စီးပွါးဖက်
Vol. 18 Ch. 257
အန်လင်းမြို့၏ မနက် (၃) နာရီအချိန်မှာ အလွန် တိတ်ဆိတ်နေသည်။
ညမှာ မှောင်မိုက်၍ လေသည် နူးညံ့နေပြီး ကျန်းတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း လင်းချွမ်မှာတော့ ရင်ထဲ၌ လေးလံနေ၏။
“ချီးပဲ”
လင်းချွမ်မှာ ပုံမှန်အားဖြင့် စိတ်ရှည်၍ မဆဲဆိုတတ်သော်လည်း ယခုကြုံခဲ့ရသော အတွေ့အကြုံမှာ ရူးချင်လောက်စရာ ဖြစ်သည်။
ထို့အပြင် စစ်ဆေးမှုတာဝန်လည်း ပါသေး၏။
၉၉% သန့်စင်တဲ့ မူးယစ်ဆေး ထုတ်ရမယ်လား။ အဲ့တာ လူတိုင်း လုပ်လို့ရတာမို့လို့လား။
ပါဝင်ပစ္စည်းများပင် ဝယ်ရခက်ပြီး ထိုအဆင့်တည်းက မဖြစ်နိုင်တော့ပေ။
အကယ်၍ ပစ္စည်းများရကာ ဖော်စပ်နေစဉ်၌ အနံ့တစ်ခုခု ထွက်သွားပါက အိမ်ပတ်ဝန်းကျင်ကို သံသယဝင်ခံရကာ နောက်ဆုံး အတိုင်ခံရလျှင် ရဲများမှ အနံ့ခံခွေးခေါ်လာပြီး စစ်ဆေးကြလိမ့်မည်။ ထိုအခါ လုံးဝ ရှောင်ပုန်းမရနိုင်တော့ချေ။
ပိုဆိုးသည်မှာ သူ ထိုသို့ အိမ်တွင်ချက်လုပ်ရင်း မိသွားသည့် အမှုများစွာကို အင်တာနက်ပေါ်၌ တွေ့ဖူးထားပါသည်။
အားလုံး ညှိနှိုင်းမှုမရှိ ထောင်ကျသွားသည်ချည်းသာ။
ပြစ်ဒဏ်မှာလည်း ကြီးလေးလေသည်။
လင်းချွမ် သူကိုယ်တိုင် အပြင်လောက၌ ပြုလုပ်နိုင်မည်လားဟု ပြန်မေးနေမိ၏။
ထို့နောက် သက်ပြင်းချကာ ထိုကိစ္စကို ခဏဖယ်ထားရန် တွေးလိုက်သည်။
ဟုတ်တယ်။ ဆိုရိုးအတိုင်းပဲ။ ဆန္ဒရှိရင် ဖြစ်အောင် လုပ်လိမ့်မယ်။
နည်းလမ်းတစ်ခုခု ရှိလာမှာပါ။
လင်းချွမ် သူ့ကိုယ်သူ အားပေးကာ ကုတင်ပေါ် လှဲလျောင်း၍ ကျန်းအား ခပ်တင်းတင်းဖက်၍ အိပ်လိုက်တော့သည်။
နောက်တစ်နေ့။
နေရောင်ခြည်မှာ ပုံမှန်အတိုင်း တစ်ဖန်ပြန်လည် လင်းလက်လာပြီး ပြတင်းပေါက်မှတစ်ဆင့် ခန်းဆီးများကို ကျော်ဖြတ်ကာ ရောက်လာသည်။
ကျန်းလည်း မျက်လုံးလေးများပွတ်၍ လှပစွာ နိုးထလာပြီး လင်းချွမ်အားကြည့်ကာ ပြုံးလိုက်မိ၏။
ထို့နောက် အိပ်ရာထဲမှထကာ အဝတ်လဲ၍ လင်းချွမ် မနိုးစေရန် သတိထား၍ မီးခိုးချောင်ထဲ မနက်စာပြင်ရန် ဝင်လာခဲ့သည်။
သူ့ဟင်းချက်လက်ရာလည်း ဒီရက်ပိုင်း အတော်လေး တိုးတက်လာ၏။
“သူဌေး မနေ့ညက တော်တော် ပင်ပန်းသွားပုံပဲ။ ဒီအချိန်အထိ အိပ်နေတုန်းဆိုတော့”
ကျန်း ပြုံး၍ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဖုန်းမြည်လာ၏။
စီးပွါးဖက်တစ်ဦးမှ စာပို့လာခြင်း ဖြစ်သည်။
“ဒါရိုက်တာကျန်း မိတ်ဖက်ကိစ္စအတွက် ဒီနေ့ နေ့လယ် တွေ့လို့ရမလားဗျ”
ကျန်း သူ့ကို ယုခီခီဟူ၍ မှတ်ထား၏။
လွန်ခဲ့သောတစ်ပတ်က အန်ကျောက် ဆေးဝါးကုမ္ပဏီမှ ယုခီခီဆိုသူသည် သူတို့ နည်းပညာကုမ္ပဏီနှင့် ပူးပေါင်းရန် ကမ်းလှမ်းလာလေသည်။
ယုခီခီသည် အန်ကျောက်ဆေးကုမ္ပဏီ၏ အထွေထွေ မန်နေဂျာဖြစ်ပြီး ယခုပူးပေါင်းမှုကို အလွန်မျှော်လင့်ထားသည်။
ထို့ကြောင့် ကျန်းကို ခဏခဏ ဆက်သွယ်ပြောဆိုနေခြင်း ဖြစ်သည်။
ဤသို့ဖြင့် သူတို့ချင်း မကြာခဏ ဆက်သွယ်ပြီးနောက် အသက်လည်း ရွယ်တူမျှ ဖြစ်သောကြောင့် တဖြည်းဖြည်း ရင်းနှီးသွားတော့သည်။
အထူးသဖြင့် ထိုယုခီခီမှာ လင်းချွမ်၏ ပရိသတ် ဖြစ်လေသည်။
သူလည်း လင်းချွမ်စာအုပ်တိုင်းကို subscribe လုပ်ထား၏။
ထိုအချက်များစွာကြောင့် ကျန်းရှင်းရှင်း သူ့အပေါ် သဘောကျကာ ပူးပေါင်းရေးကို လက်ခံချင်လာသည်။
သူ့ချစ်သူအပေါ် ကောင်းသူအား သဘောမကျစရာ မရှိချေ။
ယခု ယုခီခီစာကိုကြည့်ပြီးနောက် သူ ချက်ချင်း စာပြန်လိုက်၏။
“ကောင်းပြီလေ။ အခုချက်ချင်း စီစဉ်လိုက်မယ်”
“အများကြီး မျှော်လင့်ထားမယ်နော်”
ယုခီခီ စာပြန်လာသည်။
“ဟုတ်ကဲ့ပါရှင်”
ကျန်းရှင်းရှင်း ပြုံး၍ တွေးလိုက်မိ၏။
သူတို့ချင်း အဆင်ပြေပြေ ညှိနှိုင်းနိုင်လျှင် နောက်လည်း ရေရှည်ကောင်းမွန်သည့် ဆက်ဆံရေး ဖြစ်နိုင်သည်။
ဤသို့ဖြင့် စကားခဏ ဆက်ပြောပြီးနောက် သူတို့ နည်းပညာကုမ္ပဏီတွင်ပင် ညနေ (၄) နာရီ၌ ဆုံတွေ့ရန် သဘောတူလိုက်ကြ၏။
“မနက်အစောကြီးတည်းက အလုပ်အကြောင်း ပြောနေပြီလား”
ထိုစဉ် လင်းချွမ် နိုးလာပြီး သူ့ခေါင်းလေးကို ပွတ်ကာ ပြောလိုက်သည်။
“သူဌေး နိုးလာပြီပဲ”
အပြာရောင် အိမ်နေရင်းဝတ်စုံလေးဖြင့် နူးညံ့စွာ လှပနေသော ကျန်းသည် လင်းချွမ်ပုခုံးအား မှီလျက် ပြန်ဖက်လိုက်သည်။
“ကို့အတွင်းရေးမှူးလေးက ဒီလောက် ကြိုးစားနေတာကို ဘယ်လိုလုပ် ဆက်အိပ်နိုင်မှာလဲ”
လင်းချွမ် စလိုက်သည်။
“အိပ်ချင်သေးရင် အိပ်ပါ။ ကုမ္ပဏီမှာ ကျွန်မဖာသာ သွားလို့ရပါတယ်”
ကျန်း တောက်ပစွာပြုံး၍ ပြောလေ၏။
“ကိုလည်း ကူညီရမှာပေါ့”
လင်းချွမ် သူ့ပါးလေးကို ပွတ်လျက် ပြောလေသည်။
ကျန်း ပြုံး၍
“ဒီညနေ အန်ကျောက်ဆေးကုမ္ပဏီနဲ့ ပူးပေါင်းဖို့ ကိစ္စ ရှိတယ်။ အဆင်ပြေရင် ရေရှည်မိတ်ဖက်အထိ ဖြစ်လာမှာ”
လင်းချွမ် ရယ်မော၍
“အန်ကျောက်က အန်လင်းမှာ နာမည်ကြီး ဆေးထုတ်လုပ်ရေး ကုမ္ပဏီပဲ။ ရှင်းရှင်း တကယ် တော်တယ်ကွာ။ အထင်ကြီးစရာပဲ”
“အထင်ကြီးတာလား”
ကျန်း မျက်နှာလေးရဲ၍ ခပ်တိုးတိုးဖြင့်
“သူဌေးက ဘာကိုပြောတာလဲ”
“အကုန်လုံးပဲပေါ့”
လင်းချွမ်စကားကြောင့် (၂) ဦးလုံး ရင်ခုန်သွားကြသည်။
“ကဲပါ သူဌေး မနက်စာ မစားရသေးဘူးမလား”
ကျန်း နှုတ်ခမ်းလေးကိုက်ကာ ပါးလေးများ နီမြန်း၍ ပြောလေ၏။
“မနက်စာက မစားလည်း ရပါတယ်”
…
တစ်နာရီကျော်အကြာတွင်။
“ဒီမှာ ဘယ်ရီလက်ဖက်ရည်လေး သောက်လိုက်ဦး”
ကျန်း လင်းချွမ်အတွက် ငှဲ့ပေးလိုက်သည်။
လင်းချွမ် သူ့ကို တစ်ဝက်ပြန်ကမ်းပေး၍
“မင်းလည်း သောက်သင့်တယ် ထင်တယ်”