← Chapters

ဈေးကွက်ချဲ့ထွင်ရမယ်

Vol. 18 Ch. 259

ဈေးကွက်ချဲ့ထွင်ရမယ်

Vol. 18 Ch. 259

မိုတုမြို့၊ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်။ 

ယုယွီမှာ အပြာရင့်ရင့် ဂါဝန်လေး ဝတ်ဆင်ထားပြီး လှပသောအသွင်အပြင်ဖြင့် အယ်ဒီတာချုပ်ရုံးခန်း တံခါးအား ခေါက်လိုက်သည်။ 

ကျန်းရီရှင်း အသံပေး၍ ဝင်သွားသောအခါ

“ယုယွီ ရောက်လာတာ အတော်ပဲ”

ယုယွီပြုံး၍ အထဲဝင်သွား၏။ 

အခန်းထဲတွင် အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦး ရှိနေလေသည်။ ယုယွီ မှတ်မိသလောက် ပြည်ပထုတ်လုပ်ရေးဌာနမှ ချူဝမ်နင်း ဖြစ်၏။ 

နှစ်ဦးလုံးမှာ အသက်အတူတူမျှဖြစ်ပြီး ကျက်သရေရှိသော အလှကြောင့် ဆွဲဆောင်မှု ရှိကြသည်။ 

“ယုယွီ ဝင်လာလေ”

ချူဝမ်နင်း ယုယွီ ရောက်လာသည်ကို တွေ့သောအခါ ပြုံး၍ နှုတ်ဆက်လိုက်ပြီး သူ့ဘေးမှဆိုဖာကို ပုတ်ပြသည်။ 

“မန်နေဂျာချူလည်း ရောက်နေတာကိုး”

ယုယွီပြုံးကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်၏။ 

“ကျွန်မက စောင့်နေတာ”

ချူဝမ်နင်း ပြုံး၍ ပြောလေသည်။ 

ယုယွီ သူ့ကို အံ့ဩသလိုကြည့်၍

“ကျွန်မကို စောင့်နေတာလား”

ရုံးခန်းထဲ၌ သူတို့ (၃) ဦးမှာ စားပွဲကိုဝိုင်း၍ ထိုင်လျက် ရှိသည်။ 

ကျန်းရီရှင်းမှ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ရင်း

“မန်နေဂျာချူနဲ့ ငါက အခုပဲ ပြည်ပဝတ္ထုဈေးကွက် ချဲ့ဖို့အကြောင်း ဆွေးနွေးနေတာလေ”

“ဟုတ်ပါ့”

ချူဝမ်နင်း ခေါင်းငြိမ့်ပြ၍

“ပြည်ပအွန်လိုင်းဝတ္ထုဈေးကွက်က မစိုက်ပျိုးရသေးတဲ့ မြေကွက်ကြီးလိုပဲ။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အမျိုးအစားလည်း စုံတယ်။ အဲ့တော့ တခြားသူတွေနဲ့အပြိုင် မြန်မြန် ဈေးကွက် အခိုင်အမာ ရထားမှ ဖြစ်မှာ”

“လက်ရှိ ပြည်ပမှာ အရောင်းရဆုံး အမျိုးအစားက စိတ်ကူးယဉ်အကြောင်းနဲ့ အင်မော်တယ် ကျင့်ကြံခြင်း အကြောင်းတွေမလား”

ယုယွီမှ ပြန်မေးလိုက်သည်။ 

ချူဝမ်နင်း ခေါင်းငြိမ့်ပြကာ

“ဟုတ်တယ်။ အဲ့လိုဝတ္ထုတွေကိုတော့ ယဉ်ကျေးမှု ဖလှယ်တဲ့အနေနဲ့ လူကြိုက်များနေတယ်။ ဒါပေမဲ့ ဒီလောက်နဲ့ ထိုးဖောက်လို့ မရသေးဘူး။ အခုအချိန်မှာ အမြင့်ဆုံးရထားတဲ့စာအုပ်က ဘာလဲသိလား”

ယုယွီ အံ့ဩစွာဖြင့်

“ဟိုစာအုပ်လား”

ချူဝမ်နင်း ပြုံး၍ လက်ဖက်ရည်တစ်ငုံသောက်ကာ

“အမှန်ပဲ။ ဟက်ကာလောကလေ”

ကျန်းရီရှင်း ရယ်မောလျက်

“စိတ်ကူးယဉ်နဲ့ ကျင့်ကြံခြင်းဝတ္ထုတွေက ပြည်ပပရိသတ်တွေကြား နာမည်ကြီးပေမဲ့ တစ်အုပ်ချင်းစီ ပြန်ကြည့်ရင် ဟက်ကာလောက,က ထိပ်ဆုံး ရောက်နေတာ။ အဲ့တာကြောင့် မင်းကိုခေါ်ပြီး လင်းချွမ်အကြောင်း ဆွေးနွေးမလို့။ ပြည်ပ ပရိသတ်တွေအကြိုက် စာအုပ်အသစ်လေး ထုတ်ပေးပါဦးလို့”

“အတော်ပဲ”

ယုယွီ မျက်လုံးအရောင်လေးလက်၍

“လင်းချွမ်က တရုတ်နိုင်ငံနဲ့ မကိုက်တဲ့ စာအုပ်တစ်အုပ် ထုတ်ဖို့ရှိနေလို့”

သူ့စကားကြောင့် ကျန်းရီရှင်းနှင့် ချူဝမ်နင်းတို့ အချင်းချင်း လှမ်းကြည့်လိုက်မိသည်။ 

ဟက်ကာလောက၏ အောင်မြင်မှုမှာ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်အတွက် အားရကျေနပ်စရာတစ်ခု ဖြစ်ပါသည်။ 

ထိုပုံစံနှင့် ဆင်တူအောင်လိုက်ရေးသည့် ဝတ္ထုများပင် အသင့်အတင့် အဆင်ပြေကြ၏။ 

“ဝတ္ထုအသစ်က ဘာအကြောင်းမို့လို့လဲ”

ချူဝမ်နင်းပြုံး၍ စိတ်ဝင်တစား မေးလိုက်သည်။ 

ထိုအချိန်တွင် ဟက်ကာလောက စာရေးသူ၏ အလားအလာကို အလွန် မျှော်လင့်နေမိလေသည်။ 

ယုယွီပြုံး၍

“မူးယစ်ဆေးလုပ်တဲ့ မူးယစ်ရာဇာအကြောင်းပါ။ စာထဲမှာ ဆေးထုတ်ပုံတွေ၊ ရောင်းပုံတွေ၊ ပြိုင်ဘက်တွေနဲ့ ယှဉ်တာတွေ၊ နောက်ဆုံး ဇာတ်လိုက်က ဘဝအကြောင်း နားလည်သွားတာအထိ ပါတယ်”

ကျန်းရီရှင်း မျက်မှောင်ကြုတ်လျက်

“အကြောင်းအရာက ပြည်တွင်းမှာ ထုတ်ဝေဖို့ မသင့်တာ အမှန်ပဲ။ ဆင်ဆာအဖွဲ့မှာတင် ပြုတ်လိမ့်မယ်”

“ပြည်ပမှာ ရောင်းရင်တော့ အရမ်းမတင်းကြပ်လို့ ဥပဒေနဲ့လည်း ငြိမှာမဟုတ်ဘူး။ အဆင်ပြေလိမ့်မယ်”

ချူဝမ်နင်းမှ သူနားလည်ထားသည့်အတိုင်း သေချာ ရှင်းပြသည်။ 

ဆင်ဆာအဖွဲ့မှာ ပြည်တွင်းနှင့်ပြည်ပ၌ ကွာခြားလေသည်။ 

သူတို့စကားကြောင့် ယုယွီမျက်နှာလေး ဝင်းလက်သွားပြီး

“တော်သေးတာပေါ့။ လင်းချွမ် အခုပဲဆက်သွယ်ပြီး ဝတ္ထုပို့ဖို့ ပြောလိုက်မယ်။ အယ်ဒီတာချုပ်တို့ရော ဖတ်ကြည့်မယ်မလား”

“ဒါပေါ့”

ထို့နောက် ယုယွီ လင်းချွမ်အား စာ ချက်ချင်း ပို့လိုက်၏။ 

ဝတ္ထုမှာ အစအဆုံး မထွက်သေးသောကြောင့် အရှေ့နားကိုသာ အရင်ပို့လိုက်လေသည်။ 

ယုယွီ တက်ကြွစွာဖြင့် ကျန်းရီရှင်းနှင့် ချူဝမ်နင်းတို့ကိုပါ ပြန်ပို့ပေးလိုက်သည်။ 

ထို့နောက် လက်ဖက်ရည်များသောက်ရင်း ကိုယ်စီ ဖုန်းဖွင့်ကာ ‘ရေခဲနက်’ ဟူသော ဝတ္ထုကို ခံစားကြလေသည်။ 

‘ကျွန်တော့်နာမည်က မစ္စတာလင်း’

‘အမှောင်သခင်လို့လည်း ခေါ်လို့ရပါတယ်’

‘အပေါ်ယံမှာတော့ အန်ကျောက်ရဲ့ နာမည်ကြီး စီးပွါးရေးလုပ်ငန်းရှင်ပေါ့’

‘ဒါပေမဲ့ နောက်ကွယ်မှာ အန်ကျောက် မြေအောက်လောကကို ထိန်းချုပ်ပြီး မူးယစ်ဆေးဈေးကွက်နဲ့ ပြည်ပအထိ တင်ပို့ပေးနေတယ်’

‘ကျွန်တော့်ဘဝမှာ မူးယစ်ဆေးတွေ မရေတွက်နိုင်အောင် ထုတ်ပြီး ပြည်ပကို ပို့ပေးခဲ့ဖူးတယ်’

‘စွဲလန်းမှုတွေကိုလည်း ကိုယ်တိုင် ကြုံဖူးတာမို့လို့ ခင်ဗျားတို့အားလုံးကိုတော့ မူးယစ်ဆေးနဲ့ ဝေးဝေးနေဖို့ပဲ အကြံပေးချင်ပါတယ်’

‘အဲ့တာကြောင့်ပဲ ကျွန်တော်လည်း ဒီလမ်းကြောင်းကို အဆုံးသတ်ခဲ့တာပေါ့’

‘ဇာတ်လမ်းကတော့ လင်းဆေးဝါးကုမ္ပဏီက စတယ်”

“…”

ကျန်းရီရှင်း လက်ဖက်ရည်တစ်ကျိုက်သောက်ကာ ရယ်မောလျက်

“လင်းချွမ်ရဲ့ ဇာတ်လမ်းအစတွေကတော့ ဒီလိုပဲ”

“ဟုတ်ပါ့။ ကြည့်လိုက်တာနဲ့ ထူးခြားမယ်လို့ သိသာတယ်”

ယုယွီ ခေါင်းငြိမ့်ထောက်ခံမိ၏။ 

ချူဝမ်နင်းလည်း ဟက်ကာလောကကို ဖတ်ဖူး၍ သူ့အရေးအသားကို မှတ်မိပါသည်။ 

(၃) ယောက်သား ဝတ္ထုကို ဆက်၍ ဖတ်ကြပြန်၏။ 

‘လင်းဆေးဝါးကုမ္ပဏီကို ချေးငွေယူပြီး စခဲ့တာလေ’

‘အစကတော့ တကယ့် ဆေးထုတ်လုပ်ရေး ကုမ္ပဏီပါပဲ’

All Chapters