← Chapters

အစီအစဉ် ပြောင်းမယ်

Vol. 18 Ch. 269

အစီအစဉ် ပြောင်းမယ်

Vol. 18 Ch. 269

“လုပ်ငန်းလား”

လင်းချွမ် အံ့ဩစွာ ကြည့်နေမိသည်။ 

မည်သည့်ယောက္ခမက သမက်ကို ထိုသို့ ကမ်းလှမ်းမည်နည်း။ 

လျှိုမုန့်မှာ မိတ်ကပ်ခပ်ပါးပါးနှင့် နူးညံ့သော အသားအရည်ရှိပြီး ဆေးစွဲနေသူဟု မထင်ရချေ။ 

အခန်းထဲ၌လည်း လက်ဖက်ရည်နံ့သာ ကြိုင်လှိုင်နေ၏။ 

ဦးလေးကျန်း ပြောသည့် ဆေးစွဲသည့် အချိန်ကာလကို ကျော်ဖြတ်နိုင်ခြင်း သို့ အခြားဆေးဝါးကောင်း မှီဝဲနေပုံ ရပါသည်။ 

သို့သော် မတွေ့ရသည်မှာ ဆယ်စုနှစ်ကြာပြီဖြစ်၍ မည်သည့်ကိစ္စမဆို ဖြစ်နိုင်၏။ 

လင်းချွမ် သူ့စကားကို ဂရုတစိုက် နားထောင်နေ၏။ 

လျှိုမုန့် မျက်မှောင်ကြုတ်လျက်

“လင်း မင်းက အရမ်းငယ်သေးတယ်။ စာရေးတာက ဘဝရဲ့ ရေရှည်စီမံကိန်းဖြစ်လို့ အဆင်မပြေဘူး”

“ဒါဆို… အန်တီက ဘာလုပ်ငန်း လုပ်စေချင်တာလဲ”

လျှိုမုန့် သူ့အိတ်ထဲမှ ကဒ်တစ်ခုထုတ်ကာ လက်ညှိုးနှင့် လက်ခလယ်ကြား ညှပ်၍ လင်းချွမ်ဆီ ပေးလိုက်သည်။ 

ထို့နောက် ထိုင်ခုံအား ပြန်မှီကာ ခြေထောက်ချိတ်ထိုင်နေ၏။ 

လင်းချွမ် ထိုလိပ်စာကဒ်ကိုကြည့်ကာ အလွန်အံ့ဩသွားလေသည်။ 

ကဒ်ပေါ်၌ 

လျှိုမုန့်။ 

ဟွာရန် နိုင်ငံခြားကုန်သွယ်တင်ပို့ရေး ကုမ္ပဏီ အထွေထွေမန်နေဂျာ။ 

“ဟွာရန်ကလား”

လင်းချွမ် နားမလည်နိုင်စွာ ကြည့်နေ၏။ 

လျှိုမုန့် ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်။ ငါက ဟန်မြစ်အပိုင်းမှာ တာဝန်ကျနေတာ။ မင်းသာဆန္ဒရှိရင် အခုချက်ချင်း ငါ့လက်ထောက် လုပ်လို့ရတယ်။ ဒီရာထူးရဲ့ တန်ဖိုးကို မင်းသိမှာပါ”

လင်းချွမ် ဘာပြန်ပြောရမည်မသိ ဖြစ်နေသည်။ 

သူ ထိုကုမ္ပဏီကို ကြားဖူးသော်လည်း လုပ်ငန်းကိုတော့ သိပ်မရင်းနှီးလှပေ။ 

သို့သော် သူပြောသည့်ရာထူးမှ အချိန်တစ်ခု ကြာသည်အထိ ရရှိရန်မလွယ်ကြောင်းတော့ နားလည်ပါသည်။ 

လျှိုမုန့် သူ့အမူအရာကို အကဲခတ်ကာ ပြုံး၍

“လင်း မင်းစာရေးတာက ဘယ်လောက်ရမှာလဲ။ အလွန်ဆုံး လုပ်ငန်းအားလုံးပေါင်းမှ သိန်းဂဏန်းပေါ့။ ဟုတ်တယ်မလား”

“ဟုတ်ပါတယ်”

လင်းချွမ် ခေါင်းငြိမ့်လက်ခံမိ၏။ 

လျှိုမုန့်ပြုံးကာ ဆက်၍

“လင်း မင်းသာ ငါ့လက်ထောက် လုပ်မယ်ဆိုရင် တစ်ချိန် ဟန်မြစ်အပိုင်းရဲ့ အထွေထွေ မန်နေဂျာ ဖြစ်လာပြီး နှစ်စဉ်လစာကလည်း သန်းပေါင်းများစွာ ဖြစ်လိမ့်မယ်။ အပိုဆုတွေ မပါသေးဘူးနော်”

လျှိုမုန့်အကောင်းဆုံး ဆွဲဆောင်နေသည်။ 

သို့သော် လင်းချွမ်မှာ ပုံရိပ်ယောင်လောက၌ဖြစ်စေ ထိုသို့ ပိုက်ဆံများစွာကို တွေ့ဖူးကိုင်ဖူးပါသည်။ 

ကိုယ်တိုင်လည်း hacking ဖြင့် ခိုးယူ၍ ရှာနိုင်၏။ 

ပြစ်မှု မကျူးလွန်ချင်၍သာ ဝင်မပါခဲ့သောကြောင့် ပိုက်ဆံနှင့် ဆွဲဆောင်ခြင်းမှာ မထူးလှချေ။ 

“မင်းကုမ္ပဏီကိုလည်း ဆက်လုပ်ပေါ့။ ဒီကရတဲ့ ပိုက်ဆံနဲ့ မင်းလုပ်ငန်းတွေ ပိုတောင် ချဲ့နိုင်ဦးမယ်။ ဟွာရန်ရဲ့ လုပ်နိုင်စွမ်းကို စဉ်းစားကြည့်”

လင်းချွမ် ချက်ချင်း ပြန်မဖြေဘဲ ဂရုတစိုက်ဖြင့်

“အန်တီ ကျွန်တော် မေးစရာ ရှိပါတယ်”

“မေးလေ”

“ကျွန်တော် ဒီရာထူးကို မလုပ်နိုင်ရင်ရော”

လျှိုမုန့် သူ့မေးခွန်းကို နားလည်သလိုဖြင့် ပြုံး၍

“မင်းက ထက်မြက်တာပဲကို။ အရည်အချင်းက ကျင့်ယူလို့ ရပါတယ်။ ငါက ရှင်းရှင်းကို ကူညီချင်ရုံပါ။ သူ့အပေါ်အကြွေးတွေ များတယ်လေ”

လင်းချွမ် ပြုံးပြလိုက်၏။ 

ထိုအဖြေကို သူ သဘောမကျလှပေ။ 

အဖြေများများမှာ ရှေ့နောက်မညီ ဖြစ်နေသည်။ 

“အန်တ္ ဒါက အရေးကြီးကိစ္စဆိုတော့ ကျွန်တော် အေးဆေး စဉ်းစားချင်ပါသေးတယ်”

လျှိုမုန့်မျက်မှောင်ကြုတ်၍ အံ့ဩသွားပုံ ပေါ်လေသည်။ 

ထိုအဖြေ ကြားရမည်ဟု မထင်ထားမိချေ။ 

“ကောင်းပြီလေ။ မင်းတို့ သေချာစဉ်းစားပေါ့”

ထို့နောက် နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြလေသည်။ 

လင်းချွမ်လည်း ဦးလေးကျန်းတို့ကားထဲ ဝင်လာ၏။ 

“လင်း အဆင်ပြေရဲ့လား”

ကျန်းတီ စိုးရိမ်တကြီး မေးလိုက်သည်။ 

“ကျွန်တော် အဆင်ပြေပါတယ်။ သူက ကျွန်တော့်ကို သူ့လက်ထောက် လုပ်စေချင်တာ”

သူ ပြောရင်း လိပ်စာကဒ်အား ထုတ်ပြ၏။ 

“ဟွာရန်လား”

“ကျွန်တော် အဲ့ကုမ္ပဏီအကြောင်းတော့ သေချာမသိဘူး”

ယာဉ်မောင်းနေရာ ထိုင်နေသော ကျန်းရန်မှ

“ငါ သိတယ်။ ပြည်ပသွင်းကုန်ထုတ်တဲ့ နေရာပဲ”

“မင်းက ဒီရာထူးပေးပြီး ဘာတွေရမယ်ပြောလဲ”

“ပိုက်ဆံတွေ၊ ဆုကြေးတွေအကြောင်းပေါ့”

“သဘောမတူလိုက်ဘူးမလား”

“လင်း ငါတို့ကျန်းမိသားစုက အဲ့လောက် ပိုက်ဆံလိုနေတာမှ မဟုတ်တာ။ သူ့ကြည့်ရတာ မရိုးသားဘူး”

“ဦးလေးကျန်း ကျွန်တော့်အကြောင်း သိပါတယ်။ ကျွန်တော် လက်မခံလိုက်ပါဘူး”

ထိုအခါမှ စိတ်အေးသွားသော်လည်း ကိစ္စဖြေရှင်းရန် ရင်လေးနေမိသည်။ 

…

တစ်ဖက်တွင်။ 

ယွီမင်စားသောက်ဆိုင်၌။ 

လင်းချွမ် ထွက်သွားသောအခါ လျှိုမုန့် ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ကို ဆက်သွယ်လေသည်။ 

“အခြေအနေ ဘယ်လိုလဲ”

“ရာထူးရော၊ ပိုက်ဆံရော ပြောတာပဲ။ စိတ်မဝင်စားဘူးတဲ့။ ငြင်းလိုက်တယ်”

“ငြင်းတယ်လား”

တစ်ဖက်လူလည်း အံ့ဩသွားသည်။ 

“ဒါဆို အစီအစဉ်အတိုင်း ဆက်လုပ်မလား”

“အစီအစဉ်က ပြောင်းရမယ်”

“ဘယ်လိုမျိုးလဲ”

“တခြားတစ်ယောက်နဲ့ ထိုးဖောက်ရမယ်”

“ဘယ်သူ့ကိုလဲ”

“ဘယ်သူရှိမလဲ။ မင်းရဲ့ သမီးပေါ့”

“သူလား”

လျှိုမုန့် ခဏငြိမ်သွား၏။ 

“မစိုးရိမ်ပါနဲ့။ ပစ်မှတ်က လင်းချွမ်ပါပဲ။ မင်းရဲ့ သမီး မထိခိုက်စေရဘူး”

“ကောင်းပါပြီ”

All Chapters