သူတော်ကောင်း ငါးဖော် ၊ သံမဏိလိပ်ပြာ
Vol. 1 Ch. 21
" ရှင့်ကိုရှင်ဘာထင်နေလဲ ။ သူတို့ငါးယောက်က သူတော်ကောင်းငါးဖော်လို့ခေါ်တယ် ။ သူတို့နာမည်ကိုရှင်မကြားဖူးဘူးလား "
မိန်းကလေးမှ ဒေါသထွက်နေသည့်အသံဖြင့်မေးလိုက်သည်။ သွမ့်ကျန်းမင်မှာ ထိုနာမည်အား မကြားဖူးပေ။
သို့သော် သူအနည်းငယ်ရယ်ချင်သွားသည်။
သူတော်ကောင်းငါးဖော်ဆိုသောသိုင်းသမားငါးယောက်မှာ သူ၏နဂါးကြေးခွံဓားအား ပစ်မှတ်ထားနေကြသည်။ သူတို့၏နာမည်ကိုပင် အားနာဟန်မတူပေ။
မိန်းကလေးလည်း သွမ့်ကျန်းမင်၏ ပြုံးစိစိအမူအယာအားရိပ်မိပုံရသည် ။ ထို့ကြောင့် သူမဆက်ရှင်းပြလိုက်သည်။
" သူတော်ကောင်းငါးဖော်ဆိုတာ သူတို့ကိုယ်သူတို့ခေါ်ကြတဲ့နာမည်ပဲ။ သူတို့ကိုသိုင်းလောကသားတွေက တဇွတ်ထိုးငါးဖော်လို့ခေါ်ကြတယ်။
သူတို့ကစိတ်နေစိတ်ထား ထူးဆန်းပြီးတော့သူတို့မှန်တယ်ထင်ရင် မကောင်းတာလဲလုပ်ကြတာပဲ။ ဒါကြောင့် သူတို့နဲ့ဝေးဝေးနေတာအကောင်းဆုံးပဲ။
သူတို့နဲ့ပြဿနာတတ်ရင် အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်နေရင်တောင် ဇာတ်သိမ်းမကောင်းဘူး။ သူတို့က အဆင့်လွန်သိုင်းသမားတွေကြီးပဲ။
ပြီးတော့ သူတို့ဆီမှာ သိုင်းဝိဇ္ဇာတွေကိုတောင် ခုခံနိုင်တဲ့ စုပေါင်းတိုက်ကွက်ရှိတယ်လို့လဲကြွေးကြော်ထားကြသေးတယ် ။ အဲဒါမှန်မမှန်ကိုတော့ ဘယ်သူမှမသိကြဘူး။
ဘာပဲဖြစ်ဖြစ် ရှင်သူတို့နဲ့ပြဿနာမတတ်တာအကောင်းဆုံးဘဲ။ ဒီမြို့မှာ ရက်နည်းနည်းလောက်နေလိုက်ရင် သူတို့ရဲ့အာရုံက ရှင့်အပေါ်ကနေပြောင်းသွားနိုင်တယ် "
မိန်းကလေးမှအကြံပေးလိုက်သည်။ သူမ၏စကားကြောင့် သွမ့်ကျန်းမင်မှာပြုံးလိုက်ပြန်သည်။
ထို့နောက် ဆိုင်လုလင်အားခေါ်ကာ စားသောက်ထာားသမျှကို ငွေရှင်းပေးလိုက်သည် ။
" မိန်းကလေးရဲ့စေတနာကို ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမယ့် "
ထိုသို့ပြောပြီးသည်နှင့် သူထိုင်နေရာမှထရပ်လိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
" ကျုပ်ကိုပစ်မှတ်ထားချင်ထာလား ။ ဒီလောက်မလွယ်ဘူး ။ သတ္တိရှိတဲ့လူ ကျုပ်နောက်ကိုလိုက်ခဲ့လို့ရတယ်။ "
ထို့သို့ပြောကာ ဆိုင်အပြင်သို့ထွက်သွားလိုက်သည်။
" ရှင် ... ရှင် "
မိန်းကလေးမှ ထိုင်နေရာမှ အံ့ဩဒေါသထွက်နေသည်။ သူမ၏အကြံပြုချက်အားလျစ်လျုရှုကာ ဤသို့လုပ်မည်ဟု သူမမထင်ခဲ့မိပေ။
ဆိုင်ထဲမှသိုင်းသမားများမှာ သူပြောသွားသည့်းကားအဓိပ္ပာယ်ကိုနားမလည်ကြပေ။ သို့သော် သူ၏စကားကြောင့် တစ်စုံတစ်ခုဖြစ်နေမှန်းရိပ်စားမိလိုက်ကြသည်။
သို့သော် သူ၏နောက်သို့လိုက်သွားကြရန် မဝံ့ရဲကြပေ။ သိုင်းလောကတွင်ကျော်ကြားသောသိုင်းသမားမှာ တစ်ယောက်မှ မခေကြပေ။ သူတို့နှင့်မဆိုင်သောကိစ္စဖြစ်သဖြင့် တီးတိုးပြောဆိုကာကျန်ခဲ့ကြသည်။
မိန်းကလေးထိုင်နေသောစားပွဲမှ နှစ်ဝိုင်းအကျော်တွင်ရှိသောလူငါးယောက်မှာ လျှင်မြန်စွာ ငွေရှင်း၍ ထရပ်လိုက်ကြသည်။
သူတို့ထဲမှအချို့မှာ မိန်းမပျိုအား စူးရှသောမျက်လုံးများနှင့် ရက်စက်တော့မည်ကဲ့သို့ စူးစိုက်ကြည့်နေသည်။ သွမ့်ကျန်းမင်အား သူမသတိပေးလိုက်မှန်း သူတို့ရိပ်စားမိသည်။
မိန်းမပျိုမှလည်း သူတို့အား အကျောမခံဘဲ စူးစူးရဲရဲ ပြန်လှန်၍ကြည့်နေသည် ။ သူတို့ထဲမှတစ်ယောက်မှာ တီးတိုးပြောဆို၍ ကျန်လူများအားခေါ်ကာ သွမ့်ကျန်းမင်၏နောက်သို့လိုက်သွားကြသည်။
သူတို့ထွက်မသွားမီ မိန်းကလေးအား သတိပေးသလိုကြည့်ခဲ့သေးသည်။ မိန်းကလေးလည်း သူတို့၏အမူအယာများကြောင့် နှာခေါင်းရှုံ့လိုက်သည်။
ထိုနောက် သူမလည်း တခဏစဉ်းစားကာ သက်ပြင်းချလိုက်သည် ။ ထို့နောက် အံကိုတင်းတင်းကြိတ်ကာ ထိုလူများ၏နောက်သို့ လိုက်သွားတော့သည်။
-------------------------------------------------
သွမ့်ကျန်းမင်မှာ မြို့နှင့်အတော်ကွာဝေးသောနေရာအထိ ကိုယ်ဖော့ပညာသုံးကာပြေးလာခဲ့သည်။ ထို့နောက် တောအုပ်တစ်ခုအားတွေ့လိုက်ရာ ထိုတောအုပ်အတွင်းသို့ပြေးဝင်သွားသည်။
အတန်ကြာသွားပြီးနောက် သူရပ်တန့်လိုက်သည် ။ ထို့နောက် နောက်လှည့်ကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။
" ခင်ဗျားတို့လိုက်လာတာကို ဘာဖြစ်လို့ထွက်မလာသေးတာလဲ "
သူ၏စကားဆုံးသည်နှင့် သစ်ပင်များနောက်မှာ လူငါးယောက်ပေါ်လာသည်။ ထိုလူများကား စားသောက်ဆိုင်တွင်တွေ့ခဲ့သောလူများပင်ဖြစ်သည်။
" မင်းရဲ့ကိုယ်ဖော့ပညာက ချီးကျူးစရာပဲ "
ထိုလူများထမှတစ်ယောက်မှာ ချီးကျူးလိုက်သည်။ သူတို့အနေဖြင့် လူငယ်၏သိုင်းပညာမှာ သူတို့ထက်သာလွန်မည်ဟု ထင်မှတ်မိသော်လည်း ယခုပုံစံအရ ထိုသို့ဖြစ်ပုံမရပေ။
ထိုလူများမှာ စုတိနှင့်လူငယ်တို့၏တိုက်ပွဒအားငြည့်ရှုခဲ့ကြသည်။ ထို့နောက်တွင် လူငယ်၏ဓားအားမျက်စေ့ကျကာ လုယူရန်တိုင်ပင်ခဲ့ကြခြင်းဖြစ်သည် ။
သူတို့အနေဖြင့် လူငယ်၏သိုင်းပညာကို တစ်ဦးချင်းတိုက်လျှင် မယှဉ်နိုင်မည်ကိုသိထားသည်။ သူတို့၏တစ်ဦးချင်းသိုင်းပညာမှာ စုတိထက်ပင်နိမ့်သေးသည်။
သို့သော် သူတို့၏စုပေါင်းသိုင်းကွက်ကိုကား လွန်လွန်ကျူးကျူးယုံကြည်စိတ်ချသည်။ ထိုသိုင်းကွက်နှင့်ဆိုပါက သိုင်းဝိဇ္ဇာအဆင့်အောက်တွင် သူတို့ကြောက်ရမည့်လူမရှိပေ။
သူတို့အနေဖြင့် လူငယ်နှင့်တိုက်ခိုက်ရာတွင် သူတို့၏အစွမ်းအထက်ဆုံးစုပေါင်းသိုင်းကွက်အားထုတ်ရမည်ဟုထင်မှတ်ထားခဲ့သည်။
သို့သော် လူငယ်၏သိုင်းပညာမှာ ထင်သလောက်ကောင်းပုံမရပေ။ ကိုယ်ဖော့ပညာသည်ပင် သူတို့ငါးယောက်နှင့်မတိမ်းမယိမ်းသာရှိသည်မဟုတ်လား။
အကယ်၍ လူငယ်မှသူတို့လိုက်မီစေရန်ကိုယ်ဖော့ပညာအား ခုနစ်ဆယ်ရာခိုင်နှုန်းသာအသုံးပြုထားသည်ဟုသိပါက သူတို့ယခုလို အထင်သေးမိကြမည်မဟုတ်ပေ။
လူငယ်မှ စကားပြန်မပြောဘဲပြုံးလိုက်သည်။ သူ့အနေဖြင့် ဤလူများအားပြန်ပြောစရာစကားမရှိပေ ။
" မင်းရဲ့သိုင်းပညာက လူငယ်မျိုးဆက်ထဲမှာထိတ်တန်းလို့ပြောလို့ရတယ် ။ ပြီးတော့ မင်းဘယရည်ရွယ်ချက်နဲ့ ထိပ်သီးသိုင်းသမားတွေကို လိုက်ပြီးစိန်ခေါ်နေတာလဲမသိဘူး ။ မင်းရဲ့သိုင်းပညာက ငါတို့လိုဝါရင့်သိုင်းသမားတွေထက်တောင်သာလိမ့်မယ် "
သူတို့အုပ်စုထဲမှလူတစ်ယောက်မှာ သွမ့်ကျန်းမင်အားချီးကျူးလိုက်သည်။
" ကျေးဇူးပါ "
သွမ့်ကျန်းမင်လည်း ဦးညွှတ်ကာ မသိသလိုပြောလိုက်သည်။ သူ၏စိတ်ထဲတွင်တော့ လွန်စွာရယ်မောချင်နေသည်။
ထိုလူများမှာ သူ၏ပစ္စည်းကိုလည်း လိုချင်သေးသည်။ သူ့အား စကားရှည်ရှည်ဝေးဝေးများပြောနေကြသေးသည်။
" ဘာပဲဖြစ်ဖြစ် မင်းကတော်တယ်ဆိုပေမယ့် မင်းရဲ့လက်ထဲကဓားကိုထိမ်းသိမ်းနိုင်မယ်မထင်ဘူး။ မင်းအစား ငါတို့ငါးယောက်ထိမ်းသိမ်းထားပေးမယ်လေ မင်းနောက်လိုချင်ကာမှပြန်ယူ "
တစ်ယောက်မှ ရယ်မောကာပြောလိုက်သည်။ သူတို့ဆောင်းထားသောမင်းသားခေါင်းမှာ ပြုတ်ကျသွားပြီဖြစ်သည်။
သွမ့်ကျန်းမင်ဆီမှဓားအား ရယ်စရာကောင်းသောအကြောင်းပြချက်ဖြင့်တောင်းယူနေသည်။ ထိုအကြောငမးပြချက်ဖြင့် မိမိ၏ဓားအားတောင်းယူပါက ရူးသွပ်နေသူမှာသာ ပေးလိမ့်မည်။
သွမ့်ကျန်းမင်လည်း သူတို့၏ပြပွဲအား ကြည့်ကောင်းကောင်းဖြင့်ကြည့်နေလိုက်သည်။ သူတို့၏ရည်ရွယ်ချက်အစစ်အမှန်ပေါ်လာသည်နှင့် သူတို့အားယဉ်ကျေးမနေတော့ပေ။
" ခင်ဗျားတို့က ကျုပ်ရဲ့ဓားက်ိုလိုချင်တယ်ဆိုမှတော့ ဘာလို့ကိုယ်တိုင်လာမယူကြတာလဲ "
လူငယ်မှ သူ၏ဓားအားမြှောက်ကာပြောလိုက်သည်။ သူတော်ကောင်းငါးဖော်လည်း သွမ့်ကျန်းမင်အား စိုက်ကြည့်နေကြသည်။ သူတို့မှာ သွမ့်ကျန်းမင်အား စတင်မတိုက်ကြသေးပေ။
" ဘယ်သူလည်း ထွက်လာခဲ့ "
တစ်ယောက်မှအော်ဟစ်လိုက်သည်။ ထိုအခါ သစ်ပင်ပေါ်မှ လူရိပ်တစ်ရိပ်မှာ လူငယ်၏ဘေးသို့ကျလာသည်။
" သံမဏိလိပ်ပြာ မင်းဝေးဝေးနေစမ်း။ မင်းကခေသူမဟုတ်ပေမယ့် ငါတို့သတင်းကိုမင်းကြားဖူးမှာပေါ့ ။ ဒါမှမဟုတ်ရင် ငါတို့ကို ရက်စက်တယ်လို့အပြစ်မတင်နဲ့ "
ထိုလူမှကျိန်းမောင်းလိုက်သည်။ သို့သော် နောက်ထပ်ရောက်လာသောလူရိပ်မှာ တုတ်တုတ်မှမလှုပ်ပေ။
သွမ့်ကျန်းမင်လည်း သူ၏ဘေးမှမိန်းကလေးအားစောင်းကြည့်ကာ ဦးခေါင်းကိုခါယမ်းလိုက်မိသည်။ ထိုမိန်းကလေးမှာ စားသောက်ဆိုင်မှယခုအချိန်အထိ လိုက်လာသေးသည်။ သူမတွင်လည်းမည်သည့်ရည်ရွယ်ချက်ရှိနေသနည်း ။
" မင်းဝင်မပါနဲ့ "
သူမအားပြောလိုက်သည် ထို့နောက် သူဆက်၍မတွေးတော့ပေ။ သူတော်ကောင်းငါးဖော်ကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
" တဇွတ်ထိုးငါးဖော် ခင်ဗျားတို့မှာ အစွမ်းအစရှိတယ်ဆိုရင် လာယူလေ "
-----------------------------------------------------