လူတစ်ခု၏ နိဂုံး
Vol. 1 Ch. 9
" ကောင်လေး ဒဏ်ရာရနေတဲ့လူတစ်ယောက်ကိုမြင်မိသေးလား အင်္ကျီအဖြူဝတ်ထားတယ် "
သူတို့လူစုထဲမှ ရုပ်ရည်ကြမ်းတမ်းသည့် တစ်ယောက်မှမေးလိုက်သည် ။ သူ၏လေသံမှာ အလျှင်လိုနေပုံရကာ ထိုအကြောင်းအားလွန်စွာသိချင်နေသည့်ပုံဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူမှာမူ ကောင်လေးအား စူးရှတောက်ပသောမျက်လုံးများဖြင့်ထွင်းဖောက်မတတ်ကြည့်ကာ အကဲခပ်နေသည် ။
မီးဖိုဘေးမှသူတောင်းစားလေးမှာ ဦးခေါင်းအားခါယမ်းရင်း ထိုလူများအား ကြောက်ရွံ့စွာကြည့်လိုက်သည်။ ထို့နောက်
" ကျွန် ကျွန်တော် မသိဘူး ဆရာကြီးတို့ မယုံရင်ဘုံကျောင်းထဲကိုလိုက်ရှာကြည့်လို့ရပါတယ် "
ကောင်လေးမှ တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏ပုံစံမှာ လက်နက်ကိုယ်စီနှင့်သိုင်းသမားများအား လွန်စွာကြောက်ရွံ့နေပုံရသည်။
" လိုက်ရှာကြည့် "
ခေါင်းဆောင်မှာ ပြောလိုက်သည် ။ ထိုပခါ ထိုလူများမှာ ဘုံကျောင်း၏အတွင်းဘက်ရော အပုင်ဘက်ကိုပါ နှံ့နှံ့စပ်စပ်လိုက်ရှာကြသည်။ သို့သော် လူပင်မဆိုထားနှင့် ခွေးတစ်ကောင်ကြောင်တစ်မှီးမှပင်မတွေ့ရှိပေ ။
မီးဖိုဘေးတွင်ရှိသော သူတောင်းစားနှင့်တူသည့်ကောင်လေးမှာ ကျားကြီးဖြစ်သည်။ ကျားကြီးမှာ ထိုလူများ ယောက်ယပ်ခက်နေသည်အားကြည့်ကာ သူ၏စိတ်ထဲ၌ လှောင်ပြုံးပြုံးလိုက်မိသည်။ သို့သော် အပြင်ပန်းတွင်မူ လွန်စွာတုန်လှုပ်နေသည့်အမူအယာအား ဆက်ထိမ်းထားသည်။
အတန်ကြာသောအခါ ထိုလူများမှာ မောဟိုက်စွာဖြင့်ပြန်လာကြသည်။ သူတို့ရှာဖွေနေသောသူအားဘုံကျောင်းထဖြတွင်မတွေ့ပေ ။ သူတို့အဖွဲ့ထဲမှလူတစ်ယောက်မှာ ကျားကြီးထံသို့ရက်စက်မည့်အမူအယာဖြင့်လျှောက်သွားလိုက်သည်။
ကျားကြီးမှာ ယခုတစ်ခေါက်တွင် အမှန်တကယ်ထိတ်လန့်နေပြီဖြစ်သည်။ သူ့ထံသို့လျှောက်လာသောလူမှာ သောရည်ရွယ်ချက်ဖြင့်မဟြတ်မှန်းရိပ်စားမိသည်။
ထိုလူများမှာ သူ့အားနှိပ်စက်ညှင်းပန်းလျှင် သူတို့ကယ်တင်ထားသောသူအားထုတ်ပေးရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူအားကယ်တင်ထားသောသူတို့နှစ်ဦးလည်း သက်သာမည်မဟုတ်ပေ။ သိုငိးလောကသားများ၏ ရက်စက်ကာစည်းလွတ်ဝါးလွတ်လုပ်တတ်ပုံများအား သူလွန်စွာရင်းနှီးသည်မဟုတ်လား။
" ရှိ ရှိ သမျှပုဂ္ဂိုလ်တွေကျုပ်ကိုကယ်တင်ကြပါ။ "
ကျားကြီးမှာ မျက်လုံးအားစုံမှိတ်ကာဆုတောင်းနေလိုက်သည်။ ယခုအချိန်မှ သူတို့ကယ်တင်ထားသောသူအားထုတ်ပေးလိုက်လျှင်လည်း မသုံးဝင်တော့မည်မဟုတ်ပေ ။ ကံမကောင်းပါက သူတို့နှစ်ယောက်ပါ ကြံရာပါအဖြစ်သတ်မှတ်ခံရကာ လက်စတုန်းသွားနိုင်သည်။ ထိုစဉ်
" ရပ်လိုက် "
ထိုလူအား ဟန့်တားလိုက်သံထွက်ပေါ်လာသည်။ အသံပိုင်ရှင်မှာ သူတို့လူစုထဲမှခေါင်းဆောင်ဖြစ်သည်။ ကျားကြီးထံသို့လျှောက်သွားသောလူမှာ သူ၏ခေါင်းဆောင်အား နားမလည်နိုင်စွာကြည့်လိုက်သည်။
" သူကငါတို့ရှာနေတဲ့ကောင်ကိုမတွေ့ဘူးဆိုရင် ငါတို့ပြန်ရအောင် ။ ဒီမှာအချိန်ကုန်နေရင် ဟိုကောင့်ကိုလွတ်သွားမယ် "
ခေါင်းဆောင်မှ ပြောလိုက်ကာ ဘုံကျောင်းခဲမှထွက်သွားသည် ။ သူ၏လူများလည်း ခေါင်းဆောင်၏နောက်မှလိုက်ပါသွားကြသည် ။ ကျားကြီး၏အနားသို့ရောက်နေသောသူသည်လည်း မျက်မှောင်ကြုတ်ကာ ဘုံကျောင်းအပုင်သို့ထွက်၍သွားသည် ။
ထိုလူစုမှာ ကျောင်းနှင့်အနည်းငယ်လှမ်းသောနေရာသို့ရောက်သောအခါ ရှေ့မှသွားနေသောခေါင်းဆောင်မှာ ရပ်တန့်လိုက်သည်။ ထို့နောက် ဘုံကျောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ကျန်လူများလည်း နားမလည်နိုင်သည့်အမူအယာဖြင့် သူတို့၏ခေါင်းဆောင်အားကြည့်လိုက်ကြသည် ။
" ခေါင်းဆောင် ဘုံကျောင်းထဲမှာတုန်းက ကျုပ်ကိုဘာလို့ဟန့်တားတာလဲ ဒီကောင်လေးကို နှိပ်စက်လိုက်ရင် ဟိုသစ္စာဖောက်ကောင်ရှိတဲ့နေရာကို နည်းနည်းလေးသိလာနိုင်တယ် ပြီးတော့ သမားတတ်တာကလည်း ခေါင်းဆောင်ရဲ့အမူအကျင့်မဟုတ်ပါဘူး "
ဘုံကျောင်းထဲတွင် ကျားကြီးအနားသို့ကပ်သွားသည့်လူမှ မကျေမနပ်ပြောလိုက်သည်။ သူ၏စကားကို ကျန်လူများမှလည်း ထောက်ခံလိုက်ကြသည်။ သူတို့လည်း ထိုအဖြစ်မပျက်အားနားမလည်ပေ ။ ထိုစကားကြောင့် ခေါင်းဆောင်ဖြစ်သူမှာ ပြုံးလိုက်သည်။
" ဟိုကောင်ရုတ်တရက်ပျောက်သွားတာ ဒီဘုံကျောင်းနားမှာပဲ ။ ဒါကြောင့် ဘုံကျောင်းထဲမှာသေချာပေါက်ရှိရမယ် ။ ငါတို့မတွေ့နိုင်တဲ့တစ်နေရာရာမှာပေါ့ ။ ပြီးတော့ အဲဒီသူတောင်းစားလေးက ဟိုကောင့်ကိုကူညီတဲ့လူပဲ ။ "
ခေါင်းဆောင်၏စကားကြောင့်ကျန်လူများမှာ မျက်လုံးများပြူးကျယ်သွားကြသည် ။
" ဒါဖြင့် ခေါင်းဆောင်ကဘာလို့ "
ခေါင်းဆောင်ဖြစ်သူမှ ဆက်ပြောလိုက်သည်။
" ငါတို့ကို ဟိုကောင်ကစောင့်ကြည့်နေနိုင်တယ် ။ တကယ်လို့ ငါတို့သာသူတောင်းစားလေးကိုဖမ်းလိုက်ရင် ဟိုကောင်ကထွက်ပြေးသွားနိုင်တယ် ။ အဲဒီအချိန်ကျရင် ငါးရှဉ့်လိုကောင်ကို ထပ်ပြီးလိုက်ဖမ်းရဦးမယ် ။ အခုငါတို့ထွက်လာကြပြီဆိုတော့ ဟိုကောင်လဲစိတ်ချလိုက်ချဖြစ်နေလောက်ပြီ ။ ဒါကြောင့် အခုအချိန်မှာ ဘုံကျောင်းကိုနောက်တစ်ခေါက်ပြန်ပြီးသွားရမယ် "
ခေါင်းဆောင်မှ သူ၏အကြံအစည်အားရှင်းပြလိုက်သည် ။ ထိုအခါမှ ကျန်လူများမှာ တအံ့တသြဖြင့် ဝိုင်းဝန်းချီးကျုးလိုက်ကြသည် ။ ခေါင်းဆောင်ဖြစ်သူမှာ ထိုလူများအားကြည့်ရင်း စိတ်ထဲတွင်ရယ်မောနေလိုက်သည် ။
' မင်းတို့ဒီလိုတုံးလို့လဲ ငါ့နောက်ကလိုက်နေရတာ '
ထိုစကားကိုတော့ သူ၏စိတ်ထဲမှပြောလိုက်ခြင်းဖြစ်သည်။
ထို့နောက် သူတို့လူစုမှာ ဘုံကျောင်းအနီးသို့ပြန်၍ချဉ်းကပ်လာကြသည် ။ခုတစ်ခေါက်တွင် မူ ခေါင်းဆောင်ဖြစ်သူမှာ သူ့လူများအားဘုံကျောင်းပတ်လည်၌အစောင့်ခိုင်းထားလိုက်သည်။ ထိုလူများမှာ ချက်ခြင်းပင်လူစုခွဲကာ ဘုံကျောင်းအားဝိုင်းထားလိုက်ကြသည်။
ခေါင်းဆောင်မှာမူ လူတစ်ယောက်နှင့်အတူ ဘုံကျောင်း၏ရှေ့ဘက်အပေါက်တွင်ဖြစ်သည်။ ထိုစဉ် လေအေးတစ်ချက်တိုက်သွားကာ သူ၏အဖော်ဖြစ်သူမှာ ရုတ်တရက်လဲကျ၍သွားသည်။ ခေါင်းဆောင်ဖြစ်သူမှာ သူ့အဖော်အားစစ်ဆေးကြည့်လိုက်ပြီးနောက် ထိတ်လန့်၍သွားသည်။
သူ့အဖော်မှာ ဝဲဘက်ရင်အုံတွင်အပေါက်တစ်ပေါက်ရှိနေကာ ထိုအပေါက်မှသွေးများတသွင်သွင်စီးကျနေသည်။ သို့သော် သူတို့အနားတွင် လက်နက်တစ်စုံတစ်ရာမတွေ့ရပေ။
" ကျုပ်ပြပွဲကောင်းကောင်းကြည့်နေတယ် ။ ခင်ဗျားတို့ဒီကိုပြန်မလာသင့်ဘူး "
အမှောင်အတွင်းမှနေ၍ မရဏမင်း၏လေသံကဒ့သို့အေးစိမ့်ခြောက်ချားဖွယ်ကောင်းသလေသံကဒ့သို့အေးစိမ့်ခြောက်ချားဖွယ်ကောင်းသည့်အသံတစ်ခုထွက်ပေါ်လာသည် ။ ခေါင်းဆောင်ဖြစ်သူမှာ တစ်စုံတစ်ရာပြောမည့်ဟန်ပြင်လိုက်သော်လည်း သူ့အနားသို့ လျှင်မြန်စွာကပ်လာသောလူရိပ်တစ်ခုကိုမြင်လိုက်ရပြီးနောက် တုံ့ပြန်ရန်အချိန်မရလိုက်ဘဲလဲကျ၍သွားသည်။
ဘုံကျောင်းအားဝန်းရံထားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက်လဲကျကုန်ကြသည်။ ထိုလူများမှာ သူတို့သေဆုံးသွားသည့်တိုင်အောင် သူတို့အားဝီဇိန်ချွေခဲ့သောအရာမှာ မည်သည့်အရာဖြစ်သည်ကို ကွဲကွဲပြားပြားသိမသွားခဲ့ကြပေ ။
" ဟူးး "
ကျားကြီးမှာ ထိုလူများထွက်သွားပြီးသည့်နောက်အချိန်အနည်းငယ်ကြာမှ သက်ပြင်းချလိုက်နိုင်သည်။ သူ၏ရင်ထဲတွင်မူ အကြောက်မပြေသေးဘဲ နှလုံးခုန်နှုန်းများမြန်ဆန်နေသေးသည်။
" တစ်ခါတစ်လေ လူကောင်းလုပ်မိတာကို သေတော့မလို့ပါလား "
တစ်ဦးတည်းရေရွတ်ရင်း ဘုံကျောင်းနောက်သို့လှမ်း၍အသံပြုလိုက်သည်။ ထိုအခါ ကျားလေးမှာ သူတို့ကယ်တင်ထားသောလူအားတွဲကာ အပြင်သို့ထွက်လာသည်။ သူတို့ပုန်းနေသောနေရာမှာ လျှို့ဝှက်နေရာကဲ့သို့ဖြစ်နေသောကြောင့် စောစောကလူများရှာမတွေ့ခြင်းမဖြစ်သည်။ မဟုတ်ပါက နေရာတွင်ပင်သုံးယောက်လုံးလက်စသတ်သွားနိုင်သည် ။
ယခုအချိန်တွင်မူ သူတို့ကယ်တင်ထားသောလူမှာ သတိကောင်းစွာရလာပြီဖြစ်သည်။ သူက ကျားကြီးနှင့်ကျားလေးအားကြည့်လိုက်သည်။
" ငါ့ကိုကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် "
ထိုလူမှ လှိုက်လှိုက်လှဲလှဲပြောလိုက်သည်။ ထို့နောက် သူ၏ရင်ဘက်ကြားထဲသို့ငုံ့ကြည့်ကာ မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားသည်။
ကျားလေးမှာ သူ၏အမူအယာအားအကဲခပ်မိသည်။ ထို့ကြောင့် သူ၏လက်ထဲမှသွေးစွန်းဓားကွက်သိုင်းကျမ်းအား ပြန်ပေးလိုက်သည်။ ထိုလူမှ သိုင်းကျမ်းအား တုန်ယင်နေသောလက်အစုံဖြင့် ပြမ်၍ဆွဲယူလိုက်သည်။ ကျားကြီးနှင့်ကျားလေးမှာ ထိုလူ၏ပုံစံအရ ထိုသိုင်းကျမ်းမှာ မည်မျှအရေးကြီးမှန်းသဘောပေါက်သွားကြသည်။
ထိုလူမှာ သိုင်းကျမ်းပြန်ရပြီးသည့်နောက်တွင် ကျားကြီးနှင့်ကျားလေးအား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်မှဖြေးညင်းစွာမြောက်လာသည်။ ထိုစဉ်ကျားကြီးမှပြောလိုက်သည်။
" စောစောကစာအုပ်က သိုင်းကျမ်းတစ်ခုမဟုတ်လား "
ထိုစကားကိုကြားပြီးနောက် ထိုလူ၏အမူအူာမှာထူးဆန်းသွားသည်။ သူ၏ မသိမသာမြှောက်ထားသောလက်အားပြန်ချလိုက်ကာ ကျားကြီး၏မေးခွန်းကိုပြန်၍ဖြေလိုက်သည်။
" ဟုတ်တယ် သိုင်းကျမ်းတစ်ခုပဲ ။ ရိုးရိုးသိုင်းကျမ်းမဟုတ်ဘူး သိုင်းလောကတစ်ခုလုံးကိုကိုင်လှုပ်နိုင်တဲ့ သိုင်းကျမ်းပဲ "
ထိုလူ၏စကားကြောင့် ကျားကြီးနှင့်ကျားလေးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့အချင်းချင်းခေါင်းညိမ့်ပြကာ ထိုလူအားပြိုင်တူပြောလိုက်သည်။
" ဒါဆို ကျုပ်တို့ကို သိုင်းပညာသင်ပေးပါ "