← Chapters

အမျိုးအစားအသစ်

Vol. 18 Ch. 265

အမျိုးအစားအသစ်

Vol. 18 Ch. 265

နိုင်ငံတကာဖိုရမ်အသုံးပြုသူများမှာ ကမ္ဘာအနှံ့ ပျံ့သွားလေသည်။ 

ထိုထဲတွင် မှုခင်းစိတ်ဝင်စားသူ ရဲများနှင့် ဆိုက်ဘာရဲများတင်မကဘဲ စီးပွါးရေးလုပ်ငန်းရှင်များ၊ ကျောင်းသားများ၊ ဆရာများ၊ သုတေသန ပညာရှင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများနှင့် အခြား နယ်ပယ်အသီးသီးအထိ ပါဝင်၏။ 

စာအုပ်မှာတော့ ဟက်ကာလောကနှင့် ရေခဲနက် (၂) မျိုးသာ ရှိသေးသည်။ 

ထိုအချိန်တွင် အန်ဂျလီနာတစ်ယောက် ဟက်ကာနယ်ပယ်မှ မိတ်ဆွေများထံ ကြော်ငြာနေလေပြီ။ 

ဟက်ကာနယ်ပယ်၏ နတ်သမီးဟု တင်စားရသော အန်ဂျလီနာ၏အစွမ်းကြောင့် အချိန်သိပ်မကြာဘဲ ဖိုရမ်မှာ အသက်ဝင်လာသည်။ 

ထို့အပြင် ဝတ္ထုတွင် ပါဝင်သော အချက်အလက်များကိုလည်း စိတ်ဝင်စားဖွယ် ရေးပြထား၍ ပိုအာရုံစိုက်လာမိကြသည်။ 

ဝတ္ထုကို ဝင်ကြည့်ပြီးနောက် ဆွေးနွေးသူများလည်း ရှိလာ၏။ 

[မူးယစ်ဆေးအကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် ရေးထားတာလား။ စိတ်ဝင်စားစရာပဲ]

[ပြစ်မှုကြီးက ကြက်သီးထစရာ ကောင်းလိုက်တာ]

[ရေခဲနက်ဆိုတာ ဝတ္ထုရော ဟုတ်ရဲ့လား]

[ဝတ္ထုထဲမှာ ဒီလိုနည်းတွေ ထည့်ရေးနေတာ အံ့ဩစရာပဲ]

[စာရေးဆရာက စီးပွါးရေးကို ကြော်ငြာချင်နေတာလား]

[စာရေးသူ ဘယ်လိုဝယ်ရမလဲ ပြောပေးဦး]

[ဟုတ်တယ်။ ကျွန်တော့်ကိုလည်း စာပို့ပေးပါ]

[…]

အပေါ်ယံ ပြောဆိုနေသူများမှာ နောက်ပြောင်နေကြခြင်းသာ ဖြစ်သည်။ အမှန်တကယ် လိုအပ်နေသူများမှာတော့ အန်ဂျလီနာအား စာပို့ပြီးလေပြီ။ 

အချို့လည်း လင်းချွမ်ထံ တိုက်ရိုက်ဆက်သွယ်ရန် ကြိုးစားနေကြသည်။ 

…

နောက်တစ်နေ့၊ မနက်စောစော။ 

အန်လင်းမြို့၌ ကောင်းကင်မှာ အရောင်ဖျော့တော့၍ ပါးလွှာသော မြူများဆိုင်းလျက် ရှိကြ၏။ 

အန်လင်းမြစ်ရေပြင်မှာတော့ သင်္ဘောများ ခုတ်မောင်းမှုဖြင့် သိပ်မတည်ငြိမ်လှချေ။ 

လင်းချွမ်တစ်ယောက် မနက်စောစော နိုးနေလေသည်။ 

ကျန်းမှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ 

ယခုရက်ပိုင်း သူ ဝတ္ထုအတွက် ကြိုးစားနေရသောကြောင့် အိပ်ရေးပျက်တတ်၏။ 

လင်းချွမ် ကျန်း နဖူးလေးကို ညင်သာစွာ နမ်းရှိုက်၍ အိပ်ရာမှထကာ ကွန်ပျူတာ ဖွင့်လိုက်သည်။ 

မနေ့ညက အန်ဂျလီနာအပြောကြောင့် သူ မြေအောက်အဖွဲ့ကို အလွန် စိတ်ဝင်စားနေလေပြီ။ 

ညတည်းက မစ္စတာလင်းအမည်ဖြင့် အကောင့်ဝင်ထားခဲ့၍ ယခု ကီးဘုတ်ပေါ်တွင် လက်ချောင်းလေးများ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် နိုင်ငံတကာဖိုရမ်ထဲ ရောက်သွားသည်။ 

မျက်နှာစာမှာ ရိုးရှင်းပြီး ကြော်ငြာများ မတက်စေရန် ပြုလုပ်ထားသည်။ 

ထို့နောက် အချက်ပေးမှုထဲ ဝင်လိုက်သောအခါ (၅၂၈) ဟု တွေ့ရသည်။ 

သူ မျက်မှောင်ကြုတ်ကာ အလွန်အံ့ဩသွား၏။ 

“အဲ့လောက်တောင် များလား”

သူ စိတ်ဝင်တစား ဝင်ကြည့်လိုက်သည်။ 

ထိုထဲတွင် (၃) ခုမှာ အန်ဂျလီနာထံမှ တာဝန်ပေးအပ် လွှဲပြောင်းခြင်းဆိုင်ရာ စာများဖြစ်ပြီး ကျန် (၅၂၅) ခုမှာ ကိုယ်ရေးကိုယ်တာ ပေးပို့ထားခြင်း ဖြစ်၏။ 

“စာတွေပို့ထားတာ များလိုက်တာ။ အားလုံး စာဖတ်သူတွေဆီကလား”

သူ ဝင်ဖတ်ကြည့်လိုက်သောအခါ ပို၍ အံ့ဩသွားရသည်။ 

[အစ်ကိုရေ အဆင့် (၂) ဆေး ချက်ချင်း ရနိုင်လား]

[ညီလေးရဲ့ပြုလုပ်ပုံတွေကို ကြည့်ပြီးပြီ။ အရည်အချင်း ရှိမှန်းလည်း သိသာပါတယ်။ အခု ဘယ်အဖွဲ့ထဲမှာလဲ။ အစ်ကိုတို့ဆီ လာချင်လား။ လခကောင်းကောင်း ပေးမှာနော်။ ကြိုက်ဈေးပြောလိုက်]

[စာထဲမှာ ထည့်မပြောထားတဲ့ အရေးကြီးအချက် (၃) ခု ဆိုတာ ဘာတွေလဲ။ ကျွန်တော် အများကြီး စမ်းပြီးပြီ။ တစ်ခုမှ မမှန်ဘူး။ ပြောပြပါနော်။ ဆုကြေးပေးပါမယ်]

[ဆရာက တကယ် အံ့ဩစရာပဲ။ ကျွန်တော် မေးချင်တာတွေလည်း ရှိတယ်]

[ပစ္စည်းပို့ဖို့ အဆင်ပြေလား။ များများယူမယ်ဆို ဘယ်ဈေးလဲ]

[...]

ဟင်… 

လင်းချွမ် စာများဖတ်ရင်း မူးလာ၏။ 

“ဒီလူတွေ နည်းနည်း မလွန်ဘူးလား”

အသုံးပြုသူများအားလုံးမှာ လျှို့ဝှက်အကောင့်များ ဖြစ်လေသည်။ 

ထိုထဲတွင် ရဲဝန်ထမ်းမည်မျှ ပါမည်ကို တွေးကြည့်ရုံဖြင့် ကြက်သီးထသွား၏။ 

ထို့နောက် အားလုံးကို တစ်ညီတည်း စာပြန်လိုက်၏။ 

“တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က အွန်လိုင်း စာရေးဆရာပါပဲ။ အခုရေးထားတာတွေက စိတ်ကူးယဉ်ထားလို့ တကယ် မထုတ်နိုင်ပါဘူး”

သူတို့ ယုံမယုံတော့ မတတ်နိုင်ချေ။ 

ပြီးမှ စနစ်အချက်အလက်အား ဝင်ကြည့်လိုက်သည်။ 

[စာအုပ်: ရေခဲနက်]

[အခြေအနေ: ပြည်ပတွင် ထုတ်ဝေပြီး]

[အောင်မြင်မှု စံနှုန်း: ၁၉၂၇/၅၀၀၀၀]

[စစ်ဆေးမှုတာဝန်: ၉၉% သန့်စင်သော မူးယစ်ဆေး ထုတ်လုပ်ရန်]

…

အန်လင်းရဲစခန်း၊ ဆိုက်ဘာဌာန။ 

မနက်စောစောအချိန် ရွှေရောင် နေခြည်များသည် ရဲစခန်းပေါ်သို့ ဖြာကျနေ၏။ 

ရှချင်းချင်းသည် နက်ပြာရောင်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဦးထုပ်ကိုတော့ စားပွဲပေါ်၌ တင်ထားလေသည်။ 

အသားအရည်မှာ ဝင်းပ၍ ကြည်လင်နေပြီး ဆံပင်တိုအား သပ်ရပ်စွာ ဖြီးထား၍ ငန်းလည်တိုင်ကဲ့သို့ ကျော့မော့ကာ မြင်ရသည်။ 

ထို့နောက် ဆိုက်ဘာအဖွဲ့ မနက်ပိုင်းအစည်းအဝေးအတွက် အစည်းအဝေးခန်းဘက် ထွက်လာခဲ့သည်။ 

အခန်းထဲ၌ ခေါင်းဆောင်ယုရှန်လည်း ရှိနေပြီး လူစုံသည်နှင့် စပြောလေ၏။ 

“ရဲဘော်တို့ မနေ့က မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့ဆီကနေ သတင်းရတယ်။ အန်လင်းမှာ မူးယစ်ဆေးလို့ ထင်ရတဲ့ အမျိုးအစားအသစ် ရောက်နေတယ်တဲ့”

အားလုံး ထိတ်လန့်သွားကြသည်။ 

ရှချင်းချင်းလည်း အာရုံစိုက်၍ နားထောင်နေ၏။ 

ယုရှန်မှ လေးနက်စွာဖြင့်

“မင်းတို့လည်း မှန်းထားတဲ့အတိုင်းပဲ။ အန်လင်းက လူနေထူထပ်ပြီး ခေတ်မီကြတယ်။ ဒီလို ရုတ်တရက် ပေါ်လာတဲ့အတွက် ငါတို့လည်း ပိုဂရုစိုက်ကြရမယ်”

“နောက်ပြီး အသေးစိတ်အချက်အလက်တွေ ရယူဖို့လည်း လိုတယ်”

“…”

ယုရှန်မှ တာဝန်များ တစ်ခုပြီးတစ်ခု ပြောပြပေးနေသည်။ 

ရှချင်းချင်းလည်း မှတ်စုထဲ၌ သေချာလိုက်ရေးနေ၏။ 

မကြာမီ မနက်ခင်းအစည်းအဝေး ပြီးဆုံးသွားလေသည်။ 

“ရဲမေရှ ခဏနေခဲ့ဦး”

ယုရှန် လှမ်းပြော၏။ 

"..."

ရှချင်းချင်း အံ့ဩစွာ လှမ်းကြည့်၍

“အဖွဲ့မှူးယု ဘာများမှာစရာ ရှိလို့လဲ”

ယုရှန် ပြုံး၍

“ရဲမေရှက ဆိုက်ဘာအဖွဲ့ရဲ့ အရေးကြီးအဖွဲ့ဝင်တစ်ယောက်ပါ။ အခု အရေးကြီးတဲ့ တာဝန်တစ်ခု ပေးချင်လို့”

“ဘာတာဝန်များလဲ”

ယုရှန် စားပွဲပေါ်မှဖိုင်တစ်ခုကို လှမ်းပေးကာ

“ဒါက ဆေးဓာတ်ခွဲခန်းငပေးတဲ့ အချက်အလက်တွေပဲ။ မင်းတာဝန်က အမျိုးအစားအသစ်ရဲ့ အချက်အလက်တွေ ဖော်ထုတ်ပေးရမှာ”

ရှချင်းချင်း ဖိုင်ကို လှမ်းယူလိုက်သည်။ 

[အမည်: အမျိုးအစားသစ်]

[မူရင်း: မရှိ]

[နမူနာ: မရှိ]

[အသုံးပြုပုံ: သောက်သုံးရန်]

ရှချင်းချင်း အချက်အလက်များ ကြည့်ပြီးနောက် ရယ်မော၍

“အဖွဲ့မှူးယု တာဝန်က တကယ်ခက်တာပဲ”

ယုရှန် ရယ်မောကာ

“မင်းဆိုရင်တော့ လုပ်နိုင်မယ်လို့ ယုံပါတယ်”

“အချိန် အကန့်အသတ်ရော ရှိလား”

ယုရှန် ခေါင်းယမ်း၍

“အဲ့လိုမရှိပေမဲ့ မြန်လေ ကောင်းလေပေါ့”

ရှချင်းချင်း သက်ပြင်းချကာ

“ဒီလိုရှာရတာ တော်တော်မလွယ်ဘူး။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားပါမယ်”

“ကောင်းပါပြီ”

ထို့နောက် ရှချင်းချင်း ထွက်သွားပြီး သူ့စားပွဲတွင် လုပ်ငန်း စတင်လေသည်။ 

All Chapters