← Chapters

ဆရာလင်း သင်ပေးပါ

Vol. 15 Ch. 212

ဆရာလင်း သင်ပေးပါ

Vol. 15 Ch. 212

လင်းချွမ် သက်ပြင်းဖွဖွ ချ၍

“အင်း… တစ်နေ့မှာ သူ တောင်ပေါ်ကို သွားဦးမယ်။ ကျွန်တော့်ကို ရွာမှာပဲ စောင့်နေဖို့ မှာသွားတယ်။ သူပြန်လာတဲ့အခါ တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ရတနာအတူတူရှာဖို့ ခေါ်သွားမယ်လို့လည်း ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အကြာကြီး စောင့်နေတာတောင် လုံးဝ ပြန်ပေါ်မလာတော့ဘူး”

“အဲ့တော့ ရှင် ဦးလေးဖန်ဆိုတဲ့သူဆီကနေ သင်ခဲ့တာပေါ့”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်လျက်

“ကျွန်တော့်အတွက် လျှို့ဝှက်နည်းတစ်ခု ပေးသွားသေးတယ်။ အဲ့တာတော့ အမေရှာတွေ့ပြီး မကောင်းတာတွေ တတ်နေတယ်ဆိုပြီး ချက်ချင်း မီးရှို့ပစ်လိုက်တာ”

“နှမျောစရာပဲ”

ချင်ရှီရှီလည်း သက်ပြင်းချမိ၏။ 

“ကျွန်တော် သန့်စင်ခန်းခဏသွားလိုက်ဦးမယ်နော်”

လင်းချွမ် ဝမ်းနည်းနေသလို အမူအရာဖြင့် ထထွက်သွား၏။ 

ထို့နောက် ချင်ရှီရှီနှင့် ရှန်ချန်းချန်းတို့ ခပ်တိုးတိုး ဝေဖန်နေမိကြသည်။ 

“ချန်းချန်း လင်းချွမ် ခုနကပြောတာ တကယ်လား”

“တကယ်ပေါ့”

ရှန်ချန်းချန်း အတင်းပြုံး၍ ပြောလိုက်သည်။ 

“ကြည့်ပါဦး ချန်းချန်းမ ဆရာလင်းနဲ့ပေါင်းပြီး ငါ့ကို အရူးလုပ်နေတာလား”

ချင်ရှီရှီ စနောက်လိုက်သည်။ 

“လင်းချွမ်က ဇာတ်လမ်းဆင်တတ်မှန်း သိရဲ့သားနဲ့ ယုံရင်တော့ ခံပေါ့”

ချင်ရှီရှီ ရယ်မောကာ

“လင်းချွမ် တစ်ယောက်တည်း ထူးဆန်းနေလို့ပါ။ သူ မဖြေချင်လည်း အတင်းမမေးတော့ပါဘူး။ ဒါပေမဲ့ ချန်းချန်း နင်က သူနဲ့ ရင်းနှီးတော့ နင်ရော တကယ် မသိဘူးလား”

ရှန်ချန်းချန်း ခေါင်းယမ်းလျက်

“မသိရပါဘူးဟယ်”

ချင်ရှီရှီ ခဏငြိမ်နေပြီးမှ ထပ်၍

“ငါကြားဖူးတာတော့ အဲ့လိုနည်းလမ်းတွေက ဂိုဏ်းထဲမှာပဲ လက်ဆင့်ကမ်းကြတာတဲ့”

“လင်းချွမ်က ဥပဒေမဲ့တော့ မလုပ်ပါဘူး။ အရမ်းမတွေးပါနဲ့”

ရှန်ချန်းချန်း မနေနိုင်တော့ဘဲ သူ့ဘက်မှ ကာကွယ်ပေးမိလေသည်။ 

“ကောင်းပါပြီ။ ရဲမေကြီးကိုယ်တိုင်က အာမခံပေးနေတော့လည်း ဆက်မပြောတော့ပါဘူး။ ဒါပေမဲ့ ဒါရိုက်တာက မှာလိုက်တာတော့ ရှိတယ်။ သူ ငါတို့အဖွဲ့ထဲဝင်ဖို့များ စိတ်ဝင်စားလားလို့”

ချင်ရှီရှီ ပြုံး၍ ပြော၏။ 

ရှန်ချန်းချန်း လက်ဖက်ရည်တစ်ခွက် မော့ရင်း

“ဟိုမှာ ပြန်လာနေပြီ။ တစ်ခါတည်း မေးလိုက်လေ”

လင်းချွမ် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ကာ

“ဘာမေးမလို့လဲ”

ချင်ရှီရှီ လင်းချွမ်အား တောက်ပစွာ ကြည့်လျက်

“ဆရာလင်းက ဒီနေ့ ကျွန်မတို့ ဒါရိုက်တာရှေ့မှ အရည်အချင်းတွေ ပြလိုက်တော့ အရမ်း စိတ်ဝင်စားနေပြီ။ အဲ့တာ ရှင် ကျွန်မတို့အဖွဲ့ကို လာချင်လားလို့ မေးခိုင်းလိုက်တယ်”

“ဟင် သမိုင်းဝင်ပစ္စည်း ထိန်းသိမ်းရေးအဖွဲ့လား”

လင်းချွမ် ခဏတွေဝေသွားပြီး အမြန် တွေး၍

“ကျွန်တော်နဲ့ သိပ်မကိုက်ပါဘူးဗျာ။ ကျွန်တော့်မှာ ရှေးဟောင်းပစ္စည်းဆိုင်ရော၊ နည်းပညာကုမ္ပဏီရော ရှိနေလို့။ နိုင်ငံရေးနဲ့ စီးပွါးရေး ရောလို့ မကောင်းဘူးလေ”

“နှမျောလိုက်တာ”

ချင်ရှီရှီ အားမရစွာ ပြောမိသည်။ 

ချင်ရှီရှီ သူ့ကို နိုင်ငံတော်အဆင့်အထိ ခေါ်သွားရန် တွေးထားခဲ့လေသည်။ 

လင်းချွမ်၏ မှော်အစွမ်းဖြင့် အဖွဲ့ထဲတွင် အလွန် အထောက်အကူဖြစ်ကာ တိုးတက်စေပေမည်။ 

သူကိုယ်တိုင်လည်း လင်းချွမ်ထံမှ ပြန်သင်ရန် တွေးထား၏။ 

သို့သော် လင်းချွမ် စီးပွါးရေးဘက်သာ လှည့်သွားသည်။ 

သူ့စိတ်ထဲတွင် ယခုအလုပ်ကို စွဲလန်းပုံ မပေါ်ပါ။ 

“ရှီရှီ အဖွဲ့ထဲမှာ ပြဿနာတစ်ခုခု ရှိရင်တော့ လင်းချွမ်ကို အကူအညီတောင်းပြီး မေးလို့ ရတယ်လေ”

ရှန်ချန်းချန်းမှ ဝင်ပြောပေး၏။ 

“ချန်းချန်း နင်မေ့နေပြီ ထင်တယ်။ ငါက နောက်အပတ်ဆို အဖွဲ့ပြောင်းပြီလေ”

“ဟုတ်သားပဲ။ နိုင်ငံတော်အဆင့် အဖွဲ့ထဲ ပါခွင့်ရတာ ဂုဏ်ယူပါတယ်”

“ဂုဏ်ယူပါတယ်ဗျာ”

လင်းချွမ်လည်း ဝင်ပြော၏။ 

စိတ်ထဲတွင်လည်း အတော်လေး လေးစားသွားမိသည်။ 

နိုင်ငံတော်အဆင့်ကို ပြောင်းရမယ်ဆိုတော့ အရမ်းတော်မယ် ထင်တယ်။ 

ချင်ရှီရှီမှ

“ကျွန်မရဲ့ လက်ရှိအရည်အချင်းနဲ့က အကူလုပ်ပေးတာ၊ စာရင်းလုပ်ပေးတာလောက်ပါပဲ”

“မကြာခင် အရေးကြီးပုဂ္ဂိုလ် ဖြစ်လာမှာပေါ့။ အခုတည်းက ဆရာမချင်လို့ ခေါ်ထားမှပဲ”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“ရှင်ကမှ တကယ့် ဆရာကြီးပါ။ ရှင်သာ နည်းလမ်းလေးတွေ သင်ပေးရင်တော့ ဆရာမချင် တကယ် ဖြစ်လာမှာပေါ့”

ချင်ရှီရှီလည်း စသလိုလေး ပြန်ပြောလေသည်။ 

လင်းချွမ် လက်ဖက်ရည်တစ်ကျိုက်သောက်ကာ ပြုံး၍

“မင်းသာ သင်မယ်ဆို သင်ပေးမှာပေါ့”

“တကယ်လား”

ချင်ရှီရှီ မျက်လုံးအရောင်လေး လက်သွားသည်။ 

“ဒါပေါ့”

သို့သော် ချင်ရှီရှီ သူ့ညာဘက်လက်ကို မြှောက်ကြည့်၍ စိတ်ဓာတ်ကျသွားပုံဖြင့်

“ကျွန်မလက်ချောင်းလေးတွေက အရမ်းတိုနေတယ်။ နောက်ပြီး အားလည်း မရှိဘူး”

“လက်ချောင်းနည်း အဆင်မပြေလည်း တခြားဟာတွေ ရှိပါသေးတယ်”

လင်းချွမ် အားပေး၍ ပြောသည်။ 

“မြေနေရာခန့်မှန်းတာက အချိန်ကြာကြာ သင်ရတာမျိုးမလား”

ချင်ရှီရှီ ပြန်မေးလိုက်သည်။ 

“ဟုတ်တယ်။ ခရီးတွေ အများကြီးသွားပြီး လေ့လာရတယ်။ လေ့ကျင့်ရတယ်”

“ဒါဆို မြေသင်းနံ့ရှူရှိုက်နည်းပဲ သင်လို့ရဦးမယ် ထင်တယ်နော်”

ချင်ရှီရှီ ပြုံး၍ ပြောလေသည်။ 

“အမှန်တော့ အဲ့တာက တော်တော် လွယ်ပါတယ်”

လင်းချွမ် ရယ်မော၍ ပြော၏။ 

ချင်ရှီရှီ ရှေ့တိုးလာပြီး

“ရှင်ရော ဘယ်လို လေ့ကျင့်ခဲ့တာလဲ”

“ခေတ်ကာလ၊ အနေအထား၊ အုတ်ဂူအခြေအနေ အားလုံးက မြေကြီးနံ့ မတူကြဘူး။ မနက်ဖြန် ရှေးဟောင်းအုတ်ဂူတစ်ခု ခေါ်သွားပြီး ပြပေးမယ်”

ချင်ရှီရှီ သဘောကျကာ ချက်ချင်း ခေါင်းငြိမ့်ပြလေသည်။ 

သူ နိုင်ငံတော်အဖွဲ့ထဲ သွားရတော့မည်ဖြစ်၍ ဤမျှ တတ်ထားမှ အကျိုးပြုနိုင်ပေလိမ့်မည်။ 

အခွင့်အရေးမှာ ကွက်တိ ရောက်လာ၏။ 

“ဆရာလင်း ချီလူနယ်က အုတ်ဂူမြေကြီးဆိုရင် ဘယ်လိုအနံ့ ရှိရမှာလဲ”

“ချီလူနယ်မှာ သွားရမှာလား”

“ဟုတ်တယ်။ အဲ့မှာ တော်တော်ကြာမှာ”

လင်းချွမ် ခဏစဉ်းစားပြီးမှ

“ချီလူနယ်မှာက မဖော်ရသေးတဲ့ အုတ်ဂူတွေ များသားပဲ။ အနံ့ကကျတော့…”

“ဘယ်လိုမျိုးလဲ”

ချင်ရှီရှီမှာ ကျောင်းသူလေးကဲ့သို့ တိတ်တိတ်လေး အာရုံစိုက်နေ၏။ 

All Chapters