← Chapters

သိုးထိန်းကြီး၏ပုံစံအမှန်

Vol. 1 Ch. 28

သိုးထိန်းကြီး၏ပုံစံအမှန်

Vol. 1 Ch. 28

လွန်ခဲ့သည့်တစ်နှစ်ခန့်က

ထင်းရှီမှာ အခြေခံသိုင်းပညာကိုလေ့ကျင့်ပြီး၍ အားလပ်ချိန်များတွင် လုပ်နေကြဖြစ်သည့်အတိုင်း သိုးထိန်းကြီး၏ခြံဝန်းလေးသို့ လာခဲ့သည်။

သိုးထိန်းကြီးအား လွန်ခဲ့သည့်တစ်နှစ်ခန့်မှစကာ သိခဲ့ခြင်းဖြစ်သည်။ ဓားစံအိမ်သို့ သူရောက်ရှိနေသည်မှာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

သို့သော် သိုးထိန်းကြီးနှင့်မူကား လွန်ခဲ့သည့်တစ်နှစ်ခန့်မှသာ စတင်သိရှိခဲ့သည်။ သူ့ဆရာ၏ပြောပြချက်အရဆိုလျှင် သိုးထိန်းကြီးမှာ လွန်စွာဆန်းကြယ်ကာ ဗဟုသုတများသောလူကြီးဖြစ်သည်။

ထို့နောက်တွင်မူ သူသိုးထိန်းကြီးထံသို့ မကြာခဏသွားကာ သူပြောပြသည့် ဗဟုသုတများ ၊ ထူးဆန်းသည့်အကြောင်းအရာများကို နားထောင်လေ့ရှိသည်။

သိုးထိန်းကြီးသည်လည်း ပျင်းရိခြောက်ကပ်နေသော သူ၏ခြံဝန်းလေးထဲတွင် ထင်းရှီမှ မကြာခဏလာ၍စကားပြောသဖြင့် စကားပြောဖော်ရကာ ထင်းရှီအားခင်မင်သည်။

တစ်ခါတစ်ရံ သူစိတ်ကြည်နေသည့်အချိန်တွင် ထင်းရှီအား သူတတ်မြောက်သည့်အတတ်ပညာများကိုပါ သင်ကြားပေးသေးသည် ။

ထို့အပြင် သူ၏ပါးစပ်မှလည်းတဖွဖွပြောသေးသည်။

" မင်းငါသင်ပေးတဲ့ထဲက တစ်ခုလောက်ကို ဖြစ်ဖြစ်မြောက်မြောက်တတ်ရင် လောကမှာထမင်းမငတ်တော့ဘူးကွ "

ဟူ၍ဖြစ်သည်။

သူပြောသည်မှာ မှန်မမှန်မသိသော်လည်း သူ၏သင်ကြားပေးမှုကြောင့် ထင်းရှီအတွက်မူ အတန်ပညာအတော်များများအား တီးမိခေါက်မိရှိသွားသည်။

ထိုနေ့တွင်လည်း ထင်းရှီမှာ သိုးထိန်းကြီး၏ခြံဝန်းဆီသို့ လာခဲ့သည်။ သို့သော် ခြံဝန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။

သိုးများအား အနီးပတ်ဝန်းကျင်တောအုပ်ထဲတွင်ကျောင်းသည့်အချိန်လည်းမဟုတ်ပေ။ ထို့အပြင် သိုးထိန်းကြီးသည်လည်းသူ၏ခြံဝန်းလေးထဲမှ အပြင်ထွက်သည်မှာနည်းပါးသည်။

သိုးထိန်းကြီးမှာ သူ၏အားလပ်ချိန်များတွင် ‌သိုးခြံထဲတွင်ဖြစ်စေ ၊ ခြံဝ်းအလယ်ရှိသစ်ပင်အရိပ်အောက်မှ ခုံတမ်းရှည်တွင်ဖြစ်စေ အချိန်ဖြုန်းနေတတ်သည်

" သိုးထိန်းကြီး သိုးထိန်းကြီး "

ထင်းရှီမှာ တကျော်ကျော်အော်ခေါ်လိုက်သည်။ သို့သော် ပြန်ထူးသံမကြားပေ။

သိုးထိန်းကြီး၏တဲအိမ်တံခါးမှာ အနည်းငယ်ပွင့်ဟနေသည်။ ထိုတဲအိမ်လေးအတွင်းသို့ ထင်းရှီသုံးလေးခေါက်ခန့်ရောက်ဖူးသည်။

အထဲတွင် မည်သည့်စိတ်ဝင်စားစရာမှမရှိပေ ။ ယိုင်နဲ့နေသည့် စားပွဲတစ်လုံး ပရိဘောဂအနည်းငယ်နှင့် ကုတင်တစ်လုံးသာရှိသည်။

သိုးထိန်းကြီးမှာ အိပ်စက်သည့်အချိန်နှင့် အစာစားသည့်အချိန်မှလွဲ၍ တဲအိမ်ထဲသို့ ဝင်လေ့မရှိပေ။

ထို့ကြောင့် ထင်းရှီလည်း စူးစမ်းလိုစိတ်ကြောင့် တဲအိမ်လေးအတွင်းသို့ ဝင်လာမိသည်။ တဲထဲသို့ရောက်‌သောအခါ သူ၏မျက်လုံးများပြူးကျယ်သွားသည်။

တဲကြမ်းပြင်ပေါ်တွင် သိုးထိန်းကြီးမှာ ကြာပန်းပုံထိုင်နေသည်။ သူ၏ခန္တာကိုယ်မှာ ဝေဒနာတစ်စုံတစ်ရာခံစားနေရဟန်ဖြင့် တွန့်လိန်နေသည်။

သူ၏လက်နှစ်ဘက်အား ထူးဆန်းသည့်လင်သန်ပြုလုပ်ထားကာ ခန္တာကိုယ်အနီးတွင် အနက်ရောင်အခိုးအငွေ့များ ယှက်သန်းနေသည်။

ထင်းရှီလည်း သူမမြင်ဖူးသည့်မြင်ကွင်းကြောင့် အနည်းငယ်ထိတ်လန့်သွားသည်။ သို့သော် ကြောက်ရွံ့ခြင်းကားမဖြစ်မိပေ။

သူကြည့်ရှုနေစဉ်အတွင်း သိုးထိန်းကြီးမှာ သူ၏လက်အား စက်ဝိုင်းပုံလုပ်ကာ ရင်ဘက်အားဖိလိုက်သည်။

သိုးထိန်းကြီး၏အမူာမှာ ဆိုးရွားလာသည်။ ထင်းရှီမှာ သိုးထိန်းကြီးအား ရင်တထိတ်ထိတ်ဖြင့်ကြည့်လိုက်သည်။

" ဖူးး "

သူကြည့်ရှာနေစဉ်တွင်ပင် သိုးထိန်းကြီးမှာ ထိန်းမထားနိုင်တော့ဘဲ သွေးတစ်လုပ်အန်ထုတ်လိုက်သည်။ ထို့နောက် သူ၏မျက်နှာအမူအယာမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့သွားသည်။

ဘေးမှကြည့်နေသောထင်းရှီမှာ သိုးထိန်းကြီးအတွက် အနည်းငယ်စိုးရိမ်သွားသည်။ ထို့ကြောင့် အကူအညီပေးရန် ‌အရှေ့သို့ သွားလိုက်သည်။

" ဝုန်း "

" ဖြောင်း "

သိုးထိန်းကြီးနှင့် ခြေငါးလှမ်းအကွာသိူ့ရောက်သောအခါ ထင်းရှီမှာ တစ်စုံတစ်ယောက်၏တွန်းထုတ်ခြင်းကို ခံလိုက်သလိုဖြစ်ကာ ပြင်းထန်သောအားလှိုင်းကြီးကြောင့် နောက်သို့ လွင့်စင်သွားသည်။

ထို့နောက် နောက်ဘက်ရှိ ယိုင်နဲ့နေသောစားပွဲခုံပေါ်သို့ ပစ်ကျသွားကာ မူလကယိုင်နဲ့နေသောသားပွဲခုံမှာ အစိတ်စိတ်အမွာမွာကျိုးသွားသည်။

ထင်းရှီသည်လည်း မသက်သာလှပေ။ ရှေ့ညက်မှတွန်းထုတ်လိုက်သော အားလှိုင်းကြီးကြောင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးကုန်သကဲ့သို့ ခံစားလိုက်ရကာ သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျလာသည်။

ထင်းရှီ၏ အော်သံကြောင့် မျက်စိမှိတ်ကာထိုင်နေသော သိုးထိန်းကြီး၏မျက်လုံးများမှာ ဆက်ခနဲပွင့်လာသည် ။

ထင်းရှီမှာ ထိုမျက်လုံးများအားကြည့်ကာ တုန်လှုပ်သွားသည်။ လဲကျနေရာမှ နောက်သို့ တကွတ်တိုက်ဆုတ်လိုက်မိသည် ။

သူ၏နောက်ကျော်နှင့် တဲနံရံတို့တိုက်မိမှ သာရပ်တန့်သွားသည်။ သူ၏အကြည့်များကမူ သိုးထိန်းကြီးအား မျက်စေ့မလွှဲဘဲကြည့်နေသည်။

သူ၏မျက်လုံးများမှာ မည်းနက်နေသည်။ မျက်ဆဲသာမကမျက်လုံးတစ်ခုလုံးပါ မည်းနက်နေသည်။ ထို့အပြင် အနက်ရောင်မျက်လုံးများအတွင်းမှ သွေးဆာရက်စက်မည့်ပုံရသည့် အရိပ်အယောင်များကို တွေ့နေရသည်။

သူ၏ခန္တာကိုယ်အနီးမှ အနက်ရောင်အခိုးအငွေ့များမှာ ပို၍သိပ်သည်းလာကာ တဲတစ်ခုလုံးပျံ့နှံ့တော့မည်ကဲ့သို့ ဖြစ်လာသည် ။

ထင်းရှီမှာ မည်သည့်အရာကိုမှ မကြောက်ရွံ့သော်လည်း သိုးထိန်းကြီး၏ အနက်ရောင်မျက်လုံးများနှင့် အခိုးအငွေ့များယှက်သမ်းနေသောပုံစံကြောင့် ကျောချမ်းလာမိသည်။

သူ၏ခန္တာကိုယ်တစ်ခုလုံးလည်းလှုပ်ရှားမရဘဲဖြစ်နေကာ နေရာတွင်ပင် မလှုပ်မယှက်ထိုင်နေမိသည် ။

ထင်းရှီမှာ ကိုယ်တိုင်မြင်တွေ့ရခြင်းသာမဟုတ်ပါက အားနည်းသောအဖိုးအိုတစ်ယောက်ဖြစ်သည့် သိုးထိန်းကြီးမှာ ဤမျှကြောက်မတ်ဖွယ်ကောင်းသည်ကို ယုံကြည်နိုင်မည်မဟုတ်ပေ ။

သိုးထိန်းကြီး၏မျက်နှာအမူအယာမှာ မိစ္ဆာတစ်ကောင်ကဲ့သို့လွန်စွာကြောက်မတ်ဖွယ်ကောင်းလာသည်။

သို့ရာတွင် ရင်းနှီးနေသည့်ကောင်လေး၏အကိပ်အယောကိုမြင်လိုက်ရသောကြောင့် သိုးထိန်းကြီးမှာ ဦးခေါင်းတစ်ချက်ခါယမ်းလိုက်သည်။

သူ၏မျက်လုံးများကလည်းပုံမှန်အခြေအနေပြန်ဖြစ်လာကာ သူ့ခန္တကိုယ်အနီးမှ အနက်ရောင် အခိုးအငွေ့များမှာ ပြန်လည်ပျောက်ကွယ်သွားကြသည် ။

" ဟေ့ ကောင်လေး ဘာဖြစ်သွားသေးလဲ "

သိုးထိန်းကြီးမှာ ထင်းရှီအနားသို့ရောက်လာကာ စိုးရိမ်ကြီးစွာဖြင့်မေးလိုက်သည်။

သူ၏မျက်ဝန်းထဲတွင်လည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်လိုသောအရိပ်အ‌ယောင်များပြည့်နှက်နေသည်။

ထို့နောက် ထင်းရှီ၏လက်အားကိုင်ကာ ထင်းရှီ၏ခန္တာကိုယ်အတွင်းသို့စစ်ဆေးကြည့်လိုက်သည်။ သူ၏အမူအယာမှာ လေးနက်နေကာ ထင်းရှီတစ်စုံတစ်ရာဖြစ်မည်ကို မလိလားသည့်ပုံဖြစ်သည်။

ထင်းရှီမှာ သိုးထိန်းကြီး၏လက်မှတစ်ဆင့် သူ၏ခန္တကိုယ်အတွင်းသို့ လွန်စွာအင်အားကြီးမား‌သောအားလှိုင်းကြီးဝင်ရောက်လာသည်ကို ခံစားမိလိုက်ပြီး သူတစ်ချက်ညည်းညူလိုက်သည်။

ယခုအချိန်မှ သေချာသတိထားမိသည်မှာ သိုးထိန်းကြီး၏အနားကိုကပ်သွားသောကြောင့် သူထိခိုက်မိခြင်းမှာ ခန္တာကိုယ်အတွင်း အတွင်းဒဏ်ရာရခဲ့သည်။

သို့သော် တခဏအတွင်း ထိုဒဏ်ရာများမှာ ယူပစ်သလို ပျောက်ကွယ်သွားကာ သူ၏ခန္တာကိုယ်မှာ ယခင်ကထက်နေထိုင်၍ပိုကောင်းလာသည်။

သိုးထိန်းကြီးကိုလည်း သူအံ့ဩကြီးစွာကြည့်လိုက်သည်။ သူသိလိုက်ရသည်မှာ သိုးထိန်းကြီးမှာ သာမန်အဖိုးအိုတစ်ယောက်မဟုတ်ဘဲ လွန်စွာကြောက်မတ်ဖွယ်ကောင်းသည့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်ကိုပင်ဖြစ်သည်။

သိုးထိန်းကြီးလည်း ထင်းရှီ၏လက်အား လွှတ်ကာ သက်ပြင်းချလိုက်သည်။ သူ၏ပုံစံမှာ ယခုမှ စိတ်သက်သာရာရသွားသည့်ပုံဖြစ်သည်။

ထင်းရှီအားငုံ့ကြည့်လိုက်သောအခါ မေးခွန်းများနှင့်ပြည့်နှက်နေ‌သော မျက်နှာအားမြင်လိုက်ရသည်။ ထို့ကြောင့် သူသက်ပြင်းမောတစ်ချက်မှုတ်ထုတ်လိုက်ပြန်သည်။

" မထင်မိဘူး ။ ငါ့ရဲ့ဒဏ်ရာဟောင်းတွေကို ကုသနေတုန်း မင်းရောက်လာလိမ့်မယ်လို့ "

သိုးထိန်းကြီးမှ မသက်မသာပြောလိုက်သည်။ ထို့နောက် ထင်းရှီအားတောင်းပန်လိုက်သည်။

" ကောင်လေး ကျေးဇူးပြုပြီးတော့ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှမပြောပါနဲ့။ ငါ့ရဲ့ပုံစံအမှန်ကို ရွာထဲကလူတွေသိသွားရင် အခုလိုမျိုး ဆက်ဆံရေးတွေဆက်ထိန်းမထားနိုင်မှာကြောက်ရတယ်။

ငါ့ကို ရွာထဲကလူတွေ သိထားဆက်ဆံတာမျိုးကို ငါမလိုချင်ဘူ။ ငါသာမန်သိုးထိန်းအဖိုးအိုတစ်ယောက်အဖြစ်ပဲ သေဆုံးသွားလိုတယ် "

သိုးထိန်းကြီးမှ ဖြေးညင်းစွာပြောလိုက်သည်။ ထို့နောက် ထင်းရှီအား တောင်းပန်သလိုကြည့်လိုက်ပြန်သည်။

ထင်းရှိမှ မျက်မှောင်လေးကြုတ်ကာ အတန်ကြာအောင် စဉ်းစားနေသည်။ ထို့နောက် သိုးထိန်းကြီးကို ပြန်၍မေးခွန်းထုတ်လိုက်သည်။

သိုးထိန်းကြီးမှပြုံးလိုက်သည်။

" မင်းရဲ့ဆရာက ချီးကျူးဖို့ကောင်းတယ် ။ ငါ့ရဲ့ပုံစံအမှန်ကို အရင်စံအိမ်သခင်ဟောင်းတစ်ယောက်ပဲသိတယ်ဆိုပြီး ငါဂုဏ်ယူနေခဲ့တာ ။ မထင်မိဘူး။ မင်းရဲ့ဆရာကလည်း ငါ့ရဲ့ပုံစံအမှန်ကို သိနေတယ်။

သူ့ရဲ့အသက်အရွယ်နဲ့ ဓားနဲ့လူတစ်သားတည်းအင့်ကိုရောက်နေတာ တော်တော်လေးကို ထူးချွန်တယ်လို့ပြောရမယ်။ သူသာ ငါ့ရဲ့အသက်အရွယ်ရောက်ရင် ပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်။ "

သိုးထိန်းကြီးမှ ထင်းရှီ၏ဆရာ စံအိမ်သခင်အား ချီးကျူးလိုက်သည်။ ထင်းရှီလည်း သူ၏စကားကြောင့် ပေါ့ပါးသွားသည်။

" ဆရာက ခင်ဗျားရဲ့အကြောင်းကို သိတာတောင်မှ ဓားကျေးရွာမှာ ဆက်နေခွင့်ပြုခဲ့သေးတာပဲ။ ကျွန်တော်လဲ ခင်ဗျားရဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါဘူး "

သူတစ်ချက်ပြုံးကာ သိုးထိန်းကြီးအား ကတိပေးလိုက်သည်။

--------------------------------------------------

All Chapters