← Chapters

အလုပ်အသစ်

Vol. 17 Ch. 244

အလုပ်အသစ်

Vol. 17 Ch. 244

အမှန်တော့ လင်းချွမ် ကျားဖြန့်အကြောင်း စစုံစမ်းစဉ်တည်းက ပိုင်ရှန်ကုမ္ပဏီအကြောင်း

သတိထားမိပါသည်။ 

ပိုင်ရှန်ကုမ္ပဏီမှာ နယ်စပ်မှ ခရီးသွားဝန်ဆောင်မှု၊ ဟိုတယ်ဝန်ဆောင်မှု၊ အငှါးဝန်ဆောင်မှု၊ ရွှေနှင့် ကျောက်မျက်ရတနာစသဖြင့် လုပ်ငန်းများ လုပ်ဆောင်နေပြီး နောက်ကွယ်တွင်တော့ ကာစီနိုများ၊ အွန်လိုင်းဂိမ်းများ၊ စက်ရုံများကို ထိန်းချုပ်ကာ ကျားဖြန့်အထိ ပြုလုပ်နေခြင်း ဖြစ်သည်။ 

သူတို့ အမှောင်လုပ်ငန်းများမှာ ဤမျှနှင့် မပြီးပေ။ 

လိင်ဖျော်ဖြေရေး၊ လောင်းကစားနှင့် မူးယစ်ဆေးကိစ္စများအထိ ပါဝင်၏။ 

ပိုင်ရှန်ကုမ္ပဏီသည် အရှေ့တောင်အာရှ၏ အင်အားကြီး လုပ်ငန်းစုတစ်ခုဖြစ်ပြီး ဒေသခံ လက်နက်ကိုင်များနှင့်လည်း အကျိုးတူ ပူးပေါင်းထားလေသည်။ 

သို့သော် လင်းချွမ်မှာ စက်ရုံတစ်ခုလုံးကိုပင် ဖျက်ဆီးပြီး၍ အဘယ်ကြောင့် ကြောက်နေရဦးမည်နည်း။ 

ဆက်သွားရုံပင်။ 

“သူတို့နဲ့ ပတ်သက်မယ်ဆိုရင် ဂရုစိုက်နော်”

ရှန်ချန်းချန်းမှ သတိပေး၏။ 

“ရှင့်ကို (၂၄) နာရီ ကာကွယ်ရေးလိုတယ်ထင်ရင်လည်း အချိန်မရွေး လှမ်းပြောလိုက်။ ကျွန်မ တရားဝင် စီစဉ်ပေးမယ်”

“အမြဲတမ်း ကာကွယ်ပေးဖို့ပဲ တောင်းဆိုနေလို့တော့ မဖြစ်ဘူးမလား”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

“ဒါပေမဲ့ သူတို့ စလှုပ်ရှားရင် ရှင့်ကိုကယ်ဖို့ အချိန်မမီမှာ စိုးရတယ်”

ရှန်ချန်းချန်း စိုးရိမ်တကြီး ပြောမိသည်။ 

လင်းချွမ်ကတော့ ရှန်ချန်းချန်း စိတ်အေးစေရန် စနောက်လိုက်၏။ 

“ကျွန်တော့်ဆီ တင့်ကားကြီးတွေနဲ့ ရောက်လာမှာမျိုးတော့ မဟုတ်ဘူးမလား”

ရှန်ချန်းချန်း သူ့စကားကြောင့် ရယ်မောကာ

“အဲ့လိုတော့ မဟုတ်ပေမဲ့ ကြိုကာကွယ်ထားမှ လုံခြုံမှာပေါ့”

“ဒါဆို ကျွန်တော်တောင် စိုးရိမ်နေစရာ မလိုတော့ဘူးပဲ”

“လိုရမယ်ရ ပြောတာပါ”

“ကျွန်တော်ကိုယ်တိုင်ဆိုရင်လည်း ခုခံကာကွယ်တာမလား”

“ဟုတ်ပါပြီ”

နှစ်ယောက်သား ရယ်မောလိုက်မိသည်။ 

လင်းချွမ် ပြုံး၍

“ကျွန်တော် အခုတော့ ပြန်ရတော့မယ်။ ကျေးဇူးပါနော် ရဲမေရှန်”

“ကျွန်မကို ဘာကျေးဇူးတင်စရာ ရှိလို့လဲ”

“ဪ လုဘုရင်နန်းတော်က လူသတ်မှုလေ။ ရဲမေရှန်သာ ဝင်မပြောပေးရင် ကျွန်တော် အဖွဲ့မှူးဟီကို တော်တော် ပြောယူရမှာ”

“အဲ့လောက်လည်း မဟုတ်ပါဘူး။ ရှင်ကတောင် သက်သေတွေ ရှာပေးခဲ့တာပဲ”

“မရှာလို့မှ မရတာ။ အချက်အလက်တွေအားလုံး ကျွန်တော့်ကို ညွှန်ပြပြီး ဖမ်းချင်နေကြတာ”

မတော်၍ ပြည်သူလူထုအထိပါ ပျံ့လျှင် ပို၍ အန္တရာယ်ရှိပါသည်။ 

“ဪ ဒါနဲ့ ရှီရှီ ဟိုတစ်လောတည်းက ရှင့်ဝတ္ထုကို ဖတ်ပြီး စိုးရိမ်နေတာ။ သူက မမေးရဲလို့”

“ဒါက ဘာမှအရေးကြီးကိစ္စ မဟုတ်ပါဘူး။ ရဲမေရှန်ပဲ ရှင်းပြလိုက်ပါ”

လင်းချွမ် ရယ်မော၍ ပြော၏။ 

“ရှင်ကိုယ်တိုင်သာ ပြောလိုက်ပါ။ သူ ဒီရက်ပိုင်းထဲ အန်လင်းကို ပြန်လာလိမ့်မယ်”

ယခုအခါ ချင်ရှီရှီနှင့် လင်းချွမ်တို့ကြားမှ အထင်လွဲစရာများလည်း ပျောက်ကွယ်သွားပြီး စိတ်ထဲ ပေါ့သွားကြ၏။ 

လင်းချွမ်မှ

“ချင်ရှီရှီက အမျိုးသားရေးအဖွဲ့ထဲ ပြောင်းလိုက်တာ မဟုတ်ဘူးလား။ ချက်ချင်း အန်လင်းကို ပြန်လာပြီလား”

“သူက ပြန်လာလို့ မရဘူးလား”

ရှန်ချန်းချန်းပြုံး၍

“အမှန်တော့ ရှီရှီတို့အဖွဲ့မှာ ကျွမ်းကျင်ပညာရှင်တွေ ထပ်လိုနေတာ။ အဲ့တော့ လူရှာဦးမယ် ထင်တယ်”

“နားလည်ပါပြီ။ အဲ့တာဆို ညစာဖိတ်ကျွေးတဲ့အခါကျရင် ကျွန်တော် သေချာဖြတ်ချလိုက်ပါမယ်”

လင်းချွမ် ရယ်မော၍ ဆို၏။ 

“သူ ညစာဖိတ်ကျွေးမယ်ဆိုတာ ဘယ်လိုသိလဲ”

“ကျွန်တော့်ဝတ္ထုကိုဖတ်ပြီး ရှေးဟောင်းအုတ်ဂူ ရှာတွေ့ခဲ့တာလေ။ ညစာလေးတော့ လိုက်ကျွေးသင့်တယ် မဟုတ်ဘူးလား”

“ဒါဆိုလည်း ကျွန်မပဲ ရှင်းပြလိုက်ပါမယ်”

လင်းချွမ် ခဏစဉ်းစားပြီးနောက်

“ရှီရှီခေါ်ရင် ရဲမေရှန်ကိုပါ လှမ်းပြောလိုက်မယ်လေ”

“ရှင်ကတော့ နည်းလမ်းအစုံ တတ်နေတာပဲ”

လင်းချွမ် ရယ်မောလိုက်မိသည်။ 

ထို့နောက် နှုတ်ဆက်၍ လင်းကျန်အိမ်ရာသို့ ပြန်လာခဲ့၏။ 

သို့သော် အခြားသူများအတွက်တော့ ထိုညမှာ အေးချမ်းမှု မရှိလှပေ။ 

ဟီကျီ၏ တင်ပြမှုအရ လင်းရိရဲများ တစ်ညလုံး တရားခံကို လိုက်ရှာရင်း မိစ္ဆာအဆောင်ပိုင်ရှင်ကို ရှာတွေ့ခဲ့လေသည်။ 

သက်သေများမှာ အလွန်ပြည့်စုံခိုင်လုံသောကြောင့် တရားခံမှာ မငြင်းနိုင်ဘဲ ဝန်ခံရတော့၏။ 

ရဲစခန်းမှ ထိုသတင်းကိုကြားသောအခါ သမိုင်းဝင် ယဉ်ကျေးမှု အဖွဲ့ (၉) လည်း အလွန်အံ့ဩသွားကြလေသည်။ 

အထူးသဖြင့် ဆရာယောနှင့် ချင်ရှီရှီတို့ ဖြစ်၏။ 

သူတို့ လင်းချွမ်ကို တရားခံဟု သတ်မှတ်မိတော့မလိုပင် ဖြစ်ခဲ့၏။ 

သို့သော် အဖွဲ့မှူးဟီကျီကိုယ်တိုင် အန်လင်း လိုက်သွားပြီးနောက် လင်းချွမ်၏ နာမည်ဆိုးကို ဖျက်ပေးနိုင်ရုံသာမက သူ့အကူအညီပြန်ယူ၍ အမှုကိုပါ ဖြေရှင်းနိုင်ခဲ့သည်။ 

အခြေအနေမှာ အလွန်အံ့ဩစရာပင်။ 

ဆရာယောနှင့် ချင်ရှီရှီတို့လည်း ထိုအခါမှ စိတ်ထဲတွင် ပေါ့သွားတော့၏။ 

…

နောက်တစ်နေ့၊ လင်းရိ။ 

တီ တီ တီ…

ဆရာယော သူ့ယာယီရုံးခန်းထဲ ဝင်လာစဉ် ဖုန်းမြည်လာ၏။ 

အဖွဲ့ (၈) မှ ကျုံရွှမ်ဖုန်ဖြစ်သည်။ 

“ရွှမ်ဖုန် စောစောစီးစီးပါလား”

ဆရာယောမှ နှုတ်ဆက်လိုက်၏။ 

“ဆရာယော ဘယ်အချိန် ပြန်လာမှာလဲ။ ကျွန်တော်တို့ ဒီမှာ လူအင်အားလည်း မလောက်ဘူး။ ဆရာတို့ လုဘုရင်နန်းတော်လောက်လည်း နာမည်မကြီးတာတွေချည်းပဲ”

ကျုံရွှမ်ဖုန်အသံမှာ ခပ်လောလောဖြစ်သည်။ 

ထိုကျုံရွှမ်ဖုန်မှာ ကျုံချန်မင်း၏ သားဖြစ်လေ၏။ 

အသက်ငယ်သော်လည်း အဖွဲ့ (၈) ၏ အားကိုးရသော အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး လက်ရှိ၌ အဖွဲ့ (၈) ၏ ဒုခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသည်။ သူ့တွင် ကိုယ်ပိုင်ထူးချွန်သော နည်းပညာနှင့် နားလည်မှုများလည်း ရှိနေ၏။ 

ဆရာယော သူ့ကို အများကြီးမျှော်လင့်ထားပါသည်။ 

ဤသို့ဖြင့် နှစ်ဦးသား ဆက်သွယ်လေ့ ရှိကြ၏။ 

“မင်းလည်း အလျင်လိုနေတာ သိပေမဲ့ အဲ့လို မလောနဲ့လေ။ လုဘုရင်နန်းတော်ကိစ္စကို အခုမှ ဖြေရှင်းပြီးခါစ ရှိသေးတယ်။ ထပ်ပြီး အလုပ်ခေါ်နေပြန်ပြီ။ အဲ့တာ ဖြစ်သင့်လို့လား”

ဆရာယော စနောက်၍ ပြောလိုက်၏။ 

“ဘာမသင့်တော်စရာ ရှိလဲ။ ဆရာယော ဒီအုတ်ဂူကိုသာ လိုက်ကြည့်လိုက်။ လုံးဝ ပါးစပ်အဟောင်းသား ဖြစ်သွားစေရမယ်”

ကျုံရွှမ်ဖုန် ရယ်မော၍ ပြန်ပြောလေသည်။ 

“မင်းတို့တွေ ထူးခြားတာလေးတွေ တွေ့ထားပြီ ထင်တယ်”

“တကယ် ထူးခြားတာပေါ့”

“မင်းတို့ ပြဿနာကြီး ရှိနေတယ်မလား။ မဟုတ်ရင် အဖွဲ့ (၈) အကျင့်နဲ့ ငါတို့ကို အခွင့်အရေး လွှဲပေးမှာ မဟုတ်ပါဘူး”

ဆရာယော ပြန်စလိုက်၏။ 

ကျုံရွှမ်ဖုန်မှ

“ဆရာယော မှန်းထားတဲ့အတိုင်းပဲ။ ပြဿနာလေး ရှိနေလို့။ ဒါပေမဲ့ ပိုအရေးကြီးတာက အုတ်ဂူက ကြီးနေတာ။ အဖွဲ့ (၉) စိတ်မဝင်စားလည်း နေပေါ့။ အခြားအဖွဲ့ကိုပဲ ပြောလိုက်တော့မယ်”

“ရွှမ်ဖုန် မင်းကတော့ တကယ် ပြောတတ်ဆိုတတ်ပဲ”

“ဘယ်အချိန် လာမှာလဲလို့”

ကျုံရွှမ်ဖုန် ထပ်မေးလိုက်သည်။ 

“နောက်ရက်ပိုင်းလောက်ပေါ့”

“ကောင်းပါပြီ။ အန်လင်းမှာ စောင့်နေမယ်နော်”

“အန်လင်း…”

ထိုနာမည်ကို ရေရွတ်မိပြီးနောက်

“အန်လင်းက နေရာကောင်းပါ။ လူတော်တွေ စုနေတာ”

“ဆရာက အန်လင်းကို ရောက်ဖူးလို့လား”

ကျုံရွှမ်ဖုန် ပြန်မေးလိုက်သည်။ 

“မရောက်ဖူးပေမဲ့ အန်လင်းကလူတွေနဲ့ တွေ့ဖူးတယ်လေ”

သူ လင်းချွမ်ကို တွေးမိသွား၏။ 

“မိတ်ဆွေလား”

“အင်း… သမိုင်းဝင်ယဉ်ကျေးမှု ပညာရှင်တော့ မဟုတ်ပါဘူး။ အွန်လိုင်း စာရေးဆရာလေ”

ဆရာယော ပြုံး၍ ပြန်ပြောလိုက်သည်။ 

All Chapters