← Chapters

ဒီလိုတောင် တွေ့ရမှာ မဟုတ်ဘူး

Vol. 16 Ch. 238

ဒီလိုတောင် တွေ့ရမှာ မဟုတ်ဘူး

Vol. 16 Ch. 238

စစ်ဆေးရေးအခန်းထဲတွင်။ 

လင်းရိရဲစခန်းမှလာသော အဖွဲ့မှူးဟီကျီမှာ လင်းချွမ် အမှုကို အားတက်သရော စစ်ဆေးနေဆဲပင်။ 

“လက်ရှိမှာ ခင်ဗျားက အဓိက သံသယရှိသူပဲ”

ဟီကျီ သူ့မျက်နှာကို မျက်တောင်မခတ် စိုက်ကြည့်ရင်း အမူအရာ ပြောင်းလဲမှုရှိမရှိ စောင့်ကြည့်နေ၏။ 

သို့သော် သူ့မေးခွန်းမှာ တိုးမပေါက်ပေ။ 

လင်းချွမ်သည် ထိုအခြေအနေကြောင့် ကြောက်လန့်ခြင်း မရှိသည့်အပြင် ပို၍ပင် မျက်လုံးအရောင် တောက်လာသည်။ 

သိုက်တူးမှုတစ်ခုတည်းဖြစ်လျှင် သူ့ဝတ္ထုနှင့် တိုက်ဆိုင်၍ သူတစ်ယောက်တည်း ပြဿနာ တက်နိုင်၏။ 

မည်သို့ပင်ဖြစ်စေ သူ့အပေါ် သံသယများ မရှင်းသေးသရွေ့ စစ်ဆေးမှုများ ဆက်တိုက် ပြုလုပ်၍ အာရုံစိုက်ခံရပေမည်။ 

ရဲဝန်ထမ်းများအနေဖြင့်လည်း ထိုကဲ့သို့ အရေးကြီးအမှုကို တာဝန်ယူမှု ကြီး၏။ 

သို့သော် ယခုအခါ…

လုဘုရင်နန်းတော် အုတ်ဂူအတွင်း လူသတ်မှုပါ ပါလာသောကြောင့် ထိုလူသတ်သမားကိုသာ ရှာတွေ့ပါက လင်းချွမ်အပေါ် စွပ်စွဲမှုများ ချက်ချင်း ဖယ်ရှားနိုင်ပေမည်။ 

ထိုအခြေအနေမှာ ပိုလွယ်ကူ၍ မြန်ဆန်၏။ 

အရာအားလုံး ပြီးပြည့်စုံလှသည်။ 

“ခင်ဗျားကြည့်ရတာ မအံ့ဩဘဲ ပိုတောင် ဝမ်းသာနေသလိုပဲနော်”

ဟီကျီ သူ့အမူအရာကြောင့် နားမလည်နိုင်စွာ ပြောလိုက်သည်။ 

ဟင်…

ဒီလိုပျော်သွားတဲ့ အမူအရာက သွေးဆာနေတဲ့ လူသတ်သမားအရူးများလား။ 

ဒီလူ ဘာလို့ အဲ့လောက် ထူးဆန်းနေတာလဲ။ 

“အင်း အဖွဲ့မှူးဟီ သိုက်တူးသမားလောကမှာ အချင်းချင်း သတ်ဖြတ်ပြီး ရတနာလုကြတာ၊ သွေးမြစ်ဖြစ်ကြတာ ပုံမှန်ပဲမလား”

လင်းချွမ်ပြုံး၍ ပြောလိုက်သည်။ 

အမှန်ပင် သိုက်တူးလောက၌ အဖွဲ့များအချင်းချင်း အလွန် ဂရုစိုက်ကြရသည်။ 

အဘယ်ကြောင့်ဆိုသော် သူတို့ တွေ့နေရသော အခြေအနေမှာ တော်ရုံ တန်ဖိုးမဟုတ်ပေ။ မီလီယမ် ရာနှင့်ချီ၍ ရှိ၏။ 

သိုက်တူးလောကတွင် ထိုအဖြစ်အပျက်မျိုးမှာ အမြဲဖြစ်နေဆဲပင်။ 

မိတ်ဆွေသိုက်တူးသမားကို သတ်၍ ရတနာ ရအောင်လုကြ၏။ 

ထိုအတွေးမျိုးကို တော်ရုံလူ မဆန့်ကျင်နိုင်ချေ။ 

သားအဖများကြား၌ပင် ဖြစ်တတ်၏။ 

ထို့ကြောင့် သိုက်တူးလောက၌ တရားဝင်မဟုတ်သော စည်းမျဉ်းအချို့ ရှိလေသည်။ 

သားအဖနှစ်ဦး အုတ်ဂူတစ်ခု ရှာဖွေတူးဖော်ပြီးပါက အဖေသည် ရှေ့မှသွား၍ အနောက်မှ သားက လိုက်ရသည်။ 

ထိုအခြေအနေမှာ အကြောင်းပြချက်တော့ မရှိချေ။ 

“ခင်ဗျားက သိုက်တူးနည်းတွေအကြောင်း တော်တော် သိတာပဲ”

အဖွဲ့မှူးဟီကျီမှ မှတ်ချက်ပြု၏။ 

လင်းချွမ်ပြုံးကာ

“ဒါက ကျွမ်းကျင်စာရေးဆရာတစ်ယောက်အတွက် ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ ဘာစာရေးရေး လေ့လာရတယ်လေ”

စာရေးဆရာအများစုမှာ စာအုပ်ကောင်း ထွက်ရှိရေးအတွက် ထိုသို့ပြုလုပ်တတ်ကြ၏။ 

ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်နေခဲ့သော ရှန်ချန်းချန်းမှ

“အဖွဲ့မှူးဟီ အုတ်ဂူထဲက လူသတ်မှုကိုလေ လင်းချွမ်ကို ဓာတ်ပုံတွေ ပြပေးလိုက်ပါလား”

ဟီကျီ ခေါင်းငြိမ့်ပြ၏။ 

ထို့နောက် အချက်အလက်ဖိုင်ထဲမှ ဓာတ်ပုံကို ထုတ်ပြလိုက်သည်။ 

“လင်းချွမ် ဒီနှစ်ယောက်ကို သိလား”

ဓာတ်ပုံထဲ၌ လုဘုရင်နန်းတော်ထဲမှ အလောင်း (၂) ခု ပါဝင်သည်။ 

ခန္ဓာကိုယ်များမှာလည်း ရှုံ့တွနေ၍ မမ်မီများနှင့်ပင် တူ၏။ 

တစ်ခုမှာ ဆန့်ဆန့်ကြီးလဲ၍ အစိမ်းနုရောင် အင်္ကျီနောက်ကျောတွင် အပေါက်တစ်ခုနှင့် သွေးကွက်ရှိနေသည်။ 

အခြားတစ်ခုမှာတော့ ကွေးကောက်၍ ဘောလုံးကဲ့သို့ ဖြစ်ကာ လက်များသည်လည်း ဗိုက်ဘက်သို့ တိုးဝင်နေကြ၏။ 

“မသိပါဘူးဗျ”

လင်းချွမ် အမှန်အတိုင်း ပြောလိုက်သည်။ 

“ဒါပေမဲ့”

“ဒါပေမဲ့ ဘာဖြစ်လဲ”

ဟီကျီမျက်ခုံးပင့်လျက်

“အဲ့တာ ကျွန်တော်လုပ်တာ မဟုတ်ဘူးလေ”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“ဟင်”

ဟီကျီ မျက်မှောင်ကြုတ်သွားကာ နားမလည်နိုင် ဖြစ်နေသည်။ 

စစ်ဆေးရေးအခန်းထဲ၌ မီးရောင် မှိန်ပျပျသာ ရှိသောကြောင့် လင်းချွမ်မျက်နှာကို ကြည့်ရသည်မှာ ဆန်းကြယ်နေလေ၏။ 

လင်းချွမ် လင်းရိမှ အားကြိုးမာန်တက် ရောက်လာသော အဖွဲ့မှူး ကျီဟီကိုကြည့်၍ 

“အဖွဲ့မှူးဟီ ကျွန်တော့်အကြောင်း မသိသေးဘူးပဲ။ ကျွန်တော်သာ အဲ့က လူသတ်သမားဆိုရင် ဒီအလောင်း (၂) ခုတောင် တွေ့ရတော့မှာ မဟုတ်ဘူး”

“ဟင်”

ဟီကျီ မျက်နှာထားတင်းသွားကာ

“ဘာပြောချင်တာလဲ”

လင်းချွမ် တည်ငြိမ်သော အမူအရာဖြင့် ထပ်ပြော၏။ 

“ကျွန်တော်သာ လူသတ်သမားဆိုရင် ဒီအလောင်းတွေတောင် ခင်ဗျားတို့ ရှာတွေ့မှာ မဟုတ်ဘူးလို့”

ဟီကျီ တောင့်တင်းသွားပြီး လင်းချွမ်ကိုကြည့်လိုက်၊ ရှန်ချန်းချန်းကိုကြည့်လိုက် ဖြစ်နေ၏။ 

ထိုစဉ် ရှန်ချန်းချန်း ခေါင်းငြိမ့်ထောက်ခံ၍

“အဖွဲ့မှူးဟီ လင်းချွမ်ကို ဒီတစ်ချက်တော့ တကယ် ယုံလို့ရတယ်။ ဒီနှစ်ယောက်ကို လင်းချွမ် သတ်တာဆိုရင် အဖွဲ့မှူးမျက်စိရှေ့တောင် ရောက်လာမှာ မဟုတ်ဘူး”

ဘာလဲ။ 

ဟီကျီ လန့်ဖျပ်၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ 

ထို့နောက် လက်ထောက်စစ်ဆေးသူ ရှန်ချန်းချန်းကို ကြည့်ကာ

“ရဲမေရှန် ဘာပြောချင်တာလဲ။ ကျွန်တော် နားမလည်ဘူး”

ရှန်ချန်းချန်းပြုံး၍

“လင်းချွမ်က ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ ဆိုတဲ့ စာအုပ်လည်း ရေးဖူးတယ်။ အဲ့တာ ရေးပြီးတော့ အန်လင်းစခန်းရဲ့ မဖြေရှင်းနိုင်တဲ့ အမှုတွေကိုပါ ဝင်ကူညီခဲ့တာ။ အဖွဲ့မှူးလည်း ဖတ်ကြည့်သင့်တယ်”

“ရဲမေရှန် အခုက ဝတ္ထုညွှန်းပေးနေရမယ့်အချိန် မဟုတ်ဘူးနော်။ လင်းချွမ် အပြုအမူတွေက လွန်နေပြီ”

ဟီကျီ ရှန်ချန်းချန်းအနားကပ်၍ ခပ်တိုးတိုး ပြောလိုက်၏။ 

“အပြင်မှာ စကားသွားပြောကြတာပေါ့”

ရှန်ချန်းချန်း ထိုသို့ပြော၍ အပြင် ထွက်သွားလေသည်။ 

စစ်ဆေးရေးခန်း အပြင်၌။ 

ရှန်ချန်းချန်း စစ်ဆေးရေးခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေသော လင်းချွမ်ကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။ 

ဝတ္ထုထဲမှ လုဘုရင်နန်းတော် အသေးစိတ် အချက်အလက်များမှာ လက်တွေ့နှင့် တစ်ထပ်တည်းတူ၍ လင်းချွမ်ကို တရားခံဟု ထင်စရာ ရှိပါသည်။ 

သို့သော်။ 

လူသတ်မှု ပါလာသောအခါ လင်းချွမ်သံသယမှ လွတ်နိုင်၏။ 

“လင်းချွမ်ပြောတဲ့ အဲ့စကားက…”

ဟီကျီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 

သူ့အမြင်၌ လင်းချွမ်မှာ အလွန်ဘဝင်မြင့်၍ လေကြီးသည်ဟု ထင်လိုက်၏။ 

“အဖွဲ့မှူးဟီက လင်းချွမ်နဲ့ မရင်းနှီးသေးလို့ပါ။ တဖြည်းဖြည်း ဖြေရှင်းကြတာပေါ့”

ရှန်ချန်းချန်း ပြုံးကာ ပြောလိုက်သည်။ 

All Chapters