← Chapters

ပူးပေါင်းမယ်

Vol. 19 Ch. 279

ပူးပေါင်းမယ်

Vol. 19 Ch. 279

စနစ်မှာ ပို၍ပို၍ ဆိုးလာသည်။ 

ဒီတစ်ခါ တကယ် ထောင်ချဖို့အထိ ပြင်ထားသလိုပဲ။ 

“လင်းချွမ် ကျွန်မမိတ်ဆွေဆီက ဟွာရန်ကုမ္ပဏီအကြောင်း အချက်အလက်တွေရပြီ။ အထွေထွေမန်နေဂျာ လျှိုမုန့်က ပြည်ပမှာ နိုင်ငံသား ခံယူထားတာလေ။ ဒီပြန်ရောက်တာ မကြာသေးဘူး။ ဒါပေမဲ့ အချိန်လည်း သိပ်မကြာသေးတော့ ဘာမှ ထူးခြားတာတော့ မတွေ့ဘူး”

ရှချင်းချင်းမှ လင်းချွမ်အား လှမ်းပြော၏။ 

လင်းချွမ် ခဏစဉ်းစား၍

“ဟွာရန်ကုမ္ပဏီကရော”

“ဟွာရန်ကုမ္ပဏီက ပြည်ပ ပစ္စည်းရောင်းဝယ်ရေးကိုပဲ အဓိကထားတာ။ နယ်ပယ်ကလည်း ကျယ်ပြန့်တယ်။ ဆေးတွေ၊ ဆေးဝါးဆိုင်ရာပစ္စည်းတွေ၊ တချို့ နေ့စဉ်သုံးပစ္စည်းတွေအထိ ပါတယ်။ အဓိကတော့ ဥရောပဘက်၊ အရှေ့တောင်အာရှနဲ့ မြောက်အမေရိကတွေပေါ့။ ကျွန်မတို့ စုံစမ်းရသလောက်တော့ ထူးခြားတာ မရှိပါဘူး” 

ရှချင်းချင်းမှ ရှင်းပြ၏။ 

“ပင်ပန်းသွားပါပြီ။ ကျေးဇူးပါနော်”

လင်းချွမ် ပြုံး၍ပြန်ပြောလိုက်သည်။ 

“ကျွန်မကတောင် ကျေးဇူးတင်ရမှာပါ။ ရှင်မရှိရင် ဒီဆေးအသစ်အကြောင်း ပေါ်မှာမဟုတ်ဘူး”

ရှချင်းချင်း မျက်လုံးလေးများ ပိတ်သည်အထိ ပြုံး၍ သွက်လက်စွာ ပြောလေသည်။ 

လင်းချွမ် ခဏစဉ်းစားကာ 

“ချင်းချင်း ဒီဆေးအသစ်တင်မကဘူး။ တခြား ဆင်တူတာရော လေ့လာနေတာ ရှိသေးလား”

“လောလောဆယ်တော့ မရှိသေးပါဘူး။ ဘာလို့လဲ”

လင်းချွမ်ပြုံး၍

“ကျွန်တော် စဉ်းစားနေတာ။ မူးယစ်ဆေးအကြောင်းလည်း နည်းနည်းသိနေတော့ ကျွန်တော်လည်း ပူးပေါင်းရမလားလို့”

သူ အားလုံးအတွက် အကျိုးရှိအောင်လည်း ကူညီချင်ပါသေးသည်။ 

ရှချင်းချင်း အံ့ဩစွာဖြင့် မျက်မှောင်ကြုတ်သွားပြီး

“လင်းချွမ် ကျွန်မကို လန့်အောင် မလုပ်ပါနဲ့”

“ဘာလို့ လုပ်ရမှာလဲ”

လင်းချွမ် ရယ်မော၍ ပြန်ပြော၏။ 

“ရှင်က အချက်အလက်တွေ သိနေတယ်ဆိုတော့ ဝတ္ထုလေးတစ်ပုဒ်ရေးဖို့ အဲ့လောက်တောင် လေ့လာထားတာလား”

ရှချင်းချင်း မယုံနိုင်စွာ ကြည့်နေမိ၏။ 

“အဟမ်း”

လင်းချွမ် ချောင်းဟန့်၍

“ချင်းချင်း ကျွန်တော့်အကြောင်း သိရဲ့သားနဲ့။ ကျွန်တော် ဥပဒေနဲ့ မလွတ်ကင်းတာတွေ မလုပ်ပါဘူး။ မိသားစုကို ထောက်ပံ့ဖို့ စာလေးရေးရုံပါပဲ”

ရှချင်းချင်း သူ့ကိုစိုက်ကြည့်ရင်း တစ်ကိုယ်လုံး ဆွဲစုတ်လိုက်ချင်သည်။ 

လင်းချွမ်အတွင်းစိတ်အား ခန့်မှန်းရန် ခက်လွန်း၏။ 

သူတို့တွေ့တိုင်း ထူးဆန်းသော အရည်အချင်းတစ်ခု ပါလာတတ်ပြီး အချင်းချင်းသာ မရင်းနှီးလျှင် ဖမ်းလိုက်ပြီးလေပြီ။ 

“ကျွန်တော့်ကို မယုံဘူးလား”

လင်းချွမ် ပြန်မေးလိုက်၏။ 

“မယုံချင်ပေမဲ့ သက်သေလည်း မရှိဘူးလေ”

ရှချင်းချင်း ရယ်မော၍ စနောက်လိုက်သည်။ 

“ကျွန်တော် ဒီည ဖိုင်ပြန်စုပြီး ပို့ပေးလိုက်မယ်။ ရာထူးတိုးမှ ကျွန်တော့်ကို မေ့မသွားနဲ့နော်”

လင်းချွမ် အားရပါးရ ရယ်မောမိ၏။ 

“ရှင့်ကိုတော့ မနိုင်တော့ပါဘူး”

“ကျွန်တော် တကယ် ရုန်းကန်နေဆဲ စာရေးဆရာပါဗျာ”

အချိန်မှာ တဖြည်းဖြည်း ညနေစောင်းလာ၏။ 

ဓာတ်ခွဲခန်းအပြင်၌ နေဝင်ချိန် ရွှေရောင်အလင်းသည် တောက်ပစူးရှနေသည်။ 

“ဒီည ဂိမ်းဆော့ကြဦးမှာလား”

ရှချင်းချင်းမှ မေးလိုက်၏။ 

လင်းချွမ် အားနာစွာကြည့်၍ ခေါင်းယမ်းကာ

“အားနာပါတယ်ဗျာ။ ကျွန်တော် ဒီည ချိန်းထားတာလေး ရှိလို့”

“ကောင်းပါပြီ။ အဲ့တာဆိုလည်း”

ရှချင်းချင်း သက်ပြင်းချ၍ စိတ်ပျက်လက်ပျက် ပြောလေသည်။ 

“နောက်တစ်ခါမှ အဖွဲ့လိုက် ဆော့ကြတာပေါ့”

လင်းချွမ်ပြုံး၍ နှုတ်ဆက်ကာ အငှါးကားပေါ်တက်ပြီး ပျောက်ကွယ်သွားတော့၏။ 

“ဒီလူကတော့”

ရှချင်းချင်းတစ်ယောက် ရေရွတ်ရင်း ကျန်ခဲ့လေသည်။ 

လင်းချွမ် မလိမ်ခဲ့ပါ။ အမှန်ပင် ချိန်းထားသည့်ကိစ္စ ရှိနေ၏။ 

ကျန်းမှ စာပို့လာသည်။ 

“သူဌေး မမခီခီက ကျွန်မတို့ကို ညစာလိုက်ကျွေးချင်လို့တဲ့။ နောက်လည်း စီးပွါးဖက်တွေ ဖြစ်နေမှာဆိုတော့”

“ကောင်းပါပြီ”

လင်းချွမ် စာပြန်လိုက်၏။ 

“ဒါဆို ယူရန်ဗီလာမှာ စောင့်နေမယ်နော်”

“အိုခေပါ”

လင်းချွမ် ကားပြတင်းပေါက်မှတစ်ဆင့် နေဝင်ချိန်ရှုခင်းကို ငေးမောရင်း လိုက်ပါလာသည်။ 

ဓာတ်ခွဲခန်းနှင့် ယူရန်ဗီလာမှာ သိပ်မဝေးလှ၍ မိနစ် (၂၀) ဝန်းကျင်တွင် ရောက်သွား၏။ 

ဗီလာရှေ့တွင် ကျန်းရှင်းရှင်း ထွက်စောင့်နေ၏။ 

အဖြူရောင်ဂါဝန်ရှည်လေးကို ဝတ်ဆင်ကာ လေနုအေး တိုက်ခတ်တိုင်း ဆံနွယ်များ တလှပ်လှပ် လွင့်နေပုံမှာ ပန်းချီကားတစ်ချပ်နှယ် ထင်ရလေသည်။ 

“ရှင်းရှင်း”

လင်းချွမ် ကားပေါ်မှဆင်းကာ ကျန်းထံ လျှောက်သွား၏။ 

ကျန်းရှင်းရှင်းနှင့်အတူရှိတိုင်း စိတ်ပေါ့ပါး လန်းဆန်းစေလေသည်။ 

လင်းချွမ်အသံကိုကြားသည်နှင့် ကျန်းလည်း ဂါဝန်လေးမလျက် ပြေးလာ၏။ 

ထိုအခါ လေအဝှေ့တွင် စံပယ်ပန်းရနံ့လေးကို ခံစားမိလေသည်။ 

“နေ့တစ်ဝက်လေး ခွဲရတာကို လွမ်းနေပြီလား”

လင်းချွမ် သူ့လက်လေးကို ဆုပ်ကိုင်လျက် ပြုံး၍ ပြောလိုက်သည်။ 

ကျန်း ရှက်ပြုံးလေး ပြုံးလျက်

“အဲ့လောက်လည်း မဟုတ်ပါဘူး”

လင်းချွမ် အကျင့်အတိုင်း ကျန်းဆံနွယ်လေးများအား သပ်ပေးကာ

“ဒီနေ့ အန်ကျောက်ဆေးဝါးစက်ရုံကို သွားလည်တာ ဘယ်လိုနေလဲ”

“အရမ်းမိုက်တယ်”

“ပြီးတော့ရော”

“သူတို့မှာ ဆေးတွေ အမျိုးစုံထုတ်နေတဲ့ လုပ်ငန်းလည်း ရှိတယ်။ အပြင်တော့ မထုတ်ရသေးဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မကို အပြင်ထုတ်ပြီးသားတွေတော့ ပြပါတယ်”

“အပြင်ကို ထုတ်တာလား”

လင်းချွမ် အံ့ဩသွားကာ

“အန်ကျောက်စက်ရုံက တိုးတက်တာ မြန်သားပဲ”

“ဟုတ်တယ်”

ကျန်း ခေါင်းငြိမ့်ပြ၏။ 

“ဒါနဲ့ အခုက ဘာပူးပေါင်းချင်တာတဲ့လဲ”

“သူတို့က အခု လူထုကြား ထုတ်ပြတော့မှာဆိုတော့ စက်ရုံတိုးချဲ့ချင်တာတဲ့”

“အဲ့တာက နည်းပညာကုမ္ပဏီနဲ့ ဘာဆိုင်လို့လဲ”

လင်းချွမ် မျက်မှောင်ကြုတ်ကာ မေး၏။ 

“ဒီတစ်ခါက ကုမ္ပဏီနဲ့ ပူးပေါင်းချင်တာ မဟုတ်ဘူး။ အတိအကျပြောရရင် ကျွန်မတို့နဲ့ပေါ့”

“ဘယ်လိုမျိုးလဲ”

“ကျွန်မမှာ မြေရှိတယ်လေ”

ကျန်း ပြုံး၍ ပြောလိုက်သည်။ 

“ဟင်”

လင်းချွမ် မှင်တက်လျက်

“သူဌေးမလေး မင်းနာမည်နဲ့ ပိုင်ဆိုင်မှုတွေ ဘယ်လောက်တောင် ရှိတာလဲ”

“အရမ်းတော့ မဟုတ်ပါဘူး”

သူ လင်းချွမ်လက်မောင်းအား ဖက်လျက် နူးညံ့စွာ ဆို၏။ 

“တကယ့် သူဌေးမလေးပဲ”

All Chapters