တာ့လီမှသွမ့်မျိုးရိုး
Vol. 1 Ch. 18
" ကောင်လေး မင်းရဲ့ကိုယ်ဖော့ပညာက မဆိုးဘူးပဲ "
စုတိမှချီးကျူးလိုက်သည်။ လူငယ်၏ကိုယ်ဖော့ပညာမှာ သူ့အားအမှန်ပင်အံ့အားသင့်သွားစေသည်။
သို့သော် များစွာအံ့အားသင့်ခြင်းတော့မရှိပေ။ လူငယ်မှာ ထိုလူ၏မျိုးဆက်ဖြစ်ပါက အံ့အားသင့်ဖွယ်ကောင်းသည့် အရည်အချင်းရှိပေလိမ့်မည်။
" ဦးလေးရဲ့ကိုယ်ဖော့ပညာကိုတော့ မမှီသေးပါဘူး "
အမှန်က စုတိနှင့်လူငယ်တို့မှာ ကိုယ်ဖော့ပညာအဆင့်ချင်းတူညီသော်လည်း လူငယ်မှ သူ့ကိုယ်သူနှိမ့်ချကာပြောလိုက်သည်။
" ငါ့ကိုပြောဦး ဆရာကြီးသွမ်ကဘယ်မှာလဲ "
စုတိမှ အလောတကြီးမေးလိုက်သည်။ သူ၏မျက်လုံးများမှာ တလတ်ကလတ်တောက်ပနေကာ လူငယ်အား မျက်တောင်မခတ်တမ်းကြည့်နေသည်။
လူငယ်မှ စုတိ၏စိတ်အားထက်သန်နေသောအမူအယာကြောင့် အသာအယာပြုံးလိုက်မိသည်။
" ဖေဖေက ကျန်းကျန်းမာမာပဲရှိပါတယ်။ အခုသူက တာ့လီက ကောင်းကင်နဂါးဘုံကျောင်းမှာ "
လူငယ်၏စကားကြောင့် စုတိမှ ဝမ်းသာအားရပြုံးလိုက်သည်။
" ဟားး ဟားး ဆရာကြီးသွမ့်က သေဆုံးမှာမဟုတ်မှန်းငါသိတယ်ကွ ။ ဆရာကြီးသွမ့်ပျောက်ဆုံးသွားတုန်းက ငါခြောက်နှစ်လုံးလုံးလိုက်ရှာခဲ့သေးတယ် ။ ဒါပေမယ့်မတွေ့ခဲ့ဘူး ။ အခု ကောင်းကင်ကငါ့ရဲ့အလိုကိုဖြည့်ပေးတာပဲ "
ထို့နောက် သူ၏မျက်ဝန်းထဲမှ မျက်ရည်များကျလာကာ စတင်ငိုကြွေးလိုက်သည်။ ဝမ်းနည်းသောကြောင့်မဟုတ်ဘဲ ဝမ်းသာမျက်ရည်ကျခြင်းသာဖြစ်သည်။
စုတိ ငိုကြွေးနေသည်ကိုကြည့်ခြင်းအားဖြင့်ဆရာကြီးသွမ့်ဆိုသူနှင့် စုတိတို့မည်မျှ ခင်မင်ရင်းနှီးကြောင်းကိုသိနိုင်သည်။
လူငယ်လည်း ယောင်္ကျားရင့်မာကြီးဖြစ်သော်လည်း မျက်ရည်ကျနေသည့်စုတိအားကြည့်ကာ သူ၏စိတ်ထဲတွင် သွေးများဆူပွတ်လာသလိုခံသားလိုက်ရသည်။
စုတိမှာ အတန်ကြာပြီးနောက် ခေါင်းမော့လာကာလူငယ်အား ကြည့်လိုက်သည်။
" သခင်လေးလွန်ခဲ့တဲ့နှစ်တွေက ဆရာကြီးသွမ့်တို့ ဘာဖြစ်သွားတာလဲ "
လူငယ်အားမေးလိုက်သည်။ သူ၏မေးခွန်းကြောင့် လူငယ်မှာ သက်ပြင်းတစ်ချက်ချလိုက်သည်။
" ကျွန်တော့်ကို သွမ့်ကျန်းမင် လို့ပဲခေါ်ပါ "
လူငယ်မှ သူ၏နာမည်အား ပြောလိုက်သည်။ သခင်လေးဟူသော အခေါ်အဝေါ်က သူ့အတွက်နေသားကျဟန်မတူပေ ။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
" ကျွန်တော့်ရဲ့ဖေဖေ သိုင်းလောကက ပျောက်ဆုံးသွားတဲ့အကြောင်းက မေမေသေဆုံးသွားလို့ပဲ ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က တာ့လီနန်းတွင်းကရန်သူဟောင်းတွေက ကျွန်တော်တို့မိသားစုကို ခြုံခိုတိုက်ခိုက်ခဲ့ကြတယ်။
သူတို့က အဆင့်လွန်သိုင်းသမားအယောက်သုံးဆယ်နဲ့ သိုင်းဝိဇ္ဇာအဆင့်နှစ်ယောက်ပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က သိုင်းသမားတစ်ချို့ဝင်ကူညီခဲ့တယ် ။ ဒါကြောင့်လဲ တိုက်ပွဲမှာ အနိုင်ရခဲ့တာ။
တိုက်ပွဲဖြစ်တော့ ဖေဖေ့ကို ကူညီခဲ့ပေးကြတဲ့လူတွေထဲမှာ အဖြူရောင်သိုင်းလောကနဲ့ အနက်ရောင်သိုင်းလောကကလူတွေပါ ပါခဲ့တယ် ။
အပြင်ပန်းမှာ ဘယ်လောက်ပဲတိုက်လိုက်နေကြပါစေ သူတို့ကကျေးဇူးသိတတ်တဲ့လူတွေပဲ။ သူတို့ရဲ့ ပဍိပက္ခတွေကို ဘေးချိတ်ပြီးကျွန်တော်တို့ကိုကာကွယ်ခဲ့ကြတယ်။
အင်အားချင်းကွာခြားတာတောင်မှသူတို့နောက်မတွန့်ခဲ့ကြဘူး။ နောက်ဆုံးမှာတော့ သူတို့အားလုံး သူရဲကောင်းဆန်ဆန် အသက်ပေးသွားကြတယ်။
အဲဒီတိုက်ပွဲမှာ ကျွန်တော့်မေမေနဲ့ ကျွန်တော့်အမွှာအစ်ကိုကြီးတို့လည်း ချောက်နက်ထဲပြုတ်ကျပြီးပျောက်ဆုံးသွားခဲ့တယ် ။ တိုက်ပွဲပြီးတဲ့နောက်မှာ ဖေဖေက သိုင်းလောကကြီးကို စိတ်ကုန်ခဲ့သွားခဲ့ပြီ ။
ဒါကြောင့် သူက သိုင်းလောကထဲကိုပြန်မဝင်တော့ဘဲနဲ့ တာ့လီက ကောင်းကင်နဂါးကျောင်းမှာ ဘုန်းကြီးဝတ်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ကို သူ့ရဲ့မပြီးပြတ်လိုက်တဲ့ဆန္ဒတစ်ခုကို ပြောပြခဲ့တယ် ။
ကျွန်တော်က ငယ်ငယ်လေးထဲက ကောင်းကင်နဂါးကျောင်းမှာ ကြီးပြင်းလာရတာ ။ အခုအရွယ်ရောက်တော့ ဖေဖေ့ဆီက အကြောင်းစုံသိရတော့ သိုင်းလောကကိုဝင်လာခဲ့တယ်။
ကျွန်တော့်ရဲ့အိပ်မတ်က အဖြူအနက်အတူယှဥ်တွဲပြီး ငြိမ်းချမ်းနေဖို့ပဲ ။ အဲလိုနေရဖို့လည်း သူတို့အားလုံးထက်သာတဲ့အင်အားရှိမှရမယ် "
လူငယ်မှ ရှည်လျားစွာပြောလိုက်သည်။ သူ၏စကားကြောင့် စုတိလည်း အနည်းငယ်ငေးငိုင်သွားသည်။ ထို့နောက် သူကဖြေးညင်းစွာပြောလိုက်သည်။
" လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်တုန်းက ငါ့ကသိုင်းသမားပေါက်စလေးပဲရှိသေးတာ။ တစ်နေ့မှာ တိုက်ပွဲတစ်ခုဖြစ်ပြီးတော့ ငါ့ရဲ့ရန်သူတွေက ယုတ်မာပြီး ဝိုင်းဝန်းတိုက်ခိုက်တဲ့အတွက် ငါသေလုဆဲဆဲဖြစ်ခဲ့ရတယ်။
အဲဒီအချိန်မှာ မင်းရဲ့အဖေ သမာဓိသိုင်းသမားလို့လူသိများတဲ့ ဆရာကြီးသွမ့်ဟူ ရောက်လာပြီး ငါ့ကိုကူညီတဲ့အတွက် ငါအသက်ရှင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့အိမ်ကိုခေါ်သွားပြီး ဆေးကုပေးခဲ့သေးတယ်။ အဲဒီအချိန်မှာ မင်းတို့ညီအစ်ကိုနှစ်ယောက်ရယ် ဆရာကြီးရဲ့ဇနီးရယ်ကို စပြီးသိတာပဲ "
စုတိမှ ရီဝေစွာပြောလိုက်သည်။ လူငယ်လည်း ခေါင်းညိမ့်ပြလိုက်သည်။ စုတိသူတို့အိမ်သို့လိုကိပါလာခြင်းအား သူကောင်းစွာမှတ်မိပေသည်။
စုတိမှာ သူတို့အိမ်တွင် ဒဏ်ရာများအား ကုသရင်းတစ်လကြာနေခဲ့သည်။ သူ၏ဖခင်မှလည်း စုတိအား သိုင်းပညာအချို့လမ်းညွန်ပေးခဲ့သေးသည်။
ထိုစဥ်က စုတိမှာ လင်းယုန်လက်သည်းသိုင်းတတ်သည်ဟုဆိုသဖြင့် သူပင် ဦးလေးလင်းယုန်ကြီးဟု နောက်ပြောင်းခဲ့သေးသည်။ စုတိမှဆက်ပြောလိုက်သည်။
" ငါအဲဒီအချိန်ထဲက စိတ်ကကကြိတ်ပြီး ကျိန်ဆိုခဲ့တယ်။ ဆရာကြီးသွမ့်အတွက်ဆိုရင် အသက်ပေးပြီးကူညီမယ်လို့ ။ ဒါပေမယ့် အဲဒီအချိန်ကငါသိပ်တော့မထင်ခဲ့ဘူး ။ ဆရာကြီးသွမ်က သိုင်းလောကတစ်ခုလုံးကျော်ကြားတဲ့သမာဓိသိုင်းသမား။ ငါက သိုင်းသမားလူသစ်လေး ။
ငါသိုင်းလောကထဲမှာ ဆက်ပြီးတော့ကျင်လည်ခဲ့တယ်။ မကြာဘူး မင်းတို့မိသားစုလုပ်ကြံခံခဲ့ရပြီးတစ်မိသားစုလုံးသေဆုံးသွားတဲ့သတင်းကိုငါကြားခဲ့ရတယ်။ ကြားကြားချင်းမှာ သိုင်းလောကတစ်ခုလုံးကမယုံကြည်ခဲ့ကြဘူး ။
ငါကိုယ်တိုင်လဲမယုံမကြည်နိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ မင်းတို့သေဆုံးသွားပြီဆိုတာကို လက်ခံလိုက်တယ်။
မထင်မှတ်ခဲ့ဘူး ငါဆရာကြီးသွမ့်ရဲ့မျိုးဆက်ကို ပြန်ပြီးကူညီနိုင်မယ်လို့ ကောင်းကင်က ငါ့ကိုမျက်နှာသာပေးတာပဲ"
စုတိမှသူ၏စကားအားရပ်နားလိုက်သည်။ ထို့နောက် သွမ့်ကျန်းမင်အားကြည့်လိုက်သည်။
" ငါမင်းနောက်ကိုလိုက်မယ် ။ မင်းကငရဲကိုခုန်ဆင်းခိုင်းရင်တောင်မှ တစ်ချက်နောက်မတွန့်ပဲခုန်ဆင်းမယ်။ ဒါက ဆရာကြီးသွမ့်ကိုငါကူညီပေးနိုင်တာပဲ။ "
စုတိမှ တည်ကြည်စွာပြောလိုက်သည်။ သူ၏ ခိုင်မာသည့်လေသံအတွင်းမှ မယိုင်မလဲသောစိတ်ဓာတ်အား သိရှိနိုင်သည်။
သွမ့်ကျန်းမင်သည်လည်း စုတိ၏စကားကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ ထို့နောက် စုတိအားပြောလိုက်သည်။
" ဦးလေးရဲ့ကူညီမှုနဲ့ဆိုရင် ကျွန်တော့်ရဲ့နဂါးစိမ်းဂိုဏ်းက ပိုပြီး အင်အားတောင့်တင်းလာမှာပဲ ။ "
လူငယ်မှ ဝမ်းသာအားရပြောလိုက်သည်။ ထိုအခါ စုတိ၏မျက်နှာမှာ အနည်းငယ်လေးနက်သွားသည်။
" ကောင်လေးသွမ့် ဂိုဏ်းတည်ထောင်တာကတော့ လွယ်လွယ်နဲ့မရဘူးနော် ။ ဂိုဏ်းရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ သိုင်းပညာရပ်တွေလိုသေးတယ် ။ ပြီးတော့ ဂိုဏ်းအကြီးအကဲတွေအဖြစ်က ယုံကြည်ရပြီး သိုင်းပညာအစွမ်းထက်တဲ့ထိပ်သီးသိုင်းသမားတွေ လိုသေးတယ် ။
ချမ်းသာကြွယ်ဝမှုကလည်း အရေးကြီးတဲ့တစ်ထောင့်တစ်နေရာက ပါဝင်သေးတာပဲ။ နောက်ဆုံးအဆင့်က ဂိုဏ်းသားတွေစုဆောင်းရမှာပဲ။ "
စုတိမှ သူသိထားသောအချက်အလက်များအားပြောလိုက်သည်။ သူသိရှိထားသည်များမှာလည်း အမှန်ပင်ဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်မှာ အနည်းဆုံးတော့ ဂိုဏ်းသားများထက် သိုင်းပညာသာလွန်နေမှဖြစ်ပေမည်။ ထိုအချက်ကိုတော့ စုတိမှာ စိုးရိမ်ခြင်းမရှိပေ။
သွမ့်ကျန်းမင်၏သိုင်းပညာမှာ ယခုအသက်အရွယ်နှင့်ပင် ကြောက်ခမန်းလိလိဖြစ်နေကာ သူ့အား အချိန်တစ်ခုသာပေးလိုက်ပါက သိုင်းဝိဇ္ဇာအဆင့်သို့ဝင်ရောက်နိုင်ပြီး သိုင်းလောက၏လက်တစ်ဆုပ်သာသော ထိပ်ဆုံးလူများထဲတွင်ပါဝင်သွားပေမည်။
" စိတ်မပူပါနဲ လေးလိုပဲယုံကြည်စိတ်ချရတဲ့အကြီးအကဲလေးယောက်ကို ကျွန်တော်ရထားပြီးပြီ။ အခုသူတို့က ဂိုဏ်းသားတွေစုဆောင်းနေကြပြီ ချမ်းသာကြွယ်ဝမှုကတော့ အဟင်း တာ့လီရဲ့တော်ဝင်မျိုးနွယ်ထဲတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က လူအများစုထက်တော့ ချမ်းသာတယ်လို့ပေုာလို့ရပါသေးတယ် "
သွမ့်ကျန်းမင်မှ ပြုံးကာပြောလိုက်သည်။ သူ၏ယုံကြည်မှုများပြည်လျှ့နေသည့်အမူအယာကြောင့် စုတိမှာ အနည်းငယ်အံ့အားသင့်သွားသည်။
ထို့နောက် သူတစ်စုံတစ်ရာအား ဆက်စပ်မိသွားသည်။
" တာ့လီ သွမ့်မျိုးရိုး
ဆရာကြီးသွမ့်ရဲ့သိုင်းပညာက ပဟေဠိဖြစ်စရာမရှိတော့ပါဘူး "
စုတိမှရေရွတ်လိုက်သည် ။
---------------------------------------------------------