← Chapters

ဆက်သွားလို့ မရဘူး

Vol. 20 Ch. 300

ဆက်သွားလို့ မရဘူး

Vol. 20 Ch. 300

ကော်ရစ်တာအပြင်ဘက်တွင် လှေကားအတက်အဆင်း တံခါးများအားလုံး ပိတ်သွား၏။ 

“ဟိုနားက အခန်းလေးတစ်ခုပဲ မင်းထွက်ပေါက် ဖြစ်လိမ့်မယ် ထင်တယ်”

လင်းချွမ်မှ အခန်းငယ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ 

ယုခီခီ ပြုံးလျက်

“ရှင်က တကယ် ထက်မြက်တာပဲ”

မော်ဂန်အုပ်စု မြေအောက်လောကတွင် အင်အားကြီးလာသည်မှာ သူတို့၏ လုံခြုံရေးစနစ်ကြောင့်လည်း ပါ၏။ 

ယုခီခီကိုယ်တိုင်လည်း အန်ကျောက်စက်ရုံကို ယနေ့လိုအခြေအနေမျိုးအတွက် ထွက်ပေါက် လမ်းကြောင်း ကြိုရှာထားပြီး ဖြစ်လေသည်။ 

ထို့ကြောင့် လင်းချွမ်ဘက်မှလည်း အခြေအနေကြည့်၍ ပိတ်ဆီးရန် ပြင်ထားသည်။ 

သူ ယုခီခီကို အလွတ်ပေးလိုက်ပါက သူတို့အတွက် ပြန်၍ အန္တရာယ်ရှိပါသည်။ ယခုအခါ သူ တစ်ယောက်တည်း မဟုတ်တော့ချေ။ မိသားစုဝင် ကျန်းရှင်းရှင်း ရှိနေလေပြီ။ 

“မန်နေဂျာ ကျွန်တော်တို့ အချိန်မရှိတော့ဘူး”

ဗလကြီးတစ်ဦးမှ အင်္ဂလိပ်လို ပြောလိုက်၏။ 

“ကောင်းပြီ။ အခုသွားကြမယ်”

ယုခီခီ ခေါင်းငြိမ့်ပြလိုက်သည်။ 

“သူ့ကိုရော ဘယ်လိုလုပ်မလဲ”

လင်းချွမ်အား မေးငေါ့ပြရင်း မေး၏။ 

“ဒီမှာပဲ ရှင်းလိုက်တော့”

ယုခီခီ အေးစက်စွာ အမိန့်ပေးလိုက်သည်။ 

သူ ယခုအချိန်တွင် လင်းချွမ်ကို မဖျောင်းဖျနိုင်တော့မှန်း သိလိုက်၏။ 

ထို့ကြောင့် အရေးပေါ် ဖြေရှင်းရတော့မည်။ 

လင်းချွမ် ရုတ်တရက် အမူအရာပြောင်းသွားပြီး အိတ်ကပ်ထဲ လက်နှိုက်လိုက်သည်။ 

ဗလကြီး (၆) ဦးမှာ လက်နက်များကိုင်လျက် သူ့ကို ဝိုင်းထားပြီး ယုခီခီသည် ပစ်စတိုတစ်လက်ကိုင်ကာ ထိုင်ခုံနား ရပ်နေသည်။ 

“တကယ်ပဲ ပစ်စတိုလောက်က လွယ်လွယ် ရနေတာပဲ”

လင်းချွမ် စိတ်ထဲမှ ရေရွတ်မိ၏။ 

“ရှင် ကြောက်နေပြီလား”

ယုခီခီပြုံး၍ သူ့အနား ကပ်လာ၏။ 

ဗလကြီး (၆) ဦးမှာလည်း လက်နက်များဖြင့် ရွယ်ကာ ဝိုင်းထားကြလေသည်။ 

လင်းချွမ် ဒုက္ခရောက်နေလေပြီ။ 

…

ထိုအချိန်တွင်။ 

အန်ကျောက်ဆေးဝါးစက်ရုံ ဓာတ်လှေကားများ ပိတ်သွား၍ ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ အဖွဲ့မှာ လှေကားမှ တက်လာကြသည်။ 

သို့သော် လှေကားထိပ်ရောက်သောအခါ တံခါးများ ပိတ်ထားသည်ကို တွေ့ရပြန်၏။ 

“ဘယ်လိုလုပ်ကြမလဲ”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ စိုးရိမ်စွာ မေးလိုက်သည်။ 

သူတို့ရှေ့မှ တံခါးမှာ သာမာန်မဟုတ်ဘဲ သော့ (၂) ထပ်နှင့် ဖြစ်၍ အလွန် အဆင့်မြင့်လေသည်။ 

သူတို့အစီအစဉ်ထဲ မပါသော မမျှော်လင့်သည့်ကိစ္စ ဖြစ်လာ၏။ 

“တံခါးဖျက်လို့ ရနိုင်လား”

ဟူတာချန်း မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ 

ထိုစဉ် သော့အကြောင်း အနည်းငယ် နားလည်သော အဖွဲ့ဝင်တစ်ဦးမှ 

“နှစ်ထပ်သော့က စက်ပစ္စည်းကုဒ်ရော၊ လျှပ်စစ် လက်ဗွေရာပါ လိုတာ။ တိုက်ရိုက်ဖွင့်ဖို့ဆိုတာ တော်ရုံ အရည်အချင်းရှိတဲ့သူတောင် မလွယ်ဘူး”

ရှန်ချန်းချန်း ရင်ထဲ ရှုပ်ထွေးလာသည်။ 

လင်းချွမ်သာဆိုလျှင် ထိုသော့မျိုးကို အလွယ်တကူ ဖျက်နိုင်လောက်သော်လည်း ယခု သူကိုယ်တိုင် အထဲရောက်နေ၏။ 

“ကျားသစ် စောင့်ကြည့်နေပါတယ်။ ပစ်မှတ် (၁) မှာ သေနတ်ရှိတယ်။ လူမိုက် (၆) ယောက်ကတော့ လင်းယုန်ကို ဝိုင်းထားတယ်။ လင်းယုန် အန္တရာယ် ရှိနေပြီ”

ထိုအချိန်တွင် ဝေါ်ကီတော်ကီမှ ရှချင်းချင်းအသံ ထွက်လာ၏။ 

ရှချင်းချင်း ကွန်ပျူတာမှ စောင့်ကြည့်ရင်း အကြောင်းကြားပေးခြင်း ဖြစ်သည်။ 

“သေနတ်လား”

ဟူတာချန်းတို့တစ်ဖွဲ့လုံး လန့်သွားလေသည်။ 

“ကျွန်တော်တို့လည်း အခု လှေကားထိပ်ရောက်မှ တံခါးပိတ်ထားလို့ ဝင်လို့မရဘူး ဖြစ်နေတာ။ ဖျက်ဖို့ နည်းလမ်းရှာနေတုန်းပဲ”

ဟူတာချန်း စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။ 

ရှချင်းချင်းမှ ချက်ချင်းပင် 

“အဲ့လိုတံခါးတွေက အထဲက ခွင့်ပြချက်ရှိမှ ရမှာ”

ထို့နောက် သူ ခဏငြိမ်နေပြီးမှ

“ကျွန်မ အခု စမ်းကြည့်လိုက်မယ်”

သူ နည်းပညာစိန်ခေါ်မှု စတင်ကြည့်လေသည်။ 

သို့သော် သူ လင်းချွမ်ကဲ့သို့ အရည်အချင်း မရှိသောကြောင့် အလွယ်တကူတော့ မဖြစ်နိုင်ပေ။ 

တစ်ဖက်တွင် ရှန်ချန်းချန်းလည်း နည်းလမ်းမျိုးစုံရှာ၍ ကြိုးစားနေသည်။ 

လင်းချွမ်ကို တစ်ယောက်တည်း လွှတ်လိုက်မိသည်ကိုလည်း နောင်တရလာ၏။ 

သူတို့ ထိုနေရာတွင် ထိုင်စောင့်နေခြင်းက အဖြေမဟုတ်ချေ။ 

ထိုစဉ် ရုတ်တရက် အကြံတစ်ခု ရလာ၏။ 

“အဖွဲ့မှူးဟူ ကျွန်မ အခု အဖွဲ့သားတွေ ထပ်သွားခေါ်ပြီး ခေါင်မိုးကနေ ဝင်ခဲ့မယ်”

သို့သော် ခေါင်မိုးမှတစ်ဆင့် ဆင်း၍ ပြတင်းပေါက်ကို ဖြတ်ဝင်ခြင်းမှာ အလွန်အန္တရာယ်များ၏။ 

ယုခီခီတွင် သေနတ်လည်း ရှိနေသေးသည်။ 

အဖွဲ့မှူးဟူမှ ချက်ချင်း ငြင်းလေသည်။ 

“မဖြစ်ဘူးလေ။ အရမ်းအန္တရာယ်များတယ်”

“အဖွဲ့မှူးဟူ ကျွန်မ လင်းချွမ်ကို ဘာမှ အဖြစ်မခံနိုင်ဘူး”

ရှန်ချန်းချန်း စိုးရိမ်စွာ ထပ်ပြော၏။ 

“လင်းချွမ်အကြောင်း သိတယ်မလား။ သူက မသေချာဘဲ မလုပ်ပါဘူး”

ဟူတာချန်းမှ ဆက်၍

“နည်းပညာအဖွဲ့လည်း ရောက်လာတော့မှာပါ။ သူတို့မှာ တံခါးဖျက်ဖို့ အထူးပစ္စည်းတွေ ရှိတယ်လေ”

ထိုစဉ် ပြောပြောဆိုဆိုနှင့် နည်းပညာအဖွဲ့ ရောက်လာကြသည်။ 

ခေါင်းဆောင်မှာ အထူးကျွမ်းကျင်သူဖြစ်ပြီး တံခါး အခြေအနေကိုကြည့်၍ အမြန်ဆုံး ကြိုးစားပေးလိုက်သည်။ 

မကြာမီ သတ္ထုဖြတ်စက်များ သုံးရင်း အောင်မြင်သွားတော့သည်။ 

ဂျောက်!

All Chapters