ကျွန်မကို အထင်သေးတာပဲ
Vol. 20 Ch. 299
ထိုအချိန်တွင် လင်းချွမ်မှာ ဆိုဖာပေါ်တွင်မှီလျက် တည်ငြိမ်သော အမူအရာဖြင့် ယုံကြည်ချက်အပြည့် ဖြစ်နေသည်။ သူ အသာစီးရနေသောပုံဖြင့် ဗလကြီးများကို လုံးဝ ဂရုမစိုက်ချေ။
ယုခီခီမှာ ထိတ်လန့်တုန်လှုပ်၍ မျက်မှောင်ကြုတ်လျက် နားမလည်နိုင် ဖြစ်နေသည်။
သို့သော် လူးကပ်စ်ကို အာရုံစိုက်ကာ ထပ်မေးလိုက်သည်။
“လူးကပ်စ် ဘာတွေဖြစ်နေတာလဲ”
“လျှိုမုန့် အဖမ်းခံလိုက်ရပြီ။ ဆေးရောင်းဝယ်တဲ့အချိန်ကို မိသွားလို့ နှစ်ဖက်လုံး အဖမ်းခံလိုက်ရပြီးပြီ။ လုံခြုံရေးအတွက် မင်းလည်း အန်လင်းကနေ မြန်မြန်ရှောင်တော့။ ငါ လာကြိုဖို့ လူလွှတ်ပေးလိုက်မယ်”
“ဟုတ်ပြီ။ ကျွန်မ ချက်ချင်း သွားလိုက်မယ်”
ယုခီခီ လင်းချွမ်အား စိုက်ကြည့်၍
“ရှင် လျှိုမုန့်ကို ဒီညဖမ်းတဲ့အထဲ ပေါင်းကြံတာမလား”
သူ အရူးမဟုတ်ပါ။
ဖုန်းဝင်ချိန်ကို အတိအကျသိနေသည်မှာ အခြေအနေ အားလုံး ကြိုသိထား၍ပင်။
ထိုစဉ် ဗလကြီးများမှာ လင်းချွမ်အနား တိုးလာကြပြီး စိတ်ဖိစီးစရာလေထု ဖြစ်လာ၏။
သို့သော် လင်းချွမ်မှာ ပြုံးလျက်
“အဲ့လိုပဲ ဆိုပါတော့။ ကျွန်တော်က အကြားအမြင်ဆရာမှ မဟုတ်တာ”
ယုခီခီ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိ၏။
ယနေ့ည စကားပြောခဲ့ရသော လင်းချွမ်မှာ လှည့်စားတတ်ပြီး အရင် သူသိထားပုံနှင့် မတူချေ။
“ရှင် အချိန်လာဆွဲတာမလား”
“အခုတော့ သိသွားပြီပဲ။ ဒါပေမဲ့ မင်း နောက်ကျသွားပြီ”
“နောက်ကျတယ်လား”
ယုခီခီ ရေရွတ်လိုက်မိ၏။
ထိုစဉ် ရဲကားသံများ ရုတ်တရက် ကြားလာရလေသည်။
ယုခီခီ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သောအခါ ဥဩဆွဲသံများ စူးရှစွာ ထွက်ပေါ်လျက် ရဲကားအချို့ ဝိုင်းထားသည်ကို တွေ့ရ၏။
ဒုန်း ဒုန်း ဒုန်း။
ထိုအသံမှာ သေနတ်သံ မဟုတ်ဘဲ ယုခီခီနှလုံးခုန်သံ ဖြစ်၏။
သူ တုန်လှုပ်စွာဖြင့် ဗလကြီးတစ်ဦးကို လက်ညှိုးထိုးလျက်
“ဘာတွေဖြစ်နေလဲ သွားကြည့်လိုက်”
ရဲကားများမှာ ပို၍ပင် များလာသည်။
“သူဌေးယု ရဲတွေအများကြီး ဝိုင်းထားပါတယ်”
ထိုဗလကြီးမှာ ချွေးများစိုရွှဲလျက် အလန့်တကြား ပြောလိုက်သည်။
ယုခီခီ ခြေသံများ နီးကပ်လာသည်ကို ကြားရပြန်၏။
“လင်းချွမ် ဘာတွေဖြစ်နေတာလဲ”
လင်းချွမ် ခပ်အေးအေးကြည့်၍
“ကျွန်တော်ပဲ ရဲတွေခေါ်လိုက်တာလေ”
ယုခီခီ မျက်မှောင်ကြုတ်ကာ
“ရှင် ဒါတွေကို အစောကြီးတည်းက သိနေတာလား”
လင်းချွမ် တည်ငြိမ်စွာဖြင့်
“ရက်ပိုင်းလောက်ပဲ ရှိပါသေးတယ်”
“ရှင်… ဘယ်လိုလုပ် သိသွားတာလဲ”
“မင်းတို့ဆာဗာမှာ ဟွာရန်ကုမ္ပဏီနဲ့ ဆက်သွယ်ထားတဲ့ မှတ်တမ်းရှိတယ်လေ”
ယုခီခီ ခဏငြိမ်နေပြီးမှ ကျိန်ဆဲမိ၏။
“လူးကပ်စ် ငတုံးကောင်။ ဘာအချက်အလက်မှ မပေါက်ကြားဘူးဆိုပြီး”
ရှေ့ရက်က လင်းချွမ်နှင့် မော်ဂန်အုပ်စုဟက်ကာတို့ တိုက်ပွဲတွင် အဓိကဆာဗာရှိ မည်သည့်အချက်အလက်မှ မပေါက်ကြားသွားဟု လူးကပ်စ်ကိုယ်တိုင် ပြောခဲ့လေသည်။
သို့သော် လင်းချွမ်မှာ ထိုအချက်အလက်များကို သုံး၍ ရဲအဖွဲ့နှင့် ပူးပေါင်းလိုက်၏။
“လူးကပ်စ်ဆိုတာ မင်းတို့ခေါင်းဆောင်လား”
ယုခီခီ သူ့အမေးကိုမဖြေဘဲ ပြန်မေးလိုက်သည်။
“ဒီည ကျွန်မကိုဖမ်းနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတယ်ပေါ့”
ထိုအချိန်တွင် စက်ရုံကို ရဲအင်အားအများအပြား ဝိုင်းထား၍ ဝန်ထမ်းများ လျှို့ဝှက်ပေါက်များမှ ပြေးလွှားရှောင်တိမ်းနေကြသည်။
အချို့ဖမ်းမိသွားသူများမှာလည်း ခေါင်းအနောက်ကို လက်တင်၍ တုန်ရီနေလေ၏။
ဟူတာချန်းနှင့် ရှန်ချန်းချန်းတို့ ဦးဆောင်သော အဖွဲ့မှာ အထွေထွေမန်နေဂျာရုံးခန်းဆီသို့ ပြေးတက်လာကြသည်။
ရုံးခန်းထဲ၌။
လင်းချွမ် ပြုံး၍ ခေါင်းယမ်းလျက်
“ကျွန်တော်သာ ရောက်မလာရင် ခင်ဗျား အခု ထွက်ပြေးနေလောက်ပြီလေ”
ယုခီခီ တုန်လှုပ်လျက်
“အဲ့တော့ ရှင် တစ်ယောက်တည်း ရောက်လာပြီး ကျွန်မကို ဖမ်းနိုင်မယ် ထင်နေတယ်ပေါ့”
“ကြည့်ကြတာပေါ့”
“ဒီလိုကတော့ ကျွန်မကို အထင်သေးလွန်းနေတာပဲ”
ယုခီခီ ရယ်မောလျက် ဂရုမစိုက်သလို ပြောလေသည်။
ထို့နောက် သူ့ရုံးစားပွဲနား လျှောက်သွား၏။
ရုတ်တရက်။
ဂျောက် ဂျောက် ဂျောက်။
လင်းချွမ် ထူးဆန်းသော စက်ယန္တရားသံ ကြားလိုက်ရလေသည်။