← Chapters

ဒီလောက် အလုပ်နဲ့ မဖြစ်ဘူး

Vol. 18 Ch. 268

ဒီလောက် အလုပ်နဲ့ မဖြစ်ဘူး

Vol. 18 Ch. 268

ပြတင်းပေါက် အပြင်ဘက်၌။ 

မြူခိုးမှုန်များကြောင့် လင်းချွမ် အမြင်များ ဝေဝါးနေ၏။ 

လင်းချွမ် သက်ပြင်းချကာ စာပြန်လိုက်သည်။ 

“ကျွန်တော် ခဏနေ လာခဲ့ပါမယ်”

“ကောင်းပြီ”

ကျန်းရှင်းရှင်း မနိုးသေး၍ လင်းချွမ် မီးဖိုခန်းသို့သွားကာ ချက်ပြုတ်နေလိုက်သည်။ 

ထိုစဉ် ကျန်းနိုးလာပြီး အနောက်မှ လှမ်းဖက်၍

“သူဌေးကလည်း ကျွန်မ ချက်မှာပေါ့”

“အခုတစ်လော ညမိုးချုပ်မှ အိပ်နေတာလေ။ နားပါဦး”

ကျန်း ပြုံး၍ ဆိုဖာ၌ သွားထိုင်နေသည်။ 

ဆန်ပြုတ်မှာ အခုထိ မကျက်သေးပေ။ 

လင်းချွမ် သူ့အနား လျှောက်သွားပြီး

“ဒီနေ့ ဘာအစီအစဉ် ရှိလဲ”

“ရောဂါတွေနဲ့ ဆေးတွေအကြောင်း ဆွေးနွေးဖို့ မမခီခီနဲ့ ချိန်းထားတယ်”

“ရှင်းရှင်းက ဆေးအကြောင်း သိတာလား”

လင်းချွမ် အံ့ဩစွာ မေးလိုက်သည်။ 

“မသိပါဘူး။ အခုမှ သင်နေတာလေ”

“ဒီတစ်လော ခီခီနဲ့ အရမ်းပေါင်းနေတယ်နော်”

ကျန်း ခေါင်းငြိမ့်၍

“မမခီခီက ဆေးအကြောင်းတွေ သင်ပေးတော့ ကျွန်မ တစ်ယောက်တည်း လိုက်ရှာပြီး လေ့လာနေစရာ မလိုတော့ဘူးလေ”

“ဘာလို့ ရုတ်တရက် ဆေးတွေကို စိတ်ဝင်စားသွားတာလဲ”

“ခုတော့ မပြောပါဘူး။ အံ့ဩအောင် လုပ်မလို့”

“မျှော်လင့်နေပါပြီဗျာ”

ထို့နောက် ကျန်းခေါင်းလေးကို ခပ်ဖွဖွပုတ်၍

“လာ မနက်စာ အရင်စားကြတာပေါ့”

မနက်စာ စားပြီးနောက် ကျန်း ပြင်ဆင်၍ ထွက်သွားမှ လင်းချွမ်လည်း အရှေ့ဘက်လမ်းသို့ ကားငှါးကာ ထွက်လာသည်။ 

အချိန်မှာ မနက်စောစောဖြစ်၍ လူအရမ်းမရှုပ်သေးချေ။ 

“လင်း ရောက်လာပြီပဲ”

ကျန်း ဆိုင်ထဲ ဝင်လာသည်နှင့် ဦးလေးကျန်း နှုတ်ဆက်ကာ ဒုတိယထပ်သို့ ခေါ်သွားလေသည်။ 

“ဦးလေးကျန်း ဘာဖြစ်နေတာလဲ”

လင်းချွမ် သူ့အပြုအမူကြောင့် စိုးရိမ်စွာ မေးလိုက်၏။ 

“ရှင်းရှင်း မင်းလာတာကို မသိဘူးမလား”

လင်းချွမ် ခေါင်းယမ်းကာ

“မသိပါဘူး။ ပြဿနာတစ်ခုခု ရှိနေလို့လားဗျ”

“ထိုင်ပြီး အေးဆေးပြောတာပေါ့ကွာ”

အပေါ်ထပ် ရောက်သောအခါ ဦးလေးကျန်းရန်လည်း ရှိနေ၏။ 

သူ့ကိုတွေ့သောအခါ မသက်မသာဖြင့်

“လင်း ရောက်ပြီပဲ”

“ဟုတ်ကဲ့ ဦးလေး ဘာတွေဖြစ်နေတာလဲဗျ”

ကျန်းတီနှင့် ကျန်းရန်တို့ မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးနေပုံ ပေါ်သည်။ 

ရုတ်တရက် လင်းချွမ် မနေ့ကရခဲ့သောအနံ့ကို သတိရသွား၏။ 

အဲ့တာနဲ့ ပတ်သက်နေတာလား။ 

“ဦးလေးကျန်း ပြောစရာရှိတာသာ ပြောပါ”

လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြောလေသည်။ 

ဦးလေးကျန်း သက်ပြင်းချ၍

“ရှင်းရှင်းရဲ့အမေ အန်လင်းကို ပြန်လာတယ်”

လင်းချွမ် ရုတ်တရက် အံ့ဩကာ မှင်တက်နေမိသည်။ 

ကျန်းအမေက အန်လင်းကိုလား။ 

အဲ့တာ ကောင်းတာ မဟုတ်ဘူးလား။ 

“ဦးလေးကျန်း အဲ့တာ မပြောသင့်တဲ့ လျှို့ဝှက်ချက်မို့လို့လား”

“အင်း…”

ဦးလေးကျန်း သက်ပြင်းချကာ ဇာတ်လမ်းဟောင်းကို ပြောပြလေ၏။ 

ကျန်းရှင်းရှင်းအမေမှာ လျှိုမုန့်ဖြစ်ပြီး ဆေးစွဲ၍ ယောက်ျားနှင့်သမီးကိုပစ်ကာ နိုင်ငံခြားအဖွဲ့ထဲ လိုက်သွားသူ ဖြစ်သည်။ 

ထိုအချိန်တည်းက ပြန်မလာတော့ပေ။ 

“ဦးလေးကျန်း အန်တီက ရှင်းရှင်းကို တွေ့ချင်လို့ ပြန်လာတာမလား”

ကျန်းတီ အဖြေကို မပြောဘဲ

“သူ ရောက်လာတာ ရက်ပိုင်းလောက်တော့ရှိပြီ။ ငါနဲ့ ကျန်းရန်ကို လာရှာတာပဲ။ မနေ့ညက မင်းဦးလေးနဲ့တော့ စကားသေချာ ပြောဖြစ်တယ်တဲ့။ အဲ့တာ ရှင်းရှင်းကို မတွေ့ရင်တောင် မင်းနဲ့ တွေ့ချင်လို့ ပြောတယ်”

“ကျွန်တော်နဲ့လား”

လင်းချွမ် အလွန် လန့်သွားသည်။ 

ကျန်းရန်မှ

“လျှိုမုန့်ပြောတာတော့ သူ့သမက်ကို အကဲခတ်ချင်လို့တဲ့”

ဦးလေးကျန်း ခေါင်းငြိမ့်၍

“အဲ့တာကြောင့် မင်းနဲ့တိုင်ပင်ရအောင် ခေါ်လိုက်တာပဲ”

“တွေ့လို့ရပါတယ်”

လင်းချွမ် ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။ 

“ကျေးဇူးပါပဲကွာ”

“ရှင်းရှင်းအတွက်ပါ”

လင်းချွမ် ပြုံး၍ ပြောလိုက်သည်။ 

သူ့ရှင်းရှင်းအတွက်တော့ ထူးဆန်းသော အမေကြောင့် စိတ်မကောင်းဖြစ်ကာ သက်ပြင်းချမိလေသည်။ 

ထိုစဉ် ကျန်းတီ လျှိုမုန့်အား ချက်ချင်း ဆက်သွယ်လိုက်၏။ 

“လင်း သူက နှစ်ယောက်တည်း အခု သွားချင်တယ်တဲ့”

လင်းချွမ် သူ့အပြုအမူကို နားမလည်နိုင်သော်လည်း ခေါင်းငြိမ့်လျက်

“ရပါတယ်။ ဘယ်မှာလဲ”

“ယွီမင်စားသောက်ဆိုင်မှာတဲ့။ ငါတို့ လိုက်ပို့ပေးမယ်။ ဒါနဲ့ သတိတော့ထားနော်။ တစ်ခုခုဆို ငါတို့ ချက်ချင်း ပြေးဝင်လာခဲ့မယ်”

“မစိုးရိမ်ပါနဲ့။ ကျွန်တော် ရှင်းနိုင်ပါတယ်”

…

ယွီမင် စားသောက်ဆိုင်။ 

ချင်းရှုနယ် လမ်းကြားထဲတွင်ရှိ၍ ခပ်မှိုင်းမှိုင်း အနေအထား ရှိလေသည်။ 

လင်းချွမ် ဦးလေးကျန်း၏ချစ်သူ လျှိုချင်းနှင့် တွေ့စဉ်က ရောက်ဖူးပါသည်။ 

သူ အထဲဝင်သွားသောအခါ ဝန်ထမ်းလေးမှ

“မင်္ဂလာပါဗျ။ ဘိုကင်တင်ထားသေးလား မသိဘူးနော်”

လင်းချွမ် အခန်းနံပါတ် ပြလိုက်သောအခါ

“ဒီဘက်ပါ ဆရာ”

ရိုးရာဝတ်စုံနှင့် ဝန်ထမ်းမိန်းကလေးမှ နေရာလိုက်ပြ၏။

လင်းချွမ် အခန်းထဲ ဝင်သွားသောအခါ အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးကို တွေ့ရလေသည်။ 

အမျိုးသမီးမှာ ဆေးလိပ်သောက်လျက်ရှိပြီး မီးခိုးငွေ့များ မှုတ်ထုတ်ကာ ပြာခွက်ထဲ ဆေးလိပ်ထည့်လိုက်၏။ 

ထို့နောက် လင်းချွမ်အား သေချာကြည့်ကာ

“မင်းက လင်းချွမ်လား”

“ဟုတ်ပါတယ်။ အန်တီလျှိုမုန့်လားဗျ”

လျှိုမုန့် ပြန်မဖြေဘဲ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ

“ရှင်းရှင်းက မင်းနဲ့ တွဲနေတယ်လို့ ကြားတယ်”

“ဟုတ်ပါတယ်ဗျ”

“ချောသားပဲ လင်းက”

လျှိုမုန့် အေးစက်စက်ပြုံးလျက်

“တစ်သက်လုံး ရှင်းရှင်းကို ပျော်အောင် ထားနိုင်မယ်လို့ ယုံကြည်ချက်ရှိလား”

“ရှိပါတယ်။ အကုန် အေးဆေးပါပဲ”

“အေးဆေးတဲ့လား။ ငါ ကြားတာတော့ မင်းက အွန်လိုင်းစာရေးဆရာဆို”

“တခြားစီးပွါးရေးတွေ ရှိပါသေးတယ်”

လင်းချွမ် အသံကိုထိန်း၍ ဂရုတစိုက် ပြောနေ၏။ 

“ငါ ကြည့်သလောက်တော့ မင်းဆီမှာ ရှေးဟောင်းပစ္စည်းဆိုင်နဲ့ နည်းပညာကုမ္ပဏီပဲ ရှိတာလေ။ အဲ့ကနေ လုံလောက်အောင် ပိုက်ဆံရလို့လား”

“ရပါတယ်”

လျှိုမုန့် အထင်သေးသလို ရယ်မော၍

“အဲ့လောက်နဲ့ ရှင်းရှင်းကို ကောင်းကောင်း ဘယ်ထားနိုင်မှာလဲ”

“အဲ့တော့ အန်တီက ရှင်းရှင်းနဲ့ ကျွန်တော့်ကို သဘောမတူတာလား”

“မင်းက ဘယ်လိုထင်လို့လဲ”

“ကျွန်တော်တို့ ပြတ်မှာကိုလည်း မလိုလားတဲ့ပုံပါ”

“အမြင်ရှိသားပဲ”

“အန်တီ လုပ်စေချင်တာရှိရင် ပေါ်တင်သာ ပြောပါ”

လင်းချွမ် စိတ်မရှည်တော့ပေ။ 

လျှိုမုန့် ပြုံး၍

“လင်းချွမ် မင်းက ဉာဏ်ကောင်းသားပဲ။ မင်းတို့ကို မပြတ်စေချင်ပါဘူး။ ဒါပေမဲ့ ဒီလောက်နဲ့ မဖြစ်သေးဘူး”

“ဒါဆိုရင်…”

“မင်း ငါနဲ့ အလုပ်အတူတူ လုပ်မလား။ ငါ့မှာ စီးပွါးရေးကောင်း ရှိတယ်”

All Chapters