ဦးလေးလင်းယုန်ကြီး
Vol. 1 Ch. 17
လျှင်မြန်လွန်းသည်။
ထိုဓားကွက်အားဖော်ပြရန်မှာ ဤစကားတစ်ခွန်းသည်ရှိသည်။ လူငယ်၏ဓားချက်မှာ စုတိ၏မျက်ဝန်းထောင့်မှရိပ်ခနဲမြင်လိုက်ရပြီးသည်နှင့် သူ၏လည်ပင်းပေါ်သို့ရောက်နှင့်ပြီးဖြစ်သည်။
ကြည့်ရှူနေကြသူများမှာ အံ့ဩဆွံ့အကုန်ကြသည် ။ ကြည့်ရှူနေကြသူများထဲတွင် သိုင်းပညာနကန်းတစ်လုံးမှ မသိသည့်လူမှအစ အဆင့်လွန်သိုင်းသမားမားအဆုံးပါဝင်ကြသည်။
သို့တိုင်အောင် သူတို့အားလုံး လူငယ်၏ဓားမှာ စုတိ၏လည်ပင်းပေါ်သို့မည်သို့ရောက်ရှိသွားသည်ကို တစ်ဦးမှမမြင်လိုက်ကြပေ။
စုတိကိုယ်တိုင်ပင် လူနှင့်အနီးကပ်ဆုံးတိုက်ခိုက်နေသူဖြစ်သောကြောင့်မြင်လိုက်ရခြင်းဖြစ်သည်။ သူ၏နဖူးတွင် ချွေးများသီးလာသည် ။
စုတိမှာ လူငယ်အား မယုံကြည်နိုင်သလိုကြည့်နေသည်။ သိုင်းလောကတွင်ဓားချက်မြန်သည့်သိုင်းသမားအများအပြားရှိသော်လည်း စုတိတွေ့ဖူးသမျှထဲတွင် ယခုဓားကွက်မှာ အမြန်ဆုံးဖြစ်သည်။
ယခုအချိန်တွင် လူငယ်သာသူ၏လက်အားအနည်းငယ်အားစိုက်လိုက်ပါက စုတိ၏လည်ပင်းမှာ သူ၏ခန္တာကိုယ်နှင့်ကင်းကွာသွားပေမည်။
ကြည့်ရှုနေကြသူများလည်း အသက်ပင်မရှူဝံ့ကြပေ။ လူငယ်မည်သို့ဆုံးဖြတ်မည်နည်း။ သူတို့ထဲမှလူအချို့ကတော့ လူငယ်မှ စုတိအားသတ်မည်ဟုမထင်ပေ။
အကြောင်းမှာ လူငယ်မှာ အဖြူရောင်သိုင်းထပ်သီးများကို စိန်ခေါ်တိုက်ခိုက်ခဲ့သော်လည်း သူ၏တိုက်ပွဲများအားလုံးတွင် လူတစ်ဦးတစ်ယောက်ကိုမှမသတ်ခဲ့ပေ။ ထို့ကြောင့် ယခုလည်း လူငယ်မှ စုတိအားသတ်ဖြတ်မည်မဟုတ်ဟု သူတို့တွေးနေကြသည်။
သူတို့၏ခန့်မှန်းချက်မှာ မှန်ကန်သည်။ လူငယ်မှ သူ၏ဓားအား ဖြေးညင်းစွာပြန်ချလိုက်သည်။ စုတိ၏လည်ပင်းတွင် သေးငယ်သောပျက်ရှရာတစ်ခုပေါ်နေပြီး သွေးအနည်းငယ်ထွက်နေသည်။
စုတိမှာ သူ၏လည်ပင်းအားပွတ်လိုက်သည်။ ထို့နောက် လူငယ်အားကြည့်လိုက်သည်။
" မင်းငါ့ဆီကဘာလိုချင်တာလဲ "
စုတိမှမေးလိုက်သည်။ တိုက်ပွဲတွင်သူရှုံးနိမ့်သွားပြီဖြစ်၍ သူ၏ကတိအတိုင်းလုပ်ဆောင်ရပေမည်။ ထို့ကြောင့် လူငယ်သူ့ဆီကမည်သည့်အရာအားတောင်းဆိုလိုသနည်းဟုမေးလိုက်သည်။
သူတို့၏တိုက်ပွဲအားကြည့်နေကြသူများမှာ ဆက်လက်စောင့်ကြည့်နေကြသေးသည်။ မည်သည့်အတွက် သူတို့နှစ်ဦးရပ်ကာတစ်စုံတစ်ခုပြောနေသည်ကို သူတို့သိလိုသည်။
သို့သော် သူတို့ရပ်နေသောကွင်းပြင်၏အစပ်မှာ စုတိနှင့်လူငယ်တို့၏နေရာနှင့်အနည်းငယ်ဝေးကွာသဖြင့် သူတို့၏စကားများကိုမကြားရပေ။
" ကျုပ်က ခင်ဗျားကို လိုချင်တာ "
လူငယ်မှ စုတိအားလက်ညိုးညွန်ပြကာပြောလိုက်သည်။ ထိုစကားကြောင့် စုတိ၏အမူအယာမှာမဲမှောင်လာသည်။
" ဟေ့ ဟေ့ ကျုပ်က ခင်ဗျားကျုပ်အတွက်အလုပ်လုပ်ပေးတာကိုလိုချင်တာ "
စုတိအမူအယာကိုမြင်ပြီးနောက် လူငယ်မှ ကမန်းကတန်းပြောလိုက်သည် ။ ' ထိုလူမည်သည့်အရာများတွေးနေသနည်း။ '
စုတိလည်းအနည်းငယ်ရှက်ရွံ့သွားသည်။ လူငယ်ပြောသောစကားအား သူတစ်မျိုးတစ်မည်ထင်မိသွားသောကြောင့်ဖြစ်သည်။ ထို့နောက် လူငယ်၏စကားအားစဉ်းစားကာ ပြန်မေးလိုက်သည်။
" ငါကမင်းအတွက် ဘာလုပ်ပေးရမှာလဲ "
စုတိ၏မေးခွန်းကြောင့် လူငယ်မှပြုံးလိုက်သည်။ ထို့နောက် စတင်ရှင်းပြလိုက်သည်။
" ကျုပ် ဂိုဏ်းတစ်ခုထောင်ချင်တယ် ။ သိုင်းလောကမှာ အင်အားအကြီးမားဆုံးဂိုဏ်းကြီးတစ်ခု။ ပြီးရင် သိုင်းလောကထဲက အမှိူက်သရိုက်တွေကိုဖယ်ရှားမယ် ။ ညီညွတ်ပြီးတရားမျှတတဲ့သိုင်းလောကကြီးဖြစ်အောင်ကျုပ်ဖန်တီးမယ်။ ခင်ဗျားကို ကျုပ်ရဲ့ဂိုဏ်းမှာ ဂိုဏ်းထိန်းအဖြစ် ဝင်စေချင်တယ် "
လူငယ်မှ သူ၏ရည်ရွယ်ချက်ကိုပြောပြလိုက်သည်။ ထိုအခါ စုတိမှသူ၏ဦးခေါင်းအား ခါယမ်းလိုက်သည်။
" မဖြစ်နိုင်ဘူး ။ ငါမလုပ်နိုင်ဘူး ။ မသ်းရဲ့ရှေ့မှာ ဒီလိုမျိုးရည်ရွယ်ချက်ရှိတဲ့လူတွေမရေမတွက်နိုင်အောင်ပေါ်ပေါက်ခဲ့ဘူးတယ်။ ဒါပေမယ့်အဆုံးတော့ သူတို့ဘာဖြစ်သွားခဲ့လဲ ။
ကြီးကျယ်ခမ်းနားတဲ့အာဏာကိုလက်ကိုင်ရပြီးတော့ သူတို့ရဲ့စိတ်တွေပြောင်းလဲကုန်ကြတယ်။ သိုင်းလောကကိုအုပ်ချုပ်ဖို့ကြိုးပမ်းလာကြတယ်။ နောက်ဆုံး သူတို့အားလုံးသိုင်းလောကသားတွေရဲ့စုပေါင်းတွန်းလှန်ခြင်းကိုခံရပြီးတော့ ရှုံးနိမ့်ကုန်ကြတယ်။
စိတ်မကောင်းပါဘူး ။ ငါမင်းရဲ့ဂိုဏ်းထဲကိုမဝင်နိုင်ဘူး ။ ငါ့ရဲ့ကတိကိုဖောက်ဖျက်တဲ့အတွက်မင်းငါ့ရဲ့အသက်ကိုလိုချင်ရင် ငါပေးမယ် "
စုတိမှ ပြတ်သားစွာပြောလိုက်သည်။ ထိုစကားအားကြားပြီးနောက် လူငယ်မှာ အနည်းငယ်အံ့အားသင့်သွားသည်။
" ဘာလဲ ခင်ဗျားက ကျုပ်ကို တခြားလူတွေနဲ့တူတယ်လို့ထင်လို့လား "
လူငယ်၏ လေသံမှာ အနည်းငယ်တင်းမာလာသည်။ စုတိမှ ပြန်မဖြေဘဲ ပါးစပ်ကိုတင်းတင်းစေ့ထားသည်။ ဤသည်အားကြည့်ကား လူငယ်မှ ဆက်ပြောလိုက်သည်။
" ဂိုဏ်းထောင်ပြီးရင်လဲ လုံးဝပြောင်းလဲမသွားဘူးလို့အာမခံပါတယ်။ ဒါတောင်မယုံသေးဘူးလား
ဦးလေးလင်းယုန်ကြီး "
လူငယ်မှ သူ၏စကားအားအဆုံးသတ်လိုက်သည်။ ထို့နောက် စုတိအား ပြုံးစေ့စေ့ဖြင့်ကြည့်လိုက်သည်။
စုတိမှာ မျက်နှာအနည်းငယ်တင်းမာနေသော်လည်း လူငယ်ထံမှ ဦးလေးလင်းယုန်ကြီးဆိုသောစကားအားကြားလိုက်ရပြီးနောက် သူ၏အမူအယာအကြီးအကျယ်ပျက်ယွင်းသွသည် ။
ထို့နောက် လူငယ်အား မယုံကြည်နိုင်သလိုကြည့်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလိုက်သည်။
" မင်းက မင်းက အစ်ကိုကြီးသွမ့်ရဲ့ "
သူ၏စကားမဆုံးမီလူငယ်မှလက်ကာပြလိုက်သည်။ ထို့နောက် ကွင်းပြင်အစပ်တွင်ရှိနေသေးသော လူများအားတစ်ချက်ဝေ့ကြည့်ကာ စုတိအားတီးတိုးပြောလိုက်သည် ။
" ကျွန်တော့်နောက်ကလိုက်ခဲ့ "
ထို့နောက် သူရဲကောင်းကွင်ပြင်အတွင်းမှ ထွက်ခွာ၍သွားသည်။ တခဏအတွင်းသူ၏ပုံရိပ်မှာအဝေးသို့ရောက်ရှိသွားသည်။
" ကောင်းလိုက်တဲ့ကိုယ်ဖော့ပညာ ဒါပေမယ့်ကိုယ်ဖော့ပညာချင်းယှဉ်ရင် ငါမင်းကိုရှုံးနိမ့်မယ်လို့မယုံဘူး "
စုတိလည်း တီးတိုးပြောကာကာ လူငယ်၏နောက်သို့ကိုယ်ဖော့ပညာသုံးကာပြေးလိုက်သွားသည်။
စုတိနှင့်လူငယ်တို့ကွင်းပြင်အတွင်းမှထွက်သွားပြီးနောက်တွင် သူတို့၏တိုက်ပွဲကိုကြည့်ရှုနေကြသူများလည်း ထွက်ခွာသွားကြသည်။
အမှန်မှာ တိုက်ပွဲပြီးစဉ်ထဲက လူအတော်များများထွက်သွားကြပြီဖြစ်သည် ။ သို့တိုင်အောင် လူအချို့မှာ စုတိတို့နှစ်ဦးအား စိတ်ဝင်စားမှုကြောင့် ကျန်နေခဲ့ကြသည် ။
ထိုသူများသည် စုတိနှင့်လူငယ်တို့ မည်သည့်အရာများဆက်ဖြစ်ကြမည်ကို သိရှိလိုသောကြောင့် စောင့်ကြည့်နေကြခြင်းဖြစ်သည်။ လူငယ်အားရှုံးနိမ့်သွားသူတိုင်း သိုင်းလောကမှပျောက်ကွယ်သွားတတ်ကြသည်မဟုတ်လား ။
သို့သော် ယခု နှစ်ဦးစလုံးထွက်သွားပြီဖြစ်သောကြောင့် သူတို့ဤနေရာတွင်ဆက်နေရန် အကြောင်းမရှိတော့ပေ။ ထို့ကြောင့် မကျေမနပ်ရေရွတ်ကာ ကျန်းနန်မြို့ထဲသို့ပြန်သွားကြတော့သည်။
------------------------------------------------------
ကျန်းနန်မြို့အပြင်ဘက်တောအုပ်ထဲတွင်
လူရိပ်တစ်ရိပ်မှာ လျှင်မြန်စွာပြေးလွှားနေသည် ။ သူ၏ဘေးတွင် ပုံရိပ်များ ရိပ်ခနဲ ရိပ်ခနဲကျန်ခဲ့သည် ။
ထို့နောက် ထိုလူရိပ်မှာ ရပ်တန့်လိုက်သည်။ ထိုလူရိပ်မှာ အသက်များစွာကြီးရင့်ခြင်းရမရှိသေးပေ ။ သို့သော် သူ၏ကိုယ်ဖော့ပညာမှာ အမှန်ပင်ကောင်းမွန်လှသည်။
ထိုလူမှာ အသက်နှစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးသောလူငယ်တစ်ယောက်ဖြစ်ကာ သူရဲကောင်းကွင်းပြင်တွင်တိုက်ခိုက်ခဲ့သော နဂါးစိမ်းဓားသမားဆိုသည့်လူငယ်ပင်ဖြစ်သည်။
လူငယ်မှာ ပတ်ဝန်းကျင်အခြေအနေအားအကဲခပ်လိုက်သည်။ သူ၏ဘေးသို့ နောက်ထပ်လူတစ်ရိပ်ရောက်လာသည်။ ထိုလူရိပ်ကား စုတိပင်ဖြစ်သည်။ စုတိမှာ လူငယ့်ထံမှသိလို့သည့်အကြောင်းအရာများရှိသောကြောင့် လူငယ်၏နောက်သို့လိုက်လာခဲ့ခြင်းဖြစ်သည်။
လူငယ်၏နောက်သို့လိုက်လာရင်း သူ၏စိတ်ထဲတွင်လည်း လွန်စွာအံ့အားသင့်နေမိသည်။ လူငယ်အားသူသိုင်းပညာတွင်အနိုင်မရသော်လည်း ကိုယ်ဖော့ပညာတွင်မူ သူကောင်းစွာအနိုင်ကမည်ဟုယုံကြည်ခဲ့သည် ။
သူ၏ဘွဲ့နာမည်က ရွှေလင်းယုန်ဖြစ်ကာ ကိုယ်ဖော့ပညာနှင့် လင်းယုန်လက်သည်းတိုက်ကွက်များကြောင့်ကျော်ကြားခဲ့ခြင်းဖြစ်သည်။
သို့သော် လူငယ်အားသူမီအောင်မလိုက်နိုင်ဘဲ လူငယ်၏နောက်ဝါးတစ်ရိုက်အကွာမှသာလိုက်လာနိုင်သည်။ သူအစွမ်းကုန်ထုတ်သုံးခြင်းဖြစ်သော်လည် လူငယ်၏ကိုယ်ဖော့ပညာက သူနှင့်အဆင့်တူလောက်ရှိနေသည် ။ ထို့ထက်ပင်ပိုနိုင်သေးသည်။
လူငယ်လည်း တူညီစွာပင် စုတိအားကြိတ်၍ချီးကျူးလိုက်မိသည်။ စုတိအား စမ်းသပ်လို၍သူ၏ကိုယ်ဖော့ပညာအစွမ်းကုန်အသုံးပြုခဲ့သော်လည်း ဝါးတစ်ရိုက်အကွာသာကွာဝေးခဲ့သည် ။
စုတိမှာ သိုင်းပညာတွင်သူ့ထက်အနည်းငယ်နိမ့်ကျသော်လည်း ကိုယ်ဖော့ပညာတွင်မူအဆင့်တူခန့်ရှိနေသည်။ ဤအဖြစ်က သူ့အားကျေနပ်သွားစေသည် ။
---------------------------------------------------------