← Chapters

Chapter 45

Vol. 4 Ch. 45

Chapter 45

Vol. 4 Ch. 45

ညဘက်၌ လုယန်က ကလေးနှစ်ယောက်ကို အခန်းထဲမှာ ချော့သိပ်လိုက်ပြီး ချင်းရို့က ညအိပ်ဝတ်စုံလဲထားကာ စောင်ပါးလေးခြုံထားလျက်။

မနေ့က စိတ်မအေးသလို ဖြစ်နေခဲ့ပေမယ့် ဒီနေ့တော့ စိုးရိမ်မနေတော့ပေ။ မဟုတ်ပါဘူး၊ သူမ စိတ်လှုပ်ရှားနေတာပဲ။

လုယန် တံခါးဖွင့်ပြီး ဝင်လာတဲ့အသံမှာ ဗုံးမပေါက်ကွဲခင်မှာ တရှဲရှဲမြည်နေတဲ့ ဂတ်စ်ငွေ့အလား။ ချင်းရို့ စောင်ကိုဆွဲကာ မျက်နှာကို ဖုံးထားလိုက်ချင်တော့သည်။

သူတို့က လင်မယားဖြစ်နေပြီဆိုတော့ ဒီလိုနေ့မျိုးက တစ်နေ့တော့ရောက်လာမှာပါပဲလေ။

“…ဇနီးလေး?”

ချင်းရို့ မျက်လုံးမဖွင့်ရသေးခင်မှာပဲ သူမအဖိလိုက်ခံရ၏။ သူမမျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ချောမောလွန်းတဲ့ မျက်နှာလေးကို တွေ့လိုက်ရသလို သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေခဲ့သည်။ သူ့ရဲ့နှာတံမြင့်မြင့်လေးကို သူမ အနီးကပ်တွေ့လိုက်ရတော့ နှာခေါင်းထိပ်လေးမှာ မှဲ့သေးသေးလေးကို မြင်နိုင်ကာ ဖော်မပြနိုင်လောက်အောင် ဆက်ဆီကျနေလျက်။

အခုလေးတင် သူ သွားတိုက်လာသည်ဖြစ်၍ သူ့နှုတ်ခမ်းတွေက စိုစွတ်နေသလို ပူရှိန်းနံ့လေးရနေ၏။ သူ့လက်မောင်းတွေထဲမှာ ချင်းရို့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်မှာ တောင်တန်းတစ်ခု လွှမ်းခြုံခံလိုက်ရသည့် မဟာပညာရှိကြီးပမာ ခံစားလိုက်ရလျက်။

မဟုတ်ဘူး၊ သူမက ယုန်ဝိဥာဥ်ပဲဟ။ ကြွက်လည်း အိုကေတယ်။

ချင်းရို့မှာ နေရာမှာတင် အပေါက်ဖောက်ကာ ထွက်ပြေးချင်သွားခဲ့သည်။

လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။ ချင်းရို့က သူ့မျက်နှာကို မကြည့်မိအောင်လို့ တစ်ဖက်သို့လှည့်ထားကာ အကောင်းဆုံးကြိုးစားခဲ့ပါသည်။ သူမခန္ဓာကိုယ်မှာ ဝိုင်းရံခြင်းမှ လွတ်မြောက်သွားတဲ့ ခူကောင်လိုမျိုး အပေါ်သို့ ကွေးသွားလေ၏။

လုယန် သူမခါးကို ဆွဲကိုင်ကာ သနားစရာမြေခွေးဝိဥာဥ်လေးကို ဖက်ထားလိုက်ပြန်သည်။ နေ့ဘက်တွင် စွဲမက်ဖွယ်မြေခွေးဝိဥာဥ်လေးရဲ့ မျက်လုံးတွေက အခုချိန်မှာတော့ အလွန်ရှက်ကြောက်နေပြီး သူ့ကို မကြည့်ရဲတော့ပေ။ သူမက မျက်လွှာချထားကာ မျက်တောင်လေးတွေက သနားစဖွယ် တုန်ရီနေလျက်။

သူ့လုပ်ရပ်က ကြွက်ကိုဖမ်းတဲ့ ကြောင်တစ်ကောင်လိုပင်၊ ကြွက်ရဲ့နောက်ကျောပေါ်ကို ခြေဖဝါးနဲ့ ဖိထားကာ ကြွက်က ခြေဖဝါးအောက်မှ အမှတ်မထင် လွတ်မြောက်သွားနိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ဟန်ဆောင်ထားလိုက်ပြီး ကြွက်ထွက်ပြေးမည့်အချိန်၌ နောက်တစ်ဖက်က ထပ်ဖိလိုက်ကာ ပြန်ဆွဲထားမည်ပင်။

လုယန်သည် မူလက သူ အလွန်စိတ်မရှည်ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့မိသည်။ စစ်တပ်စခန်းမှ ထွက်လာကြသည့် လူတိုင်းမှာ ယောက်ျားနှင့်မိန်းမကြား အရှုပ်အထွေးတွေကို သိကြသည်ပင်။ သူက စိတ်မြန်သလို စိတ်မရှည်တတ်ပေမယ့် သူမနဲ့ ရင်ဆိုင်ရသည့်အခိုက်ဝယ် အလွန့်အလွန် စိတ်ရှည်တတ်တဲ့ မုဆိုးတစ်ယောက်အလား။

“မကြောက်ပါနဲ့ ဇနီးလေး၊ မနာစေရဘူးနော်”

-- လူလိမ်!

***

တိုင်ဖွန်းမုန်တိုင်းဟာ ဘယ်လိုမျိုးလဲ သိကြပါသလား?

ချင်းရို့မှာ တိုင်ဖွန်းမုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရတယ်လို့ ခံစားနေခဲ့ရသည်။ ကွမ်ချန်မှ လှေဖြင့် တည်ငြိမ်တဲ့လှိုင်းလုံးမဟုတ်ဘဲ ရေလှိုင်းကြီးတွေကြားကို ဖြတ်လာရသည့်အလား။ တိုင်ဖွန်းလှိုင်းလုံးကြီးများဟာ အရာအားလုံးကို နစ်မြှုပ်သွားပုံပေါ်နေလေ၏။

အရာအားလုံး ရေစီးနှင့် မျောပါသွားသည့်နှယ်။

(Me: ပြိုင်ကားကြီး ဖြတ်လို့သွားပါပြီဟေ့ ဟားဟား 😆)

နောက်တစ်နေ့ ချင်းရို့ မျက်လုံးဖွင့်လိုက်သည့်အခါ မျက်လုံးတွေက နီရဲရောင်ရမ်းနေကာ မျက်တောင်ပေါ်တွင် မျက်ရည်စများ ခြောက်ကပ်နေလျက်။ သူမ မျက်လုံးဖွင့်လိုက်ချိန်မှာ မျက်ခွံတွေက အနည်းငယ် စပ်ဖျဥ်းဖျဥ်းဖြစ်နေပြီးမှ မျက်လုံးတွေက ပြန်လည်တောက်ပလာလေ၏။

သူမမျက်လုံးတွေကို လက်ဖမိုးနဲ့ သုတ်နေရင်း ရုတ်ချည်း နောင်တရမိသွားရလျက်။

သူမ ဘာလို့များ သူ့အတွက် ကမာချက်ပေးမိတာပါလိမ့်? သူက နှစ်ရက်ဆက်တိုက်တောင် စားခဲ့သေးတာ! မနေ့ညက အဲ့ဒါကို စားထားတာကြောင့်လား... ဒါမှမဟုတ် အရင်ထဲက ဒီလိုပဲလား... ဆိုတာကိုတော့ သူမလည်း မသိတော့ဘူး....

ရုပ်ရှင်ကြည့်တာထက် ပိုပင်ပန်းသလို အရမ်းငိုခဲ့ရတာ။ သူ့ကို ပထမဆုံးအကြိမ်တွေ့ခဲ့တုန်းကလည်း သူမငိုခဲ့ရပြီး မနေ့ညက အတူတူပင်။

ချင်းရို့ကို ပိုကြောက်မိသွားစေသည်မှာ သူမ ပိုပြီးငိုလေလေ ဒီခွေးကောင်က ပိုပြီးစိတ်လှုပ်ရှားလာလို့ပါပဲ။

“နိုးပြီလား?”

လုယန် မနက်အစောကြီးနိုးလာခဲ့ပြီး ဘယ်မှမသွားဘဲ အပြင်မှာ သူ့ဇနီးလေးကို စောင့်ကြပ်ပေးနေရင်း ရံဖန်ရံခါ ဝင်လာကြည့်တတ်ရာ သူမ အိပ်ပျော်နေသေးတာကို မြင်၍ ကလေးလေးနှစ်ယောက်ကို တိတ်တိတ်နေရန် ထပ်ခါထပ်ခါ သတိပေးထားလိုက်ရသည်။

“မင်းတို့ ဒေါ်လေးကို မနှောင့်ယှက်နဲ့”

ချင်းရို့က မနက်ခင်းတွင် ဖက်ထုပ်စားချင်ကြောင်းပြောထားသဖြင့် လုယန် သူမအတွက် ဖက်ထုပ်ချက်ပြုတ်ရန် ချက်ချင်းသွားလိုက်သည်။

ကျေနပ်အားရနေတဲ့ လုယန်က ယခုအချိန်တွင် အတော်လေး စိတ်ကောင်းဝင်နေပြီး သူအလုပ်လုပ်နေရင်း ပေါ့ပေါ့ပါးပါး လေချွန်နေသေးသည်။ ရှောင်ဖန့်လေးက သူ့အတိုင်း လိုက်လုပ်ချင်ပေမယ့် ကျွိခနဲအသံသာ ထွက်နိုင်လေ၏။

အခန်းတံခါးဝဆီ ရောက်သည့်အခါ လုယန်က ကလေးဆိုးလေးနှစ်ယောက်ကို မောင်းထုတ်လိုက်ကာ သူ တစ်ယောက်တည်း ဖက်ထုပ်တွေနဲ့ အခန်းထဲကို ဝင်လာလိုက်သည်။

သူဝင်လာသည်နှင့် ချင်းရို့ ကုတင်ပေါ်တွင် ထုံထိုင်းစွာ ထိုင်နေဆဲဖြစ်သည်ကို တွေ့လိုက်ရလေ၏။

“နေလို့မကောင်းဘူးလား?”

လုယန် ဖက်ထုပ်တွေကို ကုတင်ဘေးစားပွဲပေါ်တင်ကာ ချင်းရို့လက်ကို လှမ်းကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်လေသည်။

ထိုသို့သော ကိုယ်ဟန်အနေအထားကြောင့် ချင်းရို့ အနည်းငယ် ထိတ်လန့်သွားရကာ သူမရဲ့ ခါးက အခုထိ နာကျင်နေဆဲပင်။

“ပြဿနာမရှာနဲ့တော့၊ ကျွန်မဗိုက်ဆာနေပြီ”

ချင်းရို့ ပြောလိုက်သည်နှင့် သူမအသံမှာ အရမ်းအက်ကွဲနေမှန်း သိလိုက်ရလျက်။

မပီမသနဲ့ ညုတုတုအသံဖြစ်နေတယ်။

သူမကိုယ်၌က ကိုယ့်အသံကိုယ် ထိတ်လန့်သွားရလျက်။ သူမက လုယန်နှင့်ဆို အလိုလိုက်ခံရတဲ့ ကလေးလေးလို လုပ်နေမိတာလား?

“ကောင်းပါပြီ ကိုယ်ပြဿနာမရှာတော့ပါဘူးကွာ”

လုယန်က သူမကို လွှတ်ပေးလိုက်ပြီး ဖက်ထုပ်တွေ ယူလာပေးခဲ့သည်။

ချင်းရို့ ဖက်ထုပ်စားနေရင်း ကုတင်ပေါ်ရှိ အိပ်ရာခင်းတွေအားလုံး ပြောင်းသွားပြီး အောက်မှာလည်း စောင်အထူကြီး နှစ်ထည်ရှိနေတာကို ရုတ်တရက် တွေ့ရှိသွားခဲ့သည်။

မနေ့ညက အိပ်ရာက တအားမာလွန်းတယ်လို့ သူမပြောလိုက်သည့်စကားကို ပြန်မှတ်မိသွားကာ ချင်းရို့မျက်နှာမှာ ရှက်သွေးဖြာသွားရလျက်။ သူက သူမကို ကောက်မလိုက်ပြီး...

ချင်းရို့ နောက်ပိုင်းအဖြစ်အပျက်တွေကို ပြန်မစဥ်းစားချင်တော့ပါဘူးနော်။

အတိုချုပ်ပြောရရင် စောင်ထူထူကြီး ခံထားတော့ တကယ့်ကို ပိုပျော့လာတာပဲနော်။

ချင်းရို့ ချောင်းဆိုးလိုက်ပြီး အရမ်းအရေးကြီးတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ အိပ်ရာခင်းတွေသာမက သူမရဲ့အဝတ်အစားတွေလည်း ပြောင်းသွားတာပဲဟ! နောက်ဆုံးမှာတော့ မနေ့ညက သူမ အိပ်ပျော်သွားတဲ့အခါ တအားကို မောပန်းနွမ်းနယ်နေခဲ့ရာ သတိလစ်သွားခဲ့သဖြင့် သူမရဲ့ အဝတ်အစားတွေကို လဲပေးထားတဲ့သူမှာ သိသာထင်ရှားနေလျက်။

သူက အဝတ်အစားတွေ လဲပေးထားရုံတင်မကဘဲ လျှော်ဖွပ်ပေးထားသေးသည်။

မနေ့ညက အဝတ်တွေကို ဒုတိယထပ် ဝါရံတာ၌ လှန်းထားသည်ကို သူမတွေ့လိုက်ရတော့ လန့်ဖျပ်သွားရ၏။

ချင်းရို့ တကယ်ပြောချင်သည်မှာ “မစ္စတာလုရေ ရှင်ဒီလောက် ထောက်ထားညှာတာနေစရာမလိုပါဘူးနော်”

***

ကြက်တွေကို အစာကျွေးကာ အိမ်မှာစိုက်ထားတဲ့ မျိုးစေ့လေးတွေကို ရေလောင်းပြီးနောက် မွန်းတည့်ချိန်၌ လုယန်က မုန့်ညက်နယ်ကာ ဘန်းမုန့်ပေါင်းလုပ်လိုက်၏။ ချင်းရို့လည်း နာနာခံခံလေး ဘန်းမုန့်ပေါင်းကိုသာ စားနိုင်ပြီး ခုခံဖို့ ခွန်အားလည်း မရှိပါချေ။ အပြုတ်၊ အပေါင်းသာ ကျွမ်းကျင်သည့် ရဲဘော်ရှောင်လုက ဘန်းမုန့်ပေါင်းနှင့် ဖက်ထုပ်ပြုတ်ကိုသာ လုပ်ကျွေးခဲ့လေသည်။

ချင်းရို့နှင့် လုယန်တို့ အိမ်ကို အတူတူ သန့်ရှင်းရေးလုပ်ကြသည်။

ချုံးကျိုးကျွန်း၌ အဝတ်အစားတွေက အလွန်လျင်မြန်စွာ ခြောက်သွေ့သွားကာ ချင်းရို့ အဝတ်တွေရုတ်ရန် ဒုတိယထပ်လှေကားထစ်ဆီ သွားလိုက်၏။ သူမနှင့် ကလေးအဝတ်အစားများအပြင် အမျိုးသားဝတ်များလည်း ရှိနေခဲ့သည်။

မယုံနိုင်လောက်အောင်ပါပဲနော်။

အခုချိန်မှာတော့ အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်လို တကယ်ခံစားနေခဲ့ရလေပြီ။

ယင်းကို သဘောပေါက်သွားသည့်အခါ ချင်းရို့ ဆုံးရှုံးသွားရသလို ခံစားလိုက်ရပြီး အနည်းငယ် စိုးရိမ်သွားရလျက်...

လင်မယားတွေက ဒီလိုကိစ္စတွေကို ဘယ်နှစ်ကြိမ် လုပ်ကြတာလဲ? တစ်လကို ဘယ်နှစ်ခါလဲ? တစ်ပတ်ကို ဘယ်နှစ်ခါလဲ?

All Chapters