← Chapters

အိမ်ပြန်ခြင်း

Vol. 16 Ch. 234

အိမ်ပြန်ခြင်း

Vol. 16 Ch. 234

ကျန်းရှင်းရှင်း လင်းချွမ်အနောက်တွင် ရပ်နေရင်း ပုခုံးအား ပုတ်ပေးနေ၏။ 

“စာရေးတာက ကို့ရဲ့ အဓိက စီးပွါးရေး၊ ကုမ္ပဏီနဲ့ ရှေးဟောင်းပစ္စည်းဆိုင်က အရံစီးပွါးရေးလေ”

လင်းချွမ်ပြုံး၍ ပြောလေသည်။ 

စာရေးခြင်းမှာ သူ့အတွက် အမှန်ပင် အဓိက ဖြစ်ပါသည်။ 

ယခုရက်ပိုင်း၌ နည်းပညာကုမ္ပဏီနှင့် ရှေးဟောင်းပစ္စည်းဆိုင်တို့မှာ စင်းလုံးချောနေသည်တော့ မဟုတ်ချေ။ 

တိုက်ခိုက်မှုတော့ မရှိသော်လည်း အရောင်းအဝယ် လုယူခံရသည်များ၊ ဈေးဖြတ်ခံရသည်များလည်း ရှိသည်။ 

ရှေးဟောင်းပစ္စည်းဆိုင်မှာတော့ နာမည်ကြီးလေ လူစိတ်ဝင်စားမှုများ၍ အလုပ်ရှုပ်လေ ဖြစ်၏။ 

အချို့ အင်တာနက်ဆယ်လီများမှ ဓာတ်ပုံလာရိုက်ရင်း အဝင်ဝပိတ်နေသောကြောင့် အမှန်တကယ် လာရောက် ဝယ်ယူသူများမှာ ဆန္ဒအတိုင်း မဖြစ်နိုင်ချေ။ 

ကံကောင်းစွာဖြင့် အချိန်တစ်ခု ကြာပြီးနောက် စိတ်ဝင်စားမှုလျော့ကာ အင်တာနက်ဆယ်လီများလည်း ထွက်ခွါသွားကြတော့သည်။ 

ကျန်းရှင်းရှင်း လင်းချွမ်ပုခုံးအား နှိပ်ပေးနေစဉ်

တီးတောင် တီးတောင်—

ရုတ်တရက် တံခါးခေါင်းလောင်း မြည်လာ၏။ 

“ဦးလေးကျန်းများလား”

လင်းချွမ် ကျန်းရှင်းရှင်းအား လှည့်ကြည့်၍ ရေရွတ်မိသည်။ 

ကျန်း ခေါင်းယမ်း၍ နှုတ်ခမ်းလေးစူလျက်

“အဖေက အဲ့လို လာနှောင့်ယှက်ရကောင်းမှန်း မသိပါဘူး။ နောက်ပြီး နေ့တိုင်း ရှေးဟောင်းပစ္စည်းဆိုင်မှာ ပျော်နေရှာတာ”

“အဲ့တာဆို ဘယ်သူလဲ”

လင်းချွမ် နားမလည်နိုင် ဖြစ်သွားသည်။ 

“ကျွန်မ သွားကြည့်လိုက်မယ်”

ကျန်း ချက်ချင်း တံခါးဆီသို့ ထွက်သွား၏။ 

ထို့နောက် အပြင်ကို လှမ်းကြည့်နိုင်သော စက်လေးမှ ပုံရိပ်တစ်ခု ပေါ်လာသည်။ 

ထိုအခါ ကျန်း ပြုံးရွှင်၍ လှမ်းပြောလေ၏။ 

“သူဌေး မမချန်းချန်း လာတယ်”

“ချန်းချန်းလား”

လင်းချွမ် အံ့ဩသွားပြီး

“လက်ဖက်ရည်လေး ဘာလေး ပြင်ပေးရမှာပေါ့”

လင်းချွမ် ချက်ချင်းထ၍ ဧည့်ခန်းထဲမှ လက်ဖက်ရည်အိုးအား ပြန်ပြင်ဆင်နေသည်။ 

ထိုအချိန်တွင် အပြာရင့်ရင့် ယူနီဖောင်းဝတ်၍ ခပ်ပြုံးပြုံးအနေအထားဖြင့် ဝင်လာသော ရှန်ချန်းချန်းကို မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ 

လင်းချွမ် နည်းနည်း နေရခက်သွားပြီး

“ရဲမေရှန် ဒီအချိန်ကြီးအထိ တာဝန်ကျနေတုန်းလား”

လင်းချွမ်မှ မေးလိုက်၏။ 

ရှန်ချန်းချန်း သူ့ကို မကျေနပ်သလိုလေးကြည့်၍

“ရှင့်ကြောင့်​လေ”

“ဟင်”

လင်းချွမ် အံ့ဩကာ မျက်မှောင်ကြုတ်သွား၏။ 

“ရှင် အခု လက်ဖက်ရည်ဖျော်မလို့မလား။ လုပ်ပါ။ ပြီးမှ အေးဆေး ပြောတာပေါ့”

ရှန်ချန်းချန်း ဧည့်ခန်းထဲဝင်ထိုင်ရင်း ပြောလေသည်။ 

ဘေးတွင် ရဲဝန်ထမ်းတစ်ဦး ထပ်ပါလာသည်ကို အခုမှ သတိထားမိပြီး ထိုလူလည်း ဘေး၌ ဝင်ထိုင်လိုက်၏။ 

“တာဝန်ချိန်မှာတောင် နောက်တတ်တာပဲ”

လင်းချွမ် နေရခက်စွာ ရယ်မော၍ လုပ်စရာရှိတာ ဆက်လုပ်နေသည်။ 

မကြာမီ လက်ဖက်ရည်ရသောအခါ တစ်ယောက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး

“သုံးဆောင်ကြပါဦး”

လင်းချွမ်၊ ကျန်းတို့နှင့် ရင်းနှီးပြီးဖြစ်သော ရှန်ချန်းချန်းမှာ လက်ဖက်ရည် ယူသောက်လိုက်၏။ 

“မမချန်းချန်း အခု ဘာတာဝန်ကျနေတာလဲဟင်။ ကျားဖြန့်ကိစ္စလား”

ကျန်းရှင်းရှင်း စိတ်ဝင်တစားမေး၏။ 

ရှန်ချန်းချန်း ခေါင်းယမ်း၍ ပြုံးပြကာ

“ရှင်းရှင်း တို့ဒီမနက်ကပဲ ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့ထဲ ရှိနေတာကို။ နေ့လယ်မှ ပြစ်မှုစုံစမ်းရေးအဖွဲ့ထဲ ပြန်ရောက်သွားတယ်လေ”

“အရင်ဌာန ပြန်ရောက်သွားသော စတားဖြစ်နေမှာပဲ”

လင်းချွမ် ပြုံး၍ စနောက်လိုက်၏။ 

“စတားလား”

ရှန်ချန်းချန်း ပြုံးကာ

“လင်းချွမ် ကျွန်မ ရှင့်ကြောင့် ပြစ်မှုစုံစမ်းရေးအဖွဲ့ကနေ ထွက်ရတော့မယ် ထင်တယ်”

“ဟင်”

လင်းချွမ် လန့်ဖျပ်သွားပြီးမှ ရယ်မော၍

“ရဲမေရှန် ဌာနပြောင်းခံရတဲ့အထိတော့ ကျွန်တော် မလွှမ်းမိုးနိုင်ပါဘူးဗျာ”

“လွှမ်းမိုးတာပေါ့ရှင်”

ရှန်ချန်းချန်း လက်ဖက်ရည်ကို တစ်ပန်းကန်လုံး မော့ချလိုက်ပြီး

“ဒါရိုက်တာကျန်းက ကျွန်မကို ရှင့်အမှုကိုင်ပေးဖို့ ပြောလာတယ်”

“ကျွန်တော့်အမှုလား”

လင်းချွမ် မျက်မှောင်ကြုတ်လျက် လုံးဝ နားမလည်နိုင် ဖြစ်နေလေသည်။ 

“လင်းချွမ်က ဘာအမှုရှိလို့လဲ။ ဒီရက်ပိုင်း ကျွန်မနဲ့ပဲ တောက်လျှောက် ရှိနေတာပါ”

ကျန်းရှင်းရှင်းမှ စိုးရိမ်စွာ ဝင်ပြော၏။ 

ထိုစဉ် အခြားရဲဝန်ထမ်းမှ လင်းချွမ်နှင့် ကျန်းတို့ကို ကြည့်၍ ရှင်းပြလေသည်။ 

“အမှုက လင်းရိဘက်ကနေ လာတာပါ။ ပြစ်မှုက ထင်ရှားနေလို့ အန်လင်းဘက်ကိုလည်း အတူစစ်ဆေးဖို့ ကမ်းလှမ်းလာတာ”

“ဟင်”

ကျန်းရှင်းရှင်း စိတ်လှုပ်ရှားသွားပြီး

“လင်းရိနယ်ကကိစ္စက ဒီမှာ ဘာဆိုင်နေလို့လဲ”

လင်းချွမ်ကတော့ ထိုစကားလုံးကိုကြားသည်နှင့် အတွေးအချို့ ဝင်လာ၏။ 

ငါ ရေးလိုက်တဲ့ ဝတ္ထုကြောင့်များလား။ 

ဒါပေမဲ့ လုဘုရင်နန်းတော် အုတ်ဂူက ပုံရိပ်ယောင် လောကမှာပဲ ရှိတာလေ။ 

လက်တွေ့နဲ့ ဘာဆိုင်လို့လဲ။ 

“ရှင်းရှင်း အခုတော့ အသေးစိတ် ပြောပြလို့ မရသေးဘူး။ အခြေအနေတွေကို စစုံစမ်းတုန်းပဲ ရှိသေးတယ်။ ဒါပေမဲ့ လင်းချွမ်ရဲ့ ဥပဒေလိုက်နာပုံနဲ့ဆို ပြဿနာမရှိလောက်ပါဘူး”

ရှန်ချန်းချန်း ခပ်အေးအေးပြော၍ လင်းချွမ်ကိုကြည့်ကာ

“လင်းချွမ် ကျွန်မတို့နဲ့ ပူးပေါင်းပေးပါ”

“ဟုတ်ကဲ့ပါ”

လင်းချွမ်လည်း မတတ်သာဘဲ ခေါင်းငြိမ့်လိုက်ရ၏။ 

ရဲများနှင့် ပူးပေါင်းရန်မှာ သူ့တာဝန် ဖြစ်ပါသည်။ 

အန်လင်းရဲစခန်း သွားရခြင်းမှာလည်း အိမ်ပြန်ရသကဲ့သို့ပင်။ 

All Chapters