← Chapters

အထီးကျန်ဓားသိုင်း

Vol. 1 Ch. 26

အထီးကျန်ဓားသိုင်း

Vol. 1 Ch. 26

ဝါးပုရပိုဒ်၏ရှေ့ဆုံးတွင် မည်သည့်ညွှန်းဆိုချက်မှမပါပေ။ ရိုးရှင်းပုံရသည့် စာပိုဒ်လေးတစ်ပိုဒ်သာပါသည်။

' လောကကြီးက သိပ်ရယ်စရာကောင်းတယ်။ ရူးသွပ်ချင်စရာကောင်းတဲ့အချစ်တွေကလည်း ပျင်းစရာကောင်းတယ်။ အရာအားလုံးကို အမှန်အတိုင်းမြင်တတ်ရင် မျက်လုံးထဲမှာ ဗလာနတ္တိဖြစ်သွားလိမ့်မယ်။ ကျန်ရှိနေတဲ့ဘဝသက်တမ်းကို လွတ်လွတ်လပ်လပ်ဖြတ်သန်းပါ '

ထိုစာပိုဒ်လေးမှာ ‌ထင်းရှီ၏စိတ်ထဲတွင် စွဲမြဲ၍သွားသည် ။

စာဖတ်နေရင်းဖြင့် သူ၏စိတ်မှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရသော လူအိုကြီးတစ်ယောက်ကဲ့သို့ ခံစားလိုက်မိပြီး လွန်စွာပျင်းရိဖွယ်ကောင်းလာသည် ။

ထင်းရှီလည်း ဓားကျမ်း၏အမည်ကိုကြည့်လိုက်မိသည်။

" အထီးကျန်ဓားသိုင်း "

စာပိုဒ်နှင့် ထိုအမည်မှလွဲ၍ အညွှန်းတွင် အခြားစာလုံးမပါတော့ပေ။ ထင်းရှီလည်း ထိုဓားကျမ်းအား ကောက်ယူလိုက်သည်။

ထို့နောက် ဘေးဘီသို့အကဲခပ်လိုက်ရာ ကလမလေးနှင့် အကြီးဆုံးကောင်လေးမှာ သူ့အား စောင့်နေကြသည်ကိုတွေ့လိုက်ရသောကြောင့် မသက်မသာပြုံးလိုက်သည်။

ထိုနှစ်ယောက်အား သူစောင့်ဆိုင်းစေခဲ့မိသည်။ ထို့နောက် သူတို့သုံးယောက် အမွေအနှစ်ခန်းမအပြင်သို့ထွက်လာခဲ့ကြသည်။

တံခါးဝတွင် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ လက်နှစ်ဖက်နောက်ပစ်ကာရပ်နေသည်။

" မင်းတို့ရွေးပြီးခဲ့ကြပြီလား "

လူကြီးမှနောက်လှည့်မကြည့်ဘဲ မေးလိုက်သည်။ ကလေးငယ်သုံးယောက်လည်း ရွေးချယ်ပြီးပြီဖြစ်ကြောင်းပြောလိုက်သည်။

ထို့နောင် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ အမွေအနှစ်ခန်းမတံခါးအား ညင်သာစွာ ပိတ်လိုက်သည်။ ယခုအချိန်အထိ သူ၏မျက်လုံးများမှာ ကလေးငယ်သုံးယောက်အား မကြည့်သေးပေ ။

ထို့နောက်တွင် သူသက်ပြင်းသဲ့သဲ့ချကာပြောလိုက်သည် ။

" မင်းတို့သိလား ငါဒီအမွေအနှစ်ခန်းမထဲကိုဝင်တော့ တစ်နာရီတောင်ကြာခဲ့တယ် ။ ငါအထဲကိုရောက်တော့ ဘာရွေးချယ်လို့ ရွေးချယ်ရမှန်းမသိခဲ့ဘူး ။

အထဲမှာက ရွေးချယ်စရာသိုင်းကျမ်းတွေသိပ်များနေတယ်။ ငါ့ရဲ့စိတ်တွေမပြတ်မသားဖြစ်နေတုန်း ငါ့ဆရာပြောခဲ့တဲ့ စကားကိုပြန်ကြားယောင်ပြီးတော့ ငါဓားကျမ်းတစ်ခုကိုရွေးပြီးထွက်လာခဲ့တယ် ။

ငါ့ဆရာပြောခဲ့တာက စိတ်သက်ဝင်ရာရွေးချယ်ပါတဲ့ "

ဖျင်ကြမ်းအင်္ကျီနှင့် လူကြီး၏စကားကြောင့် ကလေးငယ်သုံးယောက်မှာ ငြိမ်သက်သွားကြသည်။

" စိတ်သက်ဝင်ရာရွေးချယ်ပါ "

ကလေးငယ်သုံးယောက်မှာ လူကြီး၏စကားအားလိုက်လံရေရွတ်လိုက်မိကြသည်။ လူကြီးမှ သူ၏ဦးခေါင်းအားညိမ့်လိုက်သည်။

" ဟုတ်တယ် ။ စိတ်သက်ဝင်ရာရွေးချယ်ပါတဲ့။ ဒါက သိုင်းကျမ်းရွေးချယ်တဲ့နေရာတစ်ခုထဲအတွက် ပြောတာမဟုတ်ဘူး။ မင်းတို့ရဲ့ဘဝတစ်လျှောက်လုံးအတွက်ပြောတာ ။

မင်းတို့ အရွယ်ရောက်ရင် ကိုယ့်လမ်းစဉ်ကိုယ်လျှောက်ရတော့မယ်။ မင်းတို့ဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းတို့ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ်။

မင်းတို့ဗုဒ္စတစ်ပါးဖြစ်လာမလား ၊ မိစ္ဆာတစ်ကောင်ဖြစ်လာမလားဆိုတာလဲ မင်းတို့ကိုယ်တိုင်ပဲရွေးချယ်ရမယ်။

ငါ့ဆရာရဲ့ပညာသင်ဖက်အစ်ကိုက ငါ့ဆရာရဲ့လက်နဲ့ပဲသေဆုံးသွားခဲ့တယ်လို့‌ပြောရမယ်။ သူက မိစ္ဆာလမ်းစဉ်ကို ရောက်သွားခဲ့တယ် ။ သူရွေးချယ်ခဲ့တဲ့ဓားသိုင်းက သွေးစွန်းဓားသိုင်းတဲ့ ။

သူက ‌ သွေးစွန်းဓားသိုင်းကိုလေ့ကျင့်နေရင်းနဲ့ သူ့ရဲ့စိတ်တွေက ကြမ်းတန်းခတ်ထန်လာတယ် ။ ပြီးတော့ သိုင်းကျမ်းထဲမှာဖော်ပြထားတဲ့ တားမြစ်ကျင့်စဉ်တွေကို လေ့ကျင့်ရင်း သူ့ရဲ့သိုင်းပညာက ပိုပြီးတိုးတက်လာခဲ့တယ် ။

သိုင်းပညာတိုးတက်လာတာနဲ့အတူ သူ့စိတ်တွေက ပိုပြီး ခတ်ထန်လာခဲ့တယ် ။ နောက်ပိုင်းမှာ သူက ဓားစံအိမ်ကနေထွက်ပြေးသွားပြီးတော့ သိုင်းလောကမှာ စိတ်ထင်ရာလျှောက်လုပ်ခဲ့တယ်။

သူ့ရဲ့ပြိုင်ဘက်ကင်းလုနီးနီးသိုင်းပညာနဲ့ သိုင်းလောကကို မင်းမူနိုင်ခဲ့တယ်။ ဒါကြောင့် သိုင်းလောကရဲ့အန္တရာယ်ကိုဖယ်ရှားဖို့က ငါ့ဆရာရဲ့တာဝန်ဖြစ်လာတယ်။

ငါ့ဆရာက သိုင်းလောကထဲကိုဆင်းပြီး သူ့ရဲ့ပညာသင်ဖက်အစ်ကိုနဲ့ယှဉ်ပြိုင်ခဲ့တယ်။ ရလာဒ်ကတော့ သိုင်းဆယ်ကွက်အတွင်းမှာ ငါ့ဆရာအနိုင်ရသွားခဲ့တယ် "

" သိုင်းဆယ်ကွက် "

ကလေးငယ်သုံးယောက်မှာ အံ့အားသင့်စွာရေကွတ်လိုက်မိကြသည်။ ပြိုင်ဘက်ကင်းလုနီးနီးဖြစ်သည့် ပညာသင်ဖက်အစ်ကိုအား သိုင်းဆယ်ကါက်အတွင်းအနိုင်ရရန်မှာ သူတို့၏ဆရာဖိုးဖိုး၏သိုင်းပညာမှာ မည်သည့်အဆင့်ထိရောက်ရှိနေရမည်နည်း။

လူကြီးမှသူတို့တွေးနေသောအရာအား သိရှိနေသကဲ့သို့ သူ၏ဦးခေါင်းအား ခါယမ်းလိုက်သည်။

" မဟုတ်ဘူး အမှန်တကယ်က ငါ့ဆရာရဲ့သိုင်းပညာက သူ့ဆရာတူအစ်ကိုထက် နည်းနည်းလေးပဲသာတာ ။

တိုက်ပွဲမှာ ဆရာတူအစ်ကိုက အလျော့ပေးလိုက်တာ။ ဒါကြောင့် သူဆယ်ကွက်အတွင်းရှုံးနိမ့်သွားခဲ့တာ ။ ပြီးတော့ သု့ရဲခန္တာကိုယ်မှာ သေစေနိုင်လောက်တဲ့ဒဏ်ရာတွေနဲ့ ထွက်သွားခဲ့တယ်။

အမှန်က သူ့ရဲ့စိတ်ဓာတ်က သွေးစွန်းဓားသိုင်းကျမ်းကြောင့် ခတ်ထန်ကြမ်းကြုတ်လာရတာပဲ။ ဒါပေမယ့် သူက သွေးစွန်းဓားသိုင်းကျမ်းထဲက တားမြစ်ကျင့်စဉ်တွေကိုဖယ်ထုတ်ပြီး သိုင်းကျမ်းအသစ်ပြုလုပ်ခဲ့သေးတယ်လို့ ငါ့ဆရာကိုပြောခဲ့တယ်။

သွေးစွန်းဓားသိုင်းကျမ်းအသစ်က သူ့ရဲ့ စစ်မှန်တဲ့ဆက်ခံသူအတွက်တဲ့။ သွေးစွန်းဓားသိုင်းကျမ်းမူရင်းကိုတော့ ငါ့ဆရာနဲ့အတူ ဓားစံအိမ်ကို ပြန်ပြီးပေးလိုက်တယ်။ မင်းတို့တွေ့ခဲ့တယ်မလား အမွေအနှစ်ခန်းမထဲမှာ ။

ငါ့ဆရာလဲ အဲဒီဖြစ်ရပ်ပြီးတော့ စိတ်ထိခိုက်ပြီး သိုင်းလောကထဲက ချက်ခြင်းထွက်လာခဲ့တာပဲ "

လူကြီးမှ ထိုသို့ပြောကာ ငြိမ်သက်သွားပြန်သည်။ ကလေးငယ်သုံးယောက်မှာ လူကြီး၏စကားများအား ပြန်လည်စဥ်းစားနေကြသည်။

" ကဲ ငါ့ကိုမင်းတို့ရွေးချယ်ခဲ့တဲ့ဓားသိုင်းတွေပြဦး "

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှပြောလိုက်သည်။

အကြီးဆုံးကလေးမှာ သူရွေးချယ်လာ‌‌သောဓားသိုင်းအားထုတ်ပြလိုက်သည် ။ သိုင်းကျမ်းနှင့်အတူပါလာသောဓားကိုမူ သူ၏လက်ထဲတွင်ကိုင်ထားသည်။

လူကြီးမှ ထိုကလေးရွေးချယ်လာသည့်သိုင်းကျမ်းအား ဖတ်ရှုကြည့်လိုက်သည်။ ထို့နောက် ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။

" အင်း မိုးကြိုးမုန်တိုင်းဓားသိုင်း အင်အားပြင်းထန်ပြီး တားဆီးရခက်ခဲတယ်။ သူ့ရဲ့လမ်းကြောင်းမှာ ပိတ်နေတဲ့အရာတွေကိုမိုးကြိုးပစ်သလိုပြင်းထန်ပြီး မုန်တိုင်းတိုက် ခတ်သလို ရှင်းလင်းသွားရမယ် မဆိုးဘူး ရွေးတာကောင်းတယ်။ "

လူကြီးမှ ပြောလိုက်သည်။ ထိုကလေးမှာလည်း လူကြီ၏စကားကြောင့် ဝမ်းသာ၍သွားသည်။

" ဖေဖေ သမီးရဲ့ဓားသိုင်းကကော "

ကောင်မလေးမှ သူ၏ဓားသိုင်းအား လူကြီးအားပြလိုက်သည်။ လူကြီးမှာ သူမအားချစ်ခင်သည့်အကြည့်ဖြက့်ကြည့်ကာ ဓားသိုင်းအား အာရုံစိုက်ကြည့်လိုသည်။

" အိပ်မက်ကကြိုးဓားသိုင်း ။ အိပ်မက်ဆန်ဆန်မျောလွင့်ပြီး ဓားကွက်တွေကတိကျသေသပ်တယ် ။ လျှင်မြန်ဖျက်လက်မှုနဲ့ တိကျသေချာမှုကိုအလေးပေးထားတဲ့သိုင်းကျမ်းဘဲ ။ ငါ့ရဲ့ ဆရာဘွားဘွားအသုံးပြုခဲ့တဲ့သိုင်းကျမ်းပဲ။

ရှောင်ယင်လေး မင်းလည်းရွေးတာကောင်းတယ် "

လူကြီးမှ မိန်းကလေးအားချီးကျူးလိုက်ပြန်သည်။ ကောင်မလေးမှာ သူမ၏လက်ထဲမှဓားအားပိုက်ကာ ခေါင်းကိုမော့၍ စိတ်ကြီးဝင်နေသည့်အမူအယာဖြစ်သွားသည်။

ကျန်သူများမှာ သူမအားကြည့်ကာ ပြုံးရယ်လိုက်မိကြသည်။

" ကောင်လေး‌ရှီ မင်းကဘာရွေးခဲ့တာလဲ "

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ တိတ်ဆိတ်နေသောကောင်လေးအားမေးလိုက်သည်။

အကြီးဆုံးကောင်လေးနှင့်ကောင်မလေးမှာ ရှီဆိုသောကောင်လေးအား စိတ်ဝင်စားသလိုကြည့်လိုက်သည်။

ထိုကောင်လေး ဓားသိုင်းကျမ်းရွေးချယ်သည်မှာ အချိန်အကြာဆုံးဖြစ်သည်မဟုတ်ပါလား။

ကောင်လေးလည်း သူ၏လက်ထဲမှဓားသိုင်းအား လူကြီးအားပြလိုက်သည်။ လူကြီးမှ ထိုဓားသိုင်းအားကြည့်ကာ မျက်နှာအမူအယာလေးနက်သွားသည်။

ထို့နောက် သူကအဝေးသို့ငေးကာ ဖြေးညင်းစွာပြောလိုက်သည်။

" ဒီဓားသိုင်းနဲ့ပတ်သတ်ရင် ငါလည်းလမ်းညွှန်ချက်မပေးနိုင်ဘူး ။ ဒီဓားသိုင်းက ငါတို့ဓားစံအိမ်ရဲ့တည်ထောင်သူဘိုးဘေးရဲ့ အရင်းနှီးဆုံးမိတ်ဆွေရဲ့သိုင်းကျမ်းဘဲ ။

သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ငါတို့ဘိုးဘေးကိုမတွေ့ခင်အချိန်အထိ မိတ်ဆွေအပေါင်းအသင်းတစ်စုံတစ်ယောက်မှမရှိခဲ့ဘူး ။

ဓားတစ်လက်ကိုဆွဲပြီး နုနယ်တဲ့အရွယ်ကနေ ဆံပင်တွေငွေရောင်သန်းတဲ့အချိန်အထိ သိုင်းလောကမှာ လှည့်လည်ခဲ့တယ်။ သူပိုင်ဆိုင်တဲ့ပစ္စည်းဆိုတာ ဓားတစ်လက်နဲ့ အရက်တစ်အိုးကလွဲပြီးဘာမှမရှိခဲ့ဘူး ။

တိုက်ပွဲတွေမရေမတွက်နိုင်အောင်တိုက်ခိုက်ခဲ့ပြီးတော့ သူ့အသက်လေးဆယ်ကျော်မှာ ပြိုင်ဘက်ကင်းဘွဲကို သိုင်းလောကတစ်ခုလုံးကပေးအပ်ခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူသိုင်းလောကကထွက်ခွာသွားခဲ့တာပဲ။

သူအမြဲပြောခဲ့တယ်။ ဘဝဆိုတာလေလိုပဲ။ အပေါင်းအသင်းဆိုတာအလကား အချစ်ဆိုတာ တံလျှပ်လိုပဲတဲ့ ။

သိုင်း‌လောကသားမဟုတ်တဲ့ ငါတို့ဘိုးဘေးနဲ့တွ့ပြီးတဲ့နောက်မှာ သူသိုင်းလောကထဲကထွက်လာပြီး ငါတို့ဘိုးဘေးရဲ့ဖိတ်ခေါ်မှုနဲ့ ဓားစံအိမ်မှာပဲသေဆုံးတဲ့အထိနေထိုင်သွားခဲ့တယ်။

သူမသေခင်အချိန်က ဒီဓားသိုင်းကို တီထွင်သွားခဲ့တာပဲ။ သူ့ရဲ့ဘဝတစ်ခုလုံးလိုလိုက အထီးကျန်ခဲ့တဲ့အတွက် သူက ဓားသိုင်းထဲမှာ သူ့ဂဲ့ခ့သားချင်တွေထည့်သွင်းပြီး အထီးကျန်ဓားသိုင်းလို့အမည်ပေးခဲ့တာပဲ။ "

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ ထိုသို့ပြောကာ ရှီ အားကြည့်လိုက်သည်။ ထိုကောင်လေးမှာလည်း လူကြီး၏အကြည့်အားရှောင်ရှားနေသည်။

လူကြီးမှ ဆက်ပြောလိုက်သည်။

" ကောင်လေးရှီ မင်းရဲ့ခံစားချက်တွေကိုငါနားလည်တယ်။ ဒါပေမယ့် မင်းတစ်ယောက်ထဲလို့ဘယ်တော့မှမတွေးနဲ့။ ငါကမင်းရဲ့ဆရာ ဒီနေရာက မင်းရဲ့အိမ်ပဲ မင်းနဲ့အတူ ငါတို့အားလုံးရှိတယ် ။ ဘယ်တော့မှ မင်းတစ်ယောက်ထဲမဟုတ်ဘူး "

လူကြီးမှ ထိုသို့ပြောကာ ထွက်သွားလိုက်သည်။ ရှီ ဆိုသောကောင်လေးမှာ လူကြီး၏နောက်ကျောအား စိုစွတ်သည့်အကြည့်ဖြင့် ကြည့်လျက်ကျန်ခဲ့သည်။

----------------------------------------------------------------------

#အပေါ်မှစာသားမှာ Chinese songတစ်ပုဒ်ထဲမှဖြစ်ပါသည် ။

All Chapters