← Chapters

ပထမအစီအစဉ်

Vol. 17 Ch. 255

ပထမအစီအစဉ်

Vol. 17 Ch. 255

လင်းချွမ် အုတ်ဂူထဲမှ အခြေအနေအား ကျန်းပြောင်ကို တင်ပြပြီးနောက် သူ ချက်ချင်း အန်လင်းရဲစခန်းထံ ဆက်သွယ်ကာ တာပေါင်တောင်အား ပိတ်၍ ဖမ်းရန် ပြင်လိုက်သည်။ 

ကံဆိုးစွာဖြင့် အားလုံး လေထုထဲ ပျောက်သွားသလို မမိလိုက်ပေ။ 

လင်းချွမ်နှင့် တိုက်ခိုက်၍ ဒဏ်ရာရထားသော ဝူညီအစ်ကို၊ အခြားဗလကြီးများကိုပင် မတွေ့ရတော့။ 

မည်သို့ပင်ဖြစ်စေ ကျုံရွှမ်ဖုန်တို့အားလုံးကို လင်းချွမ်မှ အောင်မြင်စွာ ကယ်တင်နိုင်လိုက်သည်။ 

လင်းချွမ် စနစ်တာဝန်လည်း ပြီးဆုံးသွားသောကြောင့် သူ ရှန်ချန်းချန်းနှင့် ပြန်လိုက်လာလိုက်၏။ 

“ကျွန်မအောက်အထိ လိုက်ခဲ့လိုက်ရမှာ။ ဟိုဘက်က သေနတ်တွေနဲ့ဆို။ အန္တရာယ် များလိုက်တာ”

ရှန်ချန်းချန်း ကားမောင်းနေရင်း နှုတ်ခမ်းလေးစူကာ ပြောလေ၏။ 

လင်းချွမ် သူ့ကိုကြည့်၍ ရယ်မောကာ

“အဲ့တာကြောင့် ကျွန်တော် ကျည်ကာအင်္ကျီ ဝတ်သွားတာပဲမလား”

ရှန်ချန်းချန်း သက်ပြင်းချကာ

“ဒီသိုက်တူးသမားတွေက နိုင်ငံခြားအဖွဲ့နဲ့ ပတ်သက်နေတာ”

“ဟုတ်တယ်”

ချင်ရှီရှီမှ

“လင်းချွမ်သာ သတ္တိရှိရှိ ရင်မဆိုင်ပေးရင် ငါတို့အားလုံး သေနေလောက်ပြီ”

ရှန်ချန်းချန်း လင်းချွမ်ဘက်ကို လှည့်ကြည့်၍ 

“သူ သတ္တိရှိတာတော့ မပြောပါနဲ့တော့”

လင်းချွမ် ကျန်းလည်း ထိုသို့ပြောလောက်မည်ဟု တွေးလိုက်မိသည်။ 

မိုးရွာပြီးနောက် ကောင်းကင်ကြီးလည်း ကြည်လင်နေသည်။ 

အိမ်အပြန်လမ်းတွင် အားလုံး စိတ်လက်ပေါ့ပါးနေကြ၏။ 

ချင်ရှီရှီမှ အကြွေးကျန်သော ညစာကို လိုက်ကျွေးမည်ဟု ဆိုသော်လည်း အိမ်တွင် ကျန်း စောင့်နေသောကြောင့် လင်းချွမ် ယဉ်ယဉ်ကျေးကျေးပင် ငြင်းလိုက်လေသည်။ 

…

အန်လင်းမြို့၊ ချင်းရှုရပ်ကွက်။ 

ညအချိန်၊ မိုးရွာပြီးနောက် အန်လင်းမြို့လေးမှာ မြူခိုးနှင့် နီယွန်မီးများကြား လှပနေသည်။ 

ကုမ္ပဏီရုံးခန်းထဲ၌။ 

အသက် (၂၅) နှစ်ဝန်းကျင် ကပြားမိန်းကလေးသည် အရပ် (၁၇၀) စင်တီခန့်ရှိပြီး အဖြူရောင် Chanel ဂါဝန်လေး ဝတ်ဆင်ကာ ဖြူဖွေးသော အသားအရည်အား ပိုပံ့ပိုးပေးနေသည်။ 

သူ့စားပွဲတွင်ထိုင်ကာ တစ်ဖက်လူနှင့် ဗီဒီယိုကောလ် ပြောနေခြင်း ဖြစ်၏။ 

“ကိုကိုး မင်းတာဝန် မပြီးလိုက်တဲ့အပြင် တပည့် (၃) ယောက်လည်း ဒဏ်ရာရသွားတယ်နော်”

တစ်ဖက်မှ ဝတ်စုံနက်နှင့်လူက အင်္ဂလိပ်လို ပြောလိုက်သည်။ 

ကိုကိုးဆိုသော ကပြားမိန်းကလေးမှ ပြုံး၍

“ဒါက လုံးဝ ကျရှုံးသွားတာ မဟုတ်သေးပါဘူး။ ပြင်ဆင်စရာလေးတွေ ရှိတယ်”

“လုံးဝဟုတ်လား။ ကိုကိုး မင်းအစီအစဉ်တွေက အသုံးမဝင်ဘူး။ တကယ် စိတ်ပျက်တယ်ကွာ။ မင်းသာမဟုတ်ရင် တော်တော် ဆိုးဆိုးပြောမိမှာ”

ထိုလူမှ လေးနက်စွာ ဆက်ပြောသည်။ 

“အခု အန်လင်းမှာ ကိစ္စကြီးလို လုပ်နေကြပြီ။ မင်းအကြောင်းတော့ မပေါ်သွားဘူးမလား”

ကိုကိုးမှာ ဂရုမစိုက်သလို ပြုံး၍

“ကျွန်မတို့ကို အုတ်ဂူထဲ လမ်းပြခဲ့တဲ့ (၂) ယောက်လည်း ရှင်းပြီးပြီ”

“ဒါဆို တော်သေးတာပေါ့။ လောလောဆယ်တော့ လုပ်ငန်းတွေ အဆင်ပြေအောင်ပဲ ဆက်လုပ်ကြမယ်”

“အဲ့တာ ကျွန်မစတိုင်လ်မဟုတ်တာ သိရဲ့သားနဲ့”

ကိုကိုး မျက်ခုံးလေးပင့်ကာ ပြောသည်။ 

“အဲ့တော့ ဘာစီစဉ်ထားလို့လဲ”

ထိုလူ လန့်ဖျပ်ကာ မေးလိုက်သည်။ 

“ကျွန်မ ပိုခမ်းနားတဲ့ ရတနာကို ရှာတွေ့ထားတယ်”

ကိုကိုး တောက်ပစွာပြုံးလျက်

“အဲ့တာနဲ့ဆို အဆုံးမရှိတဲ့ အကျိုးအမြတ်တွေ ရမှာ။ နန်ယွီအုတ်ဂူလောက်က စကားထဲတောင် ထည့်ပြောစရာ မလိုဘူး”

“မင်း ဘာတွေ ပြောနေတာလဲ”

“ဘာတွေလဲ ဟုတ်လား”

ကိုကိုးမျက်လုံးအရောင်လေးများ လက်ကာ ပြန်မေးလိုက်သည်။ 

“ဘယ်က ရတနာမို့လို့လဲ”

“သူ့နာမည်က လင်းချွမ်တဲ့။ အွန်လိုင်းစာရေးဆရာ။ သူ့ကို ကျွန်မအဖွဲ့ထဲ ခေါ်ရမယ်”

သူ ထိုသို့ပြောလိုက်ရင်း အုတ်ဂူထဲ၌ တွေ့ရသော လင်းချွမ် အရည်အချင်းများကို ပြန်တွေးနေမိ၏။ 

သူ လင်းချွမ်ဝတ္ထုများဖတ်၍ ဗီဒီယိုများထဲ၌လည်း မျက်နှာကို မြင်ဖူးထားသောကြောင့် အုတ်ဂူထဲတွင် မီးရောင်ခပ်မှိန်မှိန် ဖြစ်နေသော်လည်း ချက်ချင်း သိလိုက်သည်။ 

သူ့လှုပ်ရှားမှုများမှာ မြန်ဆန်သွက်လက်၍ ဆုံးဖြတ်ချက် မှန်၏။ 

တိုက်ခိုက်စွမ်းရည်သည် ထိပ်တန်း တိုက်ခိုက်သူကဲ့သို့ ထင်ရလေသည်။ 

အမှန်တော့ ထိပ်တန်း တိုက်ခိုက်သူတင်မက ထိပ်တန်း လုပ်ကြံသူ ဖြစ်နေ၏။ 

ထို့ကြောင့် ကိုကိုး ကုမ္ပဏီ ပြန်ရောက်ပြီးသည်နှင့် အတွေးတချို့ ပေါ်လာသည်။ 

လင်းချွမ်အား ခေါ်ထားရန် ဖြစ်သည်။ 

ထိုကဲ့သို့လူကို သူကိုယ်တိုင် မထိန်းချုပ်နိုင်ပါက ဖျက်ဆီးရန်သာ ရှိပါသည်။ 

ပထမအစီအစဉ်မှာ အလုပ်ခန့်ထားရန် ဖြစ်ပြီး ဖျက်ဆီးရေးမှာတော့ နောက်ဆုံးမှ ဖြစ်လေ၏။ 

“ကိုကိုး မင်းရူးသွားပြီလား။ တကယ် ပေါက်ကရတွေ ပြောနေတာပဲ”

ဝတ်စုံနက်နှင့်လူမှာ အွန်လိုင်းစာရေးဆရာတစ်ဦးအား ယုံနေသူကို နားမလည်နိုင် ဖြစ်နေသည်။ 

ကိုကိုးမှာ ပြုံးလျက်

“ရှင် သူ့အရည်အချင်းတွေ မသိသေးလို့ပါ”

“သူက စာရေးဆရာလေ။ ဘာအရည်အချင်း ရှိဦးမှာလဲ”

သူ့စကားကိုသာ လင်းချွမ်ကြားလျှင် မည်သို့ တုံ့ပြန်ရမည်မသိ ဖြစ်နေပေလိမ့်မည်။ 

အဘယ်ကြောင့်ဆိုသော် သူ့အရည်အချင်းများမှာ တစ်ခုနှစ်ခု မဟုတ်ပေ။ 

ကိုကိုးမှာ ထိုင်ခုံကို မှီလျက် ရယ်မောကာ 

“ရှင့်အတွေးတွေကို ဖယ်ထားလိုက်ပါ။ ကျွန်မရဲ့ လူကဲခတ်နိုင်စွမ်းက မမှားဖူးဘူး”

“ဘယ်သူ့ကို အလုပ်ခန့်ခန့် အဲ့တာ မင်းကိစ္စ။ ငါတို့ လုပ်ငန်းမှာတော့ ဝင်မရှုပ်စေနဲ့နော်။ ဒါပဲ ပြောမယ်”

ထို့နောက် ဝတ်စုံနက်လူမှ ဆက်၍ အသံအေးစက်စက်ဖြင့်

“ဆေးကိစ္စ မြန်မြန် လက်စသတ်တော့။ ဝယ်သူတွေ ပြောနေပြီ”

ကိုကိုး ‘အိုခေ’ ဟုသာပြော၍ ချက်ချင်း ဖုန်းချလိုက်လေသည်။ 

ထို့နောက် လင်းချွမ်အချက်အလက်များကို လိုက်ရှာရင်း ပထမအစီအစဉ်ကို အကောင်အထည်ဖော်ရန် စကြိုးစားလေ

All Chapters