ဓားသိုင်းများရွေးချယ်ခြင်း
Vol. 1 Ch. 25
ကလေးငယ်သုံးယောက်မှာ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီး၏နောက်မှ လိုက်ပါသွားကြသည်။ သူတို့သုံးဦးမှာ ရိုကျိုးသည့်အမူအယာဖြင့်ရှိနေကြသည်။
တူညီသည့်အချက်ကား သူတို့သုံးဦးလုံး စိတ်လှုပ်ရှားနေကြခြင်းပင်ဖြစ်သည်။
ရှေ့မှဦးဆောင်သွားနေသော ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ အခန်းငယ်တစ်ခုရှေ့တွင်ရပ်လိုက်သည်။
ထိုအခန်းမှာ ပုံမှန်အခန်းများထက်သေးငယ်ကာ ရိုးရှင်းသည့်အခန်းတစ်ခုဖြစ်သည်။ သို့သော် ထိုအခန်းထဲမှ ထူးခြားသည့်ခံစားချက်တစ်မျိုးကို ခံစားမိနေကြသည်။
ဓားစံအိမ်မှ လူများမှာ ထိုအခန်းအား အမွေအနှစ်ခန်းမဟုခေါ်ဝေါ်ကြသည်။
စံအိမ်သခင်နှင့် အမွေဆက်ခံသူများမှလွဲ၍မည်သူမှ ထိုအခန်းအတွင်းသို့ ခြေတစ်လှမ်းပင်ဝင်ရောက်ခွင့်မပြုပေ။ ဓားစံအိမ်တွင် စံအိမ်သခင်ပြီးလျှင် အကြီးဆုံးဖြစ်သော ကာကွယ်သူဆယ့်နှစ်ယောက်သည်လည်း ချွင်းချက်မဟုတ်ပေ။
ဤစည်းကမ်းကား ဓားစံအိမ်၏နည်းပါးလှသော သံမဏိစည်းမျဉ်းများအနက်မှတစ်ခုဖြစ်သည် ။
သာမန်ပုံစံပေါက်နေသော ဤအခန်းငယ်လေးမှာ ဓားစံအိမ်မှ ဓားသိုင်းကျမ်းများထားရှိသည့်အခန်းဖြစ်သည်။
ထိုအခန်းအတွင်းမှ ဓားကျမ်းတစ်ခုကိုသာ ပေါက်မြောက်အောင်မြင်ပါက သိုင်းလောကတွင်ယှဉ်ပြိုင်နိုင်မည့်သူကင်းမဲ့ပေလိမ့်မည်။
အခန်းတံခါးအား သော့ပင်ခတ်မထားပေ။ ဤသည်မှာ ထိုအခန်းထဲမှ ဓားသိုင်းကျမ်းများအား ဂရုမစိုက်ခြင်းဟု ဆိုလိုသည်မဟုတ်ပေ။
သဤခြံဝန်းအတွင်းတွင် မကောင်းကြံစည်ဝံ့သူမဆိုထားနှင့် သူတို့ဆန္ဒရှိပါက ယင်တစ်ကောင်ပင်လွတ်အောင်မပြေးနိုင်ပေ။
" ကျွီ "
တံခါးဖွင့်သံမှာ တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် အနည်းငယ်ကျယ်လောင်စွာထွက်ပေါ်လာသည်။
အခန်းထဲတွင် ပြတင်းပေါက်များလုံးဝမရှိဘဲ အလုံပိတ်ဖြစ်သည် ။သို့သော် နေရောင်ခြည်ကောင်းစွာရရှိအောင်ဆောင်ရွက်ထားသည်။
အခန်းထဲတွင် စင်ငယ်လေးမျအတော်များများရှိကာ စင်ငယ်လေးများထက်တွင်ဓားတစ်ချောင်းစီနှင့် ဝါးပုရပိုဒ်တစ်ခုစီရှိသည်။
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ သူ၏ခြေလှမ်းမျကိုရပ်တန့်လိုက်သည်။ ထို့နောက် သူ၏နောက်မှ ကလေးငယ်သုံးယောက်အားကြည့်လိုက်သည်။
" မင်းတို့ကိုငါပြောခဲ့ပြီးပြီ။ အခုချိန်ကစပြီး မင်းတို့လျှောက်ရမယ့်လမ်းကို မင်းတို့ရွေးချယ်ခွင့်ရှိတယ် ။
ဒီခန်းမထဲမှ ဓားကျမ်းအတော်များများရှိတယ် ။ အဲဒီထဲကတစ်ခုကို အောင်မြင်အောင်လေ့ကျင်ါနိုင်ရင် သိုင်းလောကထဲမှာ မင်းတို့ကို ယှဉ်နိုင်မယ့်လူက လက်ငါးချောင်းတောသ်မပြည့်တော့ဘူး။
မင်းတို့စိတ်ကြိုက်ဓားကျမ်းကို ရွေးလို့ရတယ်။ တစ်ခုတော့ရှိတယ် မင်းတို့ဒီအခန်းထဲကို မင်းတို့ရဲ့တစ်သက်မှာ တစ်ခါပဲ ဝင်ခွင့်ရှိတယ် ။ တစ်ခါဝင်ပြီးတာနဲ့နောက်ထပ်တစ်ခေါက်ဝင်လို့မရတော့ဘူး။
ဒါကြောင့် မင်းတို့ကိုယ်နဲ့ကိုက်ညီမယ့်ဟာကို ရွေးချယ်ဖို့လိုလိမ့်မယ် ။ ငါပြောချင်တာဒီလောက်ပဲ မင်းတို့ဝင်လို့ရပြီ "
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ လေးနက်စွာပြောဆိုလိုက်သည် ။
ကလေးငယ်သုံးယောက်လည်း လေးနက်တည်ကြည်သည့်အမူအယာဖြင့်ရှိနေကြကာ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီး၏စကားဆုံးသည်နှင့် ခေါင်းညိမ့်လိုက်ကြသည်။
ပုံမှန်အချိန်များတွင် လွန်စွာဆိုးသွမ်းကာ ရွှပ်နောက်နောက်နှင့်ဗိုလ်ကျတတ်သည့် ကလေးမလေးပင်တည်ငြိမ်နေသည်။
ထို့နောက် သူတို့သုံးယောက်လုံး အခန်းတွင်းသို့ ဝင်သွားကြသည်။
အခန်းထဲသို့ရောက်သောအခါ သူတို့၏မျက်လုံးများအား ပွတ်သပ်လိုက်ကြသည်။ အံ့သြးဆွံ့အစွာဖြင့် အခန်းပတ်လည်ကို ငေးမောကြည့်လိုက်ကြသည်။
အခန်းထဲတွင်ရှိသောသိုင်းကျမ်းအရေအတွက်မှာ သူတို့ထင်မှတ်ထားသည်ထက်များပြားနေသည်။
စင်မြင်ငယ်လေးမျထက်တွင် ဓားတစ်ချောင်းစီနှင့် သူတို့၏အောက်၌ ဝါးပုရပိုဒ်တစ်ခုစီရှိကြသည်။
ထိုဝါးပြရပိုဒ်များမှာ ဓားစံအိမ်၏ဆက်ခံသူများသာ သင်ယူခွင့်ရှိသော ဓားကျမ်းများဖြစ်ကြသည်။ကလေးငယ်သုံးယောက်မှာ တစ်ယောက်တစ်နေရာဆီသွားကာ ထိုဓားကျမ်းများအားဖတ်ကြည့်လိုက်ကြသည်။
ဓားကျမ်းများ၏ရှေ့ဆုံးတွင် ဓားကျမ်းနှင့်ပတ်သတ်၍ အကျဉ်းချုပ်စာမျပါရှိသည် ။ ထို့ကြောင့်ပင် သူတို့ရွေးချယ်ရာ၌ ပို၍လွယ်ကူစေသည်။
" သစ်ရွက်ကြွေဓားသိုင်း "
ဓားကျမ်းတစ်ခု၏နာမည်အား အကြီးဆုံးကလေးမှာ စိတ်ဝင်စားစွာဖတ်ရှုလိုက်သည် ။ ထိုနာမည်မှာ ထူးဆန်းသည့်တော့မဟုတ်ပေ။ သို့သော် ကလငယ်သုံးယောက်လုံး စိတ်ဝင်တစားကြည့်လာကြသည် ။
အကြာင်းမှာ ထိုဓားသိုင်းသည် သူတို့၏ဆရာ စံအိမ်သခင်၏ဓားသိုင်းဖြစ်သောကြောင့်ဖြစ်သည်။ ထို့နောက်တွင် အခန်းတွင်း၌လှည့်ပတ်သွား၍ ဓားသိုင်ူအသီးသီးအား ရွေးချယ်နေကြသည်။
အချို့ဓားသိုင်းကျမ်းများမှာ ဓားကျမ်းရှိသော်လည်း ဓားကားမရှိပေ။ အတော်များများမှာ မူအပြည့်အစုံရှိကြသည်။
အကြီးဆုံးကလေးမှာ ဓားသိုင်းနစ်ခု၏ရှေ့တွင်ရပ်ကာ စိတ်ဝင်တစားကြည့်နေသည်။ သူရပ်နေသောစင်မြင့်ထက်တွင် အသွားဗျပ်အနည်းငယ်ကျယ်သောဓားတစ်လက်လည်းရှိနေသည်။
အကြီးဆုံးကလေးမှာ ထိုဓားအားကြည့်ကာ ဓားကျမ်းအားဖတ်ယူလိုက်သည်။
" မိုးကြိုးမုန်တိုင်းဓားသိုင်း "
ဓားသိုငိး၏နာမည်မှာ အရိုင်းဆန်သလို သူ၏ဓားကွက်များမှာလည်း ပြင်ထန်လှသည်။
အကြီးဆုံးကလေးငယ်မှာလည်း ပွင့်လင်းသောစိတ်ထားရှိသည့်အပြင် ထိုကဲ့သို့ ကြမ်းတမ်းသောဓားသိုင်းများအား သူနှစ်သက်သည်။
ထို့နောက် သူ၏အာရုံခြောက်ပါးလုံးမှာ ဓားကျမ်းအတွင်းနစ်မြုပ်သွားသည်။
ကျန့်ကလေးနှစ်ယောက်မှာ သူတို့၏အစ်ကိုကြီး ထင်ဓားသိုင်းအားရွေးချယ်တော့မည်ဖြစ်ကြောင်းရိပ်စားမိလိုက်သည်။
ကောင်မလေးမှာ သူမ၏နီရဲနေသောနှုတ်ခမ်းလေးအားကိုက်ကာ ရွေးချယ်ရခတ်နေဟန်ရသည်။ သူမ၏ရှေ့တွင် စင်မြင့်နှစ်ခုရှိနေကာ စင်မြင့်တစ်ခုတွင် ဓားရှိကာ ကျန်တစ်ခုတွင် ဓားမရှိပေ။
ကောင်မလေးမှာ အချိန်အတော်ကြာစဉ်းစားပြီးနောက် ထိုဓားမရှိသောသိုင်းကျမ်းအားမရွေးချယ်တော့ပေ ။
အမှန်မှာ ဓားနှင့်ဓားသိုင်းကျမ်းများမှာ ဓားစံအိမ်၏ဘိုးဘေးများစီစဉ်သွားခဲ့ခြင်းဖြစ်သည်။ ဓားသိုင်းနှင့်လိုက်ဖတ်သောဓားအ အသုံးပြုလျှင် ထိုဓားသိုင်းမှာ ပို၍အစွမ်းထက်သည်။
အချို့သောဓားသိုင်းများမှာမူ လိုက်ဖတ်သောဓားအားမရှာဖွေနိုင်သဖြင့် ဓားသိုင်းကျမ်းသက်သက်သာရှိခြင်းဖြစ်သည် ။
လက်ရှိစံအိမ်သခင်၏ဓားသိုင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည် ။ ဓားသိုင်းနှင့် လိုက်ဖတ်သောဓားမရှိသော်လည်း စံအိမ်သခင်မှ သူ၏ဝါးစိမ်းဓားနှင့်တွဲ၍အသုံးပြုသည်။
အနည်းငယ်ပိန်ပါးသောကောင်လေးမှာမူ ဓားသိုင်းတစ်ခုမှရွေးချယ်ခြင်းမပြုရသေးပေ။ သူကစင်မြင့်တစ်ခုပြီးတစ်ခုလျှောက်ကြည့်နေကာ သူနှင့်သင့်တော်သည့်ဓားသိုင်းမတွေ့သေးသကဲ့သို့ရွေးချယ်ခြင်းမရှိသေးပေ။
မိန်းမငယ်လေးမှာ ထိုကောင်လေးအားကြည့်ကာ နှာခေါင်းရှုံံ့လိုက်သည်။ သူမအပြင်သို့ပြန်ထွက်ချင်နေပြီဖြစ်သော်လည်း ထိုကောင်လေးရွေးချယ်မပြီးသေး၍ သူမထွက်မရသေးပေ။
" ထင်းရှီ နင်မြန်မြန်ရွေး "
ကောင်မလေးမှ လောဆော်လိုက်သည် ။
ထင်းရှီဆိုသောပိန်ပိန်ပါးပါးကောင်လေးမှာမူ သူမ၏စကယးအား မကြားသကဲ့သို့ ဂရုစိုက်ခြင်းမပြုပေ။
သူ၏အာရုံကိုဖမ်းစားနိုင်သောဓားသိုင်းတစ်ခုမှမရျှိသးပေ။ ထို့ကြောင့် သူဆက်လက်လျှောက်ကြည့်နေသည်။
အကယ်၍သူနှင့်သင့်တော်သောဓားသိုင်းမတွေ့ပါက အထဲတွင်ရှိသော ဓားသိုင်းအား ရွေးချယ်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ထိုဓားသိုင်းများထဲမှ တစ်ခုအားအောင်မြင်လျှင် သိုင်းလောကတွင် ပြိုင်ဘက်ဟူ၍လက်ချိုးရေရအောင်နည်းပါးသွားမည်မဟုတ်လား။
သို့သော် အောင်မြင်အောင်လေ့ကျင့်နိုင်ရန်မှာလည်း မလွယ်ကူလှပေ။ ထင်းရှီဆိုသောကောင်လေးမှာ စဉ်းစားရင်းဖြင့် သူ၏အကြည့်များမှာ စင်မြင့်တစ်ခုထက်သို့ရောက်ရှိသွားသည်။
ထိုစင်မြင့်ထက်တွင်ဓားမရှိပေ။ ဟောင်းနွမ်းနေသည့် ဓားကျမ်းတစ်ခုသာရှိသည်။ သူ၏မသိစိတ်မှ ထိုဓားသိုင်းအားရွေးချယ်ပါဟု ပြောနေသည် ။
-------------------------------------