← Chapters

အခင်းနေရာ လိုက်စရာ လိုလား

Vol. 16 Ch. 240

အခင်းနေရာ လိုက်စရာ လိုလား

Vol. 16 Ch. 240

လင်းချွမ် ရှန်ချန်းချန်းအား လှည့်ကြည့်မိ၏။ 

ရှန်ချန်းချန်း မျက်လုံးတစ်ဖက် မှိတ်၍ ပြုံးပြလိုက်သည်။ 

လင်းချွမ် ချက်ချင်း သဘောပေါက်သွားလေ၏။  

ရှန်ချန်းချန်းမှ သူ့နာမည်အဖက်ဆယ်ကာ ဟီကျီကို ဖြေရှင်းပေးလိုက်ပြီး ဖြစ်ပါသည်။ 

ထို့အပြင် ယခုအခါ ဟီကျီမှပင် သူ့ကို ပြန်လိုအပ်နေသည်။ မဟုတ်လျှင် သူ့အပြုအမူလည်း ချက်ချင်း ပြောင်းလဲသွားမည် မဟုတ်ချေ။ 

လင်းချွမ် ခန့်မှန်းချက်မှာ လုံးဝ မှန်ကန်ပါသည်။ 

“အဖွဲ့မှူးဟီ ကျွန်တော်က စစ်ဆေးမှုမှာ ပူးပေါင်းရုံပါပဲ”

လင်းချွမ် ခပ်အေးအေး ပြန်ပြောလိုက်သည်။ 

ဟီကျီ ရယ်မောလျက်

“လင်းချွမ်ရယ် ကျွန်တော် အမှန်အတိုင်း ပြောရရင် ခုနစ်စင်ကြယ် လုဘုရင်နန်းတော်က သိုက်တူးမှုနဲ့ လူသတ်မှုက အရမ်းဖိအား ဖြစ်နေတာ။ လူတွေကလည်း အားလုံး ဝိုင်းစိတ်ဝင်စားနေကြတာလေ။ အဲ့တာကြောင့် စိတ်မရှည်ဖြစ်မိသွားတာပါ”

“နားလည်ပါတယ်ဗျာ။ ရဲမေရှန်လည်း ဒီအခြေအနေမျိုး ကြုံဖူးတာပဲ”

လင်းချွမ် ရှန်ချန်းချန်းအား လှမ်းကြည့်ကာ ပြောလေ၏။ 

ရှန်ချန်းချန်း မျက်စောင်းလေးထိုး၍ တစ်ဖက်သို့ လှည့်သွားသည်။ 

ဟီကျီ အားရပါးရ ရယ်မော၍ လင်းချွမ်အား စစ်ဆေးရေးခန်းထဲမှ ချက်ချင်း ထုတ်ကာ ဧည့်ခန်းဘက် ခေါ်လာသည်။  

ဟီကျီ အရှေ့မှ လျှောက်၍ လင်းချွမ်နှင့် ရှန်ချန်းချန်းတို့ အနောက်မှ ပါလာ၏။ 

“ရဲမေရှန် ကျေးဇူးပါနော်”

လင်းချွမ် ခပ်တိုးတိုး ကျေးဇူးတင်စကား ဆိုလေသည်။ 

“ဘာကိုတင်တာလဲ။ ကျွန်မက သက်သေအတိုင်း အမှန်တရားကိုပဲ ပြောလိုက်တာပါ”

ရှန်ချန်းချန်း ချစ်စရာကောင်းစွာ ပြန်ဖြေသည်။ 

မကြာမီ (၃) ယောက်သား ဧည့်ခန်းဆီသို့ ရောက်လာ၏။ 

ဧည့်ခန်းပတ်ဝန်းကျင်မှာ စစ်ဆေးရေးအခန်းထက် များစွာ ပိုကောင်းလေသည်။ 

“လင်းချွမ်၊ ရဲမေရှန် လက်ဖက်ရည် သောက်ကြပါဦး”

ဟီကျီမှာ ထိုနေရာနှင့် သိပ်မရင်းနှီးလှသော်လည်း စကားစပြောလိုက်၏။ 

“အဖွဲ့မှူးဟီ ပြောချင်တာရှိရင် ပေါ့ပေါ့ပါးပါး ပြောပါ”

လင်းချွမ် ပြုံး၍ ဆိုသည်။ 

အဖွဲ့မှူးဟီလည်း သက်ပြင်းချလိုက်မိ၏။ 

ခုနလေးတင် လင်းချွမ်ကို သံသယရှိသူအဖြစ် စစ်ဆေးနေရာမှ ယခုတော့ အမှုဖြေရှင်းရန် အကူအညီတောင်းရတော့မည်။ 

ဟီကျီအတွက် ထိုသို့တန်ပြန်လာလိမ့်မည်ဟု မထင်ခဲ့ချေ။ 

သို့သော် လုဘုရင်နန်းတော်ကိစ္စမှာ အလွန် အရေးကြီးနေပြီး အချက်အလက်များ လူထုထံ ပျံ့သွားလျှင် ပို၍ ဖိအားများနိုင်ပါသည်။ 

ယခုအချိန်အထိ သိုက်တူးမှုရော၊ လူသတ်မှုပါ မတိုးတက်သေးချေ။ 

ထို့ကြောင့်လည်း ဟီကျီတစ်ယောက် အန်လင်းသို့ အမြန် ထွက်လာခဲ့ခြင်း ဖြစ်သည်။ 

“ဟိုလေ လင်းချွမ်ရော ဒီအမှုအပေါ် ထူးထူးခြားခြား မြင်တာရှိလားလို့ပါ”

လင်းချွမ် ခေါင်းယမ်း၍

“မရှိပါဘူး”

“မရှိဘူးလား”

လင်းချွမ် ခေါင်းငြိမ့်လျက်

“အထင်မလွဲပါနဲ့ အဖွဲ့မှူးဟီ။ ကျွန်တော် ခုနက စစ်ဆေးရေးအခန်းကိစ္စကို မကျေနပ်လို့ မဟုတ်ပါဘူး။ တကယ် ထူးထူးခြားခြား မမြင်လို့ပါ။ ဒါက ရိုးရိုး လူသတ်မှုပါပဲ”

“ငါ အရမ်းတွေးမိနေတာပဲ”

ဟီကျီ နေရခက်စွာ ရယ်လိုက်မိသည်။ 

“ဒါပေမဲ့ အလောင်းတွေရဲ့ အခြေအနေကို ကြည့်ရတာ သေတာ (၅) လ၊ (၆) လလောက်ရှိပြီ ဟုတ်တယ်မလား”

“ကျွန်တော်တို့ လင်းရိရဲစခန်းက ခန့်မှန်းတာတော့ (၆) လ ရှိပါပြီ”

ဟီကျီ ပြန်ဖြေရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ 

ဒီကောင်လေးက ဓာတ်ပုံကိုကြည့်ရုံနဲ့ အချိန်ကိုပါ ခန့်မှန်းနိုင်လောက်အောင် အရည်အချင်း ရှိတာပဲ”

လင်းချွမ်မှ

“အဲ့ပုံမဟုတ်ဘဲ တခြားပုံတွေ ရှိသေးလား”

ဟီကျီ ရှန်ချန်းချန်းအား တစ်ချက်ကြည့်ပြီးမှ အချက်အလက်ဖိုင်ထဲမှ အခင်းဓာတ်ပုံအချို့ကို ထုတ်ပေးလိုက်သည်။ 

“ဒါတွေက အုတ်ဂူဘေးခန်းထဲက အခင်းဓာတ်ပုံတွေပဲ”

ဟီကျီမှ ပြောသည်။ 

လင်းချွမ် ပုံများကို ငေးကြည့်နေမိ၏။ 

ခဏအကြာမှ

“ကျွန်တော် ခန့်မှန်းနိုင်တာတော့ ဒီနစ်နာသူတွေနဲ့ တရားခံက မြောက်ပိုင်းဂိုဏ်းက သိုက်တူးသမားတွေ ဖြစ်နိုင်တယ်”

ဟီကျီ လန့်ဖျပ်၍

“သိုက်တူးသမားတွေက တောင်ပိုင်းနဲ့ မြောက်ပိုင်း ခွဲထားတာတော့ ကြားဖူးပေမဲ့ ခင်ဗျားက ဘယ်လိုလုပ် မြောက်ပိုင်းကမှန်း သိတာလဲ”

လင်းချွမ် ပြုံး၍ သိုက်တူးသမားများ၏ တောင်ပိုင်း၊ မြောက်ပိုင်း ကွာခြားပုံကို ရှင်းပြလေသည်။ မြောက်ပိုင်းသားများတွင် စည်းမျဉ်းများစွာ ရှိပြီး အုတ်ဂူကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေရမည်။ ထို့နောက် လိုအပ်သည်ကိုသာယူ၍ ပြန်ထွက်ရသည်။ 

တောင်ပိုင်းအဖွဲ့မှာတော့ ထိုသို့ မဟုတ်ပေ။ 

သူတို့၌ စည်းကမ်းကြီးကြီးမရှိဘဲ အုတ်ဂူထဲ ဝင်သည်နှင့် ဖျက်ဆီးရေး စတင်ကာ ရတနာများ ဖွရှာလေသည်။ 

“အဖွဲ့မှူးဟီ ဒီကျောက်အခေါင်း (၇) ခုကို ကြည့်လိုက်။ တောင်ပိုင်းအဖွဲ့ဆိုရင် အကုန် ထုခွဲပြီး အထဲမှာ ဘာရှိလဲ ကြည့်သွားမှာ”

လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။ 

ယခုတော့ အုတ်ဂူရော အခေါင်းပါ အကောင်းအတိုင်း ရှိနေသည်။ 

တူးထားသည့်အပေါက်မှာပင် ပုံစံတကျဖြစ်နေ၍ မြောက်ပိုင်းမှ အမှတ်အသားပင်။ 

ဟီကျီ ခေါင်းငြိမ့်၍ လက်ခံမိသည်။ 

“လင်းချွမ် အဆင်ပြေရင် ကျွန်တော်နဲ့အတူ အခင်းနေရာ လိုက်ခဲ့ပါလား”

လင်းချွမ် လက်ဖက်ရည် ယူသောက်ရင်း ခဏစဉ်းစားကာ

“အမှုက ရှင်းရှင်လေးကို။ အခင်းနေရာအထိ လိုက်စရာ လိုလို့လား”

ဟီကျီ အံ့ဩစွာ ငေးကြည့်နေမိသည်။ 

‘ရှင်းရှင်းလေး’ ‘လိုက်စရာ လိုလား’

ထိုစကားများကြောင့် သူ စွံ့အနေ၏။ 

ရှန်ချန်းချန်းလည်း အံ့ဩစွာဖြင့်

“လင်းချွမ် ဒီပုံတွေ ကြည့်ရုံနဲ့ လူသတ်သမားကို ပြောနိုင်တာတော့ မဟုတ်ပါဘူ

All Chapters