ရွှေလင်းယုန်နှင့်နဂါးစိမ်း
Vol. 1 Ch. 15
ငါးလပိုင်း ဆယ့်ငါးရက်နေ့
ကျန်းနန်မှလအားလုံး စိတ်အားတတ်ကြွနေသည်ဟုဆိုရမည်။ ယနေ့မှာ သာမန်နေ့တစ်နေ့မဟုတ်ဘဲထူးခြားနေသည်။
အကြောင်းမှာ ကျန်းနန်မှ နာမည်ကျော်သိုင်းသမားရွှေလင်းယုန်စုတိကို နဂါးစိမ်းဓားသမားဟုခေါ်သည့်လူငယ်တစ်ဦးမှစိန်ခေါ်ထားသောကြောင့်ဖြစ်သည်။
ရွှေလင်းယုန်စုတိမှာ အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်ကာ အဖြူရောင်သိုင်းလောက၏ထိပ်သီးတစ်ဦးဖြစ်သည်။ သူ၏နာမည်နှင့်လိုက်အောင် ကိုယ်ဖော့ပညာထူးချွန်ကာ လင်းယုန်လက်သည်းဆယ့်ရှစ်ကွက်ဖြင့်ကျော်ကြားသည်။
အခြားတစ်ဖက်တွင် သူ့အားစိန်ခေါ်သူမှာ အသက်နှစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။
ထိုလူငယ်မှာ သိုင်းလောကသို့ဝင်ရောက်လာသည်မှာ ငါးလခန့်သာရှိသေးသည်။ သို့သော် ထိုငါးလအတွင်း သိုင်းလောကတစ်ခုလုံးအာရုံစိုက်စေမည့်ကိစ္စရပ်များကိုပြုလုပ်ခဲ့သည်။
တစ်လပိုင်းဆယ့်ငါးရက်နေ့တွင် တစ်ကိုယ်တော်သိုင်းသမားချူစန်းကိုစိန်ခေါ်ကာအနိုင်ရခဲ့သည် ။တစ်ကိုယ်တော်သိုင်သမားချူစန်းမှာ သိုင်းလောကတွင် နှစ်ပေါင်းများစွာထင်ရှားလာသောအဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည်။
သို့သော် လူငယ်အားရှုံးနိမ့်ခဲ့သည်။ ထို့နောက် ချူစန်းသိုင်းလောကမှပျောက်ကွယ်သွားသည်။
နှစ်လပိုင်းဆယ့်ငါးရက်နေ့တွင် နဂါးစိမ်းဓားသမားမှာ အလယ်ပိုင်းသိုင်းလောကတွင်ထင်ရှားသည့်သိုင်းသမားတစ်ဦးဖြစ်သော တိမ်လွှာဓားယိတုယိကိုစိန်ခေါ်ခဲ့သည် ။
ထိုတိုက်ပွဲတွင်လည်း ယိတုယိရှုံးနိမ့်သွားကာ သိုင်းလောကမှပျောက်ကွယ်သွားပြန်သည်။ လူငယ်အားသိုင်းလောကသားများမှာ စတင်၍အာရုံစိုက်မိလာကြသည်။
ထို့နောက်တွင် လတိုင်း၏ဆယ့်ငါးရက်မြောက်နေ့တွင် နဂါးစိမ်းဓားသမားမှာ သိုင်းလောကမှထင်ရှားသည့် အဆင့်လွန်သိုင်းသမားများကိုစိန်ခေါ်ခဲ့သည် ။
တိုက်ပွဲတိုင်းတွင်လည်း ထိုလူငယ်အနိုင်ရခဲ့ကာကာ ရှုံးနိမ့်သွားသောသိုင်းသမားများမှာ သိုင်းလောကမှပျောက်ကွယ်သွားကြသည်။
တူညီသည့်အချက်မှာ လူငယ်သည် အဖြူရောင်သိုင်းလောကမှထိပ်သီးများကိုချည်းရွေးကာစိန်ခေါ်ခဲ့ခြင်းဖြစ်ကာ ထိုရှုံးနိမ့်သွားသောလူများမှာလည်း သိုင်းလောကမှပျောက်ကွယ်သွားတတ်ကြသည်။
ထို့ကြောင့်ပင် လူငယ်မှာ သိုင်းလောကမှထူးဆန်းသည့်ပုစ္ဆာတစ်ပုဒ်ဖြစ်လာကာ လူငယ်အား သိုင်းလောကသားများမှ စတင်စုံစမ်းလာကြသည်။
သို့သော် လူငယ်၏နောက်ကြောင်းအား တစ်ဦးတစ်ယောင်မှမသိပေ။ လူငယ်မှာ သိုင်းလောကအတွင်းသို့ ရုတ်ချည်းထွက်ပေါ်လာကာ နာမည်ကြီးလာခဲ့သည်။
လူငယ်အား သိုင်းလောကသားများမှ အမျိုးမျိုးခန့်မှန်းကြသည်။ အချို့မှလည်း လူငယ်မှာ သိုင်းလောကမှဇာတ်မြှုပ်သွားပြီဖြစ်သော သိုင်းဝိဇ္ဇာကြီးတစ်ဦး၏တပည့်ဖြစ်သည်ဟုဆိုကြသည်။
ထိုသို့မဟုတ်လျှင် အသက်နှစ်ဆယ်ကျော်အရွယ်ဖြင့်လူငယ်မှာ ကြောက်မတ်ဖွယ်ကောင်းသော အဆင့်လွန်သိုင်းသမားဖြစ်လာမည်မဟုတ်ဟုဆိုကြသည်။
အချို့လူများမှလည်း လူငယ်မှာ ဒဏ္ဍာရီထဲမှနေရာတစ်ခုဖြစ်သော ဓားစံအိမ်မှဖြစ်သည်ဟု ဆိုကြသည်။ သူတို့က လူငယ်သိုင်းထိပ်သီးများအား လိုက်လံစိန်ခေါ်နေခြင်းအားကြည့်ကာပြောကြခြင်းဖြစ်သည်။
သို့သော် ဤယူဆချက်အားကန့်ကွက်သူများရှိကြသည်။ မည်သည့်အတွက်ကြောင့်ဆိုသော် ဓားစံအိအိမ်မှလူများမှာ ဓားသမားများပင်ဖြစ်ကြကာ သူတို့စိန်ခေါ်သူများသည်လည်း ဓားများပင်ဖြစ်ကြသည်။
ထို့အပြင် ဓားစံအိမ်မှလူများမှာ အဖြူအနက်မရွေးဘဲ စိန်ခေါ်ကြသည် ။ ယခုနဂါးစိမ်းဓားသမားဆိုသောလူငယ်မှာမူ အဖြူရောင်သိုင်းသမားများကိုသာရွေး၍စိန်ခေါ်သည်။
အချို့လူများမှလည်း နဂါးစိမ်းဓားသမားမှာ သိုသ်းလောကကြီးအားတုန်လှုပ်စေကာ ယခုပျောက်ကွယ်သွားပြီဖြစ်သော မြစိမ်းရောင်ဓားသမား၏တပည့်ဟုဆိုကြသည်။ ဤယူဆချက်အားလည်း လူအတော်များများထောက်ခံကြသည်။
အကြောင်းမှာ မြစိမ်းရောင်ဓားသမားနှက့်လူငယ်တို့မှာ သိုင်းလောကထဲတွင် ရုတ်တရက်ပေါ်ထွက်လာသူများဖြစ်ကြကာ သူတို့၏နောက်ကြောင်းကို မည်သူမှမသိရှိကြပေ။
နောက်ဆုံးယူဆချက်မှာ လူငယ်မှာ လွန်စွာကြောက်မတ်ဖွယ်ကောင်းသော အနက်ရောင်သိုင်းဝိဇ္ဇာတစ်ဦး၏တပည့်ဖြစ်ကာ အဖြူရောင်သိုင်းလောကအား အင်အားချည့်နဲ့အောင်ပြုလုပ်နေသည်ဟုဆိုကြသည်။
သိုင်းလောကထဲတွင် လူငယ်၏အကြောင်းအား အမျိုးမျိုးပြောဆိုနေကြသော်လည်း လူငယ်မှာမူ လတိုင်းလတိုင်း၏ဆယ့်ငါးရက်နေ့တွင် အဖြူရောင်သိုင်းထိပ်သီးတစ်ဦးအား စိန်ခေါ်ခဲ့သည်။
တိုက်ပွဲတိုင်းတွင်လည်း သူအနိုင်ရကာ ရှုံးနိမ့်သွားသောသိုင်းသမားများမှာလည်း ပျောက်ကွယ်သွားကြသည်သာဖြစ်သည်။
ယနေ့တွင် ကျန်းနန်မြို့ပြင်၌ ရွှေလင်းယုန်စုတိအား နဂါးစိမ်းဓားသမားမှစိန်ခေါ်ထား၍ တိုက်ပွဲအားကြည့်ရှူရန်လူအများအပြားရောက်ရှိနေခြင်းဖြစ်သည်။
ကျန်းနန်မြို့၏အပြင်ဘက် သူရဲကောင်းကွင်းပြင်တွင်လူအများအပြားရောက်နေကြသည်။ သူရဲကောင်းကွင်းပြင်မှာ သိုင်းလောကသားများ စိန်ခေါ်ပွဲများအများဆုံးပြုလုပ်ကြသည့်နေရာလည်းဖြစ်သည်။
လွန်ခဲ့သည့်နှစ်များမှာစ၍ ယခုအထိ သူရဲကောင်းကွင်းပြင်သည် လူပေါင်းမြောက်များစွာ၏သွေးများ မြေခခဲ့ရသည်ဟု ပြောစမှတ်ပြုကြသည်။
ထို့ကြောင့် သူရဲကောင်းကွင်းပြင်သည် အလယ်ပိုင်းဒေသ၏နတ်ဘုံဖြစ်သောကျန်းနန်မြို့နှင့်အပြိုင် ကျော်ကြားသောနေရာဖြစိသည်။
ယခု သူရဲကောင်းကွင်းပြင်ထဲတွင် လူများရောက်ရှိနေကြသည်။ သို့သော် သူတို့မှ ကွင်းပြင်၏အစပ်နားတွင်သာရပ်တန့်နေကြသည်။ ထိုသူများကား တိုက်ပွဲကိုကြည့်ရှူရန်လာရောက်ကြသူများဖြစ်သည်။
ကွင်းပြင်အလယ်သို့ တိုက်ခိုက်ကြမည့်လူများသူဝင်ရသည်ဟူသော မည်သူမှပြောစရာမလိုသည့် စည်းမျဉ်းတစ်ခုရှိနေသည်။
ကွင်းပြင်အလယ်တွင် အစိမ်းရောင်ဝတ်စုံအားဝတ်ဆင်ထားကာ ဓားတစ်လက်ကိုပိုက်ထားသည့်လူငယ်တစ်ယောက်ရှိနေသည်။ ထိုလူငယ်မှာ စိန်ခေါ်သူဖြစ်သည့် ပဟေဠိဆန်သည့် နဂါးစိမ်းဓားသမားဖြစ်သည် ။
" ဟူးး လူဒီလောက်များလာမယ်လို့ထင်မထားဘူး "
လူငယ်မှတီးတိုးညည်းတွားလိုက်သည်။ သူ့အနေဖြင့် ယှဉ်ပြိုင်ပွဲအား တိတ်တဆိတ်ပြုလုပ်လိုသည်။
သို့သော် တစ်ဘက်သိုင်းသမားကြီးများမှာ ဂုဏ်သိက္ခာကြီးမားသူများဖြစ်သည့်အတွက် သူတို့မငြင်းဆန်နိုင်ရန် ယခုကဲ့သို့ လူသိရှင်ကြားစိန်ခေါ်ရခြင်းပင်ဖြစ်သည်။
အဝေးတစ်နေရာမှ လူရိပ်တစ်ရိပ်မှာ လျှင်မြန်စွာပြေးလာသည်။ ထိုလူ၏ကိုယ်ဖော့ပညာမှာ သိုင်းလောကတွင်ထိပ်တန်းဟု ဆို၍ရသည် ။
ထိုလူမှာ သူရဲကောင်းကွင်းပြင်သို့ရောက်သောအခါ ရပ်တန့်လိုက်သည်။ များပြားလှသောလူအုပ်ကြီးအားကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူဖြေးညင်းစွာလျှောက်သွားလိုက်သည် ။
သူ့အနေဖြင့် ထိုလူများအပေါ်မှခုန်ပျံကာသွားလျှင်ပို၍လျှင်မြန်သော်လည်း ထိုသိုင်းသမားများကို လေးစားသမှုရှိသည့်အနေဖြင့် လမ်းလျှောက်သွားလိုက်သည်။
" ရွှေလင်းယုန်စုတိရောက်လာပြီဟ "
" ဘယ်မှာလဲ ရွှေလင်းယုန်စုတိ "
လူအများအုတ်အုတ်ကျက်ကျက်ဖြစ်သွားကြသည် ။သူတို့မှ ရွှေလင်းယုန်စုတိ သွားလာနိုင်ရန် လမ်းဖွင့်ပေးလိုက်ကြသည်။ စုတိအား သတိရှိသူများမှလည်း နုတ်ဆက်နေကြသည်။
စုတိမှာ လူအုပ်အများကြားထဲမှထွက်ကာ လူငယ်၏ရှေ့သို့လျှောက်လာသည်။ ထို့နောက် သူ၏ရှေ့တွင်ဓားပိုက်ကာရပ်နေသောလူငယ်အားအကဲခပ်လိုက်သည်။
လူငယ်မှာ အသက်နှစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးပြီး ရုပ်ရည်ခန့်ညားချောမောသည် ။ ထို့အပြင် စုတိအားစိတ်ဝင်စားစေသည့်အရုမှာ လူငယ်၏လက်အတွင်းမှ အစိမ်းရောင်ဓားဖြစ်သည်။
ဓားအိမ်အား အစိမ်းရောင်ကျောက်ဖြင့်ပြုလုပ်ထားကာ ဓားအားဆွဲမထုတ်ရသေးသော်လည်း ဓားကောင်းတစ်လက်ဖြစ်မည်ဟု သိရှိရသည်။ ထိုဓားအားအစွဲပြု၍ပင် လူငယ်အား သိုင်းလောကသားများမှ နဂါးစိမ်းဓားသမားဟုခေါ်ဆိုခြင်းဖြစ်ရမည်။
" တိုက်ပွဲစကြတော့မလား "
စုတိမှ ခပ်ပြတ်ပြတ်ပြောလိုက်သည်။ သူ့အနေဖြင့် ဖြစ်န်ုပါက တိုက်ပွဲအား အချိန်ဆွဲမထားလိုပေ။
လူငယ်မှ ခေါင်းယမ်းလိုက်သည်။
" ခဏလောက်နေပါဦး လောင်းကြေးလေးပြောတာပေါ့ "
လူငယ်၏စကားကြောင့် စုတိမျက်မှောင်ကြုတ်သွားသည်။
" ကျုပ်စိတ်မဝင်စားဘူး "
စုတိမှပြတ်သားစွာပြောလိုက်သည်။ လူငယ်မှာ သိုင်းလောကထဲတွင် ပဟေဠိသဖွယ်ဖြစ်နေကာ သူ၏နောက်ကြောင်းအား မည်သူမှရေရေရာရာမသိပေ ။ ထို့ကြောင့် အပိုအလုပ်များကို သူ မပြုလုပ်လိုပေ ။
စုတိ၏စကားကြောင့် လူငယ်မှ ရယ်မောလိုက်သည်။ ထို့နောက် သူ၏လင်ထဲမှဓားအား ဆွဲထုတ်လိုက်သည်။
" ဒီဓားကို နဂါးကြေးခွံဓားလို့လဲခေါ်ကြတယ်။ အကောင်းဆုံးသံမဏိကိုတောင် ရွှံ့လိုပိုင်းဖြတ်နိုင်တဲ့ရတနာဓားတစ်ချောင်းပဲ ။ လောင်းကြေးကဒါဆိုရင်ကော "
လူငယ်မှ သူ့လက်ထဲမှဓားအားမြှောက်ကာပြောလိုက်သည်။
--------------------------------------------------------