← Chapters

လှုပ်ရှားစရာ မလိုဘူး

Vol. 17 Ch. 242

လှုပ်ရှားစရာ မလိုဘူး

Vol. 17 Ch. 242

ဟီကျီ ခဏစဉ်းစား၍ မျက်မှောင်ကြုတ်နေ၏။ 

လင်းချွမ်မှ ဆက်ကာ

“အဖွဲ့မှူးဟီ ကျွန်တော် နောက်တစ်ခုလောက် မေးချင်ပါတယ်”

“မေးပါဗျ”

“အုတ်ဂူရဲ့ နောက်ထပ်အခန်းထဲမှာ ရှေးဟောင်း ကြေးအခေါင်းကြီးများ တွေ့ခဲ့သေးလား”

ဟီကျီ ပြန်စဉ်းစားပြီးနောက်

“ဟုတ်တယ်။ ယဉ်ကျေးမှုအဖွဲ့က တွေ့ခဲ့တယ် ပြောတယ်။ ခင်ဗျားဝတ္ထုထဲက နည်းလမ်းအတိုင်း ဖွင့်ခဲ့တာတဲ့”

လင်းချွမ် လက်ဖက်ရည်တစ်ကျိုက်မော့ကာ ပြုံးလျက်

“အဖွဲ့မှူးဟီ စဉ်းစားကြည့်နော်။ အဖွဲ့မှူးသာ သိုက်တူးသမားဆိုရင် အုတ်ဂူထဲ ရောက်နေပြီးမှတော့ တန်ဖိုးအကြီးဆုံးကိုပဲ ရှာမှာမလား”

“အင်းပေါ့”

ဟီကျီ တုံ့ဆိုင်းမှုမရှိ ပြန်ဖြေသည်။ 

“အဲ့တာပဲ။ ဒီပစ္စည်းက အဲ့လောက် ဖွက်ထားတာလည်း မဟုတ်ဘူး။ ဘာလို့ မရှာခဲ့တယ်ထင်လဲ”

ထိုအခါမှ ဟီကျီ မျက်လုံးအရောင်လက်ကာ ပြုံးသွားသည်။ 

“သိပြီ။ နားလည်ပြီ”

“ဘယ်လိုနားလည်တာလဲ အဖွဲ့မှူးဟီ”

ရှန်ချန်းချန်းတစ်ယောက် အနည်းငယ် နောက်ကျနေ၏။ 

ဟီကျီ ထူးဆန်းစွာပြုံးလျက်

“သူတို့ ကြေးအခေါင်းကို ဆက်မရှာဘူးဆိုတာ သူတို့ အတွက် တန်ဖိုးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ မိစ္ဆာအဆောင်ကို ရှာတွေ့သွားပြီးလို့ပေါ့”

ရှန်ချန်းချန်း ပါးစပ်အဟောင်းသားဖြင့် လင်းချွမ်အား လှမ်းကြည့်မိသည်။ 

လင်းချွမ် ခေါင်းငြိမ့်ပြကာ

“ပျောက်နေတဲ့ ခရမ်းရွှေသေတ္တာထဲမှာ အဲ့ဒီ မိစ္ဆာအဆောင် ရှိနေလိမ့်မယ်”

“ဟုတ်တယ်”

ဟီကျီ မျက်လုံးအရောင် ပိုတောက်လာပြီး ရေရွတ်လိုက်မိသည်။ 

“အဲ့ဒီမိစ္ဆာအဆောင်ကို ရှာတွေ့ရင် တရားခံရဲ့ လမ်းကြောင်းကို စုံစမ်းနိုင်ပြီ”

“အမှန်ပဲ”

လင်းချွမ်လည်း ခေါင်းငြိမ့်ထောက်ခံလေ၏။ 

ဟီကျီ စိတ်လှုပ်ရှားစွာဖြင့်

“လင်းချွမ်နဲ့ ရဲမေရှန် တကယ့်ကို ကျေးဇူးတင်ပါတယ်ဗျာ”

“ကျွန်မကို ကျေးဇူးမတင်ပါနဲ့”

ရှန်ချန်းချန်း လက်ယမ်း၍ပြုံးကာ

“ဘာမှ ထူးထူးခြားခြား မကူရသေးပါဘူး။ အားလုံး လင်းချွမ်ကြောင့်ပါပဲ။ လင်းချွမ်ကို ကျေးဇူးတင်ရင်တော့ သိုက်တူးမှတ်တမ်းများ စာအုပ်ကို subscribe လုပ်ပေးမလား”

“ဘယ်လို”

ဟီကျီ မျက်ခုံးပင့်၍

“လင်းချွမ်ရယ် ဒီအမှုကို ကိုင်နေတဲ့ လင်းရိစခန်းကအားလုံးတောင် subscribe လုပ်ပြီးကြပြီ” 

“အဖွဲ့မှူးဟီ ကြိုးစားထားတာပဲ”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

“ဒါပေမဲ့ ကျွန်တော်တို့ အဲ့တုန်းက ဝင်ဖတ်တာက ခင်ဗျားကိုဖမ်းဖို့ သက်သေစုကြတာ”

အဖွဲ့မှူးဟီလည်း ရယ်မော၍ အားနာစွာ ပြောလိုက်သည်။ 

“အဟမ်း ဒါကတော့ စိတ်ထင်တာကိုး။ ရပါတယ်။ subscribe လုပ်ပေးတာကိုပဲ မေတ္တာအစစ်လို့ သဘောထားပါတယ်”

ဧည့်ခန်းထဲရှိ (၃) ယောက်လုံး သဘောကျစွာ ရယ်မောလိုက်မိသည်။ 

ထို့နောက် ဟီကျီမှ လင်းရိရဲစခန်းသို့ ချက်ချင်း ဆက်သွယ်လိုက်သည်။ 

“ဆရာ ဒီမှာ သတင်းအသစ်တွေ ရှိနေပါတယ်”

တစ်ဖက်မှ စခန်းမှူးက ဝမ်းသာအားရဖြင့်

“လင်းချွမ် ဝန်ခံလိုက်ပြီလား”

ဖုန်းမှာ စပီကာ မဖွင့်ထားသော်လည်း အသံအတော်လေး ကျယ်နေ၍ တစ်ခန်းလုံး ကြားရလေသည်။ 

ရှန်ချန်းချန်း ခပ်တိုးတိုး ရယ်နေပြီး လင်းချွမ်လည်း မျက်နှာပျက်သွား၏။ 

ဘာလို့ ငါ့ကိုပဲ ဖမ်းချင်နေရတာလဲ။ 

“အဟမ်း”

လင်းချွမ်ကို တစ်ချက် လှမ်းကြည့်ပြီးမှ ဟီကျီက

“ဆရာ လင်းချွမ်ကို ဒီအမှုရဲ့ သံသယရှိသူကနေ ဖယ်လိုက်ပါပြီ။ သူ တရားခံ မဟုတ်ပါဘူး”

“လင်းချွမ် မဟုတ်ဘူးလား”

စခန်းမှူး အံ့ဩသွား၏။ 

“မှန်ပါတယ်။ သူ မဟုတ်ဘူး”

“ဒါဆို ပြောပါဦး။ တခြားသက်သေတွေ တွေ့ထားတာလား”

“အခုပဲ လင်းချွမ်ကို အမှုမှာ ကူညီပေးဖို့ ပြောလို့ သူ အရေးကြီးတဲ့ သက်သေ ရှာပေးခဲ့ပါတယ်”

“လင်းချွမ်က… ဘာသက်သေလဲ”

စခန်းမှူး စွံ့အနေ၏။  

“လင်းချွမ်ရဲ့ သုံးသပ်ချက်အရ ခရမ်းရွှေသေတ္တာထဲမှာ မိစ္ဆာအဆောင်ရှိနေမယ်လို့ ယူဆရပါတယ်”

ဟီကျီ လင်းချွမ်စကားအတိုင်း ပြောလိုက်သည်။ 

“မိစ္ဆာအဆောင်လား”

“ဟုတ်ပါတယ်။ အဲ့လမ်းကြောင်းကို လိုက်နိုင်ရင် တရားခံလည်း တွေ့ပါပြီ”

“အကြံကောင်းပဲ။ အဲ့မှတ်တမ်းရှာဖို့ ချက်ချင်း လူလွှတ်လိုက်မယ်”

သိုက်တူးသူ လူသတ်သမားမှာ ချမ်းသာချင်၍ ရတနာခိုးခဲ့သောကြောင့် သူ့လက်ထဲတွင် ပစ္စည်း ဆက်ထားမည် မဟုတ်ပါ။ 

သေချာပေါက် ရောင်းစားလိမ့်မည်။ 

ထိုအခါ လမ်းကြောင်း လိုက်နိုင်၏။ 

ထို့အပြင် ဝါရင်းခေတ် ကျောက်စိမ်းပြားအဆောင်မှာ ရှားပါး၍ ဈေးကွက်ထဲပေါ်သည်နှင့် နာမည်ကြီးပါသည်။ 

လင်းရိရဲဝန်ထမ်းများ ချက်ချင်း စုံစမ်းရေး စတင်လေသည်။ 

သို့သော် မထင်မှတ်ထားသောကိစ္စတစ်ခု ဖြစ်လာ၏။ 

ဈေးကွက်ထဲ၌ ထိုပစ္စည်း ရောင်းဝယ်ခြင်းမှတ်တမ်း မတွေ့ရပေ။ 

“ခြေယောင်ဖျောက်ထားတာပဲ”

ဧည့်ခန်းထဲ၌ ညနေခင်းလေပြည်များ အေးစိမ့်စိမ့် ဝင်ရောက်လာပြီး အဖွဲ့မှူးဟီ ကြက်သီးထသွား၏။ 

လင်းချွမ်ကတော့ လက်ဖက်ရည်သောက်လျက် အံ့ဩပုံ မရှိပေ။ 

“ဒါက သိုက်တူးသမားအနေနဲ့ မလှုပ်ရှားရသေးဘူးဆိုတဲ့ သဘောပဲ”

“သူ မလှုပ်ရှားရင် ဖမ်းလို့မရဘူးပေါ့”

ဟီကျီ သက်ပြင်းချ၍ ပြော၏။ 

“သူ့လုပ်ရပ်က ပိုတောင် သက်သာသွားပါသေးတယ်”

ဟီကျီ မျက်မှောင်ကြုတ်၍ (၂၄) နှစ်သားလူငယ်၏ စကားကို နားမလည်နိုင်သလို ဖြစ်နေသည်။ 

လင်းချွမ် ပြုံးပြကာ 

“အဖွဲ့မှူးဟီသာ သိုက်တူးသမားဆိုရင် ဒီလောက် သိန်းရာချီတဲ့ ရတနာကို မရောင်းဘဲ သိမ်းထားမလား”

ဟီကျီ ခေါင်းယမ်းပြ၏။ 

“ဒါဆို ကျွန်တော့်အထင်တော့ သူ ဈေးကောင်းပေးတာကို စောင့်နေတာပဲ”

သိုက်တူးသမားများတွင် တန်ဖိုးကြီးပစ္စည်း ရောင်းနေကျ သူ့အဆက်အသွယ်နှင့်သူ ရှိပါသည်။ 

ဆိုင်ငယ်လေးများမှာ သူတို့ခေါ်ဈေး မပေးနိုင်သောကြောင့် လက်ကြီးသူကို ရှာရ၏။ 

“ဈေးကောင်းလား”

ဟီကျီ ရေရွတ်မိ၏။ 

“လင်းချွမ်… သူ့ကို ရောင်းချင်လာအောင် လုပ်စေချင်တာလား”

“သူ ဒါမှမဟုတ် သူ့အနီးအနားကလူ ပေါ်လာအောင် လုပ်နိုင်ရင် ရပါပြီ”

လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။ 

“ကျွန်တော်တော့ ရှေးဟောင်းပစ္စည်း အရောင်းအဝယ်တွေ နားမလည်ဘူးဗျာ။ ဘယ်လို ဆက်လုပ်ရမလဲသာ ပြောပါ”

ဟီကျီ သူ့ကို အားကိုးလာ၏။ 

လင်းချွမ် လက်ဖက်ရည်တစ်ငုံသောက်၍ ပြုံးကာ

“အဖွဲ့မှူးဟီ ဘာမှလုပ်စရာ မလိုပါဘူး။ ဒီမှာပဲ ကျွန်တော့်ကို စောင့်နေ”

“ဟင်”

ဟီကျီ မျက်လုံးပြူးသွား၏။ 

ထို့နောက် ရှန်ချန်းချန်းဘက် လှည့်၍

“ရဲမေရှန် ကွန်ပျူတာလေး ခဏငှါးပေးလို့ ရမလား”

ရှန်ချန်းချန်း ရုတ်တရက် မှင်တက်နေပြီးမှ သဘောပေါက်ကာ မတ်တပ်ထရပ်လိုက်၏။ 

“ရပါတယ်”

ဟီကျီကတော့ သူတို့အပြုအမူများကို နားမလည်နိုင်ဘဲ ငေးကြည့်နေသည်။ 

ပြတင်းပေါက်အပြင်၌ လရောင်မှာ လင်းထိန်၏ လေပြည်ကြောင့် ယိမ်းနွဲ့နေသော သစ်ပင်အရိပ်များ ထင်ရှားစွာ တွေ့ရသည်။ 

ဟူး…

ဟီကျီ သက်ပြင်းချမိသည်။ 

ဒီကိစ္စက ရှုပ်ထွေးတာပဲ။ 

သို့သော် လင်းချွမ်တို့၏ အကူအညီဖြင့် နောက်ဆုံး ဖြေရှင်းနိုင်လေပြီ။ 

တစ်နာရီခန့်အကြာ၌ ရှန်ချန်းချန်း ပြုံး၍ ရောက်လာပြီး

“အဖွဲ့မှူးဟီ စောင့်ရတာ ကြာသွားလား။ အားနာပါတယ်နော်”

“မဟုတ်တာဗျာ”

ရှန်ချန်းချန်း စာရွက်တစ်ရွက် လှမ်းပေးကာ

“ဒါက အဖွဲ့မှူးဟီ လိုအပ်တဲ့ သက်သေပါ။ ဖမ်းရုံပဲ”

ဟီကျီ စာရွက်ကို အံ့ဩစွာကြည့်၍

“ဒီသက်သေက… လင်းချွမ် ဘာလုပ်လိုက်တာလဲ”

All Chapters