အထီးကျန်ဓားသိုင်း
Vol. 1 Ch. 26
ဝါးပုရပိုဒ်၏ရှေ့ဆုံးတွင် မည်သည့်ညွှန်းဆိုချက်မှမပါပေ။ ရိုးရှင်းပုံရသည့် စာပိုဒ်လေးတစ်ပိုဒ်သာပါသည်။
' လောကကြီးက သိပ်ရယ်စရာကောင်းတယ်။ ရူးသွပ်ချင်စရာကောင်းတဲ့အချစ်တွေကလည်း ပျင်းစရာကောင်းတယ်။ အရာအားလုံးကို အမှန်အတိုင်းမြင်တတ်ရင် မျက်လုံးထဲမှာ ဗလာနတ္တိဖြစ်သွားလိမ့်မယ်။ ကျန်ရှိနေတဲ့ဘဝသက်တမ်းကို လွတ်လွတ်လပ်လပ်ဖြတ်သန်းပါ '
ထိုစာပိုဒ်လေးမှာ ထင်းရှီ၏စိတ်ထဲတွင် စွဲမြဲ၍သွားသည် ။
စာဖတ်နေရင်းဖြင့် သူ၏စိတ်မှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ရသော လူအိုကြီးတစ်ယောက်ကဲ့သို့ ခံစားလိုက်မိပြီး လွန်စွာပျင်းရိဖွယ်ကောင်းလာသည် ။
ထင်းရှီလည်း ဓားကျမ်း၏အမည်ကိုကြည့်လိုက်မိသည်။
" အထီးကျန်ဓားသိုင်း "
စာပိုဒ်နှင့် ထိုအမည်မှလွဲ၍ အညွှန်းတွင် အခြားစာလုံးမပါတော့ပေ။ ထင်းရှီလည်း ထိုဓားကျမ်းအား ကောက်ယူလိုက်သည်။
ထို့နောက် ဘေးဘီသို့အကဲခပ်လိုက်ရာ ကလမလေးနှင့် အကြီးဆုံးကောင်လေးမှာ သူ့အား စောင့်နေကြသည်ကိုတွေ့လိုက်ရသောကြောင့် မသက်မသာပြုံးလိုက်သည်။
ထိုနှစ်ယောက်အား သူစောင့်ဆိုင်းစေခဲ့မိသည်။ ထို့နောက် သူတို့သုံးယောက် အမွေအနှစ်ခန်းမအပြင်သို့ထွက်လာခဲ့ကြသည်။
တံခါးဝတွင် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ လက်နှစ်ဖက်နောက်ပစ်ကာရပ်နေသည်။
" မင်းတို့ရွေးပြီးခဲ့ကြပြီလား "
လူကြီးမှနောက်လှည့်မကြည့်ဘဲ မေးလိုက်သည်။ ကလေးငယ်သုံးယောက်လည်း ရွေးချယ်ပြီးပြီဖြစ်ကြောင်းပြောလိုက်သည်။
ထို့နောင် ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ အမွေအနှစ်ခန်းမတံခါးအား ညင်သာစွာ ပိတ်လိုက်သည်။ ယခုအချိန်အထိ သူ၏မျက်လုံးများမှာ ကလေးငယ်သုံးယောက်အား မကြည့်သေးပေ ။
ထို့နောက်တွင် သူသက်ပြင်းသဲ့သဲ့ချကာပြောလိုက်သည် ။
" မင်းတို့သိလား ငါဒီအမွေအနှစ်ခန်းမထဲကိုဝင်တော့ တစ်နာရီတောင်ကြာခဲ့တယ် ။ ငါအထဲကိုရောက်တော့ ဘာရွေးချယ်လို့ ရွေးချယ်ရမှန်းမသိခဲ့ဘူး ။
အထဲမှာက ရွေးချယ်စရာသိုင်းကျမ်းတွေသိပ်များနေတယ်။ ငါ့ရဲ့စိတ်တွေမပြတ်မသားဖြစ်နေတုန်း ငါ့ဆရာပြောခဲ့တဲ့ စကားကိုပြန်ကြားယောင်ပြီးတော့ ငါဓားကျမ်းတစ်ခုကိုရွေးပြီးထွက်လာခဲ့တယ် ။
ငါ့ဆရာပြောခဲ့တာက စိတ်သက်ဝင်ရာရွေးချယ်ပါတဲ့ "
ဖျင်ကြမ်းအင်္ကျီနှင့် လူကြီး၏စကားကြောင့် ကလေးငယ်သုံးယောက်မှာ ငြိမ်သက်သွားကြသည်။
" စိတ်သက်ဝင်ရာရွေးချယ်ပါ "
ကလေးငယ်သုံးယောက်မှာ လူကြီး၏စကားအားလိုက်လံရေရွတ်လိုက်မိကြသည်။ လူကြီးမှ သူ၏ဦးခေါင်းအားညိမ့်လိုက်သည်။
" ဟုတ်တယ် ။ စိတ်သက်ဝင်ရာရွေးချယ်ပါတဲ့။ ဒါက သိုင်းကျမ်းရွေးချယ်တဲ့နေရာတစ်ခုထဲအတွက် ပြောတာမဟုတ်ဘူး။ မင်းတို့ရဲ့ဘဝတစ်လျှောက်လုံးအတွက်ပြောတာ ။
မင်းတို့ အရွယ်ရောက်ရင် ကိုယ့်လမ်းစဉ်ကိုယ်လျှောက်ရတော့မယ်။ မင်းတို့ဘယ်လိုဖြစ်သွားမလဲဆိုတာ မင်းတို့ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ်။
မင်းတို့ဗုဒ္စတစ်ပါးဖြစ်လာမလား ၊ မိစ္ဆာတစ်ကောင်ဖြစ်လာမလားဆိုတာလဲ မင်းတို့ကိုယ်တိုင်ပဲရွေးချယ်ရမယ်။
ငါ့ဆရာရဲ့ပညာသင်ဖက်အစ်ကိုက ငါ့ဆရာရဲ့လက်နဲ့ပဲသေဆုံးသွားခဲ့တယ်လို့ပြောရမယ်။ သူက မိစ္ဆာလမ်းစဉ်ကို ရောက်သွားခဲ့တယ် ။ သူရွေးချယ်ခဲ့တဲ့ဓားသိုင်းက သွေးစွန်းဓားသိုင်းတဲ့ ။
သူက သွေးစွန်းဓားသိုင်းကိုလေ့ကျင့်နေရင်းနဲ့ သူ့ရဲ့စိတ်တွေက ကြမ်းတန်းခတ်ထန်လာတယ် ။ ပြီးတော့ သိုင်းကျမ်းထဲမှာဖော်ပြထားတဲ့ တားမြစ်ကျင့်စဉ်တွေကို လေ့ကျင့်ရင်း သူ့ရဲ့သိုင်းပညာက ပိုပြီးတိုးတက်လာခဲ့တယ် ။
သိုင်းပညာတိုးတက်လာတာနဲ့အတူ သူ့စိတ်တွေက ပိုပြီး ခတ်ထန်လာခဲ့တယ် ။ နောက်ပိုင်းမှာ သူက ဓားစံအိမ်ကနေထွက်ပြေးသွားပြီးတော့ သိုင်းလောကမှာ စိတ်ထင်ရာလျှောက်လုပ်ခဲ့တယ်။
သူ့ရဲ့ပြိုင်ဘက်ကင်းလုနီးနီးသိုင်းပညာနဲ့ သိုင်းလောကကို မင်းမူနိုင်ခဲ့တယ်။ ဒါကြောင့် သိုင်းလောကရဲ့အန္တရာယ်ကိုဖယ်ရှားဖို့က ငါ့ဆရာရဲ့တာဝန်ဖြစ်လာတယ်။
ငါ့ဆရာက သိုင်းလောကထဲကိုဆင်းပြီး သူ့ရဲ့ပညာသင်ဖက်အစ်ကိုနဲ့ယှဉ်ပြိုင်ခဲ့တယ်။ ရလာဒ်ကတော့ သိုင်းဆယ်ကွက်အတွင်းမှာ ငါ့ဆရာအနိုင်ရသွားခဲ့တယ် "
" သိုင်းဆယ်ကွက် "
ကလေးငယ်သုံးယောက်မှာ အံ့အားသင့်စွာရေကွတ်လိုက်မိကြသည်။ ပြိုင်ဘက်ကင်းလုနီးနီးဖြစ်သည့် ပညာသင်ဖက်အစ်ကိုအား သိုင်းဆယ်ကါက်အတွင်းအနိုင်ရရန်မှာ သူတို့၏ဆရာဖိုးဖိုး၏သိုင်းပညာမှာ မည်သည့်အဆင့်ထိရောက်ရှိနေရမည်နည်း။
လူကြီးမှသူတို့တွေးနေသောအရာအား သိရှိနေသကဲ့သို့ သူ၏ဦးခေါင်းအား ခါယမ်းလိုက်သည်။
" မဟုတ်ဘူး အမှန်တကယ်က ငါ့ဆရာရဲ့သိုင်းပညာက သူ့ဆရာတူအစ်ကိုထက် နည်းနည်းလေးပဲသာတာ ။
တိုက်ပွဲမှာ ဆရာတူအစ်ကိုက အလျော့ပေးလိုက်တာ။ ဒါကြောင့် သူဆယ်ကွက်အတွင်းရှုံးနိမ့်သွားခဲ့တာ ။ ပြီးတော့ သု့ရဲခန္တာကိုယ်မှာ သေစေနိုင်လောက်တဲ့ဒဏ်ရာတွေနဲ့ ထွက်သွားခဲ့တယ်။
အမှန်က သူ့ရဲ့စိတ်ဓာတ်က သွေးစွန်းဓားသိုင်းကျမ်းကြောင့် ခတ်ထန်ကြမ်းကြုတ်လာရတာပဲ။ ဒါပေမယ့် သူက သွေးစွန်းဓားသိုင်းကျမ်းထဲက တားမြစ်ကျင့်စဉ်တွေကိုဖယ်ထုတ်ပြီး သိုင်းကျမ်းအသစ်ပြုလုပ်ခဲ့သေးတယ်လို့ ငါ့ဆရာကိုပြောခဲ့တယ်။
သွေးစွန်းဓားသိုင်းကျမ်းအသစ်က သူ့ရဲ့ စစ်မှန်တဲ့ဆက်ခံသူအတွက်တဲ့။ သွေးစွန်းဓားသိုင်းကျမ်းမူရင်းကိုတော့ ငါ့ဆရာနဲ့အတူ ဓားစံအိမ်ကို ပြန်ပြီးပေးလိုက်တယ်။ မင်းတို့တွေ့ခဲ့တယ်မလား အမွေအနှစ်ခန်းမထဲမှာ ။
ငါ့ဆရာလဲ အဲဒီဖြစ်ရပ်ပြီးတော့ စိတ်ထိခိုက်ပြီး သိုင်းလောကထဲက ချက်ခြင်းထွက်လာခဲ့တာပဲ "
လူကြီးမှ ထိုသို့ပြောကာ ငြိမ်သက်သွားပြန်သည်။ ကလေးငယ်သုံးယောက်မှာ လူကြီး၏စကားများအား ပြန်လည်စဥ်းစားနေကြသည်။
" ကဲ ငါ့ကိုမင်းတို့ရွေးချယ်ခဲ့တဲ့ဓားသိုင်းတွေပြဦး "
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှပြောလိုက်သည်။
အကြီးဆုံးကလေးမှာ သူရွေးချယ်လာသောဓားသိုင်းအားထုတ်ပြလိုက်သည် ။ သိုင်းကျမ်းနှင့်အတူပါလာသောဓားကိုမူ သူ၏လက်ထဲတွင်ကိုင်ထားသည်။
လူကြီးမှ ထိုကလေးရွေးချယ်လာသည့်သိုင်းကျမ်းအား ဖတ်ရှုကြည့်လိုက်သည်။ ထို့နောက် ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
" အင်း မိုးကြိုးမုန်တိုင်းဓားသိုင်း အင်အားပြင်းထန်ပြီး တားဆီးရခက်ခဲတယ်။ သူ့ရဲ့လမ်းကြောင်းမှာ ပိတ်နေတဲ့အရာတွေကိုမိုးကြိုးပစ်သလိုပြင်းထန်ပြီး မုန်တိုင်းတိုက် ခတ်သလို ရှင်းလင်းသွားရမယ် မဆိုးဘူး ရွေးတာကောင်းတယ်။ "
လူကြီးမှ ပြောလိုက်သည်။ ထိုကလေးမှာလည်း လူကြီ၏စကားကြောင့် ဝမ်းသာ၍သွားသည်။
" ဖေဖေ သမီးရဲ့ဓားသိုင်းကကော "
ကောင်မလေးမှ သူ၏ဓားသိုင်းအား လူကြီးအားပြလိုက်သည်။ လူကြီးမှာ သူမအားချစ်ခင်သည့်အကြည့်ဖြက့်ကြည့်ကာ ဓားသိုင်းအား အာရုံစိုက်ကြည့်လိုသည်။
" အိပ်မက်ကကြိုးဓားသိုင်း ။ အိပ်မက်ဆန်ဆန်မျောလွင့်ပြီး ဓားကွက်တွေကတိကျသေသပ်တယ် ။ လျှင်မြန်ဖျက်လက်မှုနဲ့ တိကျသေချာမှုကိုအလေးပေးထားတဲ့သိုင်းကျမ်းဘဲ ။ ငါ့ရဲ့ ဆရာဘွားဘွားအသုံးပြုခဲ့တဲ့သိုင်းကျမ်းပဲ။
ရှောင်ယင်လေး မင်းလည်းရွေးတာကောင်းတယ် "
လူကြီးမှ မိန်းကလေးအားချီးကျူးလိုက်ပြန်သည်။ ကောင်မလေးမှာ သူမ၏လက်ထဲမှဓားအားပိုက်ကာ ခေါင်းကိုမော့၍ စိတ်ကြီးဝင်နေသည့်အမူအယာဖြစ်သွားသည်။
ကျန်သူများမှာ သူမအားကြည့်ကာ ပြုံးရယ်လိုက်မိကြသည်။
" ကောင်လေးရှီ မင်းကဘာရွေးခဲ့တာလဲ "
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှ တိတ်ဆိတ်နေသောကောင်လေးအားမေးလိုက်သည်။
အကြီးဆုံးကောင်လေးနှင့်ကောင်မလေးမှာ ရှီဆိုသောကောင်လေးအား စိတ်ဝင်စားသလိုကြည့်လိုက်သည်။
ထိုကောင်လေး ဓားသိုင်းကျမ်းရွေးချယ်သည်မှာ အချိန်အကြာဆုံးဖြစ်သည်မဟုတ်ပါလား။
ကောင်လေးလည်း သူ၏လက်ထဲမှဓားသိုင်းအား လူကြီးအားပြလိုက်သည်။ လူကြီးမှ ထိုဓားသိုင်းအားကြည့်ကာ မျက်နှာအမူအယာလေးနက်သွားသည်။
ထို့နောက် သူကအဝေးသို့ငေးကာ ဖြေးညင်းစွာပြောလိုက်သည်။
" ဒီဓားသိုင်းနဲ့ပတ်သတ်ရင် ငါလည်းလမ်းညွှန်ချက်မပေးနိုင်ဘူး ။ ဒီဓားသိုင်းက ငါတို့ဓားစံအိမ်ရဲ့တည်ထောင်သူဘိုးဘေးရဲ့ အရင်းနှီးဆုံးမိတ်ဆွေရဲ့သိုင်းကျမ်းဘဲ ။
သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ ငါတို့ဘိုးဘေးကိုမတွေ့ခင်အချိန်အထိ မိတ်ဆွေအပေါင်းအသင်းတစ်စုံတစ်ယောက်မှမရှိခဲ့ဘူး ။
ဓားတစ်လက်ကိုဆွဲပြီး နုနယ်တဲ့အရွယ်ကနေ ဆံပင်တွေငွေရောင်သန်းတဲ့အချိန်အထိ သိုင်းလောကမှာ လှည့်လည်ခဲ့တယ်။ သူပိုင်ဆိုင်တဲ့ပစ္စည်းဆိုတာ ဓားတစ်လက်နဲ့ အရက်တစ်အိုးကလွဲပြီးဘာမှမရှိခဲ့ဘူး ။
တိုက်ပွဲတွေမရေမတွက်နိုင်အောင်တိုက်ခိုက်ခဲ့ပြီးတော့ သူ့အသက်လေးဆယ်ကျော်မှာ ပြိုင်ဘက်ကင်းဘွဲကို သိုင်းလောကတစ်ခုလုံးကပေးအပ်ခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူသိုင်းလောကကထွက်ခွာသွားခဲ့တာပဲ။
သူအမြဲပြောခဲ့တယ်။ ဘဝဆိုတာလေလိုပဲ။ အပေါင်းအသင်းဆိုတာအလကား အချစ်ဆိုတာ တံလျှပ်လိုပဲတဲ့ ။
သိုင်းလောကသားမဟုတ်တဲ့ ငါတို့ဘိုးဘေးနဲ့တွ့ပြီးတဲ့နောက်မှာ သူသိုင်းလောကထဲကထွက်လာပြီး ငါတို့ဘိုးဘေးရဲ့ဖိတ်ခေါ်မှုနဲ့ ဓားစံအိမ်မှာပဲသေဆုံးတဲ့အထိနေထိုင်သွားခဲ့တယ်။
သူမသေခင်အချိန်က ဒီဓားသိုင်းကို တီထွင်သွားခဲ့တာပဲ။ သူ့ရဲ့ဘဝတစ်ခုလုံးလိုလိုက အထီးကျန်ခဲ့တဲ့အတွက် သူက ဓားသိုင်းထဲမှာ သူ့ဂဲ့ခ့သားချင်တွေထည့်သွင်းပြီး အထီးကျန်ဓားသိုင်းလို့အမည်ပေးခဲ့တာပဲ။ "
ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ ထိုသို့ပြောကာ ရှီ အားကြည့်လိုက်သည်။ ထိုကောင်လေးမှာလည်း လူကြီး၏အကြည့်အားရှောင်ရှားနေသည်။
လူကြီးမှ ဆက်ပြောလိုက်သည်။
" ကောင်လေးရှီ မင်းရဲ့ခံစားချက်တွေကိုငါနားလည်တယ်။ ဒါပေမယ့် မင်းတစ်ယောက်ထဲလို့ဘယ်တော့မှမတွေးနဲ့။ ငါကမင်းရဲ့ဆရာ ဒီနေရာက မင်းရဲ့အိမ်ပဲ မင်းနဲ့အတူ ငါတို့အားလုံးရှိတယ် ။ ဘယ်တော့မှ မင်းတစ်ယောက်ထဲမဟုတ်ဘူး "
လူကြီးမှ ထိုသို့ပြောကာ ထွက်သွားလိုက်သည်။ ရှီ ဆိုသောကောင်လေးမှာ လူကြီး၏နောက်ကျောအား စိုစွတ်သည့်အကြည့်ဖြင့် ကြည့်လျက်ကျန်ခဲ့သည်။
----------------------------------------------------------------------
#အပေါ်မှစာသားမှာ Chinese songတစ်ပုဒ်ထဲမှဖြစ်ပါသည် ။