← Chapters

ဆိုင်လာခဲ့ပါဦး

Vol. 18 Ch. 267

ဆိုင်လာခဲ့ပါဦး

Vol. 18 Ch. 267

“မင်းက မိန်းကလေးဖြစ်ပြီး ဘယ်လိုဖြစ်လို့ ကြိုက်တာလဲ”

လင်းချွမ် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ 

ရှချင်းချင်း ပြုံးလျက်

“ဒီအတိုင်း မူးယစ်ရာဇာတွေက ဘာလဲလို့ သိချင်တာပါ”

“အင်း ကျွန်မလည်း သိချင်တယ်”

ရှန်ချန်းချန်း ခေါင်းငြိမ့်၍ ဝင်ပြောလေသည်။ 

လင်းချွမ် နေရခက်နေမိ၏။ 

“အချိန်ရရင် ဖတ်ကြည့်ဦးမှ။ နာမည်က ဘာတဲ့လဲ”

လင်းချွမ် မတတ်သာဘဲ ပြောရတော့သည်။ 

“ရေခဲနက်တဲ့”

“ကောင်းပြီလေ။ ဖတ်ကြည့်တာပေါ့”

ထို့နောက်မှ ဂိမ်းဆော့သည့် မုဒ်သို့ ပြောင်းသွားကြတော့၏။ 

သီးသန့်ခန်းထဲ၌ ဆူညံလျက် အနိုင်အရှုံးများစွာကို ကျော်ဖြတ်နေကြသည်။ 

ထို (၅) ယောက်အဖွဲ့မှာ အတူဆော့နေကျဖြစ်၍ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်း သိနေလေပြီ။ 

ညမိုးချုပ်လာသည်နှင့် ဆိုင်ထဲတွင် လူရှင်းလာသည်။ 

ထိုစဉ် ဆိုင်ထဲသို့ အမျိုးသားတစ်ဦး အမြန်ဝင်လာပြီး လင်းချွမ်ကိုကြည့်၍

“လင်းက ဒီရောက်နေတာပဲ”

“ဦးလေး ရောက်လာတာပဲ”

လင်းချွမ်ပြုံး၍ နှုတ်ဆက်လိုက်သည်။ 

ကျန်းရှင်းရှင်း၏ဦးလေး ကျန်းရန်ဖြစ်၏။ 

သူ ကျန်းရှင်းရှင်းနှင့် တွဲပြီးနောက် သူ့ကိုလည်း ဦးလေးဟုသာ ခေါ်တော့သည်။ 

“လင်း မင်းရောက်နေတယ်ဆိုတော့ လာတွေ့တာ။ ခုတော့ မအားသေးဘူးကွာ။ နောက်နေ့မှ လာခဲ့ဦးပေါ့။ ကောင်းကောင်း ဧည့်ခံပေးပါမယ်”

ထိုသို့ပြောကာ ပြန်ထွက်သွားလေသည်။ 

လင်းချွမ် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ 

မထင်မှတ်စွာဖြင့် ပုံရိပ်ယောင်လောကတွင် ရခဲ့သော အနံ့မျိုးကို ဦးလေးကျန်းရန်ထံမှ ရလိုက်သည်။ 

“ဘာလို့လဲ”

သူ့အမူအရာကြောင့် ရှန်ချန်းချန်း လှမ်းမေး၏။ 

လင်းချွမ်ပြုံး၍

“ဘာမှမဟုတ်ပါဘူး။ ဆက်ဆော့ကြတာပေါ့”

“ကောင်းပြီ။ ကျွန်မ စလိုက်မယ်နော်”

ဤသို့ဖြင့် အတော်မိုးချုပ်မှ အိမ်သို့ ပြန်သွားကြလေသည်။ 

လင်းချွမ် လင်းကျန်အိမ်ရာသို့ ရောက်သောအခါ အခန်းကို လက်ဗွေဖြင့်ဖွင့်ကာ ဝင်လာခဲ့သည်။ 

“သူဌေး ပြန်ရောက်ပြီပဲ”

ကျန်းမှာ အပြာနုရောင် ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော အသားအရည်မှာ ထင်ရှားနေသည်။ 

လင်းချွမ် သူ့တီရှပ်ကို တစ်ချက် နမ်း၍

“ကို ရေချိုးလိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ”

ကျန်း ခေါင်းငြိမ့်ပြ၍ ပြန်ထွက်လာလျှင် သောက်ရန် ကော်ဖီဖျော်ထားပေးလိုက်သည်။ 

လင်းချွမ်မှာတော့ ဦးလေးအကြောင်းကိုသာ စိတ်စွဲနေပြီး ရေအမြန်ချိုးကာ ထွက်လာလေ၏။ 

“ရှင်းရှင်း ကို မေးစရာရှိလို့”

လင်းချွမ် စားပွဲတွင်ဝင်ထိုင်ကာ ပြောလိုက်သည်။ 

“ဘာလို့လဲ”

လင်းချွမ် ပိုလေးနက်စွာဖြင့်

“ရှင်းရှင်းရဲ့ ဦးလေးမှာ မကောင်းတဲ့အကျင့်တွေ ဘာတွေတော့ မရှိပါဘူးနော်”

ကျန်း မျက်မှောင်ကြုတ်၍

“မရှိပါဘူး။ တရားဝင်တဲ့ စီးပွါးရေး လုပ်တယ်။ လက်ဖက်ရည် သိပ်ကြိုက်တယ်။ အဖေ့ထက်တောင် ပိုလေးစားစရာ ကောင်းသေးတယ်”

လင်းချွမ် ငြိမ်ကျသွား၏။ 

အခြားသူများအနေဖြင့် ထိုအနံ့ကို သတိမထားနိုင်သော်လည်း သူကတော့ လုံးဝ မှားစရာမရှိပေ။ 

သူကိုယ်တိုင် ဖော်စပ်ခဲ့သောကြောင့် ဖြစ်၏။ 

သေချာပေါက် မူးယစ်ဆေးအနံ့ပင်။ 

“သူဌေး ဦးလေးက ဘာလို့လဲ”

ကျန်းရှင်းရှင်း သူ့ကိုမှီကာ ပြောလိုက်သည်။ 

“ဘာမှမဟုတ်ပါဘူး။ ခုနက ညကြီးမိုးချုပ် အပြေးအလွှား ရောက်လာတော့ တစ်မျိုး ဖြစ်သွားလို့”

လင်းချွမ် သူ့ဆံနွယ်လေးကို သပ်ကာ ခပ်အေးအေး ပြောလိုက်၏။ 

ဒီအတိုင်း တစ်နေရာရာ သွားလာလို့ အနံ့ဆွဲတာ ဖြစ်မှာပါ။ 

ကျန်းရှင်းရှင်းမှာ နှုတ်ခမ်းလေးစူ၍

“ကျွန်မဦးလေးက စီးပွါးရေးတောင် အများကြီး လုပ်တာမဟုတ်ဘူး။ အမြဲဖြည်းဖြည်းမှန်မှန် နေခဲ့တာ။ ညဘက်ကြီး ရောက်လာတာ ထူးတော့ ထူးဆန်းတယ်”

“အဲ့လိုဆိုမှ ပိုထူးဆန်းလာပြီ”

“ဒါနဲ့ သူဌေး အဖေလည်း မူပျက်နေတာ သတိထားမိလား”

“ဟင် ဦးလေးကျန်းလား”

လင်းချွမ် အံ့ဩကာ

“ကို ရှေးဟောင်းပစ္စည်းဆိုင် မရောက်တာကြာလို့။ သူက ဘာလို့လဲ”

“ဒီရက်ပိုင်း ကျွန်မကို ရှောင်နေတာလေ။ ဆိုင်ကိုလည်း မသွားနဲ့။ ပျော်ရွှင်ခြင်း ရပ်ကွက်လည်း မသွားနဲ့ချည်းပဲ”

“ဦးလေးကျန်း အချစ်သစ် တွေ့နေပြန်ပြီ ထင်တယ်”

လင်းချွမ် ရယ်မော၍ ပြောလိုက်၏။ 

ကျန်း ခေါင်းယမ်းကာ 

“မဟုတ်ဘူး။ အဲ့လိုဆိုရင် ကျွန်မကို ပြောမှာပါ”

“အဲ့တာဆိုလည်း တိုက်ရိုက်မေးလိုက်ပါလား”

“သူက ပြောမှာ မဟုတ်ဘူး”

“ဒါဆို ဘာမှမဟုတ်လို့ပေါ့။ အရမ်းမတွေးပါနဲ့”

“သူဌေးပြောရင် ယုံပေးလိုက်ပါမယ်”

ကျန်း ပြုံး၍ ပြောလိုက်ပြီး အိပ်ရာဝင်လိုက်ကြလေသည်။ 

နောက်တစ်နေ့ နံနက်။ 

ကောင်းကင်၌ မီးခိုးရောင်ဇာပုဝါပါး လွှမ်းခြုံကာ မှုန်မှိုင်းနေသည်။ 

လင်းချွမ် စနစ်အချက်အလက်များကို စစ်ဆေးလိုက်၏။ 

[စာအုပ်: ရေခဲနက်]

[အခြေအနေ: ပြည်ပတွင် ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း: ၅၁၀၈/၅၀၀၀၀]

[စစ်ဆေးမှုတာဝန်: ၉၉% သန့်စင်သော မူးယစ်ဆေး ထုတ်ရန်]

“တော်တော် တိုးတက်လာသားပဲ”

လင်းချွမ် ရေရွတ်ပြီးမှ နောက်ဆုံးအချက်ကြောင့် သက်ပြင်းချမိလေသည်။ 

ထိုစဉ် စာတစ်စောင် ဝင်လာ၏။ 

ဦးလေးကျန်းထံမှ ဖြစ်၏။ 

လင်းချွမ် မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ 

ဦးလေးကျန်း သူ့ကို စာပို့ခဲ့ပါသည်။ မနက်စောစော ဖြစ်လျှင် ပိုထူးဆန်း၏။ 

‘လင်း ဒီနေ့အချိန်ရရင် ဆိုင်ဘက်ကို လာခဲ့ပါဦး။ ဆွေးနွေးစရာလေး ရှိလို့။ ရှင်းရှင်း မသိစေနဲ့နော်”

လင်းချွမ် မျက်မှောင်ကြုတ်သွားမိသည်။ 

All Chapters