← Chapters

အသေးစိတ် ရေးထားတာလား

Vol. 16 Ch. 232

အသေးစိတ် ရေးထားတာလား

Vol. 16 Ch. 232

လင်းရိယဉ်ကျေးမှာအဖွဲ့၊ အဖွဲ့ (၉) ၏ ယာယီရုံးခန်း။ 

နံနက်ခင်းနေရောင်ခြည်မှာ ပိုးသားကဲ့သို့ နူးညံ့၍ တစ်ဝက်ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် ရုံးခန်း၏ ထောင့်တိုင်အထိ ကျရောက်နေသည်။ 

ရွှေရောင်အလင်းသည် တိတ်တဆိတ် ဝင်လာရင်း စားပွဲ၊ စာအုပ်စင်နှင့် စိမ်းဖန့်ဖန့် အိမ်တွင်းစိုက်သစ်ပင်များအပေါ်အထိ လွှမ်းခြုံထားလေသည်။ 

ဆရာယော ချင်ရှီရှီကိုတွေ့သောအခါ ရယ်မောလျက်

“ရှီရှီကတော့ တော်တော် စိုးရိမ်နေပုံပဲ”

သူ လင်းချွမ်နှင့် သူ၏ဝတ္ထုများအကြောင်းကို ချင်ရှီရှီထံမှ ကြားထားပြီး ဖြစ်ပါသည်။ 

မည်သို့ပင်ဖြစ်စေ လင်းချွမ်ဝတ္ထုထဲမှအတိုင်း လုပ်ဆောင်ရင်း အုတ်ဂူကို အောင်မြင်စွာ ရှာဖွေ တူးဖော်နိုင်ခဲ့ခြင်း ဖြစ်၏။ 

ထင်ထားသည်ထက် အချိန်ကုန်လည်း များစွာ သက်သာခဲ့သည်။ 

ပုံမှန်အားဖြင့် ခန့်မှန်းထားသည်မှာ (၁) လမှ (၃) လအထိ ကြာနိုင်သော်လည်း ယခု ဇူလိုင်လ (၃) ရက်မှ (၈) ရက်အထိဆိုလျှင် (၆) ရက်သာ ရှိသေးသည်။ ပထမဆုံးတစ်ရက်မှာ လမ်း၌ ကြာချိန် ဖြစ်၏။ 

ထို့ကြောင့် ဆရာယော သူကိုယ်တိုင်လည်း သမိုင်းဝင် အမွေအနှစ်များ ရေးသည့်အားလျော်စွာ သိုက်တူးမှတ်တမ်းအကြောင်း ရေးထားသော စာအုပ်ကို အလွန်စိတ်ဝင်စားနေတော့သည်။ 

သို့သော် ပိုအရေးကြီးသည်မှာတော့ လင်းချွမ်သည် ထိုလုဘုရင်နန်းတော်ထဲမှ လွတ်မြောက်လာသော သိုက်တူးသမား ဟုတ်မဟုတ်ကို ပိုသိချင်နေသည်။ 

ထိုအချိန်တွင် ပြတင်းပေါက် အပြင်ဘက်၌ နူးညံ့သော လေညင်းများ တိုက်ခတ်ကာ သင်းပျံ့သော ပန်းရနံ့များ ကြိုင်လှိုင်လာ၏။ 

သစ်ပင်အဖျားများလည်း လေနှင့်အတူ ယိမ်းနွဲ့လျက် နေရောင်ခြည်အောက်တွင် ကခုန်နေသယောင်၊ တေးသီနေသယောင် ထင်မှတ်မှားရသည်။  

ဆရာယောကတော့ သူ့ဖုန်းကို ထုတ်လိုက်ပြီး ရင်းနှီးနေသော ဝက်ဘ်ဆိုဒ်ထဲဝင်၍ လင်းချွမ်၏ သိုက်တူးမှတ်တမ်းများ ဝတ္ထုကို ရှာကြည့်နေ၏။ 

“သိုက်တူးမှတ်တမ်းများ”

“စာရေးဆရာ: မစ္စတာလင်း”

“မစ္စတာလင်းတဲ့… နာမည်က သံသယရှိသူနဲ့ မတူဘူးလား”

ဆရာယော ရယ်မော၍ ပြောလိုက်သည်။ 

သို့သော် သူ ဝတ္ထုထဲ ချက်ချင်း ဝင်မဖတ်ဘဲ ကောမန့်များအား အရင်ဖတ်လေသည်။ 

[တရားခံ။ သံသယရှိသူလင်းက လုပ်ကြံသူ၊ hacker ဘဝတွေက နားပြီး သိုက်တူးတဲ့ဆီ ရောက်နေပြီပေါ့]

[မစ္စတာလင်းရယ် လက်လျှော့လိုက်ပါတော့။ အပြင်မှာ ရဲတွေစောင့်နေပြီ]

[ဒါ မှတ်တမ်းပဲ။ ဝတ္ထုမဟုတ်ဘူး]

[တစ်ယောက်စကား တစ်ယောက်နားနဲ့ မစ္စတာလင်း တဖြည်းဖြည်း ထောင်ကျသွားမှာပါ]

[ဝါး မစ္စတာလင်းက ခြေလှမ်းတော်တော် နီးနေပြီပဲ]

[သူ ထောင်ထဲမှာဆို စာရေးတာ ပိုအာရုံစိုက်နိုင်တာပေါ့]

[…]

ဆရာယော ကောမန့်များစွာကို ဖတ်ရင်း မျက်မှောင်ကြုတ်ကာ မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်နေသည်။ 

“ဘာလို့ အားလုံးက သူ့ကို သံသယရှိသူလင်းလို့ ခေါ်နေကြတာလဲ”

သူ ဝတ္ထုကို စမဖတ်ရသေးသော်လည်း လင်းချွမ်၏ နာမည်ပြောင်ကို သိပြီးလေပြီ။ 

ဟင်း…

ဆရာယော သက်ပြင်းချ၍ ဝတ္ထုထဲသို့ ဝင်ကြည့်လေသည်။ 

‘ကျွန်တော့်မိသားစုက ဆွေစဉ်မျိုးဆက် သိုက်တူးခဲ့ကြတယ််’

‘ဒါပေမဲ့ ကျွန်တော့်အဖေက အဘိုးအမွေကို မဆက်ခံတာကြောင့် တတိယဦးလေးကပဲ နာမည်ကြီး သိုက်တူးသမားတစ်ယောက် ဖြစ်လာခဲ့တယ်’

‘ကျွန်တော်ကိုယ်တိုင်လည်း သိုက်တူးတဲ့နေရာမှာ အရည်အချင်းမရှိဘူးလို့ ခံစားရလို့ ရှေးဟောင်းပစ္စည်းဆိုင်လေးပဲ ဖွင့်ပြီး နောက်ပိုင်းလည်း သိုက်တူးတာနဲ့ ပတ်သက်စရာ မရှိဘူးလို့ ထင်ခဲ့တာပေါ့”

‘ဒါပေမဲ့ ပိုးမြေပုံတစ်ခု ပေါ်လာတာကနေ ကျွန်တော့်ဘဝလည်း ပြောင်းလဲသွားခဲ့တယ်’

‘အဲ့အချိန်ကစပြီး ကျွန်တော်ဟာ သိုက်တူးသမားလောကထဲ စဝင်ခဲ့တာပါပဲ’

‘…’

ဆရာယောကိုယ်တိုင်လည်း စာရေးသောကြောင့် ယခုဝတ္ထုကိုဖတ်ကာ မျက်မှောင်ကြုတ်၍

“သိုက်တူးဇာတ်လမ်းကို ပထမလူအမြင်နဲ့ ရေးထားတာပဲ။ ယုံကြည်ချက် တော်တော် ရှိတယ်”

ထို့နောက် ဆက်၍ ရေရွတ်မိပြန်သည်။ 

“ဟုတ်တော့လည်း ဟုတ်တယ်။ ပထမလူအမြင်နဲ့ ရေးတာက ပိုပြီး လက်တွေ့ဆန်တာပေါ့။ ငါ ဘာလို့ မတွေးခဲ့မိတာလဲ”

ဆရာယော ခဏရပ်၍ ကောမန့်များ ဖတ်ပြီးမှ ခေါင်းယမ်းကာ ဝတ္ထုကို ဆက်၍ ဖတ်လေသည်။ 

ထို့နောက် အချိန်တိုအတွင်း မစ္စတာလင်း  ‘လက်ချောင်းနည်း’ လေ့ကျင့်သည်မှ စတင်ကာ တတိယဦးလေးတို့နှင့်အတူ ထိုက်ရိတောင်တန်းသို့ ထွက်ခွါ၍ နဂါးခေါင်းနေရာကြည့်ခြင်းအထိ ရောက်ရှိသွား၏။ 

‘အချိန်အတော်ကြာအောင် လမ်းလျှောက်ပြီးတဲ့နောက် ချိုင့်လိုနေရာတစ်ခု ရောက်လာတယ်’

‘ကျွန်တော် လှည့်ပတ်ကြည့်ပြီးတော့ မလှမ်းမကမ်းမှာ တောင် (၅) လုံး တန်းနေတဲ့နေရာကို တွေ့တာပေါ့’

‘ချိုင့်အနီးမှာတော့ (၁၀) မီတာလောက်မြင့်တဲ့ ရေတံခွန်နဲ့ အောက်မှာ ကျောက်တုံးရေကန်လေး ရှိနေတယ်။ အဲ့တာဘေးမှာဆိုရင် မိုးကြိုးသင့် သစ်ပင်အိုကြီး ကပ်ပေါက်နေတယ်’

‘ကျွန်တော်လည်း တတိယဦးလေးကို ဒီနေရာက နဂါးခေါင်းဖြစ်ကြောင်းနဲ့ အောက်မှာ အုတ်ဂူရှိလိမ့်မယ်လို့ ပြောလိုက်တာပေါ့’

‘ဒါပေမဲ့ ဦးလေးက ခေါင်းယမ်းပြီး ရှင်းပြတယ်’

‘ဒီနေရာက အဓိကအုတ်ဂူနဲ့ ဝေးသေးတယ်။ နဂါးခေါင်းနေရာကြည့်တဲ့နည်းနဲ့ဆိုရင် ဒီနေရာ မှန်ပေမဲ့ ဒါက အတုကြီး’

‘အုတ်ဂူဆောက်ခဲ့တဲ့ ပညာရှင်တွေက သိုက်တူးသမားရန်ကို ကာကွယ်ဖို့ တမင် ထောင်ချောက်ဆင်ထားတာပဲ’

‘ငါ့အထင် ဒီအောက်မှာ ထောင်ချောက်တွေပြည့်ပြီး အုတ်ဂူအတု ရှိလိမ့်မယ်။ ဝင်သွားတဲ့သူကတော့ ဘယ်တော့မှ ပြန်မထွက်လာနိုင်တော့ဘူးပေါ့’

‘…’

ဆရာယော အကြည့်များ စူးရှ၍ မျက်မှောင်ကြုတ်နေသည်။ 

ချင်ရှီရှီပြောသည်ကို နားထောင်ရင်း လိုက်လုပ်ခဲ့သော်လည်း အမှန်တကယ် အသေးစိတ် တူနေမည်ဟု မထင်ခဲ့ချေ။ 

အခြေအနေနှင့် ပတ်ဝန်းကျင်အထိ ကွက်တိဖြစ်နေသည်။ 

ဒါက…

သူတို့ အဖွဲ့ (၉) သာ အရင်မရောက်ခဲ့လျှင် အခြား သိုက်တူးသမားများမှ ဝတ္ထုကိုဖတ်ကာ အရင်ရောက်လာနိုင်သည်။ 

ဤသို့ဖြင့် လုဘုရင်နန်းတော်အထိ ရောက်ကာ ရတနာများ ဆုံးရှုံးနိုင်လေ၏။ 

ဆရာယော တံတွေးမျိုချလိုက်၏။ 

ထိုအချိန်တွင် သူစိတ်တည်ငြိမ်အောင် ကြိုးစားရန် ဖုန်းကိုချ၍ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လိုက်သည်။ 

အတော်လေး အဆင်ပြေမှ ဖုန်းကိုပြန်ဖွင့်၍ ဆက်ကာ ဖတ်လေ၏။ 

ဝတ္ထုထဲတွင် အသေးစိတ် ဆက်ရေးထားပါသည်။ 

သူတို့ ချိုင့်နေရာမှ အနောက်မြောက်ဘက် (၁) ကီလိုမီတာဝန်းကျင်သို့ လမ်းလျှောက်သွားကြပြီး တောင်တစ်လုံးအောက်မှ စမ်းချောင်းငယ်လေးကို တွေ့ရသည်။ နောက်ထပ် (၃) ကီလိုမီတာ သွားပြီးသောအခါ ရေကန်တစ်ခုနှင့် အောက်သို့ ဆင်းနိုင်သည့် လမ်းတစ်လမ်းကို တွေ့တော့သည်။ 

ထိုနေရာမှ နဂါးခေါင်းအစစ်ဖြစ်ပြီး လုဘုရင်အုတ်ဂူ တည်ရှိရာနေရာ ဖြစ်လေ၏။ 

All Chapters