← Chapters

တောင်ပိုင်းယွမ်နှင့်မြောက်ပိုင်းဟန်

Vol. 1 Ch. 3

တောင်ပိုင်းယွမ်နှင့်မြောက်ပိုင်းဟန်

Vol. 1 Ch. 3

“ ဆရာ့ရဲ့သိုင်းအဆင့်ကကော ဘယ်အဆင့်ကိုရောက်ပြီလဲ “

အကြီးဆုံးကလေးမှမေးလိုက်သည် ။ ထိုမေးခွန်းကြောင့် ဖျင်ကြမ်းအင်္ကျီနှင့်လူမှာ အမျိုးအမည်ခွဲခြားမရသောအပြုံးဖြင့်ပြုံးလိုက်သည် ။ ထို့နောက် သူ၏ရင်ခွင်ထဲမှဓားအားလက်ဖြင့်တစ်ချက်ပွတ်လိုက်သည် ။ ဓားကိုမမြင်တွေ့သေးသော်လည်း ဓားအိမ်ကိုမူ အစိမ်းရောင်ဝါးတစ်မျိုးဖြင့်ပြုလုပ်ထသည် ။ ဓားရိုးသည်လည်း ဓားအိမ်နှင့်ဆင်တူ အစိမ်းရောင်အဆင်းရှိကာ ကျောက်စိမ်းဓားတစ်ချောင်းနှင့်ဆင်တူလှသည်။

ကလေးငယ်သုံးယောက်မှာမူ ထိုလူကြီး၏လှုပ်ရှားမှုမှန်သမျှကိုမျက်တောင်မခတ်တမ်းကြည့်နေကြသည်။

“ ဓားတစ်စင်းဟာ ပင်လယ်တွေကိုပိုင်းဖြတ်နိုင်တယ် ။ တောင်တွေကိုထက်ပိုင်းဖြတ်နိုင်တယ်။ ဓားသမားတစ်ယောက်ရဲ့ဆန္ဒကအဆုံးမရှိဘူး ။ ဓားကလေလိုလွင့်မျောပြီး အလင်းလိုလျှင်မြန်ရမယ် ။ ဓားတစ်ချက်ထုတ်ရင်လူထောင်ပေါင်းများစွာသေးစွန်းရမယ် ။ ဓားကိုဓားအိမ်ထဲကထုတ်ပြီးရင် သွေးမစွန်းပဲဓားအိမ်အတွင်းကိုပြန်ထည့်လို့မရဘူး ။ “

လူကြီးမှာ ခန့်ညားသည့်ဟန်ဖြင့် ထူးဆန်းသောစကားများအား မာန်ပါပါရေရွတ်လိုက်သည် ။ ကလေးငယ်သုံးယောက်မှာ ထိုလူကြီး၏စကားများကိုနားမလည်သော်လည်း သူတို့၏သွေးများဆူပွတ်လာကာ အားမာန်ပါလှသည်ဟုခံစားမိလိုက်ကြသည်။

“ ဟိုးကသစ်ရွက်လေးကိုကြည့်ထား “

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ အပေါ်သို့လက်ညှိုးညွှန်ပြလိုက်သည်။ ကလေးငယ်သုံး‌ယောက်မှာ သူညွှန်ပြရာဆီသို့ မြန်မြန်မော့ကြည့်လိုက်ကြသည် ။ လေထဲတွင် မိုးမခသစ်ရွက်လေးတစ်ရွက်မှာ ဝေ့ကာဝိုင်ကာဖြင့်ပေါ့ပါးစွာကျဆင်း၍လာသည်။ ထိုသစ်ရွက်လေးသည်လည်း သူ၏အပေါင်းအဖော်သစ်ရွက်များကဲ့သို့ပင် နွေလေရူး၏စေ့ဆော်မှုကြောင့် မူလသစ်ပင်ကြီးကိုခွဲခွာကာ မြေဆီဩဇာအဖြစ်ပြောင်းလဲ၍ ကမ္ဘာမြေကြီးကိုကူညီရန်အတွက် မြေပြင်ပေါ်သို့ကြွေကျ၍လာသည်။

သစ်ပင်ပေါ်တွင်ကျန်ရှိနေသည့်သစ်ရွက်ကလေးမျကလည်း ‘ ငါတို့ကိုစောင့်ပါ ငါတို့လဲလိုက်လာခဲ့ပါ့မယ် ‘ ဟူ၍ပြောနေသယောင်ယောင် ။ အောက်တွင် ကြွေကျသွားပြီးဖြစ်သောသစ်ရွက်ကြွေလေးများကလည်း ဝမ်းသားအားရကြိုဆိုနေသယောင်ပင် ။ သဘာဝ၏မြင်ကွင်းမှာ ရင်ဘက်နှင့်ခံစားပြီးကြည့်ရှုမည်ဆိုပါက မျက်စေ့မလွှဲနိုင်ဘဲတစိမ့်စိမ့်ထိုင်ကြည့်နေချင်စရာကောင်းလှသည်။

သို့ရာတွင် ကလေးငယ်များမှာ ထိုအချက်များအားသတိမပြုမိပေ ။ သူတို့၏ဆရာအကြည့်ခိုင်းသည့်သစ်ရွက်လေးပေါ်သို့သာ သူတို့၏အာရုံများကို အပြည့်အဝစူးစိုက်ထားကြသည်။ သစ်ရွက်ကလေးမှာ သူတို့၏ဦးခေါင်းနှင့်တစ်စထက်တစ်စနီးကပ်၍လာသည်။ ယခုပုံစံအရဆိုလျှင် ထိုသစ်ရွက်လေးမှာ ဖိုခနောက်ဆိုင်ထိုင်၍နေကြသော သူတို့သုံးယောက်၏အလယ်သို့ကျမည့်ပုံရသည်။

ထိုအချိန်တွင် အေးစိမ့်သောခံစားမှုတစ်ခုအား သူတို့အလုံးခံစားမိလိုက်ကြကာ မိုးမခရွက်လေးမှာ လေထဲတွင်ပင်သုံးပိုင်းပြတ်၍သွားသည်။ သစ်ရွက်အပိုင်းလေးသုံးခုမြေပြင်ပေါ်ပြုတ်ကျသည်အထိ သူတို့မှာ ‌အသက်ဝိညာဉ်‌ကင်းမဲ့နေသူများပမာ ငေးစိုက်ကြည့်နေကြသည် ။ အကြောင်းမှာ သူတို့၏မျက်စိရှေ့တွင်ပင် သစ်ရွက်မှာ မျက်လှည့်ပြလိုက်သကဲ့သို့ သုံးပိုင်းပြတ်သွားသောကြောင့်ဖြစ်သည် ။ သူတို့၏မျက်လုံးများမှာ အံ့သြထိတ်လန့်မှု‌ကြောင့်ပြူးကျယ်၍နေကြကာ တိုင်ပင်မထားဘဲ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးဆီသို့ ပြိုင်တူပင်ကြည့်လိုက်မိကြသည် ။

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီး၏လက်ထဲတွင်တောက်ပနေသောဓားတစ်ချောင်းအားကိုင်ထားကာ ဓားရိုးမှာ အစိမ်းရောင်ဖြစ်သည်။ သိသာထင်ရှားစွာပင် ထိုဓားမှာ စောစောကလူကြီး၏လက်ထဲတွင်ရှိသော ဓားအိမ်အတွင်းမှဓားဖြစ်သည် ။ မိုးမခသစ်ရွက်လေးအားသုံးပိုင်းပိုင်းလိုက်သောဓားမှာလည်း ထိုဓားပင်ဖြစ်သည်။ သို့သော် မိုးမခသစ်ရွက်လေးအား ထိုလူကြီးမည်သို့ပိုင်းဖြတ်လိုက်သည်ကို သူတို့တစ်ယောက်မှမမြင်လိုက်ရပေ ။

“ ဝါးးး မိုက်လိုက်တာ “

မိန်းမငယ်လေးမှ သူမ၏ပါးစပ်အားလက်ဝါးဖြင့်အုပ်ကာ အော်ဟစ်လိုက်သည်။

“ သခင်ကြီး နေ့လည်စားစားချိန်ရောက်ပါပြီ “

နောက်နားရှိလူတစ်ဦးမှပြောလိုက်သည်။ ထိုလူမှာ အသက်သုံးဆယ်ကျော်ခန့်ရှိကာ အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားသည်။ သူ၏ခါးတွင်လည်း ဓားတစ်လက်အားချိတ်ဆွဲ၍ထားသည်။ ဖျင်ကြမ်းအင်္ကျီဝတ်လူကြီးအကြည့်နေသောသူ၏အကြည့်မျထဲတွင် ရိုသေလေးစားမှုများပါဝင်‌နေသည် ။ ထို့နောက် သူ၏မျက်လုံးများက ကလေးငယ်သုံးယောက်အားချစ်မြတ်နိုးသည့်အမူအယာဖြင့်ကြည့်လိုက်သည်။

“ ဟေးး ဦးလေးနှစ် သွားမယ်လေ “

မိန်းမငယ်လေးမှ ရွှင်မြူးစွာပြောလိုက်ကာ ထိုလူ၏လက်အားဆွဲလိုက်သည် ။ အဖြူရောင်ဝတ်စုံနှင့်လူမှာ သူမ၏လက်ကလေးကို အသာအယာဖြုတ်ချလိုက်သည် ။

“ သခင်မလေး ဦးလေးဒီမှာခဏနေခဲ့ဦးမယ် “

မိန်းမငယ်လေးအား ညင်သာစွာပြောလိုက်သည်။ ထို့နောက် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးအား နောက်တစ်ကြိမ်ထပ်၍ခေါ်လိုက်သည်။

“ ကောင်းပြီ ကောင်းပြီ မင်းတို့နှစ်ယောက်လည်းသွားတော့ “

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ ပြောလိုက်သည်။ ခေါင်းကလေးများအားမော့ကာ သူ၏အမိန့်ကိုစောင့်နေကြသောကောင်လေးနှစ်ယောက်အားလည်း တစ်ဆက်တည်းပြောလိုက်သည်။

ကောင်လးနှစ်ယောက်လည်း လူကြီး၏စကားကိုကြားပြီးနောက် ရှေ့မှသွားနေသော‌ မိန်းမငယ်လေး၏နောက်သို့အပြေးလိုက်ကာ စံအိမ်ဆီသို့ပြန်သွားကြသည်။

“ ဓားနှစ် ငါသွားပြီ “

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ ဝတ်စုံဖြူဝတ်လူအားပြောလိုက်သည်။ ထို့နောက် ကျောက်တုံးပေါ်မှထကာ စံအိမ်ဘက်သို့ ဖြေးညင်းစွာလျှောက်သွားလိုက်သည် ။

ဝတ်စုံဖြူဝတ်လူမှာ မြေပြင်အသေချာကြည့်ကာ သူ၏မျက်လုံးများပြူးကျယ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တွေ့ကှိသည့်တစ်စုံတစ်ရာအားသူသတိပြုမိသွားသောကြောင့်ဖြစ်သည်။ စောစောကလူကြီးထိုင်၍နေသောကျောက်တုံးပတ်လည်တွင် သစ်ရွက်များပြန့်ကျဲနေကြသည် ။ ထိုအချင်းအရာကမထူးဆန်းသော်လည်း ထိုသစ်ရွက်အားလုံးမှာ အလယ်မှထက်ပိုင်းပြတ်၍နေကြသည်။

“ သခင်ကြီးရဲ့ဓားပညာက တော်တော်တိုးတက်လာတာပဲ “

ဝတ်စုံဖြူဝတ်လူမှတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူ၏လက်က ခါးရှိဓားရိုးပေါ်တွင်တင်လိုက်သည်။ စိတ်ကိုတည်ညိမ်အောင်ထားကာ သူ၏ပတ်ပတ်လည်သို့ကြွေကျလာသောသစ်ရွက်များအားအာရုံစိုက်လိုက်သည် ။

“ ဝှစ် “

လေတိုးသံနှင့်အတူ အလင်းရောင်သုံးခုလတ်၍သွားသည်။ ဝတ်စုံဖြူဝတ်လူ၏ပတ်လည်ရှိသစ်ရွက်အတော်များများများသည်လည်း တူညီစွာပင်အလယ်မှပြတ်၍နေကြသည်။

“ သခင်ကြီးနဲ့ယှဥ်လိုက်ရင် ငါတော်တော်လိုသေးတာပဲ “

ဝတ်စုံဖြူဝတ်လူမှ သူ၏ဦးခေါင်းအားအသာခါယမ်းလိုက်သည် ။ အမှန်က‌စောစောကသူထုတ်လိုက်သောဓားချက်မှာ တစ်ကွက်တည်းဟုထင်ရသော်လည်း ဓားကွက်သုံးကွက်တိတိထုတ်လိုက်ရသည်။ သို့သော် ဓားမှာလျှင်မြန်လွန်းသဖြင့် အသံတစ်ခုသာထွက်လာခြင်းဖြစ်သည် ။

“ အားအရှိန်ကိုသေချာထိန်း ၊ မင်းရဲ့အာရုံတွေအကုန်လုံးကို ထုတ်လိုက်တဲ့ဓားချက်ပေါ်မှာစူးစိုက်ထား ဘေးပတ်ဝန်းကျင်ကိုအာရုံစိုက်မထားနဲ့ “

သူ၏အနားတွင် အသံတစ်ခုထွက်ပေါ်လာသည် ။ ဘေးဘီသို့ကြည့်လိုက်သော်လည်း လူတစ်ယောက်မှရှိမနေပေ ။ သို့သော် အသံပိုင်ရှင်မှာ ဖျင်ကြမ်းအင်္ကျီနှင့်သခင်ကြီးဆိုသူဖြစ်ကြောင်းသူသိ၍နေသည်။ သူလေးလေးစားစားဦးညွှတ်ကာ စောစောကဓားချက်အားဆက်၍လေ့ကျင့်နေလိုက်သည် ။

မြောက်ပိုင်းဟန်နှင့် တောင်ပိုင်းယွမ်ဟူ၍တိုင်းပြည်နှစ်ခြမ်းကွဲနေသည့်အချိန်

မြောက်ပိုင်းဟန်မှာ တိဗက်နယ်စပ်တွင်ရှိပြီး တောင်ပိုင်းယွမ်မှာမူ အလယ်ပိုင်းဒေသတွင်အခြေစိုက်သည်။ စစ်အင်အားကွာခြားမှု ၊ တွငိးထွက်သယံဇာတများပေါများမှု၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုစသည်တို့ကွာခြားသောကြောင့် မြောက်ပိုင်းဟန်မှာ တောင်ပိုင်းယွမ်၏ဖိနှိပ်မှုကို အစဉ်အဆက်ပင်ခံလာခဲ့ရသည် ။ တိုင်းပြည်၏မြေနေရာသုံးပုံတစ်ပုံမှာ တောင်ပိုင်းယွမ်မှပိုင်ဆိုင်ပြီး စစ်သည်အင်အားတောင့်တင်းလှသော တပ်မတော်ကြီးလည်းရှိပေသည် ။ ‌တောင်ပိုင်းယွမ်ဘုရင်များမှာ မြောက်ပိုင်းဟန်ကိုသိမ်းပိုက်ရန် မကြာခဏကြိုးစားကြသော်လည်း လမ်းပမ်းဆက်သွယ်ရေးကြမ်းတမ်းမှု၊ ကျားချောင်းချောင်းနေကြသည့်နယ်ခြားမှမွန်ဂိုလူမျိုးများ၏အန္တရာယ် စသည်တို့ကြောင့် ယခုအချိန်အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပေ ။

သို့သော် မြောက်ပိုင်းဟန်တွင် အရည်အချင်းရှိသည့် ဘုရင်မင်းမြတ်၏ညီတော်စစ်သူကြီးဟန်ချူးနန်းတက်လာပြီးသည့်နောက်တွင်ကား တိုင်းပြည်နှစ်ခု၏အခြေအနေမှာ ပြောင်းလဲ၍သွားသည် ။

နှ‌စ်ပေါင်းနှစ်ရာကျော်အုပ်ချုပ်လာခဲ့သည့် အင်အားကြီးတောင်ပိုင်းယွမ်မင်းဆက်မှာ မှူးမတ်များအကျင့်စာရိတ္တယိုယွင်းပျက်စီးလာခြင်း ၊ နောက်ပိုင်းမင်းဆက်များ၏အရည်အချင်းမရှိခြင်းတို့နှင့်အတူ တိုင်းသူပြည်သားများအားလွန်စွာဖိနှိပ်လာမှုတို့ကြောင့် လူထုအုံ့ကြွမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြောက်ပိုင်းယွမ်တွင်မူ ဘုရင်ဖြစ်သူဟန်ချူးမှာ အုပ်ချုပ်မှုစည်းစနစ်‌ပြုပြင်ပြောင်းလဲခြင်း ၊ စစ်အစ်အားတိုးချဲ့လာခြင်းစသည်တို့ပြုလုပ်လာသည်။

မြောက်ပိုင်းဟန်ဘုရင် ဟန်ချူးမှာ ကောင်းကင်မှသက်မှတ်ပေးထားသကဲ့သို့ဖြစ်နေသည့် အခြေအနေများအားအခွင့်ကောင်းယူကာ တောင်ပိုင်းယွမ်ကိုစစ်ချီခဲ့သည် ။ တောင်ပိုင်းဟန်မှာ တိုင်းပြည်တွင်းမငြိမ်မသက်ဖြစ်နေသည်ကတစ်ကြောင်း ၊ စစ်သည်အင်အလျော့ရဲနေသည်ကတစ်ကြောင်း၊ တိုင်းသူပြည်သားများကိုယ်တိုင်က ယွမ်မင်းဆက်ကိုအလိုမရှိကြတော့သည်ကတစ်ကြောင်း စသည်အကြောင်းပြချက်များကြောင့် ဟန်ချုးမှာ သုံးလခန့်တိုက်ပွဲဆင်နွဲပြီးသည့်နောက်တွင် တောင်ပိုင်းယွမ်နိုင်ငံ၏နန်းမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့သည်။

----------------------------------------------------------------

All Chapters