လူကြီးနှင့်လူငယ် တိုက်ပွဲ
Vol. 19 Ch. 277
“လင်းချွမ်က ကျွန်တော်တို့ရဲစခန်းရဲ့ အကောင်းဆုံး မိတ်ဖက်ပဲလေ”
ယုရှန်မှ ဝင်ပြော၏။
“အရမ်း မြှောက်လွန်းနေပါပြီ”
လင်းချွမ်မှ
“ဒါနဲ့ ကျွန်တော် မေးစရာလေး ရှိလို့ပါ”
ယုရှန် မျက်ခုံးပင့်၍
“မေးပါ ရပါတယ်”
“ဟိုလေ ဆေးအမျိုးအစားသစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေက သဲလွန်စ ရထားပြီးပြီလား”
ယုရှန် ခေါင်းယမ်း၍
“အဲ့တာတော့ အတိအကျ ပြောလို့မရဘူး။ ကျွန်တော်တို့က ဆိုက်ဘာအဖွဲ့ဘက်ကလေ။ အသေးစိတ်က မူးယစ်နှိမ်နင်းအဖွဲ့ကပဲ သိမှာ။ ဒါပေမဲ့…”
“ဒါပေမဲ့ ဘာလို့လဲ”
လင်းချွမ် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
ယုရှန် ခဏစဉ်းစား၍
“ဒီလိုအမှုမျိုးရဲ့ အချက်အလက်တွေက ရခဲတယ်”
“နားလည်ပါပြီ”
ထို့နောက် ကားလေးမှာ ဓာတ်ခွဲခန်းထံ တရွေ့ရွေ့ နီးလာလေသည်။
ယုရှန် လမ်းမှာတည်းက မူးယစ်အဖွဲ့ခေါင်းဆောင် ဟီစုန်းအား လှမ်းဆက်သွယ်ခဲ့သည်။
ထို့ကြောင့် ဟီစုန်းလည်း လမ်းမှ ပြန်လှည့်လာရ၏။
သူ လင်းချွမ်၏ ရှင်းလင်းချက်များကို အကြမ်းဖျင်း ပြောပြထားလိုက်သည်။
မကြာမီ လင်းချွမ်တို့ ဓာတ်ခွဲခန်းဆီ ရောက်လာပြီး ဟီစုန်းမှာ ဝင်ပေါက်၌ ကြိုစောင့်နေလေသည်။
“လင်းချွမ် ကျွန်တော် ခင်ဗျားရဲ့ ကောင်းသတင်းတွေ အများကြီး ကြားဖူးပါတယ်”
ဟီစုန်း လင်းချွမ်ကို တွေ့သည်နှင့် နှုတ်ဆက်စကား ဆိုလေသည်။
လင်းချွမ်သည် အရင်အတိုင်း ရိုးရှင်းသော အဝတ်အစားကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထား၏။
ထို့ကြောင့် ပို၍ ခန့်နေသော မျက်နှာလေးကိုတွေ့ကာ ဟီစုန်း အနည်းငယ်တော့ အံ့ဩမိလေသည်။
ဓာတုဗေဒလေ့လာသူလောကရှိ ဆရာဝန်များ၊ ပရိုဂရမ်မာများမှာ အများအားဖြင့် ဆံပင်ခပ်ပါးပါး၊ ရုပ်ရင့်လေ့ရှိကြသည်။
ထိုကဲ့သို့ နုပျိုလန်းဆန်းနေသူမှာ ပညာရပ်ထဲ အာရုံမစိုက်နိုင်ကြပေ။
“မင်္ဂလာပါ အဖွဲ့မှူးဟီ”
လင်းချွမ် ပြန်နှုတ်ဆက်လိုက်၏။
“စောင့်ရတာ ကြာသွားပြီလား”
ယုရှန်မှ ဝင်ပြောသည်။
“ကျွန်တော်လည်း အခုလေးတင် ရောက်တာပါ။ အကုန် အတူတူဝင်ရအောင် စောင့်နေလိုက်တာ”
ဟီစုန်း ရယ်မော၍ ပြော၏။
“ကဲ ဒါဆို…”
ယုရှန် စကားကို ဆုံးအောင် မပြောနိုင်ဘဲ ဟီစုန်း ဦးဆောင်၍ ရုံးခန်းထဲ ဝင်သွားသည်။
ထို့နောက် ဟီစုန်း တွေဝေစွာဖြင့်
“အဖွဲ့မှူးယု လင်းချွမ်ရဲ့ ဆေးနံပါတ် (၃) ကရော ယုံရရဲ့လား”
“အင်း… အဆင်ပြေမှာပါ”
ယုရှန် ခေါင်းငြိမ့်ပြသည်။
“သိတဲ့အတိုင်းပဲ။ အကြီးအကဲယန် ခုနလေးတင် စမ်းသပ်ပြီးတာလေ။ အခု ထပ်ပြီး ဆွေးနွေးရဦးမယ်ဆိုတော့…”
ဟီစုန်း မျက်မှောင်ကြုတ်၍ လင်းချွမ်ကိုလည်း လှမ်းကြည့်မိ၏။
သူ လင်းချွမ်၏ ဂုဏ်သတင်းကို ကြားဖူးကာ ပြစ်မှု စုံစမ်းရေး၌ ပါဝင်ခဲ့သည်များကိုလည်း သိပါသည်။
သို့သော် မူးယစ်မှုကို ဖြေရှင်းနိုင်သည်ကိုတော့ နားမလည်နိုင်သေးပေ။
“ကျွန်တော်လည်း စိတ်တော့ပူပေမဲ့ အရင်ဆုံး ယုံကြည်ရမှာပေါ့”
ယုရှန် ခဏစဉ်းစား၍ ပြောလိုက်သည်။
ဟီစုန်း ရယ်မော၍
“ခင်ဗျားက ဒီလိုဆိုတော့လည်း စမ်းကြည့်တာပေါ့။ အကြီးအကဲယန်လည်း စိတ်မဆိုးဘဲ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“မစိုးရိမ်ပါနဲ့။ မအောင်မြင်ခဲ့ရင်တောင် ကျွန်တော်လည်း အတူတူ အဆူခံပေးမှာပါ။ အောင်မြင်ရင် အတူတူ ကောင်းကျိုးခံစားရမှာမလား”
ယုရှန် ပြုံး၍ ပြောလိုက်သည်။
“ဟုတ်ပါတယ်လေ”
“မူးယစ်နှိမ်နင်းအဖွဲ့ကဖြစ်ပြီး ဆုံးဖြတ်ချက်ချတာ နှေးလိုက်တာ”
“ဒါကတော့ အပြစ်သားတွေအပေါ်ပဲ မြန်တာပေါ့”
ထို့နောက် ဟီစုန်းအရင်ဆုံး ယန်ချောင်နှင့် စကားပြောကြည့်သောအခါ လက်ခံလိုက်လေသည်။
သူတို့ (၄) ယောက်လုံး အကြီးအကဲယန်ရုံးခန်းထဲ ဝင်လာကြ၏။
လင်းချွမ်ကတော့ ဓာတ်ခွဲခန်းအား လေ့လာကြည့်နေသည်။
အနေအထား၊ အငွေ့အသက်မှာတော့ ပုံရိပ်ယောင်လောကထဲကအတိုင်း ဖြစ်လေသည်။
လင်းချွမ် ရင်းနှီးမှုကို ခံစားရ၍ ယုံကြည်ချက် ပိုရှိလာ၏။
ယန်ချောင်မှ ပြုံး၍
“ဒါ လင်းချွမ်ဆိုတာနဲ့ တူတယ်”
“ဟုတ်ပါတယ် အကြီးအကဲယန်”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“လင်းလို့ပဲ ခေါ်မယ်နော်”
အကြီးအကဲယန် အထင်သေးသည့်ပုံ မဟုတ်ဘဲ ပြုံးရွှင်စွာ ပြောသည်။
“မင်းရဲ့သတင်းတွေ ကြားထားပါတယ်။ အဲ့တာကြောင့် ခုနပဲ ယုံပြီး စမ်းသပ်ကြည့်သေးတယ်။ ဒါပေမဲ့ တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး”
လင်းချွမ် ပြုံးလျက်
“အဲ့တာ အချက်အလက်မစုံသေးလို့ပါ အကြီးအကဲယန်။ အခု ထပ်ဖြည့်ရင် အဆင်ပြေသွားမှာပါ”
“အဲ့တော့ မင်းကိုယ်တိုင် ဖော်စပ်မယ်ပေါ့”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“ဟုတ်ပါတယ် အကြီးအကဲယန်။ ဒီက ပစ္စည်းလေးတွေတော့ ငှါးသုံးခွင့် ပေးပါနော်”
“မင်းသာ တကယ်အောင်မြင်အောင် လုပ်နိုင်ရင် ဒါက ဘာမှမဟုတ်ပါဘူး”
“ဒါဆို အဆင်ပြေပါပြီ”
လင်းချွမ်ပြုံး၍ ပြောလိုက်၏။
“လင်းက ဒီနေရာနဲ့ သိပ်မရင်းနှီးလောက်သေးဘူးထင်တယ်။ ငါ အကူ ဝင်ပေးရမလား”
လင်းချွမ် ရုတ်တရက် မှင်တက်နေပြီးမှ နားလည်သွား၏။
သူ့ကို ဓာတ်ခွဲခန်းသုံးပစ္စည်းများ မသိမည်စိုး၍ ဖြစ်၏။
နောက်ထပ်ဖြစ်နိုင်ခြေမှာတော့ ဖျောက်ထားသည့် အချက်အလက်များနှင့် လုပ်ငန်းစဉ်အသေးစိတ်ကို သိချင်၍လည်း ဖြစ်နိုင်သည်။
ယုရှန်၊ ဟီစုန်းနှင့် ရှချင်းချင်းတို့မှာတော့ လူကြီးနှင့် လူငယ် ထိပ်တိုက်တွေ့ခြင်းကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေကြသည်။
အကြီးအကဲယန်က လင်းချွမ်ရဲ့ အကူလုပ်ပေးမှာလား။
လင်းချွမ်ကတော့ ခပ်အေးအေးပင်။
“အကြီးအကဲယန်က ကူညီပေးမယ်ဆိုရင် ကျွန်တော် ပိုပြီး ယုံကြည်ချက် ရှိတာပေါ့”
သူ့စကားကြောင့် ယန်ချောင် အံ့ဩသွားကာ
“လင်းက အောင်မြင်မယ်လို့ သေချာတယ်ပေါ့”
“အတိအကျတော့ အာမ,မခံနိုင်သေးဘူးပေါ့ဗျာ”
လင်းချွမ် နှိမ့်ချစွာ ပြော၏။
အမှန်တော့ ၉၀% သေချာပါသည်။
“ဒါဆို အများကြီး မျှော်လင့်ထားပါပြီ”
ထို့နောက် ဓာတ်ခွဲခန်းဝတ်စုံဝတ်ကာ အခန်းထဲ ဝင်သွားကြတော့သည်။
လင်းချွမ် ရင်းနှီးနေသော ရနံ့နှင့် ပစ္စည်းများကို ပြန်တွေ့ရ၍ စိတ်လှုပ်ရှားသွား၏။
ခွေးစနစ်၏ တာဝန် ပြီးမြောက်နိုင်တော့မည်။
“လင်း လာလေ”
ယန်ချောင်မှ ကြိုဆို၏။
လင်းချွမ် စိတ်တည်ငြိမ်အောင်ထိန်း၍ ခေါင်းငြိမ့်ပြလေသည်။
ထို့နောက် အကြည့်များ ပြောင်းလဲသွားကာ အရှိန်အဝါတစ်ခု ထွက်နေသလို ခံစားလာရသည်။
ဖန်ခွက်များနှင့် ဓာတုပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်၍ စီမံဖော်စပ်နေသည်။
ဒီကောင်လေးက အရည်အချင်း ရှိတာပဲ။
အကြီးအကဲယန် ဘေးမှ စောင့်ကြည့်ရင်း အံ့ဩလာမိသည်။
အသက် (၂၀) ဝန်းကျင်လူငယ်လေးမှာ သူ့ထက်ပင် ထူးချွန်နေ၏။
မဖြစ်နိုင်လိုက်တာ။