တိုက်ပွဲစတင်ခြင်း
Vol. 20 Ch. 286
မြောက်ပိုင်းနယ်၊ ဟက်ကာစတူဒီယို။
အန်ဂျလီနာ ထိုစာကိုတွေ့သောအခါ ချက်ချင်း ပြုံးရွှင်သွား၏။
လင်းချွမ်၏ ‘တိုက်ခိုက်မယ်’ ဟူသော စကားလုံးကြောင့် အတွင်းစိတ်ထဲအထိ လှုပ်ရှားထကြွလာမိသည်။
သူ လင်းချွမ်ကို စံပြအဖြစ် သဘောကျသည်မှာ သူ့ထိပ်တန်းအရည်အချင်းကြောင့် မဟုတ်ပေ။ နည်းပညာကိုးကွယ်မှုမှာ အချိန်ကြာလာသည်နှင့်အမျှ ကွယ်ပျောက်နိုင်ပြီး ရေရှည်ခိုင်မာမှု မရှိချေ။
သူ လင်းချွမ်၏ သူရဲကောင်းဆန်သော စိတ်ဓာတ်ကို လေးစားမိခြင်း ဖြစ်၏။
လင်းချွမ်မှာ မြောက်အမေရိက ဟက်ကာများကိုပင် တစ်ဦးတည်း ယှဉ်၍ ခုခံတိုက်ခိုက်ရဲကြောင်း တွေ့ထားခဲ့ပြီး ဖြစ်ပါသည်။
ကျွမ်းကျင် ထိပ်တန်းဟက်ကာ တစ်ဦးဖြစ်သည့် အန်ဂျလီနာမှာ ရဲရဲရင့်ရင့် တိုက်ခိုက်ရသည်ကို သဘောကျပြီး ရန်သူ့နယ်တွင် အလံထူချင်သူမျိုး ဖြစ်သည်။
ယခုအခါ လင်းချွမ်သည် မော်ဂန်အုပ်စုအား တစ်ဦးတည်း ယှဉ်ပြိုင်တော့မည် ဖြစ်၍ ထိုသူရဲကောင်းဆန်သော စိတ်ဓာတ်ကိုကြည့်ကာ အန်ဂျလီနာ ရင်ထဲ၌ မီးလျှံများ တောက်လောင်လာသည်။
ထိုအခြေအနေမှာ ဟက်ကာများအတွက် အကောင်းဆုံး ဂုဏ်သိက္ခာပင်။
ထို့ကြောင့် အန်ဂျလီနာ စိတ်ရင်းဖြင့် အားတက်သရော တောင်းဆိုမိ၏။
“ကျွန်မရော တိုက်ပွဲမှာ ပါလို့ရလားဟင်”
မကြာမီ လင်းချွမ်ထံမှ အဖြေကောင်း ရရှိလာလေသည်။
“ဒါပေါ့။ ရပါတယ်”
ထိုအခါ အန်ဂျလီနာ လက်သီးဆုပ်လေးမြှောက်လျက် ဝမ်းသာအားရဖြင့်
“အိုင်ဒေါလ် ကျွန်မ ဘာလုပ်ပေးရမလဲ”
“အမှတ် (၆) ခုကိုသာ စစ်ကြည့်လိုက်”
လင်းချွမ် ရယ်မော၍ ပြောလိုက်သည်။
“ဟင်”
အန်ဂျလီနာ ရုတ်တရက် မှင်တက်နေ၏။
“ဟားဟား နောက်တာပါ။ အစီအစဉ်က ဒီလို။ မင်းက ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် ပြည်ပ ထုတ်လုပ်ရေး တိုက်ခိုက်ခံရတာကို ခုခံပြီး ပြန်ရအောင် လုပ်ပေး။ ကျွန်တော်က အဲ့အချိန် သူတို့ကွန်ယက်ထဲ တိုက်ရိုက် ဝင်မယ်”
လင်းချွမ် ရယ်မော၍ ပြောရင်း တာဝန်ခွဲပေးနေ၏။
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် ပြည်ပထုတ်လုပ်ရေးမှာ ရေခဲနက်ဝတ္ထုနှင့် သက်ဆိုင်နေသောကြောင့် ကျွမ်းကျင် အဆင့်မှ ပြန်ဖြည်ရမည် ဖြစ်သည်။
သာမာန် ခပ်ပေါ့ပေါ့တွေး၍ မရပါ။
တိုက်ခိုက်ခြင်း၊ ဟက်ကာ၊ လက်နက် ထုတ်ခြင်း၊ ကျားဖြန့်၊ ရှေးဟောင်းပစ္စည်း ထုလုပ်ခြင်း၊ အခင်းနေရာ လေ့လာခြင်းတို့သည် တစ်နေ့နေ့ ပြန်၍ အသုံးဝင်လာပေမည်။
အထူးသဖြင့် ယခုလိုအခြေအနေ ဖြစ်၏။
အရည်အချင်းမရှိဘဲ မော်ဂန်အုပ်စုကို တစ်ယောက်တည်း မည်သို့မျှ မယှဉ်နိုင်ချေ။
လင်းချွမ် အရည်အချင်းများစွာ ရထားသည့်အတွက် အလကားမနေနိုင်ပေ။
တိုက်ခိုက်ရမည်။
ဤသို့ဖြင့် တန်ပြန်ထိုးစစ်ဆင်ခြင်း စလေ၏။
သူ့လက်ချောင်းများမှာ ကီးဘုတ်ပေါ် လျင်မြန်စွာ ပြေးလွှားလျက် ကုဒ်များစွာကို ရေးသားနေသည်။
စတူဒီယို ၇၂၀ ကုမ္ပဏီ၏ အထူးအကာအကွယ် ဖြစ်လေ၏။
သူ မော်ဂန်ဘက်မှ ကုဒ်များကို တိုက်ခိုက်ရင်း အကောင့်များပါ ရှာဖွေနေသည်။
ထိုအချက်မှာ အရေးကြီးသော အဆင့် ဖြစ်လေသည်။
သာမာန်ဟက်ကာများမှာ သူတို့ တိုက်ခိုက်နေမှန်း သိသာစေရန် ဆက်တိုက် ဆောင်ရွက်လေ့ ရှိပြီး ထိုအခြေအနေမှာ အချိန်ကုန် လူပင်ပန်း ဖြစ်ရုံသာမက ရန်သူကို မလိုအပ်ဘဲ သတိပေးသလို ဖြစ်သွားစေသည်။
ဆင့်ပွါးဆာဗာမှာတော့ အခွဲများစွာ ပါဝင်ပြီး အဓိကဆာဗာနှင့် တိုက်ရိုက် မသက်ဆိုင်ပေ။
တစ်နည်းဆိုရသော် အဓိကဆာဗာချန်နယ်ကို မထိခိုက်ချေ။
လင်းချွမ် တိုက်ခိုက်မှု မစတင်မီ သေချာအောင် အကောင့်များအား ထပ်စစ်ဆေးလိုက်၏။
ထို့နောက် စတင်သည်နှင့် ရန်သူကို အသက်ရှူခွင့်ပင် မပေးတော့ဘဲ တိုက်ခိုက်လေသည်။
မော်ဂန်အုပ်စုဟက်ကာများမှာ နိုင်ငံတကာဖိုရမ်ကို အကြိမ်များစွာ တိုက်ခိုက်ထား၍ လင်းချွမ်အတွက် စစ်ဆေးရန် မခက်ခဲလှပေ။
မကြာမီ (၇) မိနစ်မျှအတွင်း လင်းချွမ် တစ်ဖက်မှ အဓိက ဆာဗာအကောင့်ကို ခြေရာခံမိသွားတော့သည်။
“မင်းတို့ဆာဗာမှာ အကာအကွယ် ကောင်းကောင်း ရှိမရှိ ကြည့်ကြသေးတာပေါ့”
လင်းချွမ် ပြုံး၍ ရေရွတ်လိုက်၏။
သို့သော် သူ့အပြုံးမှာ အေးစက်၍ ကြက်သီးထဖွယ် ဖြစ်လေသည်။
ဆာဗာထိုးဖောက်နည်းများမှာ များစွာ ရှိသော်လည်း လင်းချွမ် အလယ်ဖြတ်တိုက်ခိုက်ခြင်းနှင့် စနစ် အကာအကွယ်ဖျက်ခြင်းတို့ကို သုံးထားသည်။
ထိုအခါ သက်ဆိုင်ရာကုဒ်များကို ရေးဆွဲ၍ အဝေးမှ လှမ်းခိုင်းစေခြင်းများ ပြုလုပ်နိုင်လေသည်။
လင်းချွမ် လက်ချောင်းများ ကီးဘုတ်ပေါ် ပြေးလွှားလျက် ကုဒ်များ ရေးနေရင်း (၁၀) မိနစ် ဝန်းကျင် ကြာသောအခါ အားလုံး အသင့်ဖြစ်သွား၏။
…
အင်တာပို အာရှဗျူရို။
ညမှာ တဖြည်းဖြည်း ညဉ့်နက်လာသော်လည်း အသက် (၂၀) ဝန်းကျင် စုံထောက်တစ်ဦးမှာတော့ အလုပ်စားပွဲ၌ အမှုတစ်ခု စုံစမ်းနေဆဲ ဖြစ်လေသည်။
ထိုလူမှာ ချင်းယွန်းဖြစ်ပြီး ဆံပင်တိုတိုနှင့် သပ်သပ်ရပ်ရပ်ပုံမျိုး ရှိ၏။
သူသည် အင်တာပို တောင်ပိုင်းအတွက် တာဝန်ယူထားသူဖြစ်ပြီး လက်ရှိ၌ နိုင်ငံတကာ မူးယစ်ဆေး ခြေရာခံရန်အတွက် အာရှဗျူရိုသို့ ပြောင်းရွှေ့ခံထားရခြင်း ဖြစ်လေသည်။