← Chapters

လေနတ်ဆိုး၏မိစ္ဆာခြေလှမ်း

Vol. 1 Ch. 29

လေနတ်ဆိုး၏မိစ္ဆာခြေလှမ်း

Vol. 1 Ch. 29

ထင်းရှီ၏မျက်နှာအမူအယာကိုမြင်လိုက်သည်နှင့် မည်သည့်အရာကိုတွေးတောနေမှန်း ‌အတွေ့အကြုံများသောသိုးထိန်းကြီးမှာ ရိပ်မိလိုက်သည်။

ထို့ကြောင့် သူကထင်းရှီ၏ခေါင်းအား အသာအယာခေါက်ကာပြောလိုက်သည်။

" ကောင်စုတ်လေး မင်းအရင်တုန်းကဟာတွေပြန်တွေးနေတာမလား "

သိုးထိန်းကြီးမှ မေးလိုက်သည်။

သူ၏မေးခွန်းကြောင့် ထင်းရှီ၏မျက်နှာနုနုလေးထက်တွင် အပြုံးရိပ်တစ်ချို့ပေါ်ထွက်လာသည်။

" သိုးထိန်းကြီးက အဲဒီအချိန်တုန်းက ဘာဖြစ်လို့ မျက်လုံးတွေအနက်ရောင်ပြောင်းသွပြီး ခန္တာကိုယ်အတွင်းကလည်း အနက်ရောင်အခိုးအငွေ့တွေထွက်လာရတာလဲဆိုတာ သိချင်နေတာ "

ထင်းရှီ၏စကားကြောင့် သိုးထိန်းကြီးမှာ မသက်မသာပြုံးလိုက်မိသည်။

" ငါလေ့ကျင့်တာက အောက်လမ်းသိုင်းပညာတစ်မျိုးပဲ ။ ပြီးတော့ ငါလာခဲ့တဲ့နေရာကလူတွေကလည်း ဒီနေရာနဲ့သိပ်ပြီး ဆင်တူတယ် ။

မတူတာက ဒီကလူတွေက အေးချမ်းပြီးတော့ ဟိုကလူတွေက သိုင်းပညာရဲ့နောက်ကို အရူးအမူးလိုက်နေကြတာပဲ ။

သူတို့ရဲ့ပန်းတိုင်က ပြိုင်ဘက်ကင်းသိုင်းအဆင့်ထက်ကိုပိုတယ် ။ သူတို့ရဲ့ဘဝတစ်ခုလုံး အဲဒီရည်မှန်းချက်နဲ့ပဲ အသက်ရှင်နေကြတာ "

သိုးထိန်းကြီးမှ ဖြေးညင်းစွာပြောလိုက်သည်။ သူ၏မျက်လုံးများကရီဝေနေကာ ယခင်ကအကြောင်းအရာများအား ပြန်လည်သတိရလာသည့်ပုံဖြစ်သည်။

ထင်းရှီသည်လည်း ယနေ့မှ ထူးထူးဆန်းဆန်းသိုးထိန်းကြီးမှ သူ၏ဘဝအကြောင်းနှင့်ပတ်သက်၍ စကားဟလာသဖြင့် အံ့အားသင့်နေမိသည်။

လွန်ခဲ့သည့်နှစ်နှစ်တာအတောအတွင်း သူသိုးထိတိးကြီး၏ဘဝအကြောင်းနှင့်ပတ်သတ်၍မေးမြန်းသော်လည်း သိုးထိန်းကြီးမှ ရေရေရာရာဖြေကြခြင်းမရှိပေ။

ထို့ကြောင့် ထင်းရှီလည်း ပါးနပ်သူပီပီ သိုးထိန်းကြီးအားဆက်မမေးတော့ပေ။ ယနေ့တွင်မူ သိုးထိန်းကြီးကိုယ်တိုင်မှ စကားစလာသည်။

ထို့ကြောင့် ထင်းရှီလည်း ငြိမ်သက်စွာ နားထောင်နေသည်။ သိုးထိန်းကြီးမှ ဆက်ပြောလိုက်သည်။

" ငါအရွယ်ရောက်ပြီးလို့ ပညာစုံပြီလို့ပြောဘို့ရတယ့်အချိန်မှာ ငါ့ရဲ့အိမ်ကနေထွက်လာခဲ့တယ်။ ပြီးတော့ ငါနေရာအနှံ့လျှောက်သွားပြီးစူးစမ်းခဲ့တယ်။

အရှေ့မြောက်ပိုင်းက ဂိုဘီသဲကန္တာရထဲကိုလည်း ငါရောက်ခဲ့တယ်။ ဟိမဝန္တာတောင်တန်းတွေဘက်ကိုလည်း ခြေဆန့်ခဲ့တယ်။ တောင်ပင်လယ်ကိုလည်းငါရောက်ခဲ့တယ်။ ငါ့ဘဝရဲ့အချိန်ဆယ်နှစ်ကျော်လောက်ကို ခရီးသွားနေရင်းနဲ့အချိန်ကုန်ခဲ့တယ်။

အဒီနောက်မှာ ငါသိုင်းလောကအနှံ့ပြဲပြဲစင်အောင်လျှောက်သွားခဲ့တယ်။ ဝူတန်းကဓားလိုဏ်ဂူဆိုတာလဲငါရောက်ခဲ့တယ်။

ဝူတန်းဂိုဏ်းချုပ် ရသေ့က ဓားနဲ့လိုက်ပိုင်းလို့ ငါ့ရဲ့အင်္ကျီတောင်ပြဲခဲ့သေးတယ်။

ရှောင်လင်ကတားမြစ်နေရာဆိုတဲ့ ပြစ်ဒဏ်ကျလိုဏ်ဂူကိုလည်း ငါခိုးဝင်ခဲ့ဖူးတယ်။

ပြောလို့ပြောတာမဟုတ်ဘူ ။ ပြစ်ဒဏ်ကျလိုဏ်ဂူကအဖိုးကြီးတစ်ချို့က ငါနဲ့သိုင်းပညာမတိမ်းမယိမ်းတွေပဲ။ သူတို့ဘာသာ လူတွေနဲ့ထိတွေ့မှုမရှိတာကြာလို့ ရူးကြောင်ကြောင်ဖြစ်နေတာကတစ်ပိုင်း။

နောက်တော့ ရှောင်လင်ကျောင်းထိုင်နဲ့ ပြဿနာမဖြစ်ချင်တာနဲ့ ရှောင်လင်ကငါထွက်လာခဲ့တယ်။ "

သူ၏စကားကြောင့် ထင်းရှီမှာ ငေးမောသွားသည်။ ဝူတန်းမှဓားလိုဏ်ဂူ ၊ ရှောင်လင်မှ ပြစ်ဒဏ်ကျလိုဏ်ဂူဆိုသည်မှာ သိုင်းလောကတွင် နာမည်ကြီးနေရာများဖြစ်ကြသည်။

ယခု သိုးထိန်းကြီးမှာ ထိုနေရာများအား ဝင်ရောက်ခဲ့သည်ကို ထမင်းစားရေသောက်ပြောဆိုနေသည်။ သိုးထိန်းကြီးမှာ တမင်တကာကြွားဝါနေခြင်းဖြစ်ရမည်။

ထင်းရှီ၏မယုံသင်္ကာအကြည့်ကြောင့် သိုးထိန်းကြီးမှာ ဒေါသအိုးပေါက်ကွဲသွားသည်။ သူက လက်သီးလက်မောင်းကို ဆန့်တန်းကာပြောလိုက်သည်။

" မင်းတို့ဓားစံအိမ်မှာ ငါ့ကိုယှဉ်နိုင်တဲ့လူဆိုလို့ အနားယူသွားတဲ့ စံအိမ်သခင်ဟောင်းတစ်ယောက်ပဲရှိတာကွ။ မင်းရဲ့ဆရာ လက်ရှိစံအိမ်သခင်ဆိုတာ ငါ့ရဲ့မျက်စိထဲမှာ လူငယ်မျိုးဆက်သာသာပဲ။

သူ့ကိုငါ အသာအယာအနိုင်ရနိုင်တယ်။ နောင်တစ်ချိန်မှာတော့ သူငါ့ကိုကျော်ကောင်းကျော်သွားနိုင်တယ်။ ဒါပေမယ့်အခုအချိန်မှာတော့ မဖြစ်နိုင်သေးဘူးကွ "

သိုးထိန်းကြီးမှ တံတွေးသီးလုမတတ်ပြောကာ ခေါင်းကိုမော့ထားသည်။ ထင်းရှီမှာ သိုးထိန်းကြီးအားကြည့်ကာ အသာပြုံးလိုက်မိသည်။

" အလကားသက်သက်လာကြွားနေတယ် "

ထိုစကားကိုတော့ သူ၏စိတ်ထဲတွင်သာညပြောလိုက်ခြင်းဖြစ်သည်။ သိုးထိန်းကြီး၏သိုင်းပညာမှာ လွန်သွာကြောက်မတ်ဖွယ်ကောင်းမှန်း သူရိပ်စားမိသော်လည်းသူ၏ဆရာကို အနိုင်မယူနိုင်ဟု သူတွေးနေမိသည်။

သူ၏စိတ်ထဲတွင် သူ့ဆရာစံအိမ်သခင်သာ အကြီးမြတ်ဆုံးဖြစ်သည်။ မည်သူမှနှိုင်းယှဉ်၍မရနိုင်ပေ။

သူ၏စိတ်ထဲတွင် သူ့ဆရာ၏ ပုံရိပ်မှာ ဖျောက်ဖျက်၍မရသောတောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသည်။

သိုးထိန်းကြီးမှာ ပုံမှန်ဆိုလျှင်ပျင်းရိနေတတ်ကာ အချိန်အတော်များများငိုက်မျဉ်းနေတတ်သည်။

ယခုလို တတ်တတ်ကြွကြွဖြစ်နေသည့်အချိန်မျိုးမှာ လွန်စွာ ရှားပါးလှသည်။ ထို့ကြောင့် သူလည်းသိုးထိန်းကြီးနှင့် ပြိုင်ငြင်းမနေတော့ပေ။

" ကောင်လေး မင်းငါ့ဆီက ကိုယ်ဖော့ပညာသင်မလား "

သိုးထိန်းကြီးမှ ရုတ်တရက်မေးမြန်းလိုက်သည်။ ထိုမေးခွန်းကြောင့် ထင်းရှီမှာ အနည်းငယ်ကြောင်အန်းသွားသည်။

" ဘာပြောလိုက်တာလဲ သိုးထိန်းကြီး "

ထင်းရှီမှပြန်မေးလိုက်သည်။ သူနားကြလွဲနေသည်ဟုပင်ထင်သည် ။

သိုးထိန်းကြီးမှာ သူ့အား အတတ်ပညာအတော်များများအား သင်ကြားပေးဖူးသော်လည်း ထိုအထဲတွင် သိုင်းပညာရပ်နှင့်ပတ်သတ်၍မပါပေ။

သိုင်းလောကအကြောင်းလွန်စွာနှံ့စပ်၍ ထင်းရှီအား သူသိထားသမျှပြောပြသော်လည်း သူ၏သိုင်းပညာနှင့်ပတ်သတ်၍ တစ်စွန်းတစ်စမှမဟပေ။

ထင်းရှီလည်း ထိုအချက်အား သတိထားမိသည်။ သူလည်း သိုးထိန်းကြီးမှ ထိုအကြောင်းနှင့်ပတ်သက်၍ မပြောဆိုလိုသည်ကို သိ‌ရှိသောကြောင့် တစ်ကြိမ်တစ်ခါမှ မေးမြန်းခြင်းမပြုခဲ့ပေ။

ယခုမူ သိုးထိန်းကြီးမှ ကိုယ်ဖော့ပညာသက်ကြားပေးမည်ဟု ပြောဆို‌နေသည်။

" ဟုတ်တယ်ကောင်လေး ငါမင်းကိုသင်ပေးနိုင်တာဆိုလို့ ငါ့ရဲ့ကိုယ်ဖော့ပညာတစ်ခုပဲရှိတယ်။ ကျန်တဲ့သိုင်းပညာတွေက ငါမင်းကို လက်ဆင့်ကမ်းပြီးသင်မပေးချင်ဘူး ။

မဟုတ်ရင် မင်းလည်းငါ့လို သိုင်းပညာအဆင့်တွေမြင့်တတ်လာပြီး ထိပ်ဆုံးရောက်လေလေ ဆိုးရွားလေလေဖြစ်သွားလိမ့်မယ်။

မင်းတို့ ဓားစံအိမ်ကသိုင်းကျမ်းတွေကလည်းကောင်းပါတယ် ။ ငါ့ရဲ့သိုင်းပညာရပ်တွေနဲ့ မတိမ်းမယိမ်းတွေပဲ။ ငါကတော့ ငါ့ရဲ့သိုင်းပညာရပ်တွေကို သေရွာအထိယူသွားရမှာဘဲ "

ထိုသို့ပြောကာ သိုးထိန်းကြီး ၏အမူအယာမှာ အနည်းငယ်ညိုးနွမ်းသွားသည်။

ထင်းရှိလည်း သိုးထိန်းကြီး၏အမူအယာကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ ထို့ကြောင့် သူသိုးထိန်းကြီးအား ကြည့်ကာ ပြောလိုက်သည်။

" ကျွန်တော် ခင်ဗျားကဲ့ကိုယ်ဖောပညာကိုသင်မယ် "

သူ၏စကားကြောင့် သိုးထိန်းကြီး၏အမူအယာမှာရွှင်လန်းသွားသည်။ ထို့နောက် သူ၏အမူအယာမှာမာနကြီးသည့်ပုံဖြစ်သွားသည်။

" ငါ့ရဲ့ကိုယ်ဖော့ပညာကို ‌သိုင်းလောကထဲမှာယှဉ်နိုင်တယ့်လူဆိုလို့ လက်ချိုးရေလို့တောင်ရတယ်။

ရှောင်လင်ကျောင်း၊ ဝူတန်းတောင်နဲ့ တခြားတားမြစ်နေရာတွေအတော်များများကို ငါကိုယ်ဖော့ပညာအားကိုးနဲ့သွားခဲ့တယ်။ တိုက်ခိုက်မှုတစ်ခုမှမလုပ်ခဲ့ဘူး ။

ပြီးတော့ ဆံ‌ပင်‌ လေးတစ်ပင်‌တောင်မကျွတ်ဘဲ ပြန်ထွက်လာနိုင်ခဲ့တယ်။ ဒါကိုကြည့်ရင် ငါ့ကိုယ်ဖော့ပညာရဲ့အဆင့်အတန်းကို မင်းရိပ်စားမိမှာပါ။ "

သိုးထိန်းကြီးမှာ သူ၏ကိုယ်ဖော့ပညာကို အမွန်းတင်လိုက်ပြန်သည်။ ထင်းရှီလည်း သိုးထိန်းကြီးအားကြည့်ကာ မျက်နှာမအီမသာဖြစ်သွားသည်။

စောစောပိုင်းက ပြိုတော့မည့်မိုးကဲ့သို့ မည်းမှောင်နေသောသိုးထိန်းကြီး၏မျက်နှာမှာ သူ၏ကတိအားရရှိပြီးသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် လမင်းကြီးကဲ့သို့ဝင်းပသွားသည်။ ထို့နောက် ကြွားဝါနေပြန်သည်။

" ငါလှည့်စားခံလိုက်ရတာလား "

ထင်းရှီမှာ တစ်ဦးတည်းရေရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင်လည်း လှည့်စားခံလိုက်ရသလိုခံစားချက်များ ထွက်ပေါ်လာသည်။

ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ဦးခေါင်းကို ခါယမ်းလိုက်မိသည်။ သိုးထိန်းကြီးမှ ဆက်ပြောလိုက်သည်။

" ငါ့ရဲ့ကိုယ်ဖော့ပညာနာမည်က လေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်းတဲ့။ မင်းတို့ဓားစံအိမ်က ဓားပညာနဲ့ပတ်သတ်ရင် အတော်ဆုံးလို့ဆိုလို့ရပေမယ့် ကျန်တဲ့ပညာရပ်တွေမှာ သိုင်းလောကထဲကဂိုဏ်းကြီးတွေအဆင့်ပဲရှိတယ်။ ဘယ်လိုလုပ်ပြီးငါလာခဲ့တဒ့နေရာနဲ့နှိုင်းယှဉ်လို့ရမှာလဲ "

သိုးထိန်းကြီး၏စကားကြောင့် ထင်းရှီ၏မျက်နှာရှုံ့မဲ့သွားသည်။ သိုးထိန်းကြီး၏စကားကိုလိုက်ကာ သူရေရွတ်လိုက်သည်။

" လေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်း ။ ခင်ဗျားက နာမည်လှလှလေးတွေမပေးတတ်တော့ဘူးလား "

ထင်းရှီမှပြောလိုက်သည်။ သူ၏စကားကြောင့် သိုးထိန်းကြီးမှာ ရှူးရှူးရှားရှားဖြစ်သွားသည်။

" လေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်းကွ ဘယ်လောက်တောင်ခန့်ညားလိုက်တဲ့နာမည်လေးလဲ။ ငါမင်းကိုဒီညကစပြီးသင်ပေးမယ်။ ငါမင်းကိုကိုယ်ဖော့ပညာ သင်ပေးတာ မင်းနဲ့ငါကလွဲပြီး ဘယ်သူမှမသိစေချင်ဘူး။ အခုတော့ မင်းပြန်တော့ "

သိုးထိန်းကြီးမှ ထိုသို့ပြောကာ သစ်ပင်ကိုမှီ၍ငိုက်မျဉ်းသွားသည်။ ထင်းရှီလည်းစိတ်ပျက်လက်ပျက်ဖြင့်ခေါင်းယမ်းကာ ထရပ်လိုက်မိသည်။

သူဆက်ပြောနေလျှင်လည်း အကြောင်းထူးမည်မဟုတ်တော့ပေ ။ သိုးထိန်းကြီးဆီသို့ ညမှထွက်လာရပေတော့မည်။

ထိုအပြုအမူမှာ သိုးထိန်းကြီးစကားမပြောလိုတော့သည့်အခါတွင် လုပ်နေကျအမူအယာဖြစ်သည်။ ထို့ကြောင့် သူလည်းထရပ်လိုက်ကာ စံအိမ်သို့ပြန်ရန်ပြင်လိုက်သည်။

---------------------------------------------

All Chapters