← Chapters

Chapter 59

Vol. 5 Ch. 59

Chapter 59

Vol. 5 Ch. 59

ဝမ်ယွမ်ကျန်း လက်ဖက်ရည်သောက်ပြီး ရေဒီယိုကို ကြည့်နေရင်း ဘာမှမကြားနိုင်တော့သလိုပင်။ လက်ဖက်ရည်က သူ့ပါးစပ်ထဲမှာ ပိုခါးသက်လာတယ်လို့တောင် ခံစားလိုက်ရပြီ။

သူကတော့ ရေဒီယိုကို အမြဲတမ်း မှတ်မိနေမှာဖြစ်သလို အတိတ်ကသင်ခန်းစာတွေကိုလည်း အမှတ်ရနေမည်ဖြစ်သည်။

“လောင်လုရေ အနာဂတ်မှာ ငါ မင်းဆီကပဲ သင်ယူရမယ်”

ဝမ်ယွမ်ကျန်း လုယန်ကို ကြည့်ရင်း အလွန်လေးနက်တည်ကြည်စွာ ပြောလိုက်လေသည်။

သူ လုယန်အိမ်ကို ရောက်ရောက်ချင်းတုန်းကတော့ ဒီစုံတွဲက သူ့အရှေ့မှာ ဟန်ဆောင်နေခဲ့တယ်လို့ တွေးခဲ့ပေမယ့် သူတို့နှစ်ယောက်ကမူ သရုပ်ဆောင်စရာတောင်မလို၊ စကားတစ်ခွန်းမှ ပြောစရာတောင်မလိုဘဲ နားလည်မှုရှိနေကြလျက်။ မျက်လုံးကတစ်ဆင့် သူတို့ရဲ့ အမူအရာနဲ့ အပြုအမူတွေကို သဘာဝကျကျ ဖော်ပြနေပုံမှာ သူ့မျှော်လင့်တောင့်တနေခဲ့ရတဲ့ နွေးထွေးတဲ့မိသားစုပုံစံလေးဆိုတာ အတိအကျပဲ။

ကတိစကားတွေ မလိုအပ်ရုံသာမက အပြုအမူတွေကပဲ ပြသနေလျက်။

လူတစ်ယောက်က ဘယ်လောက်ပဲ ကတိတွေပေးထားပါစေ၊ တိုက်ရိုက်လုပ်ဆောင်လိုက်တာကပဲ ပိုကောင်းသည်လေ။

ရဲဘော်လုက ကောင်းကောင်းလုပ်ခဲ့တာပဲ။

လုယန်: “?” မင်းက ငါ့ဆီက ဘာများသင်ယူစရာလိုလို့လဲ လောင်ဝမ်ရေ?

“မင်း... လောင်ဝမ်ရေ... ငါတို့စာသင်နှစ်တုန်းက မင်းကို အုပ်စုခေါင်းဆောင် ဘာတွေပြောပြခဲ့လဲဆိုတာတွေကို ဘာလို့ ငါ့ကို မပြောပြတာလဲ?”

လုယန်က အတိတ်ကအရာတွေကို လေ့လာသင်ယူရန် အခွင့်အရေးယူချင်ခဲ့ပေသည်။

အခုဆို သူ နေ့တိုင်း ဒီအရာတွေကို လေ့လာနေခဲ့ရတယ် - ဇနီးမောင်နှံတွေ အတူတူဘယ်လိုနေထိုင်ရမလဲ၊ အမေနဲ့ ဇနီးသည်ကြားထဲက ပဋိပက္ခတွေကို ယောကျ်ားတစ်ယောက်အနေနဲ့ ညှိနှိုင်းပေးလို့ရအောင် ဘယ်လိုလုပ်ရမလဲ၊ အိမ်မှာဘာတွေဖြစ်ပျက်နေသလဲ၊ နောင်ကျ ယောက္ခမနဲ့ ချွေးမကြားမှာ ဘာတွေဖြစ်လာမလဲ၊ ဇနီးမောင်နှံတွေက သူတို့ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာတွေပေါ့...

လုယန်သည် အတိတ်တုန်းက ခေါင်းဆောင်ရဲ့ ဇာတ်လမ်းတွေကို လုံးဝနားမထောင်ခဲ့ပေ။

အခုတော့ သိထားဖို့ လိုနေပြီလေ။

“ဟမ်? ဘာမှသိပ်မရှိပါဘူးကွာ”

ဝမ်ယွမ်ကျန်းက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

အခုဆို အဲ့ဒီစကားတွေက အသုံးမဝင်တဲ့စကားတွေလို့ပဲ သူခံစားနေမိပြီ။

အကယ်၍သာ အဲ့ဒီစကားတွေက အသုံးဝင်ခဲ့ရင် ဘာကြောင့်များ ဇနီးနဲ့ ကလေးတွေရှိရမယ့်လူက သူမဟုတ်ရတာလဲ?

“လောင်လုရေ နောင်ကျ ငါ့ကို အကြံနည်းနည်းပေးဦးကွာ”

လုယန်: “...” မင်းမှားမယ်နော်!

ထိုည၌ ဝမ်ယွမ်ကျန်းက ပထမထပ်ရှိ ဧည့်သည်ခန်းမှာ အနားယူခဲ့သည်။ လုယန်က သူ့ကို မိသားစုအိမ်မှာ နေထိုင်ခြင်းရဲ့ အရသာကို အတွေ့အကြုံ ကြိုတင်ယူစေခဲ့လေသည်။

ဝမ်ယွမ်ကျန်း တကယ်ပဲ ကြိုတင်သိရှိထားခဲ့ပါက လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့လေ။

သူလည်း လရောင်အောက်ရှိ လုမိသားစုခြံဝင်းထဲက အခြေအနေကို ဂရုတစိုက် စူးစမ်းနေမိ၏။ ကြက်တွေကို ဝန်းရံထားတဲ့ ထူးဆန်းတဲ့ ခြံစည်းရိုးနဲ့ အထီးကျန်နေတဲ့ ပျိုးပင်အနည်းငယ်တို့ကို ကြည့်ရသည်မှာ... တကယ့်ကို ကျက်တီးမြေအလား။

သူလည်း လယ်သမားမိသားစုမှ ဆင်းသက်လာသူဖြစ်ရာ ဒီလိုမဖြစ်ထွန်းတဲ့မြေကို တွေ့လိုက်ရချိန်တိုင်း ယားယံသလို ခံစားမိရသည်။ နောင်အနာဂတ်၌ သူ့ဆီမှာလည်း မိသားစုရှိလာပြီး မိသားစုခြံဝင်းဆီ ပြောင်းရွှေ့လာခဲ့ရပါက... ဝမ်ယွမ်ကျန်းရဲ့ နှလုံးသားမှာ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်လာရ၏။

ကြက်တွေမွေးမြူမယ်၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးမယ်၊ လုမိသားစုထက် ပိုများတဲ့ ငရုတ်သီးအဝါတွေ သူ ပိုစိုက်ဖို့လိုတယ်ကွ!

လုယန်က သူ့ဆီက ငရုတ်ဆော့စ်လိုချင်တယ်လို့ အရင်ကပြောခဲ့ဖူးပေမယ့် အခုတော့ သူမေ့သွားပုံရတယ်။ သူ့အိမ်မှာ ငရုတ်သီးအဝါတွေ စိုက်ပြီးသွားလို့ပဲ ဖြစ်ရမယ်။

နောက်ဆို ဝမ်ယွမ်ကျန်းကမှ သူ့အိမ်မှာ ငရုတ်ဆော့စ်ကို တောင်းရမယ့်လူ ဖြစ်လာမယ့်ပုံပဲ။

အနှီငရုတ်သီးမှာ စပ်လွန်းသော်ငြား အရသာရှိလေသည်။ အထူးသဖြင့် စွပ်ပြုတ်တွေမှာပေါ့... အကယ်၍ သူက တခြားလူရဲ့ ပျိုးပင်ပေါက်ကို ယူလို့မရဘူးဆိုတဲ့ အသိရှိမနေခဲ့ပါက ဝမ်ယွမ်ကျန်းဟာ သူ့ရဲဘော်ဆီက ဤငရုတ်ပင်တွေကို အမှန်တကယ် လိုချင်နေမိလျက်။

အစပ်မစားတဲ့ လုယန်မှာ ဒီလိုငရုတ်ပျိုးပင်တွေ ရှိနေတာပဲ။

ဘုရားသခင်က တချို့လူတွေအပေါ်တော့ အရမ်းကောင်းတာပဲကွာ။

ဝမ်ယွမ်ကျန်း တိတ်တဆိတ် သက်ပြင်းချလိုက်မိလျက် “…”

သူကရော ဘယ်အချိန်မှ မိသားစုရလာမှာလဲကွာ?!

ဝမ်ယွမ်ကျန်း ခါးသက်နေလေပြီ။

သူ လက်တွဲဖော်တစ်ယောက်ကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေနိုင်ဖို့အတွက် ရဲဘော်လုကိုပဲ အပူကပ်ရတော့မယ်!

***

မူလတွင်မူ ချင်းရို့က ယနေ့ညမှာ ထန်ရို့အကြောင်းမေးရန် စဉ်းစားထားခဲ့ပေမယ့် လုယန်ရဲ့ ရဲဘော်က သူမအစား မေးမြန်းဖို့ ကူညီပေးခဲ့ပြီး အနှီပြဿနာအကြီးကြီးကို ဖြေရှင်းပေးခဲ့ပေသည်။

ထို့အတွက်ကြောင့် ချင်းရို့က ဝမ်ယွမ်ကျန်းအပေါ် အမြင်ကောင်းရှိသွားခဲ့ပြီ။

စကားနည်းနည်းပြောရုံဖြင့် ဒီလူဟာလည်း အလွန်ယုံကြည်ရသူတစ်ဦးဖြစ်ကြောင်း သိနိုင်သလို သူ့အလုပ်သည်လည်း ရဲဘော်လုထက် များစွာပို၍ ယုံကြည်စိတ်ချရလေ၏။

ချင်းရို့က သူနဲ့ရှောင်းမာအကြောင်း ကြားသိရသည့်အခါ ဤခေတ်ကာလ၌ စစ်မှန်တဲ့အောင်သွယ်လမ်းကြောင်းတစ်ခုရှိမှန်း ခံစားမိသွားရသည်။

ရဲဘော်လုရဲ့ နည်းလမ်းကသာ တအားထူးဆန်းနေတာလေ၊ သူ့ရဲ့ဦးနှောက်ပတ်လမ်းကို သူမလည်း နားမလည်နိုင်ပါဘူးနော်!

ချင်းရို့ ကုတင်ပေါ်မှာ စိတ်အေးလက်အေး လဲလျောင်းနေကာ လုယန်က သူမကို သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားခဲ့ပြီး သူမဆံနွယ်လေးတွေကို သူ့လက်ညှိုးနဲ့ လိမ်ဆော့နေလျက်။ ကြည့်ရတာ သူ့ဆံပင်ကတိုနေလို့ သူမရဲ့ ဆံပင်ရှည်ရှည်အပေါ် စိတ်ဝင်စားနေတာပဲဖြစ်ရမယ်။

ချင်းရို့လည်း ထန်ရို့အကြောင်းမေးစရာမလိုတော့၍ ပြောစရာစကားရှိမနေသောကြောင့် အနှီစုံတွဲလေးမှာ စကားမပြောကြဘဲ ညအချိန်ကို အတူတူကုန်ဆုံးနေကြလျက်။

ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောစရာမရှိပေ။ သူတို့ဟာ နေ့တိုင်း အချင်းချင်း ဝန်ခံနေကြတဲ့ ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ မဟုတ်ဘူးလေနော်။

သူတို့နှစ်ယောက်ကမူ ဘဝနဲ့ သက်ဆိုင်တဲ့အကြောင်းကိုသာ ပြောလိုကြ၏။ အမှန်တကယ်တော့ ချင်းရို့ ဒီရက်တွေထဲမှာ တစ်ခုခုအကြောင်း သိချင်နေခဲ့ရာ သူ့အင်္ကျီထောင့်ကို ဆွဲကာဖြင့် မေးလိုက်၏။

“လုယန် ရှင် ကြက်သွန်မြိတ်နဲ့ လိမ့်ထားတဲ့ ပန်ကိတ်စားချင်လား?”

လုယန်: “...ဘာကြီး?”

သူက ချင်းရို့အား နားမလည်စွာ ကြည့်နေလျက်။

ချင်းရို့မှာ သူမပဲ တစ်ခုခုထူးဆန်းတာ ပြောမိသွားသည့်နှယ် သူ့အကြည့်ကြောင့် ရှက်ရွံ့သွားရ၏။ ဒါဟာ ဘဝနဲ့ သက်ဆိုင်တဲ့ မေးခွန်းမှန်း သိသာနေတာကို၊ ဒါပေမဲ့ အခန်းတစ်ခန်းထဲမှာ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူတူ အိပ်ရာထဲမှာ လဲလျောင်းနေသည်မို့ ထူးဆန်းသွားရလေရဲ့။

ဟမ်... ပြီးတော့ သူမကိုယ်ကိုလည်း စောင်နဲ့ ပတ်ထားတာဆိုတော့...

ပန်ကိတ်ထဲမှာ ဘာကြက်သွန်မြိတ်လိမ့်တာတုန်း?

ဟစ်... အဲ့ဒါကြီးက တစ်ခုခုမှားနေသလိုဖြစ်နေရတာလဲနော်?

အမှန်တကယ်တော့ အိပ်ရာထဲမှာ ဘဝနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ပြောဖို့ သိပ်မသင့်တော်ကြောင်း ချင်းရို့လည်း သိပေသည်။ ဤနေရာမှာ ဘဝနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေဟာ ဖြူစင်မှုနည်းတယ်မဟုတ်လားနော်။

သူမ တကယ်ဆိုလိုတာက တကယ့်ကြက်သွန်မြိတ်ကိုပါနော်!

အင်တာနက်ပေါ်မှာ တချို့ကြက်သွန်မြိတ်တွေက လူသားတွေထက် ပိုရှည်ကြတယ်ဆိုတာ သူမတွေ့ဖူးထားလို့ပဲ။

တကယ့်အပြင်မှာရော အဲ့လိုကြက်သွန်မြိတ်တွေ တကယ်ရှိတာလားလို့? ဒါမှမဟုတ် အခုထိ မစမ်းသပ်ရသေးတဲ့ အမျိုးအစားအသစ်များလားနော်?

ချင်းရို့ ကြက်သွန်မြိတ်တွေ စိုက်တော့မှာဖြစ်လို့ သူမက ထိုအကြောင်း တွေးနေမိတာပင်။

“ကိုယ် မစားချင်ဘူး”

ချင်းရို့: “…” ရှင် ဘန်းမုန့်ပေါင်းကိုပဲ အကြိုက်ဆုံးဆိုတာ ကျွန်မသိပါတယ်နော်။

ကြည့်ရတာ သူမတစ်ယောက်တည်းကပဲ ညစ်တီးညစ်ပတ်တွေ တွေးနေမိတာ ထင်ပါရဲ့။ (ချင်းရို့ အရမ်းမှောင် 😂)

ဤစစ်တပ်အရာရှိဟာ ရိုးသားလွန်းတဲ့ အရာရှိပဲ ဖြစ်ရမယ်။

ချင်းရို့ လှည့်လိုက်ပြီး သူမကိုယ်သူမ အလွန်အမင်း စက်ဆုပ်မိသလို ခံစားရ၍ ပန်ကိတ်လို ဖြန့်နေလိုက်တော့သည်။

All Chapters