Chapter 60
Vol. 5 Ch. 60
သူမက မော်ဒန်ခေတ်က အင်တာနက်အသုံးပြုသူတွေ(အရူးတွေ)ဆီမှ မှတ်ချက်တွေ အများကြီးကို မြင်ခဲ့ရလို့ပဲဖြစ်ရမယ်။ သူမရဲ့စိတ်ထဲက အညစ်အညမ်းတွေကို ဖယ်ရှားဖို့ လိုနေပါပြီနော်!
ချောမောလွန်းတဲ့ ရဲဘော်လုကို ကြည့်လိုက်ပါလား၊ သူ့အတွေးတွေက ဘယ်လောက်တောင် ဖြူစင်လိုက်သလဲ၊ ဘယ်လောက်တောင် ဖြောင့်မတ်လိုက်သလဲနော်။
"မင်း စားချင်လို့လား?"
"ရှင့်ဆီမှာရှိတယ်လား?"
"အဲ့ဒါတွေကို ကိုယ့်မွေးရပ်မြေမှာ မြင်ဖူးတယ်၊ မင်းစားချင်ရင် ကိုယ့်မွေးရပ်မြေဆီ မင်းကို ခေါ်သွားဖို့ စောင့်ပေးဦးနော်--"
"မဟုတ်ဘူး" ချင်းရို့ ခေါင်းခါလိုက်ရင်း "ကျွန်မ မစားချင်ပါဘူး"
"ကျွန်မ ပုဇွန်ကြီးကြီးပဲ စားတော့မယ်!"
သူတို့စကားပိုပြောမိလေလေ ပိုပြီးကိုးရိုးကားယားဖြစ်လာလေလေပဲ၊ ချင်းရို့ စိတ်မသက်မသာနဲ့ သူမအဝတ်ထောင့်ကို ဆွဲဆုတ်ထားမိသည်။
သူမ ချုံကျိုးကျွန်းဆီ လာတဲ့လမ်းတစ်လျှောက်လုံး လုယန်အနောက်သို့ လိုက်လာတုန်းကတော့ သူမ ဘာခံစားချက်မှမရှိခဲ့ပေမယ့် အခုတော့ ဒီနေရာနဲ့ သူမရင်းနှီးကျွမ်းဝင်နေလေပြီ။
သူ့မွေးရပ်မြေကို သူနဲ့အတူတူ ပြန်သွားပြီးတော့ သူ့မိဘတွေ၊ မောင်နှမတွေနဲ့ တွေ့ရမယ်ဆို....
သူမ ကြောက်လန့်မိနေတုန်းပဲ။
ချင်းရို့ငယ်စဥ်ကတည်းက သူမမိဘတွေက ကွာရှင်းခဲ့ကြတာဖြစ်သည်။ သာမာန်မိသားစုဘဝဟာ ဘယ်လိုလဲဆိုတာ သူမမသိခဲ့သလို သူ့မိဘတွေနဲ့ တွေ့ဖို့ဆို ပိုလို့တောင် ကြောက်ရွံ့မိ၏။
အရင်က သူမ ရှောင်နိုင်ပေမယ့် အခု လုယန်နဲ့အတူတူနေလို၍ ရှောင်လွှဲလို့မရတော့ပေ။
သူ့အဖေ၊ အမေ၊ မောင်နှမတွေက ဘယ်လိုလူမျိုးတွေလဲနော်?
လုယန်ဟာ အရင်က အရမ်းနှုတ်ဆိတ်လွန်းသဖြင့် သူတို့အိမ်ထောင်ရေးအကြောင်း သူ့မိသားစုကို သူဘယ်လိုပြောထားသလဲဆိုတာ သူမလည်း မသိပါချေ။ သူ့မိဘတွေရှေ့မှာ သူမအကြောင်း ဘယ်လိုပြောပြထားမလဲ?
"မင်း သူတို့ကိုတွေ့တဲ့အခါ သိပါလိမ့်မယ်"
လုယန် ပြုံးလျက် သူမဆံနွယ်တွေကို နမ်းလိုက်၏။
"ဒီနှစ်ကုန်အားလပ်ရက်မှာ မင်းကို ကိုယ့်မွေးရပ်မြေဆီ ပြန်ခေါ်သွားမယ်"
လုယန်က သူ့ဇနီးလေးကို အိမ်ပြန်ခေါ်သွားရတာက အရမ်းကောင်းလိမ့်မှာပဲလို့ တွေးနေမိသည်။
"ရှင်တို့မိသားစုပုံရှိလား?"
"ကိုယ့်မိဘတွေကို တစ်ပုံပို့ခိုင်းထားတယ်၊ မင်းပုံကိုလည်း ပို့ပေးထားတယ်"
"ဟုတ်"
ချင်းရို့ ခေါင်းညိတ်ပြလိုက်၏။ ရုပ်ဆိုးဆိုးချွေးမဆိုရင်တောင်မှ ယောက္ခမတွေကို တွေ့ဖို့လိုသေးသည်မို့ တွေ့ဆုံဖို့အတွက် စိတ်ကိုကြိုတင်ပြင်ဆင်ထားရမှာပေါ့၊ လုယန်အားလပ်ရက်ရောက်ဖို့ အချိန်တွေကျန်ပါသေးတယ်လေ။
လုယန် လှိမ့်လိုက်ကာ သူမကို သူ့အောက်မှာ ဖိလိုက်သည်။ သူ ဒီညမှာ အဲ့ဒါကိုတောင်းဆိုလာလိမ့်မယ်လို့ ချင်းရို့ မမျှော်လင့်ထားမိခဲ့ပေ။
သူမကြားဖူးတာက ယောကျ်ားတစ်ယောက်က သောက်တာများလွန်းသွားရင် မထနိုင်တော့ဘူးဆို၊ ဝတ္ထုတွေထဲက အရက်မူးတဲ့ One-night-standတွေအားလုံးက fakeတွေလားဟဲ့!!
လုယန် ဒီညမှာ တော်တော်သောက်ထားခဲ့ပေမယ့်... မသိရင်တော့ ဒီလူဟာ ဝိုင်အတုတွေ သောက်ထားသည့်နှယ်။
ဒီအိမ်ရဲ့ အသံစနစ်ကောင်းလား မကောင်းလားဆိုတာ ချင်းရို့ မသိပါချေ။ ဘယ်လိုဖြစ်ဖြစ် ချင်းရို့ အသံမထွက်ရဲပေ။ လှုပ်ရှားမှုတွေဟာလည်း အများကြီး ပိုနူးညံ့လာခဲ့သည်။
နောက်ပိုင်းတွင်မူ သူတို့နှစ်ယောက်လုံး အနည်းငယ် မသက်မသာဖြစ်ရလေ၏။
နောက်တစ်နေ့တွင် လုယန်က မနက်အစောကြီး ဝမ်ယွမ်ကျန်းနှင့်အတူ ထွက်သွားခဲ့သည်။ သူ ဦးထုပ်ဆောင်းထားကာ သူ့မျက်နှာချောချောလေးကတော့ မကျေမနပ်ဖြစ်နေပုံပေါက်နေလျက်။
သူက အခုမှ ဘဝရဲ့ အရသာကို ကောင်းကောင်း ခံစားရတာဖြစ်၍ သူမနဲ့ တစ်ချိန်လုံး ကပ်နေချင်တာဖြစ်သည်။ သူတို့က ရက်အနည်းကြာ ခွဲခွာရပြီးနောက် တစ်ညပဲ အတူတူရှိနိုင်ကြတာလေ...
လုယန် ဝမ်ယွမ်ကျန်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီကောင့်ကို မနေ့က သူ့အိမ်လာဖို့ ဝမ်းသာအားရ ဖိတ်ခေါ်မိခဲ့ပေမယ့် အခုတော့ သူတွေးနေမိသည်မှာ - ငါ့အိမ်ကို နောက်ထပ်မလာနဲ့တော့!
ငါ့အိမ်မှာ ရေဒီယိုလာနားထောင်ဖို့ ဘယ်သူ့ကိုမှ မကြိုဆိုဘူးကွ!
ငါတို့ရဲ့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို လာမနှောင့်ယှက်ကြနဲ့!
“လောင်လုရေ ငါ မင်းအိမ်ကို နောက်လည်း ထပ်လာလည်ဦးမယ်ကွာ”
သွားတိုက်နေတဲ့ လုယန်မှာ ရေတစ်ငုံကို ထွေးထုတ်လိုက်ကာ သူ့ပါးစပ်က အမြှုပ်တွေကို သုတ်ပစ်နေရင်း
“မင်း ငါ့ကို အရမ်းတွေ့ချင်နေတယ်ပေါ့ ဟုတ်လား?”
ဝမ်ယွမ်ကျန်း သူ့လက်တွေကို သူ့ပုခုံးပေါ် တင်ချင်သော်ငြား မတင်နိုင်သဖြင့် သူပြန်ပြောလာလေ၏။
“ငါတို့ကဘာတွေလဲ? သူငယ်ချင်းကောင်းတွေလေကွာ”
လုယန်: “လစ်စမ်း”
“လောင်လု မင်းက အသည်းနှလုံးမရှိလိုက်တာကွာ”
***
“သူတို့ ကျွန်းကိုရောက်သွားပြီလား?”
“အဲ့ဒီကလေးကတော့ အိမ်ကို ဖုန်းလေးတောင်မဆက်ဘူးကွာ...”
အငြိမ်းစားယူပြီးနောက် လုကျုံးရီနှင့် ကျန်းဖျင်တို့က နေ့တိုင်း ဟင်းသီးဟင်းရွက်တွေ၊ ပန်းတွေ စိုက်ပျိုးကြပြီး ဘေးအိမ်က လောင်ဝမ်နှင့် စကားစမြည်ပြောကာ စစ်တုရင်ကစားကြရင်း နေ့ရက်တွေကို ကုန်ဆုံးတတ်ကြသည်။
သူတို့ရဲ့ သားအငယ်ဆုံး လုယန်က “ပူပူစပ်စပ်”မိန်းကလေးနဲ့ လက်ထပ်လိုက်သည့်အခါ သူတို့မှာ လွန်စွာအံ့အားသင့်ခဲ့ရသလို သူတို့သားလေးအတွက်လည်း စိုးရိမ်နေမိခဲ့သည်။
သူတို့အားလုံး ထိုအရွယ်တုန်းကလည်း အဲ့ဒီလိုစိတ်ပျက်စရာခေတ်အချိန်ကာလမှ လာခဲ့ရသည်ဖြစ်ရာ၊ အဲ့ဒီတုန်းက နေထိုင်ဖို့ မလွယ်ကူခဲ့သလို ပြင်းထန်တဲ့ မုန်တိုင်းတွေကိုလည်း သူတို့ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။
သူတို့သားက အဲ့ဒီဒေါသကြီးတဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်ရုံလေးပဲ မဟုတ်လား? ဒါက ကိစ္စသေးသေးလေးပါပဲလေ။
ဒီဇနီးမောင်နှံရဲ့ တူညီတဲ့ လက္ခဏာသည်ကား သူတို့က စိတ်သဘောထားကြီးကြခြင်းပင်။
ဟုတ်တာပေါ့၊ ဒါကို အကောင်းမြင်စိတ်လို့လည်း ခေါ်နိုင်တာပေါ့။
သူတို့လင်မယားဟာ အကောင်းမြင်ခြင်းမရှိပါက လက်ရှိအချိန်အထိ သူတို့ ရှင်သန်နိုင်မှာမဟုတ်ဘူးလေ။
အကောင်းမြင်ရမယ်! အကောင်းမြင်ရမှာပေါ့!
လုယန် အိမ်ထောင်ပြုလိုက်ပြီဆိုကတည်းက သူ့ဘဝကို ကောင်းကောင်းနေသင့်တာပေါ့။
လုမိသားစုဟာ အရမ်းစည်းကမ်းတင်းကျပ်တဲ့ မိသားစုမဟုတ်၍ အတိတ်ကကိစ္စတွေကို မှတ်ယူမည်မဟုတ်ပေ။ သေရေးရှင်ရေးကာလ၌ သူတို့ ရုန်းကန်နေရချိန်မှာ ဘယ်အရာတွေကိုများ အာရုံစိုက်သင့်သလဲ။
အတိတ်တုန်းကဆို ခက်ခဲလှသည့်အချိန်အတွင်းမှာ အိမ်ထောင်ပြုဖို့ဆိုတာ မလွယ်ကူခဲ့။ တပ်ရင်းအဆင့်ကေဒါ သို့မဟုတ် ထို့ထက်ရာထူးမြင့်သူများသာ အိမ်ထောင်ပြုဖို့ အဆင့်မှီလေသည်။ အချိန်ကောင်းတွေရှိလာဖို့အတွက် မိသားစုမှာ သားသမီး၊ မြေးမြစ်တွေရှိသင့်တာပေါ့။
ကျန်းဖျင် ပန်းပင်တွေကို ရေလောင်းနေသည့်အခါ လုကျုံးရီက အလျင်စလို တားမြစ်လာခဲ့သည်။
“ငါ့ပန်းတွေကို မသတ်နဲ့”
ကျန်းဖျင် သူ့ကို စက်ဆုပ်စွာ စိုက်ကြည့်ရင်း “အငြိမ်းစားယူလိုက်တဲ့ အဘိုးကြီးတွေအားလုံးက သူတို့အိမ်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ကြတာလေ၊ အသုံးမကျတဲ့လူအိုကြီး ရှင်ကတော့ ပန်းပင်တွေစိုက်နေတယ်!”
“ပန်းတွေစိုက်တာ ကောင်းတယ်လေ၊ သူတို့ကိုကြည့်ရတာ ဘယ်လောက်လှလိုက်သလဲ”
လုကျုံးရီ သူ့ဘာသူ ရေရွတ်ဟန်ဖြင့် “မင်းရဲ့ ဟင်းသီးဟင်းရွက်တွေထက် ပန်းစိုက်တာက ပိုကောင်းတယ်လေ”
လုကျုံးရီမှာ သူ့ဇနီး စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ထိတ်လန့်နေရလျက်။
သူတို့က အရမ်းဆိုးရွားလွန်းနေတာကွာ!
သူ့ဇနီးသည်ဟာ သီးပင်စားပင်တွေရော၊ ဟင်းသီးဟင်းရွက်တွေကိုပါ ဂရုမစိုက်နိုင်ဘူးလေ။ သူမစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးက ဆေးအနံ့ရနေတာ။
“မင်းစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေက အရမ်းခါးတယ်”
ကလေးတွေ အနားမှာမရှိ၍ သူပဲစားနေရလို့ အရမ်းနာကျင်နေရပါပြီနော်။ အဲ့ဒါက စစ်ဆရာဝန်ဖြစ်တဲ့ ကျန်းဖျင်နဲ့ သူအိမ်ထောင်ကျခဲ့တာကြောင့်လားဆိုတာ သူလည်း မသိတော့ပါဘူးကွာ။
အချက်အပြုတ်ဆိုလည်း ဆေးကျိုနေသလိုပဲ။
“ဒါဆို ကျွန်မ ရှင့်အတွက် ပိုချိုတဲ့ ထမင်းချက်ပေးရမှာပေါ့၊ အဲ့ဒါမှ ရှင် အခါးတွေ မစားရတော့ဘူးလေ”
“သစ်ခေါက်နဲ့ မြက်ပင်တွေကို စားခဲ့ရတာတွေကိုရော ရှင်မေ့သွားပြီလား”
တစ်ချိန်က ထိုအဖြစ်အပျက်ကြောင့် သူမျက်ရည်ကျချင်မိသွားရ၏။ သူ့အထက်လူကြီးတွေက သူ့ကို ကြိုမပြောကြဘဲ အိမ်ကို တိတ်တဆိတ်လာလည်ကြပြီး သူ့မိသားစုရဲ့ အစားအစာတွေကို မြည်းစမ်းကြည့်သွားကာ သူတို့နှစ်ယောက်ကို ထပ်ခါထပ်ခါ ချီးကျူးသွားခဲ့သည်။
လုကျုံးရီ: “…”
သူ ဆန္ဒရှိခဲ့လို့လား?