← Chapters

Chapter 42

Vol. 4 Ch. 42

Chapter 42

Vol. 4 Ch. 42

သို့ရာတွင် ဒီလုမိသားစု စုံတွဲကတော့ ပုံမှန်အတိုင်း မပြုမူခဲ့ကြပေ။ သူတို့ ဟင်းအနံ့တွေ မရကြဘူးလားဟ?!

ဘေးအိမ်က အိမ်ကလည်း သူတို့ဘာသာ ဟင်းချက်စားကြသည်ပင်။ ကျန်းချန်ပေ့ သူတို့အိမ်တစ်ဝိုက်သို့ လှည့်ပတ်သွားကာ ဘာမွှေးရနံ့မှ မရဘဲ သာမန်ပင်လယ်စာပြုတ်အနံ့သာရခဲ့လေသည်။

ကြည့်ရတာ ဘေးအိမ်က အမျိုးသမီးရဲ့ ဟင်းချက်လက်ရာက သိပ်ကောင်းပုံမပေါ်ဘူးပဲ။

ကျန်းချန်ပေ့က အရသာပြင်းပြင်းတွေကို နှစ်ခြိုက်သူပင်။ သူက ပြုတ်တာ၊ ပေါင်းတာတွေကို လုံးဝမကြိုက်သည့်အပြင် အခြေခံအားဖြင့် စစ်တပ်ကန်တင်းရှိ စားစရာတွေမှာ အစပ်မထည့်တတ်၍ လူတွေက ကိုယ့်ဘာသာ ငရုတ်သီးဆော့စ် ထည့်ကာ စားရသဖြင့် အရသာသိပ်မကောင်းပါချေ။

ပင်လယ်စာပြုတ်ဟာ ကျန်းချန်ပေ့ကို အော့အန်နိုင်စေသည်။

ဘေးအိမ်က လတ်လတ်ဆတ်ဆတ် တစ်ခုခုစားနေတာများလား?

ဒုတိယနေ့မှာလည်း ကျန်းချန်ပေ့နဲ့ သူ့ဇနီးတို့ဟာ ဘေးအိမ်က ဇနီးမောင်နှံအသစ်ကို အာရုံစိုက်နေဆဲ။ သူတို့နှစ်ယောက်ဟာ မနက်ခင်းမှာ ဘာမှမလုပ်ဘဲ မွန်းတည့်ချိန်၌ ဖက်ထုပ်လုပ်စားကြကာ နေ့လယ်တွင် ခြံထဲမှာ ထုရိုက်သံတွေကြားနေခဲ့ရ၏။

ဒီစုံတွဲက အရင်က လာဖူးကြတဲ့ တခြားစုံတွဲတွေနဲ့ ဘယ်လိုလုပ်ပြီး ကွဲပြားနေရတာလဲကွာ?

ပင်လယ်ကို မမြင်ဖူးသေးတဲ့ မိသားစုဝင်တချို့က နောက်တစ်နေ့မှာပဲ ပင်လယ်ကို သွားကြည့်မယ်လို့ ပြောဆိုနေတတ်ကြပေမယ့် ဒီတစ်ခါတော့ မတူတော့ပေ။

-- ကြက်မွေးဖို့ ခြံစည်းရိုးလုပ်နေကြတယ်?

နေ့တစ်ဝက်အားလပ်ရက်ယူဖြစ်ထားတဲ့ ကျန်းချန်ပေ့သည် ဘေးအိမ်မှ လုအိမ်ဆီသို့ မတော်တဆရောက်သွားကာ ရဲဘော်ရှောင်လုက မြေပေါ်မှာ ထယ်ထိုးနေသည်ကို တွေ့လိုက်ရ၏။ လုယန်က တကယ့်ကို ချောမောသည်ပင်။

ဟုတ်တာပေါ့၊ ကျန်းချန်ပေ့လို အမျိုးသားတစ်ယောက်ကတော့ ဒီလူငယ်လေး ရုပ်ရည်ကြည့်ကောင်း၏၊ မကောင်း၏ကို ဂရုမစိုက်ဘဲ တစ်ဖက်လူ၏ သန်မာအားကောင်းလှတဲ့ ကြွက်သားတွေဆီမှာသာ အာရုံစိုက်မိလေသည်။

ဤအရာရှိလေးဟာ တကယ့်ကို ငယ်ရွယ်ပြီး အလားအလာရှိသည်ပင်။

ကျန်းချန်ပေ့ လုယန်နှင့် သွားစကားပြောရန် အစပျိုးလုပ်ဆောင်လိုက်သည်။

လုယန်သည် ကျန်းချန်ပေ့ကို မသိသည့်အပြင် ယခင်အဆက်အသွယ်အသိုင်းအဝိုင်းမှာလည်း သူ့နာမည်ကို တစ်ခါမျှ မကြားဖူးပေ။ သူက ကျန်းချန်ပေ့ကို အကြိမ်အနည်းငယ်ကြည့်လိုက်ကာ ထိုလူဟာ အလယ်အလတ်ကိုယ်ထည်ရှိပြီး မျက်နှာဝိုင်းဝိုင်းနှင့် သာမန်အသွင်အပြင်ရှိ၏။ သူက အလွန်ဖော်ရွေစွာ ပြုံးလိုက်ရာ ပေါင်းသင်းဆက်ဆံရန် လူကောင်းတစ်ယောက်ဖြစ်ပုံရလေသည်။

ကျန်းချန်ပေ့က အိမ်နီးနားချင်းဖြစ်သည်ကို သိလိုက်ရသဖြင့် လုယန်လည်း သူနှင့် စကားစမြည်ပြောရန် ဆန္ဒရှိသွားကာ သူတို့အချင်းချင်း ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။

“မနေ့ကမှ မင်းတို့ ပြောင်းလာကြတာဆိုတော့ ဒီနေရာနဲ့ အသားကျရဲ့လား? ငါ့မိန်းမကတော့ ဒီကိုစရောက်တုန်းက နေသားမကျဘူးလေ...”

…

လုယန်က ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေလိုက်၏။ သူက ကျန်းချန်ပေ့ဆီက “ငါ့မိန်းမ”ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ကြားလိုက်ရသည့်နောက်မှ ဒီလူဟာ သူ့စကားလုံးတိုင်းမှာ သူ့မိန်းမအကြောင်း အမြဲပါနေတတ်သဖြင့် ချစ်မြတ်နိုးကြတဲ့ စုံတွဲဖြစ်နိုင်ကြောင်း သိသာနေသည်မို့ သူ့စိတ်ထဲမှာ ဒီလူကို နည်းနည်းမှတ်ထားလိုက်တော့သည်။

အရင်တုန်းက အဖွဲ့ခေါင်းဆောင်ဟောင်းတွေဆီကနေ ခင်ပွန်းသည်အဖြစ် ဇနီးလေးနဲ့ ပေါင်းသင်းနေထိုင်ရတဲ့ အတွေ့အကြုံအကြောင်းကို မသင်ယူနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အိမ်နီးချင်းတွေဆီက သင်ယူနိုင်ပြီပေါ့။

သည့်အပြင် ကျန်းချန်ပေ့က သူ့ကို အရင်က မသိခဲ့၍ သူ့ကိုဆွဲချလိမ့်မည်မဟုတ်ပါချေ။

လုယန် သူနှင့် ခဏမျှ စကားပြောရန် ဆုံးဖြတ်လိုက်သည်။ ဘုရားသခင်က သူ့ကို အိမ်နီးချင်းကောင်းတစ်ယောက် ပေးခဲ့သည်ပင်။

ရဲဘော်ရှောင်လုက သူ့ဇနီးလေးနဲ့ လက်ထပ်ပြီးခါစဖြစ်သည့်အတွက် ထိုလူနဲ့ စကားပြောချင်စိတ်ရှိနေခဲ့သည်။ အကြောင်းမူကား ဇနီးရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောတာဟာ ဇနီးမရှိတဲ့ လူလွတ်တစ်ယောက်နဲ့ စကားပြောတာထက် ပိုကောင်းတာကိုး။

- လျှို့ဝှက်လေ့လာစောင့်ကြည့်ရမယ်!

ကျန်းချန်ပေ့သည် ဤအရာရှိအသစ်နှင့် စကားစမြည်ပြောဆိုလေလေ၊ ဤအရာရှိဟာ အလွန်ကောင်းသည်ဟု ခံစားလာရလေလေပင်။ သူ့ရဲ့ သူငယ်ချင်းဟောင်းတွေဆို သူနှင့် သူ့ဇနီးလေးအကြောင်းကို နားမထောင်ချင်ကြတော့။ သူတို့အကြောင်းမသိသေးသော လူသစ်များနှင့် စကားစမြည်ပြောဆိုခြင်းဟာ ပျော်စရာအကောင်းဆုံးပါပဲ။

ကျန်းချန်ပေ့က ညည်းညူဟန်ဆောင်ကာ “မစ်ရှင်ကနေ ပြန်လာတိုင်း ငါ့မိန်းမက မာပိုတို့ဖူး၊ ပုစွန်အစပ်၊ နှစ်ခါပြန်ချက်ဝက်သားဟင်းတွေကို ချက်ပြုတ်ရင်း အမြဲတမ်း အလုပ်ရှုပ်နေတာလေ... သူမကို ချက်ချင်တာ ချက်ပါ၊ စိတ်ရှုပ်မခံပါနဲ့လို့ ငါအမြဲပြောပေမယ့် သူမက ငြင်းဆိုပြီးတော့ ငါလည်း သူမကို မဖျောင်းဖျနိုင်တော့ဘူး၊ သူမက ဒုက္ခရှာလွန်းနေတာပါပဲကွာ”

“သူမက ချက်ပြုတ်ရတာ နှစ်သက်သလို မိသားစုရဲ့ အစာအိမ်ကို ဂရုစိုက်ပေးသင့်တယ်လို့ အမြဲပြောနေတာကွာ”

“နောက်ပြီးတော့ မီးဖိုချောင်က အမျိုးသမီးတွေရဲ့ ကိစ္စပဲလေ၊ ရှောင်ချင်းရဲ့ ဟင်းချက်စကေးကရော ဘယ်လိုလဲ? ပင်လယ်ထဲမှာ စားစရာတွေအများကြီးရှိပေမယ့် အသားနည်းပြီးတော့ အားတော့ပိုစိုက်ထုတ်ရတာပေါ့၊ မင်းရဲ့ ရှောင်ချင်းက ချက်နည်းမသိရင် ငါ့မိန်းမဆီမှာ လာသင်ဖို့ ငါတို့အိမ်လာလို့ရတယ်နော်”

ကျန်းချန်ပေ့ သူ့နှုတ်ခမ်းတွေကို ဖွဖွလေးဖိရင်း ပြောဆိုလိုက်ပြီး တစ်ဖက်သားရဲ့ မနာလိုတဲ့ မျက်လုံးတွေကို ကြည့်ဖို့ မစောင့်နိုင်တော့ပါချေ။

ဘယ်သူသိမှာတဲ့တုန်း၊ လုယန်က သိချင်စိတ်ဖြင့် ဒီလိုမေးလာလိမ့်မယ်လို့ပေါ့။

“မင်းမိန်းမက ဖက်ထုပ်လုပ်တတ်လား?”

ကျန်းချန်ပေ့: “???!!!”

မင်းဘာမှားနေတာလဲကွ?!

ဟွမ်ရင်းရင်း ဖက်ထုပ်လုပ်နည်းကို တကယ်မသိပေ။ ကျန်းချန်ပေ့က ဖက်ထုပ်ကို အရမ်းကြီးမကြိုက်သည့်အတွက် စစ်တပ်ထဲမှာပဲ ဖက်ထုပ်စားတတ်သည်။

ဟွမ်ရင်းရင်းသည်လည်း ဖက်ထုပ်လုပ်ရတာကို စိတ်မဝင်စားသလို မုန့်ညက်နယ်ရ၊ လှိမ့်ရတာက တစ်ယောက်တည်းလုပ်ရန် ခက်ခဲလွန်းလှ၏။

ကျန်းချန်ပေ့လည်း သူလိုချင်တဲ့ တုံ့ပြန်မှုကို မရလိုက်ဘဲ လုမိသားစုခြံထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားတော့သည်။

လုယန် အိမ်ပြန်ရောက်တော့ ချင်းရို့က ရှေ့ဖုံးခါးစည်းဝတ်ထားကာ မီးဖိုချောင်ထဲ၌ ကြီးကြီးမားမားတစ်ခုခုလုပ်တော့မည်ကို တွေ့လိုက်ရလေသည်။ သူမက ဒီညအတွက် ညစာချက်မည်ဖြစ်ကြောင်းဆိုကာ လုယန်ကို တွန်းထုတ်လိုက်တော့သည်။

“လုယန်ရေ ကျွန်မ ဒီနေ့ညစာချက်ပေးမှာ”

ထိုစကားကိုကြားပြီးနောက် အရာရှိကြီးဟာ ဒုတိယထပ်သို့ တက်၍ ပြတင်းပေါက်မှာ ရပ်ကာ အဝေးက အုန်းပင်တွေကို လှမ်းကြည့်နေရင်း ပင်လယ်လေညင်းလေးက သူ့မျက်နှာကို တိုက်ခတ်လာခဲ့သည်။ ထို့နောက် ဆိပ်ခံမှ ဟွန်းသံကို ကြားလိုက်ရသဖြင့် သူ တိုးတိုးလေး သက်ပြင်းချလိုက်တော့သည်။

လုယန် တွေးနေမိသည်မှာ - သူမက သူ့အတွက် မာပိုတို့ဖူး၊ ပုစွန်အစပ်၊ ကမာအစပ်တွေ ချက်ကျွေးလာခဲ့ရင် သူဘာလုပ်သင့်သလဲ?

All Chapters