← Chapters

Chapter 53

Vol. 5 Ch. 53

Chapter 53

Vol. 5 Ch. 53

မနက်ခင်းတုန်းက ဤကလေးငယ်များဟာ သူမအား ချင်းကျဲကျဲလို့ ခေါ်ခဲ့ကြသော်လည်း အခုတော့ ရှမင်ရှီး၏ ခေါင်းဆောင်မှုအောက်တွင် သူမအား “ဒေါ်လေး”လို့ ခေါ်နေကြချေပြီ။

သူမကတော့ တစ်ရက်တည်းမှာတင် တူလေးတွေ၊ တူမလေးတွေ အများကြီးရလိုက်တာပါလား!

ကလေးရေ မင်းက မင်းရဲ့ဒေါ်လေးအတွက် တူလေးတွေ တူမလေးတွေ အများကြီးရှာပေးခဲ့တာကို မင်းရဲ့ ဦးလေးရော သိလားဟေ့?

“လျိုယွဲ့ မင်းအမေက ဒီမှာ!”

လီချင့်ဟွား အော်လိုက်လေ၏။ ကလေးတွေက ဆက်အော်နေကြသည်မှာ ဖားအော်သံအလား။

“နွားမ!”

“နွားမ!”

…

ချင်းရို့: “…”

တော်ပါပြီ၊ သူမကတော့ မူကြိုမှာ အလုပ်လုပ်ဖို့ ပြန်မလာနိုင်တော့ဘူးနော်။

လီချင့်ဟွားရဲ့ သားလေးမှာ ပိန်ပိန်ရှည်ရှည်နဲ့ မျောက်ဝိဥာဥ်သေးသေးလေးတစ်ကောင်အလား။ သူ့အသားအရည်မှာ အလွန်မည်းသလို မျောက်ကလေးနဲ့ တူပြီး သူ့လည်ပင်းကလည်း တော်တော်ရှည်ကာ အတော်လေး လိမ္မာပုံပေါ်လေသည်။ သူ လီချင့်ဟွားကို မြင်သည်နှင့် “မား”လို့ အော်ခေါ်လာခဲ့၏။

ချင်းရို့နှင့် လီချင့်ဟွားတို့က ကလေးတွေကို အတူတူကြိုခဲ့ကြလေသည်။

ဟုတ်တာပေါ့... ကလေးတွေကတော့ ကျောင်းကားနဲ့ ပြန်ကြပြီးတော့ သူတို့ကတော့ စက်ဘီးစီးပြန်ကြတာပေါ့...

ချင်းရို့က လီချင့်ဟွားနှင့် သူ့သားတို့ အဆင်ပြေပြေရှိနေတဲ့ပုံကို ကြည့်လိုက်ရင်း သူတို့မိသားစုအတွင်း မိသားစုပြဿနာကို လုံးဝမမြင်နိုင်ခဲ့ပေ။

သူမယောက်ျားက တခြားမိန်းမတစ်ယောက်ကို ကြိုက်နေတယ်လို့ လီချင့်ဟွားက ပြောပြထားခဲ့သည်မို့ ချင်းရို့က မေးလိုက်ပါသေးသည်။

“နင့်ယောကျ်ားရဲ့ crushက လက်ထပ်ပြီးပြီလား?”

လီချင့်ဟွား ခေါင်းညိတ်ပြလာရင်း ခပ်ပြတ်ပြတ်အသံဖြင့် “အင်း”

အံ့သြစရာမရှိပါဘူး... ကြည့်ရတာတော့ ကိုယ့်ပန်းကန်ထဲကဟာစားရင်းနဲ့ သူများအိုးကို လှမ်းကြည့်နေတာပဲပေါ့လေ။ အမျိုးသမီးက အိမ်ထောင်ပြုပြီးဖြစ်၍ သူမက လှည့်စားချင်ခဲ့ရင်တောင်မှ သူမယောကျ်ားက ဘာမှလုပ်နိုင်မှာမဟုတ်သော်လည်း ဇနီးသည်က သိသွားခဲ့ရင်တော့ သည်းခံနိုင်မှာမဟုတ်ပါချေ။

ချင်းရို့ ရုတ်တရက် သူမကိုယ်သူမ တွေးမိသွားရသည်။

သူမကိုယ်သူမ အစားထိုးတစ်ယောက်ဟု သံသယဖြစ်ဖူးသည်ကြောင့် တခြား”ထန်ရို့”ရဲ့ တည်ရှိမှုကို တွေးမိသွားရလျက်။

အရင်တုန်းကတော့ အဲ့ဒီထန်ရို့ကို သူမ လျစ်လျူရှုနိုင်ခဲ့သော်လည်း ယခုတော့ ဤကိစ္စနဲ့ ပတ်သက်ပြီး ပို၍ ဝန်လေးလာချေပြီ။

တကယ်ပဲ လုယန်က ထန်ရို့ကြောင့်နဲ့ သူမကို လက်ထပ်လိုက်တာများလား?

အစကတုန်းကတော့ ချင်းရို့ဟာ ထန်ရွေ့ပိုင်ရဲ့ စကားတွေကို အဓိပ္ပါယ်မရှိဘူးလို့ ခံစားခဲ့ရလေသည်။

ဘယ်သူကများ နာမည်လေးတူတဲ့ အစားထိုးတစ်ယောက်ကို ရှာမှာလဲနော်...? ဒါပေမဲ့ တကယ်ပဲဆိုရင်ရော...?

ချင်းရို့ နှုတ်ခမ်းကို ကိုက်လိုက်ရင်း ကြည့်ရတာ သူမက လုယန်အပေါ် ပိုပိုပြီး စိတ်ဝင်စားလာမိမှန်း သဘောပေါက်သွားရချေပြီ။

အဲ့ဒါက အချစ်လား?

သူမလည်းမသိပါချေ။ နောက်ဆုံးတော့ သူတို့နှစ်ယောက်က လက်ထပ်ပြီးပြီဆိုတော့ သူက သူမရဲ့ ခင်ပွန်းဖြစ်လာခဲ့ပြီဖြစ်ရာ သူမခင်ပွန်းကိုတော့ တခြားမိန်းမနဲ့ ခွဲဝေနိုင်မှာ မဟုတ်ပါဘူးနော်။

သူမက သူ့ကို ကြိုက်သွားခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲ?

သူမကပဲ အတူတူနေဖို့အကြောင်း ပြောခဲ့ဖူးတာ ထင်ရှားနေတဲ့ဟာ...

ယခုတော့ သူမ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး နောင်တရနေမိချေပြီ...

“ကိစ္စမရှိပါဘူးလေ၊ သူပြန်လာတဲ့အခါ ထန်ရို့အကြောင်း တည့်ပဲမေးကြည့်တာပေါ့”

ဤမေးခွန်းရဲ့ အဖြေအရ နောက်ဘာဖြစ်မလဲ ပြောကြတာပေါ့လေ။

ထိုကိစ္စကြောင့် သူမစိတ်ထဲမှာ လေးလံနေသဖြင့် သူမအားအင်တွေအားလုံးကို ယူပစ်လိုက်သည့်အလား... သူမရဲ့ “ခြံသေးသေးလေး”ကို စီမံဖို့ စိတ်ဝင်စားခြင်းအလျဥ်းမရှိတော့ပါချေ။

***

ထိုညတွင် လျိုခိုင်က တမင်တကာ အလွန်နောက်ကျမှ အိမ်ပြန်လာခဲ့ကာ ပင်လယ်လေရှုဖို့ သူ့ရဲ့ ရဲဘော်အချို့ကို ဆွဲခေါ်ထားခဲ့ပြီး မမှောင်မချင်း အိမ်မပြန်လာခဲ့ပေ။

သူနဲ့ ဇနီးဖြစ်သူ လီချင့်ဟွားတို့က အခန်းခွဲအိပ်ခဲ့သည်မှာ သုံးရက်ကြာလေပြီ။ နိုင်ငံရေးအရာရှိလျိုသည် လီချင့်ဟွားကို သင်ခန်းစာလုံလုံလောက်လောက်ပေးပြီးပြီလို့ ထင်မြင်ကာ ဤပြဿနာရဲ့ လေးနက်မှုကို သူမ နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားပြီလို့ တွေးနေမိလျက်။ သူမသာ သူ့ကို တောင်းပန်လာသရွေ့ သူအိပ်ခန်းကြီးဆီ ပြန်ရွှေ့လာမည်ဖြစ်သလို အနှီကိစ္စကို ထားလိုက်တော့မည်ပင်။

သူ့ဇနီးသည်က သူ့ထက်ဆယ်နှစ်နီးပါးငယ်သလို ညဘက်ဆို အရမ်းတွယ်ကပ်တတ်လေသဖြင့် သူတို့ခွဲအိပ်ကြသည့်အခါ အနှောင့်အယှက်ပေးသူမရှိသောကြောင့် သူ ကျင့်သားမရသေးပါချေ။

လွန်ခဲ့သည့်သုံးရက်အတွင်း လျိုခိုင်က ခရမ်းသီးတစ်လုံး(အသုံးမဝင်)ကဲ့သို့ ဖြစ်နေသော လီချင့်ဟွားကို အေးစက်စက်ကြည့်ရင်း သူ့နှလုံးသားမှာ ဒေါသပြည့်လာရ၏။ ဒီလိုပျင်းရိတဲ့ ဇနီးသည်ကို ရင်ဆိုင်ဖို့အတွက် နောက်ဆုံးမှာတော့ ခင်ပွန်းသည်တစ်ယောက်ရဲ့ မာန်မာနကို ပြန်လည်ဖော်ထုတ်ခဲ့လေသည်။

“ဖေဖေ ပြန်လာပြီ!”

သူ့သား လျိုယွဲ့က သူ့ကို အော်ခေါ်လိုက်သည်။

အရာရှိလျိုက သူ့သား လျိုယွဲ့နှင့်တူသည်ပင်။ သူတို့နှစ်ယောက်လုံးက အရပ်ရှည်ကြသလို ပိန်ပါးပြီး လည်ပင်းရှည်ကြ၏။ သူက သူ့ဇနီးအရမ်းကြိုက်တဲ့ ကျော့ရှင်းရည်မွန်တဲ့ မျက်မှန်ကို တပ်ထားခဲ့သည်။ သူမက ထိုမျက်မှန်တွေကို တိတ်တဆိတ် တပ်တတ်ပါသေးသည်။

“ပါး ဘာလို့ စကားမပြောတာလဲ?”

အရာရှိလျို မျက်နှာတည်တည်နဲ့ဖြစ်နေကာ စကားမပြောပေ။ နောက်စက္ကန့်မှာပဲ လူတွေကို ပြစ်တင်ရှုတ်ချတော့မည့်အလား အလွန်လေးနက်ပြင်းထန်နေပုံရလေ၏။

သူက အလေးအနက်ထားကြောင်း၊ ဒေါသထွက်နေကြောင်း လီချင့်ဟွားကို သိစေမယ်။

လျိုယွဲ့က သူ့အဖေ စကားမပြောသည်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။

အိမ်၌ လူသုံးယောက်ရှိသော်ငြား လူတိုင်း အလွန်တိတ်ဆိတ်နေသဖြင့် နှစ်ထပ်တိုက်ကြီးမှာ ဗလာဟင်းလင်းဖြစ်နေသည့်နှယ်။ အရာရှိလျို ရေသွားချိုးပြီးနောက် သူထွက်လာသည်နှင့် သူ့ဇနီးက သူ့သားလေးရဲ့ လက်ကို ကိုင်ထားသည်ကို တွေ့လိုက်ရလေသည်။

“ဒီနေ့ မားက သားနဲ့အတူ အိပ်ပေးမယ်နော်!”

“ဟုတ်!”

ကလေးက မိဘတွေကြားက ကိစ္စတွေကို နားမလည်နိုင်သဖြင့် သူ့အမေပြောတာကိုကြားပြီး စိတ်လှုပ်ရှားနေခဲ့၏။ ဒီနေ့ဆို သူ့အမေက သူ့ကို မူကြိုမှာ လာကြိုပေးသလို ချောမောလှပတဲ့ ဒေါ်လေးချင်းနဲ့တောင် တွေ့ခဲ့ရသဖြင့် လျိုယွဲ့မှာ အလွန်ဝမ်းသာနေလျက်။

လျိုခိုင်: “…”

သူမက ဘာလို့ သူ့ကို လာမတောင်းပန်တာလဲကွ?!

လီချင့်ဟွားက အခန်းခွဲအိပ်ဖို့ စတင်အဆိုပြုလာခဲ့ရုံသာမက သူမသားနဲ့အတူတူ အိပ်တော့မယ့်အကြောင်း ပြောလာခဲ့သည်။

အရင်က လီချင့်ဟွားဟာ ပျင်းရိသော်လည်း သူနဲ့ အခန်းခွဲအိပ်ရတာ၊ ကွာရှင်းခံရမှာကို အကြောက်ဆုံးပင်။

- ဘာတွေဖြစ်နေတာလဲကွာ?

အရာရှိလျိုသည် သူ့ဇနီး လီချင့်ဟွားက အလှလေးတစ်ယောက်နဲ့ ပျော်ရွှင်နေပြီမှန်း မသိခဲ့ပါချေ။

“ကျွန်မသားကို အိပ်ဖို့ ခေါ်သွားပြီ”

လီချင့်ဟွားက ထိုလူကို ကြည့်တောင်မကြည့်တော့ဘဲ သူမသားကို ပျော်ရွှင်စွာ ခေါ်သွားပါတော့သည်။

All Chapters