Chapters

တိုက်ခိုက်မယ်

Vol. 19 Ch. 285

တိုက်ခိုက်မယ်

Vol. 19 Ch. 285

အခြေအနေမှာ လှည့်စားမှုများ ရှိနေ၏။ 

“ကျွန်တော်တို့ မော်ဂန်အုပ်စုနဲ့ ပြဿနာ တက်ဖူးလို့လား”

လင်းချွမ် ခဏစဉ်းစားပြီးမှ မေးလိုက်သည်။ 

သူ့ဝတ္ထုများအကြောင်း ဆွေးနွေးရင်း ပြဿနာတက်ခဲ့ခြင်း ဖြစ်နိုင်လေသည်။ 

“တွေ့သလောက်တော့ မရှိပါဘူး”

အန်ဂျလီနာမှ

“သူတို့ဘက်က ကျွန်မတို့ မြေအောက်ကမ္ဘာကို စိတ်ဝင်စားပြီး ထိန်းချုပ်ချင်တာ ဖြစ်နိုင်တယ်။ ဒီထဲက အဖွဲ့ဝင်တွေက သူတို့ဈေးကွက် ဖြစ်လာမှာပေါ့”

“အဲ့တာ ဖြစ်နိုင်တယ်”

လင်းချွမ် မျက်မှောင်ကြုတ်ကာ ထောက်ခံမိ၏။ 

“ကျွန်မတို့ ဆက်စုံစမ်းရဦးမလား။ ပြန်တိုက်ခိုက်မလား”

“ခဏစောင့်လိုက်ပါဦး”

“ဟုတ်ကဲ့ပါ”

အန်ဂျလီနာလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 

မော်ဂန်အုပ်စု၏ စီးပွါးရေးများမှာ မခန့်မှန်းနိုင်လောက်အောင် ရှုပ်ထွေးလေသည်။ 

အန်ဂျလီနာ အတွေးလွန်နေစဉ် တံခါးခေါက်သံ ကြားရ၏။ 

ဒေါက် ဒေါက် ဒေါက်။ 

“ဝင်ခဲ့ပါ”

အန်ဂျလီနာ ကွန်ပျူတာကိုပိတ်၍ ပြောလိုက်သည်။ 

လုပ်ဖော်ကိုင်ဖက် လူငယ်လေး ဖြစ်၏။ 

“အန်ဂျလီနာ ဆေးအသစ်ထုတ်နေတဲ့ ကုမ္ပဏီ ရှာတွေ့ပြီ”

“ဘယ်ကုမ္ပဏီလဲ”

“မော်ဂန်အုပ်စုကပဲ။ အတိအကျ ပြောရရင် အရှေ့တောင်အာရှဘက်က။ အခု အချက်အလက်တွေ ပို့ပေးလိုက်မယ်။ အဆင်ပြေရင် မော်ဂန်အုပ်စုကို hack ပြီး သူတို့ အချက်အလက်တွေ ယူလိုက်တော့”

“မော်ဂန်ကလား”

အန်ဂျလီနာ မှင်တက်သွားမိ၏။ 

“ပြဿနာရှိနေလို့လား”

လူငယ်လေးမှ ပြန်မေးလိုက်သည်။ 

“မရှိပါဘူး။ ပို့လိုက်လေ။ ကျွန်မ ဆက်ရှင်းလိုက်မယ်”

အန်ဂျလီနာ ထိုလူငယ်လေး ပို့ပေးသော အချက်အလက်များကို ကြည့်ရင်း ပို၍ သေချာလာ၏။ 

မော်ဂန်အုပ်စုမှ ဆေးအသစ်မှာ သူတို့ မြေအောက်ကမ္ဘာနှင့် ပတ်သက်နေလေသည်။ 

တစ်ချက်ကြည့်ရုံဖြင့် ရင်းနှီးနေမှန်း သိသာ၏။ 

သူ ကွန်ပျူတာကို မှင်တက်စွာ ငေးနေသည်။ 

ထို့နောက် တွေဝေမနေတော့ဘဲ လင်းချွမ်အား ချက်ချင်း ဆက်သွယ်လိုက်၏။ 

လင်းချွမ်လည်း အန်ဂျလီနာထံမှရသော အချက်အလက်များကိုကြည့်၍ ကြောင်အမ်းနေသည်။ 

ထို့နောက် မျက်မှောင်ကြုတ်လျက် ပြန်တွေးနေ၏။ 

“သူတို့ဆေးနဲ့ ငါ့ဝတ္ထုထဲပါတဲ့ဆေးက တူနေတော့ ငါ့ကို လျှို့ဝှက်ချက် ဖော်ထုတ်တယ်ထင်ပြီး ဝက်ဘ်ဆိုဒ်ကိုပါ တိုက်ခိုက်နေတာပဲ”

ညသည် တဖြည်းဖြည်း ပို၍ မှောင်မိုက်လာ၏။ 

အပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်လျပ် လေတိုးသံအချို့ကိုသာ ကြားရသည်။ 

လင်းချွမ် စိတ်ငြိမ်အောင်ထိန်း၍ အဖြေရှာနေသည်။ 

ထိုစဉ် စနစ်မှ အချက်ပေးသံ ထွက်ပေါ်လာသည်။ 

[စာအုပ်: ရေခဲနက်]

[လက်ရှိအခြေအနေ: ဖယ်ရှားခံရ]

[အောင်မြင်မှုစံနှုန်း: ၁၈၈၀၈/၅၀၀၀၀]

[စစ်ဆေးမှု တာဝန်: အောင်မြင်ပြီး]

ဟူး…

လင်းချွမ် သက်ပြင်းချလိုက်မိသည်။ 

ရေခဲနက် ဖျက်ခံရပြီပဲ။ 

ထို့နောက် ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ထဲ အမြန် ဝင်ကြည့်လိုက်သည်။ 

ထင်သည့်အတိုင်း သူ့စာအုပ်ကို ရှာမတွေ့တော့ပေ။ 

မော်ဂန်အုပ်စုမှာ နိုင်ငံတကာဖိုရမ်သာမက ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်အထိ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

တစ်ဖက်မှ အခြားပစ်မှတ်သာရှိလျှင် မည်သူ ဖြစ်နိုင်မည်နည်း။ 

သေချာပေါက် သူ့နောက် လိုက်ကြပေမည်။ 

သူ ယခုလိုတော့ ကျရှုံးမခံနိုင်ပေ။ 

လင်းချွမ် လက်ဖက်ရည်တစ်ကျိုက် မော့ရင်း မျက်မှောင်ကြုတ်နေမိ၏။ 

ဆေးများမှာ ရှချင်းချင်းအပြောအရ အန်လင်းတွင် စပျံ့နေပြီဖြစ်၍ သူ့ကို စောင့်ကြည့်နေပြီဟု သတ်မှတ်နိုင်သည်။ 

ထို့နောက် အဖြစ်အပျက်ကို တဖြည်းဖြည်း ပြန်စဉ်းစားနေ၏။ 

ယခုရက်ပိုင်း တွေ့ရသည့် လူသစ်မှာ ယုခီခီနှင့် လျှိုမုန့် ဖြစ်သည်။ 

နှစ်ဦးစလုံးမှာ စီးပွါးတူလုပ်ရန် သူ့ကို ကမ်းလှမ်းဖူးပြီး ကျန်းရှင်းရှင်းကိုလည်း မြှူဆွယ်ကြသည်မှာ တူနေသည်။ 

လင်းချွမ် တွေးရင်း ကြက်သီးများ ထလာ၏။ 

မော်ဂန်အုပ်စုနှင့် ပတ်သက်နေနိုင်သော ကုမ္ပဏီများမှာ အန်ကျောက်နှင့် ဟွာရန်တို့ ဖြစ်လေသည်။ 

“အိုင်ဒေါလ် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”

လင်းချွမ် အတော်ကြာအောင် ငြိမ်နေ၍ အန်ဂျလီနာမှ စိတ်ပူကာ စာပို့လေသည်။ 

သို့သော် မော်ဂန်အုပ်စုနှင့် ပတ်သက်ရန်လည်း အလွန အန္တရာယ်များ၏။ 

‘တကယ်ပါပဲ’

လင်းချွမ်လည်း မျက်နှာပျက်လျက် ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ 

လင်းချွမ်မှာ စိတ်ရှည်သဘောကောင်းလွန်း၍ တော်ရုံ အမှုများကိုပင် ဒေါသမထွက်ခဲ့ပေ။  

သို့သော် ယခုတော့ သူမထိန်းနိုင်တော့ဘဲ စာပြန်ပို့လိုက်တော့သည်။ 

တိုက်ခိုက်မယ်။