မြူနှင်းငရဲနှင့် မိစ္ဆာအမှောင်
Vol. 1 Ch. 14
" မင်းတို့ငါ့ရဲ့နောက်လိုက်လုပ်မလား "
လူငယ်မှ တည်ကြည်စွာမေးလိုက်သည် ။ လူငယ်စကားကြောင့် ကျားကြီးနှင့်ကျားလေးမှ အံ့အားသင့်သွားကြသည်။
" ဘယ်လို ခင်ဗျားရဲ့နောက်လိုက်လုပ်ရမယ် "
ကျားကြီးမှ နားမလည်နိုင်သည့်ဟန်ဖြင့်မေစလိုက်သည်။ လူငယ်ပြုလုပ်နိုင်မည့်အရာမှန်သမျှကို ကြိုတင်၍ခန့်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့ပြောလိမ့်မည်ဟု သူမထင်ပေ ။
ကျားလေးသည်လည်း အလားတူအံ့အားသင့်နေသည်။ ထို့နောက် သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။
ယခုတစ်ခေါက်တွင်အံ့ဩရမည့်လူမှာ လူငယ်ဖြစ်သည်။ သူကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပုံရသောကောင်လေးနှစ်ယောက်အားကြည့်ကာမေးလိုက်သည်။
" မင်းတို့ကငါ့ရဲ့နောက်လိုက်မဖြစ်ချင်တာလား "
" ကျုပ်တို့မှာရွေးချယ်ခွင့်ရှိသေးလို့လား ။ အမှန်အတိုင်းပြောရရင် ကျုပ်တို့ကကျုပ်တို့ရဲ့ဘဝကိုတစ်ယောက်ယောက်ကထိန်းချုပ်မှာကိုအလိုမရှိဘူး ။ အဲလိုမေသွားရတာထက်စာရင် အခုလိုဘဝမျိုးနဲ့နေရတာပဲပိုကောင်းတယ်။ ပြီးတော့ ကျုပ်တို့ဆရာဖြစ်မယ့်လူက တသ်လောကလုံးကို ကိုင်လှုပ်နိုင်တဲ့လူမျိုးဖြစ်ရမယ် "
ကျားလေးမှ မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ ထို့စကားကြောင့် လူငယ်မှ တဟားဟားအော်ရယ်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင်လည်း ကျားကြီးနှင့်ကျားလေးအား သဘောကျသည့်အရိပ်အယောင်များထင်ဟပ်နေသည်။
သေဆုံးနေပြီဖြစ်သည့်လူအားကျားကြီးနှင့်ကျားလေးတို့မှတောင်းဆိုရာတွင် သိုင်းပညာသင်ပေးပါဟုသာပြောခဲ့သည် ။တပည့်အဖြစ်လက်ခံပါဟု မပြောခဲ့ပေ။ လူငယ်မှာ ထိုအချက်အားပြန်၍သတိရသွားသည် ။
" မင်းတို့မှာရွေးချယ်စရာရှိတာပေါ့ ။ ပထမတစ်ခုက မင်းတို့ရဲ့ သွေးစွန်းဓားဆိုတဲ့သိုင်းကျမ်းကိုယူပြီး ဒီဘုံကျောင်းထဲကထွက်သွားလိုက် ။ မင်းတို့တခြားလူတွေလက်ချက်နဲ့အသက်မသေရင် အနည်းဆုံးတော့ အဆင့်လွန်သိုင်းသမားဖြစ်လာမှာပါ "
လူငယ်မှ သူ့လက်ထဲမှသွေးစွန်းဓားသိုင်းကျမ်းအား ကျားကြီးနှင့်ကျားလေးအား ပစ်ပေးလိုက်သည်။
ကျားကြီးနှင့်ကျားလေးတို့မှာ မျက်လုံးများပြူးကျယ်ကုန်ကြသည်။ အံ့အားသင့်ဆွံ့အမှုကြောင့် စကားပင်မပြောနိုင်ကြပေ ။ သူတိူ့အားလူငယ်မှသိုင်းကျမ်းပေး၍ထွက်သွားခိုင်းနေသည် ။
ထို့အပြင် သိုင်းလောကတစ်ခုလုံးလိုချင်တပ်မက်ကာ ထိုသိုင်းကျမ်းကြောင့်သွေးချောင်းစီးလူသတ်ပွဲများဖြစ်နေသည့်သိုင်းကျမ်းအား လူငယ်မှအမှိုက်တစ်စကဲ့သို့ပစ်ပေးနေသည်။ ဉာဏ်ကောင်းသောလူဆိုပါက လူငယ်မှ ထိုသိုင်းကျမ်းအား မျက်စေ့ထဲတွင်ပင်မထည့်ကြောင်းသိလိုက်ရသည်။
သူတို့နှစ်ဦးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည် ။ သိုင်းကျမအားယူကာ ဘုံကျောင်းထဲမှတစ်ယောက်မှထွက်မသွားကြပေ။ လူငယ်ဆက်ပြောမည့်စကားအားစောင့်ဆိုင်းနေကြသည် ။
လူငယ်မှထရပ်လိုက်သည် ။ ထို့နောက် လက်နှစ်ဘက်အားနောက်ပစ်ကာ ခန့်ညားသည့်အမူအယာဖြင့်ပြောလိုက်သည်။
" ဒုတိယတစ်ခုက ငါ့ရဲ့တပည့်ဖြစ်ခွင့်ရမယ် ။ဒါပေမယ့်လွယ်လွယ်ကူကူတော့မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့စမ်းသက်စစ်ဆေးမှုတွေရှိတယ်။ မင်းတို့နှစ်ယောက်လုံး စစ်သပ်မှုတွေမှာ သေချင်စိတ်ပေါက်ရင်ပေါက်လာလိမ့်မယ်။ စိတ်တောင်မကူးနိုင်တဲ့နာကျင်မှုတွေကိုခံစားရမယ်။
ဒါမမဟုတ် တစ်ကယ်သေရင်လဲ သေသွားနိုင်တယ်။ စမ်းသပ်မှုတွေပြီးသွားရင် ငါကမင်းတို့နှစ်ယောကိုသိုင်းပညယတစ်ခုစီသင်ပေးမယ်။ ငါသင်ပေးတဲ့သိုင်းတွေကမင်းတို့ကို မမျှော်မှန်းထားလောက်တဲ့အဆင့်ထိရောက်စေလိမ့်မယ်။
မင်းတို့နှစ်ယောက်လုံး သိုင်းလောကထဲမှာ စိတ်ကြိုက်လုပ်ခွင့်ရမယ်။ ငါကလွဲရင်တစ်လောကလုံးကို အထင်သေးသလိုကြည့်လို့ရမယ်။ ငွေကြေး၊အာဏာကတော့မလိုချင်ရင်အဆုံးဖြစ်လာလိမ့်မယ်။ မင်းတို့ဘယ်အချက်ကိုရွေးမှာလဲ "
လူငယ်မှ သူ၏စကားအားအဆုံးသက်လိုက်သည်။ စကားပြောနေစဉ်အတွင်း သူ၏အငွေ့အသက်များကိုမရည်ရွယ်ဘဲထုတ်လွင့်မိသွားပုံပေါ်သည်။
လူငယ်၏အနီးတွင် သွေးဆာရက်စက်သည့်အငွေ့အသက်များလွှမ်းခြုံနေသည်။ ထို့ကြောင့် လူငယ်အား ငရဲပြည်မှမိစ္ဆာတစ်ကောင်အလား ထင်ရစေသည်။ ထိုအချိန်ခဏတွင် လူငယ်မှာ လောကကြီးအား အုပ်စိုးနိုင်မည်ဟု ထင်မှတ်ရသည်။
ကျားကြီးနှင့်ကျားလေးတို့မှာလည်း မြေပြင်ပေါ်မှမထနိုင်ဘဲ ဖိနှိပ်ခံနေရသည်။ ထို့နောက် လူငယ်မှ သူ့ကိုယ်သူပြန်၍ထိမ်းချုပ်လိုက်ရာ မူလအတိုင်းပြန်ဖြစ်သွားသည် ။
ယခုအချိန်လူငယ်အားကြည့်လျှင် ရုပ်ရည်ချောမောသော သာမန်သိုင်းသမားလေးတစ်ယောက်ဟုသာထင်ရပေမည်။ စောစောကသူတို့ တွေ့မြင်လိုက်ရသည့် သွေးဆာရက်သည့်သည့်အငွေ့အသက်များနှင့် လွန်စွာကြောက်စရာကောင်းသည့်လူနှင့်လုံးဝမအပ်စပ်ပေ။
ကျားကြီးနှင့်ကျားလေးမှာ လူငယ်၏စကားဆုံးသည်နှင့်ပြိုက်တူဒူးထောက်လိုက်ကြသည်။
" ဆရာ့ကိုအရိုအသေပြုပါတယ် "
သူတို့မှသံပြိုင်ပြောလိုက်သည်။ သူတို့၏ခန္တာကိုယ်အတွင်းမှသွေးများပွတ်ပွတ်ဆူလာသလိုဖြစ်နေသည် ။ သာမန်အနင်းခံဘဝမှ အရှင်သခင်ဖြစ်လာခွင့် ဤသည်က သူတို့အား လွန်စွာစိတ်အားထက်သန်စေသည်။
အခြားလူများသာ ထိုစကားအားပြောသည်ဆိုလျှင် သူတို့အနေဖြင့်ယုံကြည်ချင်မှယုံကြည်မည်ဖြစ်ငော်လည်း ယခုသူတို့၏ရှေ့ရှိလူငယ်မှာမူ ပြောသည့်အတိုင်းဖြစ်အောင်လုပ်ပေးနိုင်မည်ဟု သူတို့၏စိတ်ထဲမှသိနေကြသည်။
လူငယ်လည်းဒူးထောက်နေကြသည့်ကောင်လေးနှစ်ယောက်အားသဘောကျစွာကြည့်ကာအနညးသို့တိုးကပ်သွားသည်။ ထို့နောက်သူတို့၏ဦးခေါင်းနှစ်ခုအား လက်ဝါးဖြင့်အုပ်လိုက်သည် ။
ကျားကြီးနှင့်ကျလေးမှာလည်း အောက်မှနေ၍ထိတ်လန့်သွားမိသည် ။ ယခုအချိန်တွင်သာလယငာ်မှသူတို့အာယသတ်ဖြတ်လိုပါက အတွင်ူအားအနည်းငယ်ထည့်လိုက်ရုံသာရှိသည် ။ သို့သော် လူငယ်အား ယုံကြည်သဖြင့် တွန့်ဆုတ်ခြင်းပင်မရှိဘဲ ဒူးထောက်လျက်ညိမ်သက်စွာနေကြသည်။
ကျားကြီးနှင့်ကျလေးတို့မှာ သူတို့၏ခန္တာကိုယ်အတွင်းသို့ ထွေးသည့်အတွင်းအားလှိုင်းလေးတစ်ခုဖြတ်ပြေးလာသည်ဟုခံစားလိုက်မိကြသည်။ ခန္တာကိုယ်တစ်ခုလုံးပူနွေး၍လွန်စွာဇိမ်ရှိလှသည်။ ထို့နောက်လူငယ်မှ သူ၏လက်အားဖယ်လိုက်သောအခါထိုခံစားမှုမှာပြန်၍ပျောက်ကွယ်သွားသည်။
လူငယ်မှအချိန်အနည်းငယ်စဉ်းစားနေသည် ။ ထို့နောက် ကျားကြီးနှင့်ကျားလေးတို့အားပြောလိုက်သည် ။
" မင်းတို့ကိုငါတပည့်အဖြစ်လက်ခံမယ် ငါနာမည်ကနှင်းငွေ့မိစ္ဆာ မင်းတို့ငါနဲ့လိုက်ခဲ့ကြ "
လူငယ်မှပြောလိုက်သည်။ ထို့နောက် ကျားကြီးနှင့်ကျားလေးတို့လည်း ဒူးထောက်နေရာမှထလိုက်ကြသည် ။
" မင်းတို့ရဲ့နာမည်ကဘယ်သူတွေလဲ ကျားကြီးကျားလေးဆိုတာနာမည်အရင်းမဟုတ်ဘူးမလား "
လူငယ်မှမေးလိုက်သည် ။ ကျားကြီးနှင့်ကျားလေးတို့၏မျက်နှာထက်တွင် ဝမ်းနည်းသည့်အငွေ့အသက်တစ်ခုဖြတ်ပြေးသွားသည် ။ ကျားလေးမှပြောလိုက်သည်။
" ကျွန်တော်တို့လူမှန်းသိတတ်စထဲက လမ်းပေါ်ရောက်နေခဲ့တာ ။ပြီးတော့ နာမည်အရင်းကဘာလဲဆိုတာမသိဘူး "
လူငယ်မှတိတ်ဆိတ်သွားသည် ။ ထို့နောက် ကျားကြီးနှင့်ကျားလေးအားကြည့်လိုက်သည်။
" မင်းရဲ့နာမည်က အခုချိန်ကနေစပြီးဝမ်းတုဖြစ်သွားပြီ မင်းကိုငါ မြူနှင်းငရဲဓားသိုင်းသင်ပေးမယ် "
ကျားကြီးအားလက်ညှိုးထိုးကာပြောလိုက်သည်။ ကျားကြီးလည်း လွန်စွာဝမ်းမြောက်သွားပြီးဒူးထောက်ချလိုက်သည် ။
" ဆရာ့ရဲ့ကျေးဇူးကို ဝမ်းတုအမြဲအမှတ်ကရနေပါ့မယ် ။ ဆရာ့အတွက်ဆိုရင် အရိုးကျေကျေအရေခမ်းခမ်းဆေင်ရွက်ပေးပါ့မယ် "
လူငယ်မှ မျှော်လင့်စောင့်စားနေသည့်အမူအယာနှင့်ကြည့်နေသည့်ကျားလေးဘက်သို့လှည့်လိုက်သည် ။
" မင်းရဲ့နာမည်ကဝမ်းတ ။ မင်းကိုမိစ္ဆာအမှောင်လက်ဝါးသိုင်းသင်ပေးမယ် "
လူငယ်၏စကားဆုံးသည်နှင့်ကျားလေးလည်း ဒူးထောက်ချကာ ကျေးဇူးတင်စကားပြောလိုက်သည် ။ သူတို့အနေဖြင့် သူတို့အားကောင်းကောင်းမွန်မွန်ဆက်ဆံကာ နာမည်အသစ်ပေးသည့်လူငယ်အား လွန်စွာလေးစားကာ လူငယ့်အတွက်ဆိုလျှင်အသက်ပင်ပေးရပါစေအဆင်သင့်ဖြစ်နေကြသည် ။
လူငယ်မှ သူ၏လက်အား လေထဲတွင်ကုတ်ဆွဲသည့်သဏ္ဌာန်လုပ်လိုက်သည် ။ ကျားကြီးတို့၏ရှေ့တွင်ကျနေသောသိုင်းကျမ်းမှာ အံ့ဩစရုကောင်းလောက်အောင်ပင် လူငယ်၏လက်ထဲသို့ရောက်လာသည်။ ကျားကြီးတို့မှာ လူငယ်အား တအံ့တဩကြည့်နေကြသည် ။
" ဒါက မိစ္ဆာအမှောင်လက်ဝါးသိုင်းထဲက အမှောင်ထုအားဆွဲယူခြင်းဆိုတဲ့သိုင်းကွက်ပဲ ။။မင်းသာအတွင်းအားလုံလောက်ရင် မင်းလိုချင်တဲ့အရာတွေကို အဝေးကနေယူနိုင်လိမ့်မယ်။ "
လူငယ်မှရှင်းပြရင်းရှေ့သို့လျှောက်သွားသည်။ ထို့နောက် ဘုံကျောင်းနံရံဘေးတွင်ရပ်လိုက်သည် ။ လူငယ်မှ ဘုံကျောင်း၏အုတ်နံရံသို့လက်ဝါးအားဖိလိုက်ရာ အုတ်များမှာအထဲသို့ကျွံကျသွားကာ အပေါက်တစ်ခုဖြစ်ပေါ်လာသည်။
အုတ်ခဲတစ်လုံးအားခွဲရန်မှာ အတွင်းအားအတော်အသင့်ကောင်းမွန်လျှင်ရသော်လည်းယခုကဲ့သို့ပြုလုပ်ရန်မှာမူ အတွင်းအားလွန်စွာကောင်းမွန်မှရပေမည် ။
" ဒီသိုင်းကျမ်းက မင်းတို့ကိုသင်ပေးမဲ့သိုင်းကျမ်းတွေနဲ့အဆင့်တူပဲ ။ နှမြောစရာကောင်းတာကဒါပေမယ့် မင်းတို့နဲ့မကိုက်ညီဘူး ။ ပျော်စရာလေးတွေလုပ်တာပေါ့ "
လူငယ်မှ ကျားကြီးတို့၏အံ့ဩတကြီးအကြည့်အောက်တွင် သွေးစွန်းဓားကွက်သိုင်းကျမ်းစာအုပ်အားအပေါက်ထဲသို့ထည့်လိုက်သည် ။ ထို့နောက် အုတ်ခဲတစ်လုံးယူကာ အပေါက်အားတင်းကြပ်စွာပိတ်ထားလိုက်သည်။
" ဆရာ ဘာလို့ဒီလိုလုပ်တာလဲ ဒါကြီးကသွေးစွန်းဓားသိုင်း "
ကျားလေးမှနားမလည်နိုင်စွာမေးလိုက်သည် ။သို့သော် သူ၏စကားမဆုံးမီမှာပင် လူငယ်မှဖြတ်ပြောလိုက်သည် ။
" ကိုယ်အသုံးမလိုမှတော့ ဖတ်တွယ်ထားစရာမလိုတော့ဘူးလေ ။ သူ့ဘာသာဘာသိုင်းကျမ်းကြီးပဲဖြစ်ဖြစ် မင်းတို့ကိုငါသင်ပေးမှာတွေက ဒီသိုင်းကျမ်းထဲကပညာတွေထက် လုံးဝမနိမ့်ကျဘူး ။ ထိုက်တဲ့သူရလိမ့်မယ်။ ငါထင်တယ် အဲဒီသိုင်းကျမ်းကိုရသွားတဲ့လူက သိုင်းလောကကိုဗြောင်းဆန်စေဦးမယ်ဆိုတာ ဟားးဟားး "
လူငယ်မှ ရယ်မောရင်းဘုံကျောင်းအပြင်သို့ထွက်သွားသည်။ ကျားကြီးနှင့်ကျားလေးမှ အနည်းငာ်ကြောင်နေမိသည်။ ထိုအခိုက်တွင် သူတို့၏ဆရာမှာထူးဆန်းသောစိတ်နေစိတ်ထားရှိကြောင်းကိုလည်း သတိပြုမိလိုက်သည်။ ထို့နောက် သူတို့လည်း လူငယ်၏နောက်သို့ ခပ်သုတ်သုတ် ပြေးလိုက်သွားကြသည်။
ဤသည်ကား သိုင်းလောကကြီးတစ်ခုလုံးအားတုန်လှုပ်စေမည့် ငရဲဓားနှင့်အမှောင်လက်ဝါးဟူသောသိုင်းသမားများဖြစ်လာမည့်ကောင်လေးနှစ်ယောက်နှင့် ထူးဆန်းသောလူငယ်တို့ စတင်တွေ့ဆုံခြင်းဖြစ်သည် ။
-----------------------------------------------