ ဘေးမှာ မြက်ခင်းစိမ်းစိမ်း ခင်းထားသလို ရှိနေပြီး မိုးကြိုးသင့်ထားတဲ့ သစ်ပင်အိုကြီးကပါ နေရာယူထားတယ်လေ’

‘ကျွန်တော် ဦးလေးကို ဒီနားက နဂါးခေါင်း ဖြစ်ကြောင်းနဲ့ အောက်မှာ အုတ်ဂူရှိနေကြောင်း လှမ်းပြောလိုက်တယ်’

‘ဒါပေမဲ့ ဦးလေးကတော့ ခေါင်းယမ်းပြီး ပြန်ရှင်းပြရှာတယ်’

‘ဒီနေရာက တကယ့်အုတ်ဂူနေရာနဲ့ တော်တော် လှမ်းသေးတယ်တဲ့။ နည်းပညာအရ ဒီနားက နဂါးခေါင်းတော့ မှန်ပေမဲ့ အတုကြီး’

‘ဒီအုတ်ဂူကို ရေးဆွဲတဲ့သူကလည်း ကျွမ်းကျင်အဆင့်လေ။ အဲ့တာကြောင့် သိုက်တူးသမားတွေကို ထောင်ချောက်ဆင်ထားတာ’

‘အဲ့တော့ ထောင်ချောက်မိပြီးသာ အထဲဝင်သွားမိရင် ပြန်ထွက်နိုင်တော့မှာ မဟုတ်ဘူး’

‘…’

ချင်ရှီရှီ ဝတ္ထကို ပြန်တွေးရင်း မျက်မှောင်ကြုတ်သွားမိ၏။ 

“ရှီရှီရေ ဒီနားမှာ စစ်ဆေးကြည့်ရအောင်”

ဆရာယောမှ လှမ်းခေါ်လေသည်။ 

ထိုအခါမှ သူ သတိပြန်ဝင်လာပြီး ဆရာယောအနား လျှောက်သွား၏။ 

ထိုစဉ် ရေတံခွန်နှင့် ကျောက်တုံးရေအိုင်လေးကို တွေ့ရလေသည်။ 

ထို့အပြင် မြက်ခင်းစိမ်းနှင့် မိုးကြိုးသင့် သစ်ပင်အိုအထိ။ 

ချင်ရှီရှီ သက်ပြင်းချ၍ ရေရွတ်မိလေ၏။ 

“ဘယ်လိုလုပ် ဝတ္ထုနဲ့ တစ်ထပ်တည်း ဖြစ်နေတာလဲ”

မြေမျက်နှာသွင်ပြင်မှာ ဆင်တူရှိနိုင်သော်လည်း ရေတံခွန်နှင့် သစ်ပင်အိုအထိကတော့ ထူးခြားလွန်းသည်။ 

လင်းချွမ်ဝတ္ထုက တကယ်လား။ စိတ်ကူးယဉ်ထားတာလား။ 

ဘာလို့ အဲ့လောက် တူနေတာလဲ။ 

သူ မျက်မှောင်ကြုတ်၍ ထပ်ခါထပ်ခါ တွေးနေသော်လည်း အဖြေမထွက်ပေ။ 

ထိုစဉ် အဖွဲ့သားတစ်ဦးထံမှ အသံကြားရ၏။ 

“ရှာတွေ့ပြီ”

ချင်ရှီရှီလည်း အမြန် သွားကြည့်လိုက်သည်။ 

“ဒီနားမှာ ဓာတ်ပြုတာ တစ်မျိုးပဲ။ တစ်ခုခု ရှိနေမယ် ထင်တယ်”

All Chapters