← Chapters

ဆိုက်ဘာ တိုက်ခိုက်ခြင်း

Vol. 19 Ch. 283

ဆိုက်ဘာ တိုက်ခိုက်ခြင်း

Vol. 19 Ch. 283

ယုခီခီ သူပြောသည့်အတိုင်း ဆေးနံပါတ် (၃) ကို ဖွင့်ကြည့်လိုက်၏။  

[…]

ထိုထဲတွင် ဆေးထုတ်ရန် လိုအပ်သော အသုံးအဆောင်များ၊ ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံအထိ ရှင်းလင်းထား၏။ 

ခီခီ ကိုယ်လေး ရှေ့ကိုင်းလာပြီး ပိုအာရုံစိုက်လာမိသည်။ 

ထို့နောက် မျက်နှာတွင် အံ့ဩထိတ်လန့်ရိပ်သန်းလျက် အချိန်အတော်ကြာအောင် စိတ်မထိန်းနိုင်ပေ။ 

ရေခဲနက်ဝတ္ထုထဲ၌ သူတို့အချက်အလက်အားလုံး ပါနေ၏။ 

ထိုဝတ္ထုမှာ ပြည်ပကိုသာ အွန်လိုင်းမှ ရောင်းချပြီး စာရေးသူသည် လင်းချွမ် ဖြစ်လေသည်။ 

ထိုအခါ လတ်တလောအတွင်း ခီခီသည် လင်းချွမ်အား အလုပ်ခန့်နိုင်ရန် ကြိုးပမ်းနေကြောင်း သိထားသည့် လူးကပ်စ်မှ အထင်လွဲစရာ ဖြစ်လာတော့၏။ 

“လူးကပ်စ် ကျွန်မ ရှင်းပြမယ်။ ဒီကိစ္စ လုံးဝ ကျွန်မကြောင့် မဟုတ်ဘူး”

ခီခီ သက်ပြင်းချကာ စိတ်ထိန်း၍ ပြောလိုက်သည်။ 

“မင်း မဟုတ်ဘူးလား”

“လုံးဝ မဟုတ်ပါဘူး။ ဝတ္ထုထဲမှာ ကြည့်လိုက်ရင် တခြားဆေးတွေ ပါသေးတယ်လေ။ အဲ့တာတွေက ဒီလောကမှာ တစ်ခါမှ မပေါ်ဖူးတာတွေပဲ”

ခီခီ့ဖြေရှင်းချက်ကြောင့် လူးကပ်စ် ငြိမ်ကျသွား၏။ 

ခဏကြာမှ

“ဒါပေမဲ့ ငြင်းလို့ မရဘူးလေ။ ဒါကိုသာ တခြားပြိုင်ဘက်တွေ တွေ့သွားရင် ချက်ချင်း လေ့လာစစ်ဆေးပြီး ရသွားကြမှာပေါ့။ အဲ့လိုဆို ငါတို့လည်း ဈေးကွက်ပျက်ပြီ”

ခီခီလည်း ငြိမ်သွားမိသည်။ 

ဝတ္ထုထဲတွင် အဓိကပစ္စည်းများ၊ အဆင့်များကို မပြောထားသော်လည်း ပြိုင်ဘက်များမှ တဖြည်းဖြည်း စမ်းသပ်ရင်း အောင်မြင်သွားနိုင်၏။ 

“အရင်ဆုံး ဒီဝက်ဘ်ဆိုဒ်ကို ပိတ်ပြီး ဖျက်ချရင်ရော”

သူ အကြံပေးကြည့်၏။ 

စိတ်ထဲတွင်တော့ အလွန်ရှုပ်ထွေးကာ ပူလောင်နေလေသည်။ 

လင်းချွမ် ပြည်ပကို ဝတ္ထုထုတ်၍ ထိုထဲတွင် သူတို့ မူးယစ်ဆေးနှင့် ပတ်သက်နေသော အချက်အလက်များ အသေးစိတ် ပါဝင်နေမည်ဟု မထင်ထားချေ။ 

“ငါ အထူးဟက်ကာငှါးပြီး ဖြုတ်ချခိုင်းထားပြီးပါပြီ”

လူးကပ်စ်မှ ပြော၏။ 

“မင်းအခု တွေးရမှာက မင်း အရမ်း အလုပ်ခန့်ချင်နေတဲ့ လင်းချွမ်က ငါတို့ပြိုင်ဘက်တွေရဲ့ ပစ်မှတ်ဖြစ်နေပြီ။ အတော် အန္တရာယ်ရှိတဲ့ လက္ခဏာပဲ”

ခီခီ မျက်နှာပျက်ကာ တောင့်နေသည်။ 

လင်းချွမ်တွင် မူးယစ်ဆေးသစ်အတွက် အသေးစိတ် အချက်အလက်များ ရှိနေပြီး ထိုအချိန်တွင် သူ အခြား ကုမ္ပဏီနှင့် ပူးပေါင်းခြင်း သို့ ရဲစခန်းနှင့် လက်တွဲခြင်းများ ရှိလာပါက ပြဿနာ အလွန် ကြီးပါသည်။ 

လူးကပ်စ် ခီခီ့အဖြေကို မစောင့်တော့ဘဲ 

“မင်း လင်းချွမ်အပေါ် ဘယ်လို သဘောထားထား အခု သူ့မှာ ရွေးချယ်စရာ (၂) မျိုးပဲ ရှိတော့တယ်”

သူ့အသက်မှာ သွေးအေးရက်စက်မှန်း သိသာ၏။ 

ခီခီလည်း နားထောင်နေရင်း သဘောပေါက်လိုက်သည်။ 

ပထမလမ်းမှာ ပူးပေါင်းရန် ဖြစ်ပြီး ဒုတိယမှာ ပျောက်ကွယ်သွားရန် ဖြစ်၏။ 

မပိုင်ဆိုင်ရလျှင် ဖျက်ဆီးရမည်မှာ သူတို့လောကအတွက် မဆန်းလှချေ။ 

“ကျွန်မ နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ပြီး လုံးဝ အဆင်မပြေရင် ကျွန်မကိုယ်တိုင် ရှင်းလိုက်ပါမယ်”

ခီခီ မျက်နှာမှာ တင်းမာ၍ ရုတ်တရက် ရက်စက်သော အသွင်သို့ ပြောင်းသွားသည်။ 

“အချိန် ဘယ်လောက် ပေးရမလဲ”

“(၂) ရက်ပါ”

ခီခီ အသံကိုထိန်း၍

“အချက်အလက်တွေသာ အရင်ဖျက်လိုက်ပါ။ ကျွန်မ မနက်ဖြန်ကို မတွေ့ချင်ဘူး”

“ဒီလောက်က ဘာမှမဟုတ်ပါဘူး”

လူးကပ်စ် ခပ်အေးအေး ပြန်ပြော၏။ 

သူ့တွင် ကျွမ်းကျင်ဟက်ကာအဖွဲ့ရှိပြီး အွန်လိုင်း ပြဿနာများကို အလွယ်တကူ ဖြေရှင်းနေကျ ဖြစ်သည်။ 

သူ အရှေ့ပိုင်းတွင် အတော်လေး အတွေ့အကြုံ များနေလေပြီ။ 

“လင်းချွမ်ကို အထင်မသေးနဲ့နော်။ သူ့ ဟက်ကာ အရည်အချင်းကလည်း သာမာန် မဟုတ်ဘူး”

ခီခီမှ သတိပေးလိုက်၏။ 

“အမလေး အွန်လိုင်းစာရေးဆရာလောက်ကို ဆွဲမချနိုင်ဘူး ထင်နေတာလား”

လူးကပ်စ် ရယ်မော၍

“နောက်ပြီး သူ့မှာ ဘယ်လောက် အရည်အချင်းရှိရှိ တစ်ယောက်တည်းပါ”

မော်ဂန်အုပ်စုမှာ ထိပ်တန်းဟက်ကာများစွာကို ခန့်ထားပြီး နှစ်တိုင်း လခကောင်း ပေးထားလေသည်။ 

ထို့ကြောင့် ထိုအခြေအနေကို သာမာန် အွန်လိုင်းစာရေးဆရာမှ ယှဉ်နိုင်မည်လား။ 

မဟုတ်လျှင် ဟာသတစ်ခုသာ ဖြစ်ပေမည်။ 

ထို့ကြောင့် လူးကပ်စ်မှာ သူ့ဟက်ကာများ၏ အရည်အချင်းကို ယုံကြည်ချက်အပြည့် ရှိနေသညိ။ 

တစ်ဖက်တွင်။ 

ယုခီခီ ဖုန်းချပြီးနောက် စိတ်ထဲတွင် ဗလာဖြစ်နေသည်။ 

ပြတင်းအပြင်ဘက်မှ လရောင်သည် ဆွေးမြေ့စွာ ကျရောက်၍ သူ့အတွေးများကို ပိုရှုပ်ထွေးစေ၏။ 

“ရှင်က တကယ်လွန်တာပဲ။ အခုတော့ မိတ်ဆွေ ဖြစ်မလား၊ ရန်သူ ဖြစ်မလား ကြည့်ရတော့မယ်”

သူ ရေရွတ်၍ သက်ပြင်းချလိုက်သည်။ 

…

ချင်းရှုနယ်၊ လင်းကျန်အိမ်ရာ။ 

ကျန်း စကူတာလေးကို ပါကင်တွင်ရပ်ကာ အခန်းပေါ် တက်လာကြသည်။ 

“ရှင်းရှင်း ကို ဖိုင်လေးတွေ နည်းနည်း စီစဉ်စရာ ရှိသေးလို့”

လင်းချွမ် သူ့ခေါင်းလေးကိုပုတ်ကာ ပြောလိုက်၏။ 

“ကောင်းပါပြီ”

ကျန်းရှင်းရှင်းလည်း အနှောင့်အယှက် မပေးတော့ဘဲ တစ်ဖက်တွင် သူ့ဝတ္ထုကို အာရုံစိုက်ကာ ရေးနေသည်။ 

လင်းချွမ်ကတော့ ရှချင်းချင်းအား အချက်အလက်ဖိုင် ပို့ပေးရန် ပြင်ဆင်နေ၏။ 

ထိုစဉ် ရုတ်တရက် စာဝင်လာသည်။ 

အန်ဂျလီနာ ဖြစ်၏။ 

“အိုင်ဒေါလ်ရေ အရေးပေါ် ဖြစ်နေပြီ”

“ဘာလို့လဲ အန်ဂျလီနာ”

“ကျွန်မတို့ဖွင့်ထားတဲ့ နိုင်ငံတကာဖိုရမ် မြေအောက်ကမ္ဘာ တိုက်ခိုက်ခံနေရပြီ”

“ဘယ်သူကလဲ”

ထိုစဉ် ဖုန်းဝင်လာ၍ လင်းချွမ် နားကြပ်တပ်ကာ ကိုင်လိုက်သည်။ 

“အိုင်ဒေါလ်”

အန်ဂျလီနာ၏ အသံနုနုလေးကို ကြားလိုက်ရသည်။ 

“အခုအခြေအနေက ဘယ်လိုလဲ”

လင်းချွမ် ပြန်မေးလိုက်၏။ 

“တိုက်ခိုက်မှုက ပြင်းထန်တယ်။ ကျွန်မ သူတို့အကောင့်တောင် မလိုက်နိုင်သေးဘူး”

“ဟင် မင်း မထိန်းနိုင်တော့ဘူးလား”

“ကျွန်မ တစ်ယောက်တည်းတော့ မဖြစ်ဘူး”

သူ ဟန်မဆောင်နိုင်တော့ဘဲ ပြောလိုက်ရ၏။ 

သူ တစ်ယောက်ချင်း ပြိုင်ရလျှင် မကြောက်သော်လည်း တစ်ဖက်မှာ အဖွဲ့လိုက် ဖြစ်သည်။  

“မစိုးရိမ်ပါနဲ့”

လင်းချွမ် ခပ်အေးအေး ပြောလိုက်သည်။ 

“ရှင်ရောက်လာရင်တော့ စိတ်မပူတော့ပါဘူး။ ဒါပေမဲ့ သူတို့တိုက်ခိုက်မှုက အားကြီးလာတယ်။ သာမာန်တော့ မဟုတ်ဘူးနော်”

“ကျွန်တော့်ကို ဝက်ဘ်ဆိုဒ် လုပ်ပိုင်ခွင့် လွှဲပေးလိုက်။ ပြန်တိုက်နေလိုက်မယ်။ မင်းက အကောင့်ကို ခြေရာခံ”

လင်းချွမ် ဆုံးဖြတ်ချက် လျင်မြန်စွာချ၍ ပြောလိုက်သည်။ 

မည်သူက မည်သည့်ရည်ရွယ်ချက်နှင့် တိုက်ခိုက်နေသနည်း။ 

All Chapters