← Chapters

ရှင့်ဆေးတွေ တိုးချဲ့မှာလား

Vol. 18 Ch. 264

ရှင့်ဆေးတွေ တိုးချဲ့မှာလား

Vol. 18 Ch. 264

အန်ဂျလီနာ ရေခဲနက်ဝတ္ထုကို တစ်နေ့တည်း အပြီး ထိုင်ဖတ်နေကာ နေ့လယ်စာ၊ ညစာများပင် ထမစားဖြစ်ချေ။ 

ဇာတ်လမ်းဆုံးမှ သက်ပြင်းချလိုက်ပြီး

“ဒါက ငါ့အိုင်ဒေါလ်ရဲ့ အတ္ထုပတ္တိပဲ။ ကောင်းလိုက်တာ”

သူ ကျေနပ်စွာ ပြုံးနေမိ၏။ 

ထို့နောက် လင်းချွမ်ထံသို့ ဆက်သွယ်လိုက်လေသည်။ 

“အိုင်ဒေါလ်ရေ ရှင့်စာအုပ်ကို ဖတ်ပြီးပြီနော်”

နိုင်ငံများ၏ အချိန်ကွာခြားချက် ရှိသော်လည်း လင်းချွမ် မအိပ်ရသေးဘဲ ဧည့်ခန်းရှိ ဆိုဖာပေါ်၌ လှဲနေသည်။ 

အန်ဂျလီနာထံမှ စာကို တွေ့သောအခါ ပြုံးသွားပြီး

“အန်ဂျလီနာက ကျွန်တော့်စာအုပ်ကိုတွေ့တာ မြန်သားပဲ”

လင်းချွမ်တွင် ပြည်ပ ပရိသတ်များ ရှိထားပြီး ဖြစ်လေသည်။ 

ထို့ကြောင့် စိတ်ထဲ၌လည်း အလွန်ဂုဏ်ယူနေမိ၏။ 

ထို့နောက် အန်ဂျလီနာ၏ နောက်ထပ်စကားကြောင့် ပို၍ပင် ဘဝင်မြင့်သွားလေသည်။ 

“အိုင်ဒေါလ် ကျွန်မက ရေခဲနက်အကြောင်းလည်း ကြည့်ပြီးပြီ”

လင်းချွမ် မှင်တက်၍

“ထိပ်တန်းဟက်ကာရဲ့ စုံစမ်းနိုင်စွမ်းကတော့ သာမာန် မဟုတ်ဘူးပဲ”

အန်ဂျလီနာမှ ဆက်၍

“ကျွန်မ ဟက်ကာလောကကို ခဏခဏဖတ်ရင်း နည်းပညာစွမ်းရည် တိုးတက်အောင် လေ့ကျင့်ထားလို့ ရှင့်ဝတ္ထုအသစ်ကို ကူပြီးကြော်ငြာပေးနိုင်မယ် ထင်တယ်။ ကျွန်မမိတ်ဆွေတွေလည်း သဘောကျမှာ”

“ဟင့်အင်း”

လင်းချွမ် ချက်ချင်း ငြင်းလေ၏။ 

အန်ဂျလီနာ၏ ကြော်ငြာနည်းမှာ အလွန် ပြင်းထန်လွန်းသည်။ 

အခြားသူ၏ ကွန်ယက်ထဲ hack ၍ ဝင်ရောက်ကာ ကြော်ငြာပေးခြင်း ဖြစ်သည်။ 

ထိုကြော်ငြာနည်းကို လင်းချွမ် ကိုယ်တိုင်လည်း တတ်ပါသည်။ 

သို့သော် ထိုနည်းဖြင့် လူမသိစေချင်သည့်အပြင် တရားလည်း မဝင်ပေ။ 

လင်းချွမ်လည်း အပြစ်သား မဖြစ်လာစေရန် ကိုယ်ပိုင် ပန်းတိုင် ရှိလေသည်။ 

အန်ဂျလီနာပြုံး၍ 

“ဟုတ်ပါပြီ။ အိုင်ဒေါလ်က ပြည်ပ ဈေးကွက်ပါ ချဲ့ဖို့ ကြိုးစားနေတာလား”

“ဒီလိုပဲ ဖြစ်သွားတာပါ”

လင်းချွမ် နေရခက်စွာ ပြန်ဖြေ၏။ 

သူ ပြည်တွင်း၌ ရောင်းရန် အဆင်မပြေသောကြောင့် ဤသို့ဖြစ်လာရခြင်း ဖြစ်လေသည်။ 

“ဒါဆို မြောက်ပိုင်းဈေးကွက်မှာရော ရှင့်မူးယစ်ဆေး စီးပွါးရေးချဲ့ဖို့ အစီအစဉ်ရှိလား”

အန်ဂျလီနာမှ မေးလိုက်သည်။ 

လင်းချွမ် မျက်မှောင်ကြုတ်သွားပြီး

“အန်ဂျလီနာ ကျွန်တော်က ဝတ္ထုအကြောင်း ပြောနေတာလေ။ ခင်ဗျားက ဘာကိုပြောတာလဲ”

အန်ဂျလီနာလည်း အံ့ဩသွားကာ

“ကျွန်မလည်း ဆေးကိစ္စ တိုးချဲ့ဖို့ အစီအစဉ်ရှိလားလို့ မေးရုံပါ”

“???”

လင်းချွမ် နားမလည်နိုင်စွာ ပြန်ပို့လိုက်သည်။ 

“အိုင်ဒေါလ် ဘာလို့ ဒါပဲ ပြန်ပို့တာလဲ။ ဘာမေးချင်လို့လဲ”

အန်ဂျလီနာကိုယ်တိုင်လည်း နားမလည်နိုင်စွာ ပြန်မေးသည်။ 

လင်းချွမ် ထိုအခါမှ ရယ်မော၍

“အန်ဂျလီနာ ‘ရေခဲနက်’ က ဒီအတိုင်း စိတ်ကူးယဉ်ထားတဲ့ ဝတ္ထုပါ။ တကယ် မဟုတ်ဘူးလေ”

အန်ဂျလီနာ အံ့ဩကာ

“အဲ့တာ ရှင့်အတွေ့အကြုံအတိုင်း ရေးထားတာ မဟုတ်ဘူးလား”

သူ ဟက်ကာလောကဝတ္ထုဖြင့် လင်းချွမ်ကို စတွေ့ခဲ့သောကြောင့် သူ့ဘဝအကြောင်း ရေးသည်ဟုသာ ထင်လေသည် 

အဖြစ်အပျက်မှာလည်း အလွန်စိတ်ဝင်စားဖွယ် ကောင်းကာ လက်တွေ့ဆန်၏။ 

“အန်ဂျလီနာ ရေခဲနက်က တကယ် စိတ်ကူးယဉ်ပြီး ရေးတာပါ။ ကျွန်တော်က မူးယစ်ရာဇာလည်း မဟုတ်ဘူး”

လင်းချွမ် သေချာ ရှင်းပြလေ၏။ 

ကျွန်တော်က တရားဥပဒေနဲ့အညီနေပြီး တစ်ခါမှ ပြစ်မှု မကျူးလွန်ဖူးတဲ့သူပါ။ 

လုံးဝ အပြစ်ကင်းပါတယ်။ 

အန်ဂျလီနာ အနည်းငယ် လက်ခံသွားပြီး

“ဟုတ်ပါပြီ။ အထင်လွဲမိသွားတာပဲ။ ရှင်လည်း ဆေးရောင်းတယ်ထင်လို့ မေးချင်တာ ရှိလို့ကို”

“ဆေးနဲ့ပတ်သက်တာဆိုရင်တော့ မဖြေနိုင်ဘူး။ ဒီမှာပဲ ရပ်ကြတာပေါ့”

လင်းချွမ် စကားလမ်းကြောင်း ပြောင်းလိုက်၏။ 

“ကောင်းပါပြီရှင်။ ကျွန်မ တရုတ်စာသင်နေပေမဲ့ အဲ့လောက် မရသေးဘူး။ ရှင် နောက်ပိုင်း ပြည်ပမှာ ဆက်ထုတ်ဖို့ရော ရှိလား”

“ကြိုးစားကြည့်ပါမယ်”

လင်းချွမ် တိကျသောအဖြေတော့ မပေးနိုင်ချေ။ 

အားလုံး စနစ်နှင့် ကံကြမ္မာပေါ် မူတည်လေသည်။ 

“ဒါနဲ့ ကျွန်မ အကြံပေးချင်တာလေး ရှိတယ်”

“ပြောလေ”

“ရှင့်စာအုပ်တွေက အရမ်းကောင်းပြီး လူကြိုက်များပေမဲ့ ပြည်ပမှာ ရှင့်ဝတ္ထုတွေအကြောင်း ပြန်ဆွေးနွေးမယ့်နေရာ မရှိဘူး။ အဲ့တော့ နိုင်ငံတကာကို ထိုးဖောက်ချင်ရင် နည်းစဉ်လေးတွေတော့ လိုတယ်”

အန်ဂျလီနာ၏ အကြံပေးချက်မှာ အမှန်ပင် အသုံးဝင်လေသည်။ 

လင်းချွမ် ခေါင်းငြိမ့်လျက်

“မင်းပြောတာလည်း ကောင်းသားပဲ”

“အိုင်ဒေါလ် ကျွန်မ အဲ့နေရာကို တာဝန်ယူပေးရမလား”

“မင်းမှာ အကြံကောင်းရှိလို့လား”

လင်းချွမ် မျက်မှောင်ကြုတ်မိကာ မေး၏။ 

“ကျွန်မအနေနဲ့ အကြီးဆုံးနိုင်ငံတကာဖိုရမ် ဖန်တီးပြီး ဆွေးနွေးစေချင်တာ။ လူထုအကုန် ပါဝင်နိုင်တာမျိုးပေါ့။ အဲ့တာ သက်ရောက်မှု ကောင်းမယ်ထင်တယ်”

လင်းချွမ် မျက်လုံးအရောင်လက်သွား၏။ 

ထို့နောက် ချက်ချင်း စာပြန်လိုက်တော့၏။ 

“မင်းအစီအစဉ် တကယ်ကောင်းတာပဲ”

“ဒါဆို အခုပဲ ကုဒ်ရေးလိုက်တော့မယ်နော်”

အန်ဂျလီနာမှာ အိုင်ဒေါလ်အပေါ် များစွာ မြှုပ်နှံထားလေသည်။ 

သူ့အတွက် ကုဒ်အစီအစဉ်တစ်ခု ဆွဲခြင်းမှာလည်း သိပ်မခက်ခဲလှပေ။ 

(၁၀) မိနစ်ခန့်ကြာသော်။ 

မြေအောက်အဖွဲ့ဟူသော အကြီးဆုံး နိုင်ငံတကာဖိုရမ်ကြီး ပေါ်ပေါက်လာတော့သည်။ 

All Chapters