← Chapters

Chapter 41

Vol. 4 Ch. 41

Chapter 41

Vol. 4 Ch. 41

လူသစ်များ မိသားစုခြံဝင်းသို့ ရောက်ရှိလာသည့်နောက် လူတွေက လုမိသားစု၏ လှုပ်ရှားမှုများကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့ကြသည်။

လုယန် ဝင်ထွက်သွားလာနေသည်ကို သူတို့ ဦးစွာ သတိပြုမိကြ၏။ ဒီလိုအရပ်ရှည်ရှည်၊ ချောမောလှသည့် အမျိုးသားတစ်ယောက်က မိသားစုခြံဝင်းထဲမှာ ပေါ်လာခဲ့ရာ သူက စစ်သားမဟုတ်ဘဲ အရာရှိတောင်ဖြစ်နေသေးသဖြင့် လူများစွာမှာ ကြေကွဲနေကြလျက်။

မိသားစုခြံဝင်းထဲမှာ မဆုံဖြစ်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ယေဘုယျအားဖြင့် မိသားစုခြံဝင်းအတွင်းရှိ အမျိုးသားအရာရှိများဟာ အိမ်ထောင်ပြုပြီးသားသူများပင်။ ဒါပေါ့လေ၊ အရာရှိမိသားစုရဲ့ သူငယ်ချင်းတစ်ယောက်က လာရောက်လည်ပတ်တာမျိုးလည်း ဖြစ်နိုင်ပေမယ့် ထိုသို့ဖြစ်နိုင်ချေမှာ အင်မတန်နည်းပါးလေ၏။

“သူက အခုမှပြောင်းလာတဲ့ စစ်တပ်အရာရှိ လုယန်တဲ့၊ ရုန်ဟုန်ပင်းနှင့် သူ့အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုပဲ”

“တကယ်ကြီးလားဟဲ့? သူ့အသက်ဘယ်လောက်တုန်း? သူက ငယ်သေးတဲ့ပုံပဲနော်”

“နှစ်ဆယ့်ငါးတဲ့”

“ဒီလောက်ငယ်ငယ်လေးနဲ့ လက်ထပ်လိုက်ပြီလား!?”

“နင်ရူးနေတာမဟုတ်ဘူးလား? အိမ်ထောင်ပြုပြီးသွားလို့ မဟုတ်ရင် သူက ဘာလို့ မိသားစုခြံဝင်းထဲ ရှိနေမှာတုန်းဟဲ့?”

…

လူတိုင်းက အရာရှိအသစ်အကြောင်း အမျိုးမျိုး သီးသန့် ပြောဆိုနေကြရာ အဓိကကတော့ ဒီလိုရုပ်ရည်ချောမောလှသည့် အရာရှိအသစ်ကို တွေ့ရသည့်အခါ သူ့အကြောင်း မပြောဘဲ မနေနိုင်ကြတော့။ ရုပ်ရည်ကြည့်ကောင်းတဲ့လူတွေက အမြဲတမ်း ပိုပြီးသတိပြုမိခံရတာပါပဲလေ။

လူတော်တော်များများက လုယန်ရဲ့ အခြေအနေကို သီးသန့်မေးမြန်းစပ်စုကြလျက်။

လုယန်၏ အတန်းဖော်များနှင့် သူငယ်ချင်းများဟာ ဘွဲ့ရပြီးတဲ့နောက် ကမ်းရိုးတန်းဒေသအသီးသီးသို့ ကွဲကွာသွားခဲ့ကြသည်။ ဤနေရာတွင်လည်း သူ့ကို သိတဲ့သူနည်းနည်းရှိသလို၊ ပင်းချန်အဆင့်မြင့်ပညာရေးအတန်းမှ လူတစ်ချို့ဆီသို့ လုယန်တို့ လင်မယားအကြောင်းကို ဖုန်းဖြင့်ဆက်သွယ်စုံစမ်းကြသေးသည်။

ဆိုတော့ ဒီနှစ်ယောက်က တစ်ခါတည်းတွေ့ပြီးတာနဲ့ တန်းလက်ထပ်လိုက်ကြတာပေါ့!

ပြဿနာကြီးတစ်ခုပဲဟေ့! နှစ်ယောက်စလုံးက ဒေါသကြီးကြတယ်တဲ့!

လူတိုင်း: !!!!!!!

အိုး ဒါကြီးက ကွာခြားလိုက်တာဟယ်။

အနာဂတ်မှာ သူတို့က သူတို့နှစ်ယောက်ကို ဖျောင်းဖျရတော့မှာလားဟေ?

“အရာရှိရဲ့အိမ်က ကျန်းမိသားစုအိမ်ဘေးမှာတဲ့၊ ငါမှတ်မိတာက အဲ့ဒီအိမ်က...”

ဆိုတော့ “ဖုန်းရွှေ”ဆိုးတဲ့အိမ်မှာ နေကြတာပေါ့။

လူတော်တော်များများက စကားပြောနေတာကို ရပ်လိုက်ပြီး ဒီစုံတွဲကရော ဘယ်လောက်ကြာရင် လမ်းခွဲသွားကြမလဲဆိုတာကို သူတို့ နှလုံးသားထဲမှာ တိတ်တိတ်လေး မှန်းဆကြည့်နေကြပြီ။

ရန်ယွီဖန်းလည်း အသစ်ရောက်လာကြတဲ့ ရှောင်ချင်းမိသားစု၏ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သည်။ ဒီလိုအသက်အရွယ်၌ ဇီဇာကြောင်ပုံရတဲ့ ရှောင်ချင်းဟာ တကယ်ပဲ တခြားမိန်းကလေးများနှင့် ကွာခြားပေသည်။ သူမရောက်ပြီး ဒုတိယနေ့မှာပင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးချင်နေပြီး အလွန်တက်ကြွလှ၏။

ဟင်းသီးဟင်းရွက် စိုက်ပျိုးမလို့?

သူမက ဟင်းသီးဟင်းရွက်နှင့် သီးပင်စားပင်များစွာ စိုက်ပျိုးရန်လည်း စီစဉ်ခဲ့သလို မျိုးစေ့အများအပြား ဝယ်ယူခဲ့လေသည်။

ရန်ယွီဖန်း : “????”

ချုံကျိုးကျွန်းရဲ့ ရာသီဥတုဟာ သူမရဲ့ မွေးရပ်မြေနဲ့ မတူပါချေ။ လယ်ကွင်းထဲမှ လယ်သမားကောင်းတစ်ယောက်တောင်မှ သူချုံကျိုးကျွန်းကို ရောက်ရောက်ချင်း မျက်ကန်းလိုမျိုး စိုက်ပျိုးလိမ့်မည်မဟုတ်၊ ရွာသူရွာသားတွေဆို ပြောနေစရာတောင်မလိုဘူး။

အမှန်တကယ်တော့ သူတို့လည်း ဟင်းသီးဟင်းရွက် စိုက်ပျိုးတာ သိပ်မတော်ကြဘူးလေ။

ဟင်းသီးဟင်းရွက်တွေကို ပါးစပ်အပြည့်စားရသည်မှာ ကောင်းလှပေ၏။ ယေဘုယျအားဖြင့် သီးသန့်မြေကွက်များတွင် ဟင်းသီးဟင်းရွက်အမျိုးအစားနည်းနည်း စိုက်ပျိုးထားပေမယ့် စားဖို့ လုံလောက်ခြင်းမရှိ။

ရလဒ်ကတော့ ရှောင်ချင်းက ဟင်းသီးဟင်းရွက် စိုက်ပျိုးချင်ရုံသာမက ဟင်းသီးဟင်းရွက် အမျိုးအစားများစွာကိုလည်း စိုက်ပျိုးချင်ကြောင်း ပြောခဲ့လေသည်။ ဒီမိန်းမငယ်လေးက ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းကို သိလို့လားနော်?

သူမက တိုင်ဖွန်းမုန်တိုင်းတောင် ကြုံဖူးလို့လား? ဒါပေမဲ့ သူမပြောတာက ဟင်းသီးဟင်းရွက်တွေ စိုက်ချင်တယ်တဲ့လား?!

ရန်ယွီဖန်းမှာ သူမ ရိတ်သိမ်းနိုင်မယ်လို့ မယုံကြည်ခဲ့သောကြောင့် ဘာအတွေးအကြံမှ မပေးလိုက်တော့ပေ။

လှပပြီး ကလေးဆန်သော လုမိသားစု၏ ကြက်ခြံစည်းရိုးကို ကြည့်နေရင်း ဘယ်သူကမှ ဒီလိုလုပ်တာမျိုး သူမ မတွေ့ဖူးပါချေ။ သည့်အပြင် အားအင်လည်း ဖြုန်းတီးရာကျလေ၏။ သူမ လျှာတစ်ချက် တောက်လိုက်ကာ ဒီစုံတွဲအသစ်လေးကတော့ ဟာသတွေလုပ်နေတာပဲဟ!

သူတို့နှစ်ယောက် ဘယ်လောက်ကြာကြာ လျှောက်ကစားနိုင်မလဲဆိုတာ စောင့်ကြည့်ချင်နေပါပြီ။

***

ဘေးအိမ်က လူသစ်တွေရဲ့ ကောင်းချီးကိုယူရင်း မနေ့ညက ကျန်းချန်ပေ့ မိသားစုလည်း ကောင်းကောင်းစားသောက်ခဲ့ကြ၏။ ဟွမ်ရင်းရင်းက သူမရဲ့ ဟင်းချက်စကေးကို ပြသရန် ဝက်သားကို လှီးဖြတ်ကာ မာပိုတို့ဖူး၊ ပုစွန်အစပ်၊ ဝက်သားလွှာပြုတ်၊ နှစ်ခါပြန်ချက် ဝက်သားဟင်း...တို့ကို ချက်ပြုတ်ခဲ့သည်။ သူမတွေးရင်းနဲ့တောင် သွားရေတွေ ကျတော့မလိုပင်။

ဤနေရာဒေသ၌ ပင်လယ်စာတွေ စားရတာ အဆန်းမဟုတ်ပေမယ့် ဝက်သားစားရတာ ရှားပါးသလို တန်ဖိုးရှိလှ၏။

ဟုတ်တာပေါ့၊ ကြက်တွေက တန်ဖိုးအရှိဆုံးဖြစ်ပြီး သူတို့ကိုသတ်ဖို့ ဆန္ဒမရှိကြဘူးလေ။

သူ့ဇနီး ဟွမ်ရင်းရင်းက ဟင်းချက်နေစဥ် တစ်အိမ်လုံး အနံ့တွေ မွှေးကြိုင်နေပြီး သူ့ကို အကြိမ်ပေါင်းများစွာ နှာချေစေသော်ငြား ဘေးအိမ်ကလူတွေကတော့ သူတို့အိမ်ဆီ လာတောင် မမေးမြန်းခဲ့ပါချေ။

လုမိသားစုမှ ကြင်စဦးဇနီးမောင်နှံတို့ဟာ မနေ့ညက ကန်တင်းမှာ ညစာသွားမစားကြဘဲ အိမ်မှာပဲ ချက်စားကြလေသည်။

ယင်းမှာ ကျန်းချန်ပေ့နဲ့ သူ့မိန်းမကို ထူးဆန်းသလို ခံစားစေသည်။

သူတို့က အတွေ့အကြုံရှိပြီးသားပင်။ စုံတွဲအများစုမှာ ထမင်းဟင်းမချက်တတ်ကြဘဲ သူတို့ချက်ပြုတ်တတ်ရင်တောင်မှ ပင်လယ်စာတွေပဲရှိတဲ့ နေရာအသစ်ကို ရောက်လာကြတာလေ။

လိမ္မာပါးနပ်တဲ့အမျိုးသမီးတွေတောင် ဆန်မရှိဘဲ ထမင်းမချက်နိုင်ကြဘူးလေ။ ငါးတွေက လုပ်ရကိုင်ရ ခက်ခဲသလို အညှီနံ့လည်းပြင်း၏။ မိန်းကလေးငယ်လေးတွေက ဒီလိုမျိုး ကပ်စေးစေး ပြည်ကြီးငါး၊ ရေဘဝဲတို့ကို ပိုမိုကြောက်လန့်တတ်ကာ ထိကိုင်ချင်ကြသည်မဟုတ်။

ထို့ကြောင့် စုံတွဲတွေက ကန်တင်းမှာ စားသောက်ရန် ရွေးချယ်တတ်ကြသည်။

(T/N: အဲ့ဒီအိမ်မှာ နေခဲ့ကြတဲ့ အရင်စုံတွဲတွေအကြောင်းကို ပြောနေတာပါ)

သူတို့အိမ်နီးချင်း ကျန်းမိသားစုတွင်မူ အနံ့တွေက မွှေးပျံ့နေလျက်။ ပုံမှန်ဆို စုံတွဲတွေက အနံ့ကြောင့် ဆွဲဆောင်ခံရပြီး သူတို့တံခါးကို လာခေါက်ကြမည်ဖြစ်၏။

ထိုအချိန်တွင် အိမ်နီးချင်း ခင်မင်ရင်းနှီးမှုအရ ကျန်းမိသားစုက ရက်ရက်ရောရော ဟင်းတစ်ခွက် ဝေမျှပေးမည်မှာ သဘာဝပင်။ သူတို့ရဲ့ ဟင်းတစ်ခွက်က ဟွမ်ရင်းရင်း၏လက်ရာကို အရသာခံနိုင်ပြီး အနာဂတ်ကိစ္စတွေအတွက် အဆင်ပြေသွားစေမှာပါ။

ကျန်းချန်ပေ့သည် အမျိုးသားအရာရှိများ၏ မနာလိုခြင်းကို ခံရနိုင်ပြီး ဟွမ်ရင်းရင်းသည်လည်း သူမဟင်းချက်လက်ရာအတွက် မရေမတွက်နိုင်တဲ့ ချီးကျူးစကားတွေကို ကြားနိုင်ပေမည်။

All Chapters