သူ အရင်က ဘာအလုပ်လုပ်လဲ
Vol. 18 Ch. 260
‘တစ်နေ့မှာတော့ ကျွန်တော် အွန်လိုင်းကနေ ဆေးတွေရောင်းရင်း ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေကနေ ကျွန်တော့်ကံကြမ္မာလည်း ပြောင်းလဲခဲ့တယ်’
‘မင်းဆေးရဲ့ အမျိုးအစား ဘယ်လောက်ကောင်းလဲ’
သူတို့က နံပါတ်မပေါ်တဲ့ ဖုန်းတွေနဲ့ ပထမဆုံး မေးလာခဲ့တယ်’
‘ကျွန်တော်လည်း နည်းလမ်းကောင်းတွေနဲ့ လုပ်ထားလို့ ၉၉% သန့်စင်ကြောင်း ပြောပြတာပေါ့’
‘ဒါပေမဲ့ တစ်ဖက်က ကျွန်တော်နဲ့ ပူးပေါင်းချင်တာ ဖြစ်နေခဲ့တယ်။ ဘဏ်အကောင့်ထဲကိုလည်း ပိုက်ဆံတွေ ရုတ်တရက် ဝင်လာတာပေါ့’
‘ဒီလိုနဲ့ ကျွန်တော် စိတ်ယိုင်ပြီး သဘောတူလိုက်မိတယ်’
‘ဒါပေမဲ့ ကျွန်တော် ဆေးအကောင်းစားတွေ ပို့ပြီးတဲ့နောက် ဆဲဆိုထားတဲ့စာတွေပဲ ပြန်ရောက်လာတယ်’
‘သူတို့လိုချင်တာ အဲ့လိုပုံမှန်ဆေး မဟုတ်ခဲ့ဘူး’
‘ကျွန်တော်လည်း အစကတော့ စိတ်မပါပေမဲ့ သူတို့ ကမ်းလှမ်းမှုက မက်လောက်စရာပဲ’
‘လင်းစက်ရုံကလည်း ချေးငွေနဲ့ ရုန်းကန်နေရတာလေ။ ကျွန်တော် အံကြိတ်ပြီး စလိုက်တော့တယ်’
‘အမှန်တော့ ဒီလိုဆေးထုတ်ဖို့က သိပ်ခက်တာတော့ မဟုတ်ပါဘူး။ တရားမဝင်ဝက်ဘ်ဆိုဒ်တွေမှာ နည်းနည်း လေ့လာလိုက်တာနဲ့ သိရပြီ။ ကုန်ကြမ်းတွေကတော့ နေရာအမျိုးမျိုးကနေ နည်းနည်းစီ စုရတာပေါ့’
‘ကျွန်တော့်မှာ မထင်မှတ်ဘဲ အရည်အချင်း ရှိနေခဲ့တယ်’
‘…’
ထိုအပိုင်းနားတွင် ကျန်းရီရှင်း မျက်မှောင်ကြုတ်သွား၏။
“ဒါက နည်းနည်း မများလွန်းဘူးလား”
ယုယွီလည်း သူ့ကိုလှမ်းကြည့်၏။
အဓိကအချက်များ ဖယ်ထားသော်လည်း မူးယစ်ဆေးပြုလုပ်နည်း အသေးစိတ်မှာ မထည့်သင့်ပေ။
“ဟုတ်တယ်”
ချူဝမ်နင်းလည်း ထောက်ခံ၏။
“နည်းနည်းပါးပါးလောက်ပဲဆိုတော့ ရတာတော့ ရပါတယ်”
“တော်သေးတာပေါ့”
ထိုအခါမှ ယုယွီ သက်ပြင်းချနိုင်သည်။
သို့သော် ချူဝမ်နင်း ယုယွီဘက် လှမ်းကြည့်မိကာ
“ဒါပေမဲ့ ပြုလုပ်နည်းက ကျွမ်းကျင်အဆင့်လိုပဲနော်။ သူ ဘယ်လိုလုပ် သိတာလဲ”
“ဟင်… သူ သေချာရှာထားလို့ ဖြစ်မှာပေါ့”
“ဟုတ်လား”
“ဟုတ်… ဟုတ်မှာပေါ့”
ယုယွီ ယုံကြည်ချက်အပြည့်ဖြင့် မပြောနိုင်ပေ။
သူကိုယ်တိုင်လည်း ဖတ်နေရင်း အလွန်အံ့ဩမိ၏။
“ဝတ္ထုပဲ ဆက်ဖတ်ရအောင်ပါ”
ချူဝမ်နင်းမှ ပြောလိုက်သည်။
‘ကျွန်တော် ပထမဆုံးလုပ်တဲ့ ဆေးက ၈၅% သန့်စင်ပြီး အဆင့် A တော့ ရှိတယ်’
‘ဒီလောက်ဆို ကျေနပ်လောက်ပေမဲ့ ကျွန်တော့်ဘက်က မကျေနပ်နိုင်ဘူး။ ပိုကောင်းအောင် ထုတ်ပြီး ဈေးတက်ချင်တာ’
‘အဲ့တာကြောင့် ထပ်ပြီး ကြိုးစားခဲ့တယ်’
‘…’
အစပိုင်း ပြီးသွားသောအခါ အားလုံး ဖုန်းချ၍ လက်ဖက်ရည် သောက်လိုက်ကြ၏။
ချူဝမ်နင်း သက်ပြင်းချ၍
“ယုယွီ လင်းချွမ် စာမရေးခင် အရင်က ဘာလုပ်ခဲ့တာလဲ”
“အာ သူက တက္ကသိုလ်ကျောင်းသားဘဝကနေ တန်းရေးတာလေ”
ယုယွီ နေရခက်စွာ ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်လား။ သူ ကျောင်းမှာတုန်းက စည်းကမ်းဖောက်တာမျိုးရော ကြားဖူးလား”
ချူဝမ်နင်းမှ မေးလေသည်။
“အဲ့တာတော့ မသိဘူး”
ယုယွီ သူ့ကိုကြည့်၍
“ဘာလို့ ရုတ်တရက် အဲ့တာကို မေးတာလဲ”
“ဪ သူက အခုမူးယစ်ဆေးအကြောင်းတွေကို အရမ်းသိနေလို့ ထူးဆန်းတဲ့သူတွေနဲ့များ ပတ်သက်ဖူးနေလားလို့”
ချူဝမ်နင်း ပြန်ဖြေ၏။
ယုယွီ ချက်ချင်း ပြန်ကာပေးလေသည်။
“သူ့ဝတ္ထုတွေက ကျွမ်းကျင်မှုတစ်ခုခုကြောင့် အမြဲ နာမည်ကြီးတာလေ။ ဒါနဲ့ ဒီစာအုပ်ကို ပြည်ပမှာရော ရောင်းလို့ အဆင်ပြေမလား”
ချူဝမ်နင်း အတော်ကြာအောင် ငြိမ်နေပြီးမှ
“တချို့ အသုံးအနှုန်းတွေပြင်လိုက်ရင်တော့ ထုတ်လို့ရမှာပါ”
“ဘာပဲဖြစ်ဖြစ် ထုတ်လို့ရရင် ရပါပြီ”
ယုယွီ သက်ပြင်းချမိကာ
“ကျွန်မ အခုပဲ လင်းချွမ်ကို ဆက်သွယ်ပြီး ပြင်ဆင်စရာရှိတာ ပြင်လိုက်တော့မယ်”
ချူဝမ်နင်း ခေါင်းငြိမ့်ပြ၍
“ဘာသာပြန်တာက လူရော AI ရော ပေါင်းသုံးမှာနော်။ အရင်ထက် ပိုမြန်တာပေါ့”
“ဒါဆို အရည်အသွေးကရော”
ချူဝမ်နင်း ပြုံးလျက်
“ယုယွီရယ် အရည်အသွေးကတော့ ဘာမှ မစိုးရိမ်နဲ့။ တို့ အာမခံတယ်”
အမှန်တော့ သူလည်း ယခုဝတ္ထုကို များစွာ မျှော်လင့်မိပါသည်။
အကြောင်းအရာသည် ပြည်ပ ပရိသတ်များအား အတော်လေး ဆွဲဆောင်နိုင်လောက်၏။
“ဒါဆိုရင်လည်း စိတ်ချလိုက်ပါပြီ”
ယုယွီ ဝမ်းသာသွားလေသည်။
အထွေထွေမန်နေဂျာကိုယ်တိုင် အာမခံနေ၍ စိတ်ပူစရာ မရှိတော့ချေ။
ချူဝမ်နင်းနှင့် ကျန်းရီရှင်းတို့ ဆက်လက်ဆွေးနွေးရန် နေခဲ့ပြီး ယုယွီကတော့ သူ့စားပွဲသို့ပြန်ကာ လင်းချွမ်အား ချက်ချင်း စာပို့လေသည်။
“လင်းရေ ရှင့်စာအုပ်ကို ပြည်ပမှာ ထုတ်လို့ရပြီနော်”
လင်းကျန်အိမ်ရာ။
လင်းချွမ် ထိုစာကိုတွေ့သည်နှင့် ပြုံးသွားပြီး
“ကျေးဇူးပါ ယုယွီရေ”
“ရှင့်စာအုပ်က အဆင့်မီတာကိုး။ ဟက်ကာလောကနဲ့လည်း ပေါက်ထားတော့ မရစရာ မရှိပါဘူး”
ယုယွီ ပြန်ဖြေသည်။
“ဟက်ကာလောကကိစ္စလည်း မင်းလည်း အကြံပေးလို့ပါ”
“ဒီလောက်ကောင်းတဲ့ ရတနာကို ဒီအတိုင်း မထားနိုင်ဘူးလေ”
လင်းချွမ် ရယ်မော၍
“ဒါဆို ဒီည အပြီးထုတ်ထားပြီး ပို့ပေးမယ်နော်”
“ဟုတ်ကဲ့ပါ။ သတင်းကောင်း စောင့်နေပါမယ်”
လင်းချွမ် ထိုအခါမှ စိတ်အေးသွားတော့သည်။
တော်သေးတာပေါ့။
“သူဌေး ပြည်ပမှာ ထုတ်လို့ရတယ်တဲ့လား”
ကျန်း သူ့ကိုမှီရင်း ပြောလေသည်။
“ရပြီတဲ့”
“ငါ့သူဌေးက နိုင်ငံတကာအထိတောင် ပေါက်တော့မှာပဲ”
ကျန်း ကျေနပ်စွာ ပြော၏။
“နိုင်ငံတကာအထိ ပေါက်တာလည်း ကောင်းတော့ ကောင်းပါတယ်”
လင်းချွမ် ရယ်မော၍ ပြောလိုက်မိသည်။
“ရှင့် ပရိသတ်တွေကတော့ VPN ခံပြီး ဖတ်ရတော့မှာပေါ့”
ကျန်း နှုတ်ခမ်းလေးစူကာ ပြော၏။
“အဲ့တာက အရေးမကြီးပါဘူး။ အင်္ဂလိပ်ဖတ်ဖို့က အဓိက”
နှစ်ယောက်သား ရယ်မောမိလိုက်ကြပြီး ကျန်းက
“ကဲပါ။ ကုမ္ပဏီကိစ္စ သွားရတော့မယ်။ ပြင်တော့”
လင်းချွမ် နာရီ လှမ်းကြည့်လိုက်သောအခါ (၂) နာရီ ထိုးနေလေပြီ။
ဤသို့ဖြင့် (၄) နာရီ ထိုးသောအခါ ယုခီခီ စတူဒီယို ၇၂၀ ကုမ္ပဏီသို့ ရောက်လာ၏။
“ကဲ အန်ကျောက်ဆေးဝါးကို အရယူရအောင်”
လင်းချွမ် ပြုံးရွှင်၍ ကြုံးဝါးလိုက်မိသည်။