← Chapters

Chapter 58

Vol. 5 Ch. 58

Chapter 58

Vol. 5 Ch. 58

ချင်းရို့ ခေါင်းညိတ်ပြလိုက်ကာ သူမရဲ့ နားရွက်တွေက ပူလောင်နေရသလို ထိုအပူဟာလည်း ပါးပြင်အထိ ပျံ့လုနီးနီးဖြစ်လာကာ သူမနှလုံးသားထဲမှာလည်း ရှင်းမပြနိုင်တဲ့ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေလျက်။

“ခုနက ရှင်တို့ ဘာပြောနေတာလဲ? ထန်ရို့ကရော ဘယ်သူလဲ?”

လုယန်သည်ကား အလွန်ပွင့်လင်းသူဖြစ်ရာ သူမမေးသမျှကို ဖုံးကွယ်ခြင်းအလျဥ်းမရှိဘဲ ဖြေလိမ့်မည်ပင်။

“အဲ့ဒါဖြစ်ခဲ့တာတွေက နှစ်တွေကြာခဲ့ပါပြီ”

“ဒါဆို ရှင်က ဘာလို့ ရှင့်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို မသွားရတာလဲ?”

“သံသယကို ရှောင်ဖို့လေ”

အမှန်တစ်ကယ်တော့ လုယန်က ထန်ရို့ကို သဘောမကျပေမယ့် ထန်ရို့ကတော့ သူ့ကို ကြိုက်နေခဲ့၍ပင်။

“ကိုယ် စစ်အကယ်ဒမီတက်တုန်းက သူမက ကိုယ့်ဆီ စာတွေအများကြီးရေးခဲ့ပေမယ့် ကိုယ်တစ်ခုမှဖွင့်မကြည့်ခဲ့ဘဲ အကုန်ပြန်ပေးခဲ့တာပါ”

ထန်ရို့က သူမအိမ်ထောင်မပြုခင်တစ်ရက်အလိုမှာတောင်မှ သူ့ဆီ ဆက်သွယ်ဖို့ တတ်နိုင်သမျှကြိုးစားခဲ့ကာ သူသာ ဆန္ဒရှိသရွေ့ သူမက ကျောက်ကျန်းဟုန်ကို လက်ထပ်ဖို့ ငြင်းဆန်လိုက်မယ်လို့ ပြောလာခဲ့သည်။

လုယန်မှာ နားမလည်နိုင်ပါချေ။ သူတို့က မိသားစုခြံဝင်းမှာ အတူတူကြီးပြင်းခဲ့ကြတာ အမှန်ပဲဆိုရင်တောင်မှ သူက ထန်ရို့နဲ့ ဘယ်တုန်းကမှ အဆက်အသွယ်မရှိခဲ့ကြဘူး။

ကျောက်ကျန်းဟုန်နဲ့ သူ့ရဲ့ဆက်ဆံရေးကတောင် ပိုမိုကောင်းမွန်ပါသေးသည်။

နောက်ပိုင်းတွင် လုယန်က စစ်အကယ်ဒမီတက်ရန် ပင်းချန်ကို သွားခဲ့စဥ် ကျောက်ကျန်းဟုန်က ကျောင်းသောင်ရှိ ရေတပ်အကယ်ဒမီတွင် နေခဲ့သဖြင့် နှစ်ယောက်သား အဆက်အသွယ်သိပ်မရှိကြတော့ဘဲ သူတို့ရဲ့ ဆက်ဆံရေး ကျဲပါးသွားတော့သည်။

သူတို့အားလုံးဟာ စစ်တပ်ကျောင်းတွေ၊ စီမံခန့်ခွဲရေးငှာနတွေဆီ သွားခဲ့ကြရာ သူက တခြားလူတွေကို မပြောနဲ့ဦး၊ သူ့ရဲ့ မိသားစုဝင်တွေနဲ့တောင်မှ မတွေ့ရတော့ဘူးလေ။

ကျောက်ကျန်းဟုန်က ထန်ရို့ကို လက်ထပ်တော့မည်ဖြစ်၍ ထန်ရို့က သူ့ကို ဖုန်းခေါ်လာချိန်မှာတော့ လုယန်ကမူ သူမဘာလို့အဲ့လိုလုပ်ရသလဲဆိုတာကို နားမလည်နိုင်ခဲ့ပါချေ။

- သူက ဘွဲ့ရပြီးတာနဲ့ ပင်လယ်မှာပဲ ပျော်နေတာလေ၊ သူတို့ဘဝတွေရဲ့ အလှည့်အပြောင်းတွေကို ဘယ်သူက ဂရုစိုက်နေလို့လဲနော်။

ချင်းရို့: “…”

ဆိုတော့ အဖြစ်က ဒီလိုပေါ့လေ။

အဲ့လိုမှန်းသိ အစကတည်းက တည့်ပဲမေးလိုက်သင့်တာကို။

လုယန် အံ့အားသင့်နေရင်း “ကိုယ့်ကိုပြောကြည့်၊ အဲ့ဒီကောင်ကျိုးဝေရဲ့ ဦးနှောက်ထဲမှာ ရေတွေပဲရှိတာများလား?”

“ကိုယ်ကဘယ်သူလဲ? လုယန်လေ၊ ကိုယ်သာ မိန်းမတစ်ယောက်ကို ကြိုက်ခဲ့ရင် သူမကို သေချာပေါက်လက်ထပ်မှာပေါ့ကွာ”

“ဇနီးလေးရော အဲ့လိုမထင်ဘူးလား?”

ချင်းရို့: “…” ရှင့်ဖင်ကိုပဲထင်နေလိုက်! ရှင့်ဦးနှောက်ကမှ ရေဝင်နေတာမဟုတ်ဘူးလား?!

သူမတို့ ပထမဆုံးတွေ့ကြတဲ့ ဘလိုင်းဒိတ်တုန်းက သူက စကားတစ်ခွန်းမှ မပြောဘဲနဲ့များ၊ ပြီးတော့ သူပြန်သွားတာနဲ့ လက်ထပ်ခွင့်လျှောက်လွှာကို တန်းလျှောက်လိုက်သေးတာကို။

ရှင်ကမှ ခေါင်းထဲမှာ အပေါက်ပါနေတဲ့သူပဲလို့ ကျွန်မတော့ထင်တာပဲ။

ရှင်ကမှ အရူးပဲနော်။ ရှင်ကြိုက်နေတဲ့သူရှေ့မှာ နေတဲ့ပုံစံက ဒီလိုလားရှင့်!!!

အဲ့ဒီအချိန်တုန်းက သူမလည်း နားမလည်နိုင်စွာနဲ့ပဲ ခေါင်းညိတ်ခဲ့ကာ အနာဂတ်မှာ သူတို့နှစ်ယောက် အတူတူနေထိုင်ရန် သဘောတူခဲ့တာလေ။ ဒီလူဟာ အိမ်ထောင်ရေးတာဝန်ကြီးကို ပြီးမြောက်စေဖို့အတွက် သူမကို ရွေးချယ်ခဲ့တယ်လို့ ထင်ခဲ့တာလေနော်။

ချင်းရို့: “…”

ငါ ဘာလို့များ ဒီလိုအရူးတစ်ယောက်ကို ချစ်မိသွားရတာလဲဟာ?!

ချင်းရို့ သူမမျက်လုံးတွေကို မှိတ်ထားလိုက်မိရင်း “ဟုတ်ပါ့ ရှင်မှန်တယ်နော်”

“မှန်တယ်ဟေ့! လာ ဆက်သောက်ကြမယ်”

“ဇနီးလေး ကိုယ် မင်းအတွက် ကဏန်းခွာပေးမယ်နော်၊ မင်းက ကဏန်းတွေကို အကြိုက်ဆုံးဆိုတာ ကိုယ်သိတယ်”

ချင်းရို့က ကဏန်းစားရတာ တကယ်ကြိုက်မှန်း လုယန် သတိထားမိပေသည်။

လုယန် သူမအတွက် ကဏန်းအသားတွေကို ပန်းကန်လုံးကြီးတစ်လုံးအပြည့် ကူခွာပေးခဲ့သသဖြင့် သူမလည်း ကဏန်းအသားတစ်ပိုင်းကို စားလိုက်ပြီး လုယန်ပါးစပ်ထဲသို့ ကဏန်းအသားအကြီးဆုံးတစ်ခုကို ကျွေးလိုက်လေသည်။

“မင်း မကြိုက်ဘူးလား?”

လုယန် အံ့သြသွားရကာ သူက ချင်းရို့ ဒီဟာကို စားရတာကြိုက်တာကို အရင်က မြင်ဖူးထားတာလေ။

ချင်းရို့က သူ့ကို အပြုံးလေးနဲ့ ကြည့်လိုက်၏။

ဒါပေါ့ အဲ့ဒါက ကျွန်မအကြိုက်ဆုံးမို့လို့ ရှင့်ကိုပေးတာပေါ့ အရူးလေးရေ...

***

လုယန်က “ဝမ်ယွမ်ကျန်းကို ရေဒီယိုနားထောင်ဖို့ သူ့အိမ်ကို လာဖို့ ဖိတ်ခေါ်ထားတယ်”ဆိုတဲ့ စကားကို စနောက်သည့်ဟန် ပြောခဲ့သော်ငြား ဒီလိုကိစ္စမျိုးကို သူတကယ်မလုပ်နိုင်ခဲ့ပါချေ။ ရေဒီယိုက အခန်းထဲမှာ သိမ်းထားကာ သူ့သူငယ်ချင်းကို တမင်တကာ စိတ်အနှောင့်အယှက်မဖြစ်စေရအောင်လို့ ယူလည်းမယူထုတ်ခဲ့သလို ထုတ်ပြောလည်းမပြောခဲ့ပေ။

သို့သော် အရင်ဆုံး ထုတ်ပြောလာသူကတော့ ဝမ်ယွမ်ကျန်းပင်။

“မင်းရဲ့ရေဒီယိုကိုထုတ်ပြီးတော့ ငါ့ကို နားထောင်ခွင့်ပေးဦးလေကွာ”

ချင်းရို့: “…”

ရှင်က တကယ်ပဲ ရေဒီယိုနားထောင်ဖို့ ကျွန်မတို့အိမ်ကို လာခဲ့တာပေါ့လေ?!

ညစာစားပြီးနောက် လုယန်နှင့် ဝမ်ယွမ်ကျန်းတို့ နှစ်ယောက်လုံး ဝိုင်အမြောက်အများသောက်ပြီးသွားကြပြီဖြစ်၍ ချင်းရို့လည်း သူတို့အတွက် အမူးပြေဟင်းရည် ချက်ပေးလိုက်၏။ လုယန်က ချဥ်လို့ မသောက်ချင်ခဲ့သော်လည်း နောက်ဆုံးမှာတော့ ရိုးရိုးသားသားနဲ့ သောက်လိုက်ရလေသည်။

ညဘက်၌ ဖျော်ဖြေရေးတွေ တစ်ခုမှကြည့်စရာမရှိသဖြင့် သူတို့က ရေဒီယိုဖွင့်လိုက်ကြ၏။

လုယန်က လက်ဖက်ရည်ပူပူလေးလုပ်နေချိန်တွင် ချင်းရို့က မြေပဲနဲ့ ဖရုံစေ့တွေ သွားရှာလိုက်သလို လွန်ခဲ့တဲ့နှစ်ရက်က သူမလုပ်ထားတဲ့ ခြစ်ထားတဲ့အုန်းသီးတွေရော၊ အုန်းသီးကိတ်ကိုပါ လက်ဖက်ရည်သောက်ရင်း စကားပြောရန် စားသောက်ဖို့ ထုတ်လာခဲ့လိုက်သည်။

ကလေးနှစ်ယောက်ကတော့ အိပ်သွားခဲ့ချေပြီ။ သူတို့လေးတွေက နေ့ဘက်တွင် ဆူညံနေတတ်ကြသလို ညဘက်ဆိုလည်း စောစောအိပ်ရာဝင်တတ်ကြသည်။

ချန်နယ်ကို ချိန်ညှိလိုက်ပြီးနောက် ချင်းရို့ ရေဒီယိုကလွှင့်နေတဲ့ အကြောင်းအရာကို ဂရုတစိုက် နားထောင်နေခဲ့သည်။

လုယန် ယူလာတဲ့ ရေဒီယိုက အသံအရည်အသွေးမှာ အလွန်ကောင်းမွန်သလို သတင်းကြေညာသူအမျိုးသားရဲ့ အသံကျယ်ကျယ်ကိုလည်း အသံချဲ့စက်မှ ကြားနိုင်သည်။

ယခုအချိန်မှာ ညအချိန် အနုပညာအစီအစဉ်ဖြစ်ပုံပင်။

ရုပ်ရှင်တစ်ကားရဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ပြတော့မည့်အလား။

အသံထွက်လာသောအခါ ချင်းရို့က တိုက်ဆိုင်လွန်းတယ်ဆိုတာကို သဘောပေါက်လိုက်လေသည်။

ဒီသီချင်းက အဲ့ဒီနေ့ သူမနဲ့လုယန်တို့ အတူတူသွားကြည့်ခဲ့တဲ့ ရုပ်ရှင်ထဲက သီချင်းပဲလေ။

ဤခေတ်ကာလ၌ ရုပ်ရှင်အနည်းငယ်သာရှိသဖြင့် ရုပ်ရှင်တစ်ကားထွက်လာသည်နှင့် ကြည့်ရှုသူအရေအတွက်သည်ကား လူများစွာကို ထိတ်လန့်သွားစေနိုင်သည်မှာ အသေအချာပင်။

ရေဒီယိုအစီအစဥ်မှာ ဆက်လက်ထုတ်လွှင့်နေလျက်။

“လုယန်ရေ နားထောင်ကြည့်!”

လုယန်လည်း နားထောင်နေခဲ့တာ ကြာပြီဖြစ်ကာ ပြုံးလျက် ပြောလာခဲ့၏။

“အဲ့ဒါက အဲ့ဒီနေ့က ကိုယ်တို့သွားကြည့်ခဲ့တဲ့ရုပ်ရှင်ပဲ”

ချင်းရို့: “ဟုတ်တယ် ဒါက ရုပ်ရှင်အလယ်ပိုင်းလောက်မှာလာတဲ့ သီချင်းလေ၊ သီချင်းကောင်းတစ်ပုဒ်ပဲနော်”

ပြောတော့မယ့် စကားတွေကို ပြန်မျိုချလိုက်ရတဲ့ ဝမ်ယွမ်ကျန်း : “...”

- ငါလည်း အဲ့ဒီရုပ်ရှင်ကြည့်ပြီးပြီကွာ။

“လောင်ဝမ်ရေ အဲ့ဒါက ပထမဆုံးအကြိမ်တွေ့တုန်းက ငါ့မိန်းမနဲ့ အတူတူသွားကြည့်တဲ့ ရုပ်ရှင်လေ”

ဝမ်ယွမ်ကျန်း: “...ဒီတော့ မင်းတို့ ရုပ်ရှင်ရုံကို သွားခဲ့တယ်ပေါ့”

ဟီးဟီး... သူပြောလို့ရလား မရဘူးလားတော့ မသိဘူးကွာ။

— မင်းဘာဖြစ်နေတာလဲ လောင်လုရေ... ဘယ်သူကများ ဘလိုင်းဒိတ်မှာ ရုပ်ရှင်ကြည့်ပြီးတာနဲ့ နောက်ရက်အနည်းငယ်မှာ လက်ထပ်ကြလို့လဲဟေ?

အဲ့ဒီနေ့ လုယန်ရဲ့ စွမ်းဆောင်ရည်ကို တွေးကြည့်လိုက်ပြီးနောက်မှာတော့...

အဲ့လိုလည်းဖြစ်နိုင်ပါတယ်လေ...

လောင်လု လောင်လု... မင်းကတော့ တကယ့်ကို အံ့သြစရာကောင်းတာပဲကွာ။

All Chapters