← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

ပင်လယ်ပြင်မှာ တစ်လကြာနေထိုင်ရတတ်သဖြင့် လူတစ်ယောက်အတွက် ဟင်းသီးဟင်းရွက်နည်းနည်းကို အေးခဲသိုလှောင်ထားရန် ရေခဲသေတ္တာတစ်လုံး လိုအပ်သည်မှာ သဘာဝပင်။

တချို့လှေတွေမှာဆို မီးဖိုတွေတောင်ရှိကြောင်း မမျှော်လင့်ဘဲ ချင်းရို့ သိလိုက်ရလေသည်!

မီးဖိုတွေ?!

ဘယ်လိုတောင် ထူးဆန်းလိုက်သလဲနော်!

နောက်မှ ပြန်တွေးကြည့်မိတော့ သင်္ဘောပေါ်မှာပဲ နေထိုင်စားသောက်ရသဖြင့် မီးဖိုရှိတယ်ဆိုတာ ဖြစ်သင့်တာပါပဲ။ လူတော်တော်များများဆို ဆိုဗီယက်စတိုင်ကို အတုယူလာကြသလို လူတွေရဲ့ အစားအသောက်အကျင့်ကိုပါ အတုခိုးလာတတ်ကြ၏။

လူတစ်ယောက်က မီးဖိုနဲ့ ပေါင်မုန့်ဖုတ်စားနိုင်ပေမယ့် လုယန်လိုမျိုး ဘန်းမုန့်ပေါင်းချစ်သူတွေကတော့ ပေါင်မုန့်စားရသည်ကို လုံးဝမကြိုက်ပေ။

လုယန်က စက်ဘီးနဲ့ ရေခဲသေတ္တာအသေးကို ပြန်ယူလာသည်ကို ကြည့်ရင်း ချင်းရို့မှာ သူ့စကားကို နားထောင်ကာ နေ့လည်စာအဖြစ် ဖက်ထုပ်စားကြရန် ဆုံးဖြတ်လိုက်တော့သည်။

ဖက်ထုပ်တွေပဲမဟုတ်လား၊ သူ့ကိုပဲ ဂျုံမုန့်ညက် လှိမ့်ခိုင်းလိုက်တော့မယ်။ ဖက်ထုပ်ဘယ်လိုလုပ်ရမလဲဆိုတာ သူမ တကယ်မသိဘူးလေ။

ချင်းရို့ မုန့်ညက်နယ်နေစဥ် စခန်း၌ ပင်လယ်တွင် ငါးဖမ်းထွက်ရတော့မယ့် အထူးတာဝန်ရှိသော အဖွဲ့တစ်ဖွဲ့ရှိကြောင်း လုယန် ပြောပြလာခဲ့သည်။ အချိန်တိုင်းမှာ အဖွဲ့ကြီးဖြစ်ပြီး အသင်းတစ်သင်းစီက အထောက်အပံ့တွေကို သွားယူကြလိမ့်မှာဖြစ်သည်။ အနည်းငယ်မှာ မိသားစုအဖွဲ့ဝင်များအတွက် ဖြစ်သဖြင့် စျေးသက်သာပေသည်။

“ဒီရေတက်ချိန်ကို ဂရုစိုက်နော်၊ အနှေးနဲ့အမြန်ပဲ ကိုယ့်မရီးနဲ့အတူ ပင်လယ်စာကောက်ဖို့ ကမ်းခြေဘက်ကို မင်းသွားရတော့မှာ...”

“စကားမစပ် ကလေးတွေနဲ့အတူတူ အုန်းပင်တွေအောက် လမ်းလျှောက်တဲ့အခါ သတိထားဦး၊ ကြွေကျလာတဲ့ အုန်းသီးတွေနဲ့ မထိခိုက်မိစေနဲ့နော်”

အမှန်တကယ်ပင် ကမ္ဘာပေါ်မှာ အုန်းသီးကြောင့် ခေါင်းကွဲ သေဆုံးသွားရသူတွေရှိပေသည်။ အုန်းပင်တွေက တစ်ပင်ပြီးတစ်ပင် ပိုပိုမြင့်လာကြသလို အုန်းသီးတွေက အပင်မှာ သီးလာကြရာ ခူးတဲ့သူ ဘယ်သူမှ မရှိပါက အချိန်အတော်ကြာပြီးနောက် သူ့ဘာသူ ကြွေကျတတ်လေ၏။ တစ်ယောက်ယောက်ရဲ့ ခေါင်းပေါ် ကျခဲ့ရင်တော့ ဒါဟာ သေရေးရှင်ရေးဖြစ်နိုင်တာပေါ့။

“ဟုတ် ကျွန်မသိပါပြီ”

လုယန်က မုန့်ညက်နယ်နေစဥ် ချင်းရို့က ဖက်ထုပ်အတွက် အစာတွေ ပြင်ဆင်နေလျက်။ သူ ရေခဲသေတ္တာကို ပြန်ယူလာခဲ့သည့် အပြန်လမ်းတွင် ပင်လယ်စာတစ်ချို့လည်း ယူလာခဲ့သည်။

ဤခေတ်ကာလ၌ တောင်တွေအပေါ် မှီခိုနေရသူတွေဟာ တောင်ပေါ်က အစားအစာတွေကို စားကြမည်ဖြစ်သလို ကျွန်းမှာ နေထိုင်သူတွေအတွက်မူ ပင်လယ်စာ စားကြပေမည်။ အိမ်တွေမှာ ဟင်းသီးဟင်းရွက်တွေ မဖြစ်ထွန်းသဖြင့် လူတွေက ပင်လယ်စာသာ စားနိုင်လေ၏။

လွန်ခဲ့သည့်အချိန်က ဤမြေမှာ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရပြီး ဟင်းသီးဟင်းရွက်များစွာလည်း ဆုံးရှုံးခဲ့ရလေသည်။ ထိုရက်အတောအတွင်း လူတိုင်း စားစရာမရှိခဲ့ကြချေ။

ချင်းရို့ မတ်ပဲစေ့များကို တွေ့လိုက်ရပြီး ပဲပင်ပေါက်အဖြစ်သို့ စိုက်ပျိုးတော့မလိုပင်။ သို့သော်လည်း လုယန်က မနေ့ကတည်းက ပဲစေ့တွေကို ရေထဲမှာ စိမ်ထားခဲ့သည်ကို သူမတွေ့လိုက်ရသဖြင့် သူလည်း အတွေ့အကြုံရှိပုံရလေသည်။

ပဲပင်ပေါက်မစားခင် ရက်အနည်းငယ်စောင့်ရတာပေါ့လေ!

လုယန်လည်း သူ့အတွေ့အကြုံကို မျှဝေကာ ပဲပင်ပေါက် စိုက်ပျိုးနည်းကို သူမအား သင်ပေးခဲ့သည်။ ချင်းရို့လည်း ကလေးတွေကို ပဲပင်ပေါက် စိုက်နည်းကို သင်ပေးသည့်အခါ အချိန်နဲ့တပြေးညီ စောင့်ကြည့်လေ့လာခဲ့ရသည်။

ချင်းရို့က ဖက်ထုပ်အစာအတွက် နှစ်မျိုးပြင်ဆင်ထားခဲ့သည် - တစ်မျိုးမှာ တီလားပီးယားငါးနဲ့ဖြစ်သလို နောက်တစ်မျိုးမှာ ပြည်ကြီးငါးနဲ့ဖြစ်လေ၏။ ဆီနည်းနည်း၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထပ်ထည့်လိုက်ပြီး နောက်ဆုံးတွင် ကြက်ဥနှစ်လုံးကို ခေါက်ထည့်လိုက်လေ၏။

လုယန်က ဖက်ရွက် စတင်လှိမ့်သည့်အခါ ချင်းရို့က ကလေးနှစ်ယောက်ကို ခေါ်လိုက်ပြီး လေးယောက်သားအတူတူ ဖက်ထုပ်လုပ်ကြတော့သည်။

လုယန်က သူမကို ကျောက်စိမ်းဒလိမ့်တုံးကို ပေးလိုက်ပေမယ့် ချင်းရို့က လေးလံလွန်းတယ်လို့ ခံစားရသဖြင့် သစ်သားဒလိမ့်တုံးသာ ယူလိုက်လေသည်။

လုယန်: “…”

နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ သုံးလိုက်ရတယ်။

လုယန်က မုန့်ညက်နည်းနည်းယူပြီး ဂျုံမှုန့်နည်းနည်းဖြူးလိုက်ရင်း ဒလိမ့်တုံးနှင့် လှိမ့်လိုက်ရာ ဖက်ရွက်ပေါ်လာသည်ကို ချင်းရို့ မြင်လိုက်ရ၏။

တအားရိုးရှင်းတဲ့ပုံပဲဟ!

ချင်းရို့ ကိုယ်တိုင်လုပ်ရမယ့် အလှည့်ရောက်တော့ သူမလက်ထဲ မုန့်ညက်ကို ယူလိုက်ပြီး ဒလိမ့်တုံးနဲ့ နယ်ထည့်လိုက်ရာ နောက်ဆုံးရလဒ်ကတော့...

ဒီဒလိမ့်တုံးက အရမ်းနာခံမှုမရှိတဲ့ပုံပဲနော်!

ဗဟုဂံပုံကြီး ဘယ်လိုလုပ်ထွက်လာရတာတုန်း?! မိုးရွာပြီးတဲ့နောက် ရွှံ့ထူတဲ့လမ်းပေါ်မှာ အမှတ်အသားတွေ မရေမတွက်နိုင်လောက်အောင်ကျန်ခဲ့တဲ့ မြေတူးစက်လိုမျိုးနဲ့ တူနေတယ်ဟ!

သူမက ဟိုတစ်ပိုင်း ဒီတစ်ပိုင်း လှိမ့်နေခဲ့သည်ဖြစ်ရာ ဖက်ထုပ်အရွက်မှာ ဝိုင်းမနေပါချေ။ သူမက ဒလိမ့်တုံးအသုံးပြုခဲ့သည်မှာ သိသာလှသော်လည်း သူမ လှိမ့်လိုက်တဲ့အခါ ဘာလို့များ ဒီလိုဖြစ်သွားရတာတုန်းဟ?!

သူမရဲ့ ဖက်ရွက်ကို လှမ်းကြည့်လိုက်တဲ့ လုယန် : “…”

ဒီကမ္ဘာပေါ်မှာ ဖက်ထုပ်မလုပ်တတ်တဲ့လူတွေ တကယ်ရှိတယ်ဆိုတာ သိလိုက်ရပါပြီ။

ချင်းရို့: “…”

“ကိုယ့်လှုပ်ရှားမှုကိုကြည့်”

“မင်း ဖက်ထုပ်ရွက်ကို လှိမ့်ချင်တာမလား?”

မုန့်ညက်လှိမ့်တာလား?

ချင်းရို့သည် သူမကိုယ်သူမ ဟော့ပေါ့ဆိုင်၌ ဖက်ထုပ်တွေ ပစ်ထည့်ရသည့် စာဖိုမှူးတစ်ယောက်လို့ စိတ်ကူးနေရင်း ကြိုးကြိုးစားစားလှိမ့်နေလျက်။ အများကြီးအားစိုက်ထုတ်ပြီးနောက် နောက်ဆုံးမှာတော့ ဘဲဥပုံမုန့်ညက် ထွက်လာခဲ့ပြီ။ အနားတွေ အစွန်းတွေ ပြီးပြည့်စုံသည်မဟုတ်သော်ငြား အနည်းဆုံးတော့ အလုပ်ဖြစ်သွားခဲ့ပြီပဲ။

အလယ်ပိုင်းမှာ ထူထဲနေပြီး ဘေးပတ်ပတ်လည်မှာတော့ ပါးလွှာလွန်းနေရာ အနည်းငယ်ထူးဆန်းနေလျက်။

လုယန်: “...ကိုယ်လုပ်လိုက်မယ်”

ချင်းရို့: “????!!!”

သူက သူမလုပ်ထားတာကို တကယ်ကြီး မကြိုက်ဘူးဘဲ!

ကောင်းပြီလေ၊ လှိမ့်ထားတာ သိပ်မကောင်းတာလည်း အမှန်ပဲဆိုတော့...၊ ဒါပေမဲ့ ဘဝဆိုတာ ဖက်ထုပ်လုပ်တာချည်းမှ မဟုတ်ဘဲ!

ချင်းရို့ လက်လျှော့လိုက်တော့သည်။ လုယန်က ဖက်ရွက်တွေကို လှိမ့်ပေးကာ သူမနဲ့ ကလေးနှစ်ယောက်က ဖက်ထုပ်လုပ်ကြပေမည်။ ဟုတ်တာပေါ့၊ ဒီကလေးလေးနှစ်ယောက်ကလည်း ကြည့်ရှုသူသက်သက်သာ။

ချန်ကျင်းရိလေးဟာ ဒီရက်တွေထဲမှာ အကောင်းမြင်တတ်တဲ့ ရှောင်ဖန့်လေးနှင့် အတူတူနေခဲ့ကြပြီးနောက် အတော်လေး တိုးတက်လာခဲ့၏။ သူ့အတွက် သက်တူရွယ်တူ ကစားဖော်ရလာသည့်အခါ ပိုမိုပျော်စရာကောင်းလာသည်ပင်။

ချန်ကျင်းရိလေးဟာ မကြာခဏ မှင်တက်နေတတ်ကာ စကားပြောရန် ဝန်လေးနေတတ်၏။ သို့ရာတွင် ရှမင်ရှီးလို ဆိုရှယ်ကောင်းသူတစ်ယောက်ကြောင့် အထီးကျန်ခြင်းမရှိတော့ပါချေ။

အနှီကလေးနှစ်ယောက်ဟာလည်း စိတ်ဝင်စားစရာကောင်းလှသည်၊ တစ်ယောက်က လူတွေအပေါ် တုံ့ပြန်ရတာကို မကြိုက်၊ နောက်တစ်ယောက်ကတော့ ဆိုရှယ်ကောင်းလေ၏။

သူတို့နှစ်ယောက်ကို အတူတူထားလိုက်သည့်အခါ ချင်းရို့မှာ အလွန်စိတ်သက်သာရာရသွားရလျက်။ ချန်ကျင်းရိက သူလိုချင်သလို မကြားသလိုမျိုး နေလို့မရတော့ဘူးလေ။

နှစ်ယောက်သား ရန်မဖြစ်ဖူးကြပါချေ။ ချန်ကျင်းရိ၏ စရိုက်မှာ ဒေါသထွက်လွယ်ကာ တခြားသူတွေနှင့် ရန်ဖြစ်တတ်သူမျိုးမဟုတ်ပေ။ စိတ်ကောင်းရှိတဲ့ ရှမင်ရှီးကတော့ အထူးသဖြင့် သူ့ကိုယ်သူ ရှင်းပြပြောဆိုနိုင်သလို တွန့်တိုတတ်သူမဟုတ်ဘဲ ပျော်တတ်တဲ့ စိတ်နေစိတ်ထားရှိလေသည်။

All Chapters