← Chapters

ရဲစခန်းကလား သံသယရှိသူ တွေ့ထားလို့

Vol. 16 Ch. 233

ရဲစခန်းကလား သံသယရှိသူ တွေ့ထားလို့

Vol. 16 Ch. 233

လုဘုရင်နန်းတော်ထဲ ဝင်ပြီးနောက်တွင်လည်း တိုက်ဆိုင်မှုများ ရှိနေသေးသည်။ 

ထိုထဲတွင် အချို့မှာ ထူးဆန်း၍ အံ့ဩစရာကောင်းပြီး မှော်ဆန်သောအရာများ ပါဝင်၏။ 

ထို့အပြင် ဝတ္ထုထဲမှ အုတ်ဂူနှင့် တစ်ထပ်တည်းတူသော ပစ္စည်းများကိုလည်း လုဘုရင်နန်းတော်ထဲ တွေ့ခဲ့ရသေးသည်။ ဥပမာ လေးချောင်းထောက်မီးဖို၊ ကျောက်စိမ်းတံခါး၊ ခုနစ်စင်ကြယ်အခေါင်း၊ ရှေးဟောင်းကြေးအခေါင်းတို့ ဖြစ်လေသည်။ 

ထိုထဲတွင် ပျောက်ဆုံးနေသော အမွေအနှစ်တစ်ခု ရှိနေ၏။ 

ခရမ်းရွှေသေတ္တာ။ 

ဟင်း…

ဆရာယော သက်ပြင်းချမိကာ လင်းချွမ်ကို သိုက်တူးသမား ဟုတ်နေသည်ဟု မတွေးဘဲ မနေနိုင်တော့ချေ။ 

ဤကဲ့သို့ သိသာထင်ရှားသော အသေးစိတ် အချက်အလက်များကို မည်သို့သော ဝတ္ထုရေးဆရာက သိနိုင်မည်နည်း။  

သူပဲ။ သူပဲ။ သေချာပေါက် သူပဲ။ 

လင်းချွမ်မှာ လုဘုရင်နန်းတော်ထဲ ရောက်ဖူးသူ ဖြစ်ရမည်။ 

သံသယရှိသူလင်း။ 

ဆရာယော ဝတ္ထုထဲမှထွက်၍ ချင်ရှီရှီအား ချက်ချင်း ဖုန်းခေါ်လိုက်၏။ 

တူ တူ တူ—

တစ်ဖက်မှ ဖုန်းကိုင်လိုက်သောအခါ ချင်ရှီရှီ၏ အသံလေး ထွက်လာသည်။ 

“ဆရာယော”

“အင်း ရှီရှီရေ ငါ့ရုံးခန်းကို လာခဲ့ပါဦး”

ဆရာယောအသံမှာ အလျင်လိုနေပုံပေါ်သည်။ 

ချင်ရှီရှီ ရင်ခုန်သံမြန်ကာ စိတ်လှုပ်ရှားလျက်

“ဟုတ်ကဲ့။ အခုလာခဲ့ပါ့မယ်”

(၂) မိနစ်ခန့်ကြာသော်။ 

ချင်ရှီရှီ ရုံးခန်းရှေ့သို့ အပြေးအလွှား ရောက်လာပြီး တံခါးပင် မခေါက်တော့ဘဲ တန်းဝင်သွား၏။ 

“ဆရာယော လင်းချွမ်အကြောင်း ပြောမလို့လား”

“ဟုတ်တယ်။ ငါတော့… ကိစ္စက အရေးကြီးမယ် ထင်တယ်”

ဆရာယော လေးနက်စွာ ပြော၏။ 

လင်းချွမ်မှာ အရည်အချင်းရှိ၍ ချင်ရှီရှီ၏ မိတ်ဆွေဖြစ်သူလည်း မှန်သည်။ 

အမှန်အတိုင်းဆိုရသော် လင်းချွမ်ကို ထိုသို့ သိုက်တူးသမား မဖြစ်စေလိုပါ။ 

သို့သော် ဤဝတ္ထုကို ဖတ်ရုံဖြင့် သူ့ပြစ်မှုမှတ်တမ်းဟု ကောက်ချက်ချနိုင်၏။ 

ဒါ တကယ်ပဲ မှတ်တမ်းပြန်ရေးထားတာ မဟုတ်ဘူးလား။ 

ဝတ္ထုထဲတွင်ပါသော အချက်အလက်များမှာ အသေးစိတ်လွန်းသည်။ 

လုဘုရင်နန်းတော် လေ့လာမှုတွင် ပါဝင်ခဲ့သော မည်သည့် ပညာရှင်မဆို ထိုဝတ္ထကို ဖတ်ပြီးနောက် လင်းချွမ်ကိုသာ သေချာပေါက် သိုက်တူးသမား တရားခံဟု တွေးကြပေမည်။ 

“ဘယ်လို အရေးကြီးတာလဲ”

ချင်ရှီရှီ အသက်ဝအောင်ရှူကာ မျက်နှာလေး ဖြူဖျော့လျက် မေး၏။ 

“လင်းချွမ်ကို သိုက်တူးသမားပဲ ထားပါတော့။ ဒီအတိုင်း ယူဆတာနော်။ အဲ့လိုဆိုရင် ကြေးပစ္စည်းတချို့နဲ့ ခရမ်းရွှေသေတ္တာကို ခိုးသွားတာ ဖြစ်နိုင်တာပေါ့။ အဲ့တာလောက်ပဲဆို ပြန်ပေးပြီး ညှိနှိုင်းလိုက်လို့ရတယ်။ ကိစ္စမရှိဘူး။ ဒါပေမဲ့ အထဲမှာ လူသတ်မှု (၂) ခု ရှိသေးတယ်”

ဆရာယော သက်ပြင်းချ၍ ပြော၏။ 

သိုက်တူးရုံဆိုလျှင် အုတ်ဂူမပျက်စီးသရွေ့ ပစ္စည်းများ ပြန်ပေးကာ အလှူလုပ်ပြလျှင် အပြစ်လွတ်နိုင်ပါသေးသည်။ 

အလွန်ဆုံး ငွေဒဏ်သာ ဖြစ်၏။ 

သို့ရာတွင် လူသတ်မှု၌ ပါဝင်သည်မှာ အခြေအနေ မတူတော့ပေ။ 

ချင်ရှီရှီ ထိုနေရာတွင် ငြိမ်သက်စွာ ရပ်ရင်း မျက်နှာလေး ဖြူဖျော့နေ၏။ 

တစ်ဖက်မှာ မိတ်ဆွေဖြစ်ပြီး တစ်ဖက်မှာလည်း ဥပဒေ ဖြစ်နေသည်။ 

သူ အစတည်းက လင်းချွမ်ဝတ္ထုကို မဖတ်မိဘဲ အန်လင်းအဖွဲ့တွင်နေသည်မှ ပိုကောင်းဦးမည်။ 

ယခုတော့ ရေလယ်၌ ရောက်နှင့်ပြီး ဖြစ်နေ၏။ 

စိတ်ပျက်မှု၊ စိုးရိမ်မှု၊ အကူအကယ်မဲ့မှု၊ အဖြေမရှိမှု… စိတ်ထဲတွင် အားလုံး ရှုပ်ထွေးနေလေသည်။ 

“ငါ ရဲတွေကို အရင် ဆက်သွယ်လိုက်မယ်။ ဒါက သိုက်တူးတာနဲ့ လူသတ်မှုရဲ့ သက်သေတွေပဲ။ ရဲတွေပဲ ဆက်စုံစမ်းပါစေပေါ့။ လင်းချွမ်အတွက် တရားမျှတအောင် လုပ်ပေးပါလိမ့်မယ်”

ဆရာယောမှ ချင်ရှီရှီအား အနူးညံ့ဆုံးအသံဖြင့် ပြော၏။ 

ချင်ရှီရှီကတော့ ပြန်မဖြေနိုင်သေးပေ။ 

ထို့နောက် ချက်ချင်းပင် ဆရာယော ဖုန်းကောက်ကိုင်၍ လင်းရိစခန်းမှူးအား ဖုန်းဆက်လိုက်တော့သည်။ 

ခဏအကြာ၌ တစ်ဖက်မှ ဖုန်းကိုင်လာပြီး

“ဆရာယော ကျွန်တော်တောင် လူသတ်မှုကိစ္စအတွက် အခုပဲ ဖုန်းဆက်တော့မလို့”

ဆရာယော ချင်ရှီရှီအား တစ်ချက်လှည့်ကြည့်ပြီးမှ

“ကျွန်တော် သိုက်တူးသမားတစ်ယောက် သံသယရှိတာ တွေ့ထားလို့ပါ”

“တွေ့ထားတယ်လား”

တစ်ဖက်မှအသံမှာ အလွန်အံ့ဩသွားပုံ ပေါ်သည်။ 

“ဒီအတိုင်း သံသယရှိရုံပဲ။ သံသယပဲ”

ဆရာယော ထပ်ပြော၏။ 

“ကောင်းပါပြီ။ ကျွန်တော် အခုပဲ လာခေါ်လိုက်မယ်”

…

အန်လင်းမြို့၊ လင်းကျန်အိမ်ရာ။ 

ညနေစောင်းအချိန်ဖြစ်၍ နေရောင်ခြည် ဖျော့တော့ကာ မြစ်ပြင်ကျယ်အား ရွှေရောင်ပိုးပုဝါ ခပ်ပါးပါး လွှမ်းခြုံထားရုံမျှ တွေ့ရပြီး ရေပြင်၌ အရောင်တလက်လက် ထနေသည်မှာ ကြယ်ရောင်စုံ ခုန်ဆင်းလာသကဲ့သို့ ထင်ရသည်။ 

ခပ်လှမ်းလှမ်း၌မူ တောင်တန်းများကြား နေလုံးကြီး တိုးဝင်နေပြီး ခပ်စူးစူး ရွှေရောင်ကြောင့် အမြင်များ ဝေဝါးစေ၏။ 

လင်းချွမ်နှင့် ကျန်းတို့ ညစာစားပြီးနောက် ဝရံတာတွင် ထိုင်ကာ နေဝင်ချိန်အား ငေးကြည့်နေကြသည်။ 

ငှက်ကလေးများလည်း အပြိုင်အဆိုင် တေးသီရင်း သူ့ထက်ငါ အိမ်ပြန်နေကြ၏။ 

“သူဌေး နောက်အပိုင်းတွေ ဆက်တင်ပြီးပြီလား”

ကျန်းမှ လင်းချွမ်ကိုမော့ကြည့်ကာ မေးလိုက်သည်။ 

“အင်း”

လင်းချွမ် အဝေးမှ တောင်တန်းများအား ငေးရင်း ခေါင်းငြိမ့်ပြ၏။ 

မနေ့ကတင် သိုက်တူးမှတ်တမ်းများ အတွဲ (၁) မှာ subscription (၁) သိန်းအထိ ရရှိသွားလေသည်။ 

ထို့ကြောင့် မနေ့ညက ကျန်း နှစ်ခြိုက်စွာ အိပ်နေစဉ် လင်းချွမ် ဒုတိယတွဲအတွက် ပုံရိပ်ယောင်လောကသို့ သွားခဲ့၏။ 

ယခုတစ်ခေါက်တွင်မူ သူ့အတွေ့အကြုံမှာ ချင်လင်းနတ်သစ်ပင် ဖြစ်သည်။ 

လင်းချွမ် ဒီရက်ပိုင်း လိုအပ်သော ပညာများအား ဆက်တိုက် လေ့ကျင့်နေသောကြောင့် မနေ့ည လေ့လာရှာဖွေခြင်းတွင် ချက်ချင်း အောင်မြင်ခဲ့လေသည်။ 

ယနေ့ နေ့လယ် အားလုံး စီစဉ်ပြီးပါက ထုတ်ဝေတော့မည် ဖြစ်သည်။ 

လင်းချွမ်တစ်ယောက် သူ့အောင်မြင်မှုများအတွက် အလွန် ဝမ်းသာဂုဏ်ယူနေမိသည်။ 

နောက်ထပ် တတိယအတွဲအတွက်ကိုပင် ကြိုစိတ်ကူးယဉ်နေ၏။ 

စနစ်အချက်အလက်များကို ဖွင့်ကြည့်ရာ။ 

[စာအုပ်: သိုက်တူးမှတ်တမ်းများ၊ အတွဲ (၁) နှင့် (၂)]

[လက်ရှိ အခြေအနေ: ထုတ်ဝေပြီး]

[လူကြိုက်များမှု: ၁၂၁,၀၀၀/ ၁၀၀,၀၀၀]

[အောင်မြင်မှုစံနှုန်း: ၂၆၇/၃၀၀၀၀]

ယခုတစ်ခါတွင် လိုအပ်မှုမှာ ပိုများလာလေသည်။ 

လင်းချွမ် တိုက်ပွဲရှည်ကြီးကို ရင်ဆိုင်ရတော့မည်ဟု တွေးထားလိုက်၏။ 

ယခုလို subscription (၃) သောင်းရရန်မှာ အကြာဆုံး (၃) လ၊ အမြန်ဆုံး (၁) လနီးပါး ဖြစ်နိုင်ပါသည်။ 

သို့သော် လင်းချွမ်ကိုယ်တိုင်လည်း အရမ်းမလောပါ။ 

“အရမ်းတွေ မလုပ်ပါနဲ့။ အခု စာလည်း ရေးတယ်။ ကုမ္ပဏီကိုလည်း ဦးစီးရတယ်။  ရှေးဟောင်းပစ္စည်းဆိုင်လည်း ကြည့်ရတယ်။  နောက်ပြီး ကျွန်မကိုပါ ဂရုစိုက်ရသေးတယ်။ ရှင် ပင်ပန်းပြီး လဲသွားမှာ စိုးရိမ်လို့ပါ”

ကျန်းရှင်းရှင်း ချစ်စရာကောင်းစွာ ဆိုလေသည်။ 

းနော်”

All Chapters