← Chapters

ဒေါ်လေးကျိဟွာ

Vol. 1 Ch. 30

ဒေါ်လေးကျိဟွာ

Vol. 1 Ch. 30

" ရှီလေး "

ထင်းရှီမှာ ဓားစံအိမ်သို့ ပြန်ရန်လျှောက်လာစဉ် ဘေးဘက်မှ ခေါ်သံကြားလိုက်ရသည် ။

ဓားကျေးရွာတွင် လူဦးရေမှာ တစ်ရာမကျော်သည့်အပြင် ခြံဝန်းကိုယ်စီနှင့် အေးဆေးစွာနေကြသည်။ ခြံဝန်းတစ်ခုနှင့်တစ်ခုမှာ အနည်းငယ်ကွာဝေးသည်။

ထို့ကြောင့် ယခုထင်းရှီရောက်နေသောခြံဝန်းမှာ ရွာစွန်ရှိ သိုးထိန်းကြီး၏ခြံဝန်းနှင့်အတော်ကွာဝေးသည်။

သူဘေးသို့လှည့်ကြည့်လိုက်ရာ ‌ဘေးဘက်ရှိခြံဝန်းအတွင်းမှ ချောမောလှပသည့်အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်အား မြင်လိုက်ရသည်။

လုဝေလည်း ထိုအမျိုးသမီးကိုကြည့်ကာ ပြုံးလိုက်သည်။

" ဒေါ်လေးကျိ ဘာကိစ္စရှိလို့လဲ "

ထိုခြံဝန်းထဲသို့ လျှောက်သွားကာ ထိုအမျိုးသမီးအားမေးလိုက်သည်။ သူစကားကြောင့် ထိုအမျိုးသမီးမှ သိမ်မွေ့စွာ ပြုံးလိုက်သည်။

" မင်းတို့အတွက် ကြာပန်းမုန့်တွေလုပ်ထားတယ်။ ‌မင်းဆရာကို‌ တစ်ပန်းကန် ပြီးတော့ရှောင်လေးနဲ့ ယင်ယင်တို့အတွက်ပါယူသွားဦး "

ထိုအမျိုးသမီးမှ ပန်းကန်နှစ်ခုအားကိုင်ကာပြောလိုက်သည်။ သူမ၏စကားကြောင့် ထင်းရှီမှာ စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။

" ဒေါ်လေးကျိက ကျွန်တော့်အတွက် လုပ်ပေးမထားဘူးလား ။ "

ထင်းရှီ၏အမူအယာကြောင့် အမျိုးသမီးမှာ အသံထွက်၍ပင်ရယ်မောလိုက်မိသည်။ ထို့နောက် နောက်ထပ်ပန်းကန်တစ်ခုအားထုတ်ပေးလိုက်သည်။

" ရော့ရော့ ကိုယ်တော်လေး မင်းက ဒေါ်လေးလုပ်တဲ့ မုန့်တွေကိုကြိုက်တတ်မှန်းသိလို့ မင်းအတွက်အများကြီးထည့်ထားတယ်။ ဒီမှာတင်စားမလား ။ ဟိုကိုယူသွားပြီစားမလား "

သူမ၏စကားကြောင့် ထင်းရှီ၏မျက်လုံးများအရောင်တောက်သွားသည်။

" ဒေါ်လေးက အကောင်းဆုံးပဲ "

ထင်းရှီမှာ ပန်းကန်အားဆွဲယူကာပြောလိုက်သည် ။ ထို့နောက် မုန့်သုံးလေးခုအားဖယ်ကာ ကျန်ရှိသည့်မုန့်များကို ပျော်ရွှင်စွာစားလိုက်သည် ။

ဒေါ်လကျိဆိုသောအမျိုးသမီးမှ ပလုပ်ပလောင်းစားသောက်နေသောထင်းရှီအား ချစ်ခင်စွာ ပြုံးလျက်ကြည့်လိုက်သည်။

သူမအနေဖြင့်ထင်းရီမှာ သူမ၏သားအရင်းတစ်ဦးကဲ့သို့ဖြစ်သည်။ ထင်းရှီသည်လည်း သူမအား ရွာထဲရှိအခြားလူများထက် ပို၍ခင်တွယ်သည်။

ဒေါ်လေးကျိမှာ စံအိမ်သခင်၏တပည့်အကြီးဆုံးဖြစ်သူ ရှောင်ကျင်းဖန်၏မိခင်ဖြစ်သည်။

သူမ၏ခင်ပွန်းမှာ စံအိမ်သခင်နှင့်ပညာသင်ဖက်ညီအစ်ကိုဖြစ်ကာ ရှောင်ကျင်းဖန်ငယ်စဉ်ကပင်ရောဂါနှင့်သေဆုံးသွားခဲ့သည်။

ဓားစံအိမ်အား ထင်းရှီစရောက်လာစဉ်က ထင်းရှီ၏အသက်မှာ ငါးနှစ်ခန့်သာရှိသေးသည် ။ထင်းရှီမှာ စံအိမ်အားစရောက်လာစဉ်က အရယ်အပြုံးမရှိဘဲ သစ်သားတုံးတစ်တုံးကဲ့သို့ဖြစ်သည်။

ခံစားချက်မရှိသည့် အမူအယာဖြင့် လူတိုင်းအားဆက်ဆံသည်။ ဓားကျေးရွာမှလူများမှာ ထင်းရှီ၏ပုံစံအရ သူအပြင်းအထန်စိတ်ထိခိုက်စရာတစ်စုံတစ်ခုအား ကြုံတွေ့ခဲ့ရမည်ဟု သိလိုက်ကြသည်။

သူတို့အနေဖြင့် ကလေးငယ်တစ်ယောက်အတွက် ကြီးမားသောစိတ်ဒဏ်ရာတစ်ခုဖြစ်နေသောကြောင့် ကရုဏာသက်ခဲ့ကြသည်။

ထိုအချိန်က ထင်းရှီလေးအား မြင်သည်နှင့် ကြင်နာတတ်သော ကျိဟွာမှာမြင်မြင်ချင်းချစ်ခင်မိကာ သူမ၏သားအရင်းနှင့်မခြားဂရုစိုက်ပေးသည်။

စံအိမ်သခင် ထင်းချီယင်ကလည်း ထင်းရှီအား သူမ၏လက်တွင်အပ်ထားလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထင်းရှီမှာ ကျိဟွာအား ဆွေမျိုးအရင်းကဲ့သို့တွယ်တာကာ ရှောင်ကျင်းဖန်နှင့်လည်း ညီအစ်ကိုအရင်းကဲ့သို့ အတူကြီးပြင်းလာသည်။

" ဒေါ်လေးကျိ ကျွန်တော်ဗိုက်ဝသွားပြီ "

ထင်းရှီမှ သူ၏ဗိုက်အားပွတ်ကာပြောလိုက်သည်။ ကျိဟွာမှာ ထင်းရှီအား မကျေနပ်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

" ရှီလေး မင်းအိမ်ကို မကြာမကြာလာလည်ဦး ။ အခြေခံသိုင်းပညာစသင်ထဲက အိမ်ကိုတစ်နေ့တစ်ခေါက်တောင်မရောက်တော့ဘူး။ အခုဓားသိုင်းသင်မယ်ဆိုတော့ တစ်လ‌တစ်ခေါက်တောင်ရောက်ပါတော့မလား "

ကျိဟွာမှ အနည်းငယ်ဝမ်းနည်းနေသည့်လေသံဖြင့်ပြောလိုက်သည်။ ထိုစကားကြောင့် ထင်းရှီမှာ အလျှင်အမြန်ပင် ကတိပေးလိုက်သည်။

" ကျွန်တော် ဒေါ်လေးဆီကို တစ်နေ့တစ်ခေါက်လာလည်ပါ့မယ်လို့ ကတိပေးပါတယ် "

ထင်းရှီ၏ကတိကြောင့် ကျိဟွာမှာ အနည်းငယ်ပြုံးသွားသည်။ ထို့နောက် ညင်သာစွာပြောလိုက်သည်။

" ရှီလေး မင်းသိုင်းပညာမသင်ချင်ရင်လဲ မသင်နဲ့လေ အစ်ကိုကြီးထင်းချီက မင်းကိုတပည့်အဖြစ်လက်မခံဘူးဆိုရင်လဲ ဒေါ်လေးနဲ့လာနေ။ မင်းကငယ်ငယ်ထဲက ပိန်ပြီးအားနည်းတယ်။ မင်းသိုင်းပညာမသင်ချင်ရင် မသင်နဲ့။ "

ကျိဟွာမှ ဖြောင်းဖျလိုက်သည်။ ထိုအခါ ထင်းရှီမှာ အကြပ်ရိုက်သွာားသည်။ သူ၏ဦးခေါင်းထဲတွင်လည်း စကားလုံးများအား စီကာ အလျှင်အမြန်အဖြေပေးလိုက်သည်။

" ‌ ဒေါ်လေးကလည်း ကျွန်တော်သိုင်းပညာသင်တာက ခန္တာကိုယ်ကြံ့ခိုင်အောင်လို့လေ ။။နောက်ပြီး ကျွန်တော်သိုင်းပညာမသင်တော့ရင် ဆရာကစိတ်မကောင်းဖြစ်မှာပေါ့ ။ သိုင်း‌လေ့ကျင့်ရမယ့်အချိန်ရောက်နေပြီ ကျွန်တော်သွားပြီ "

ထင်းရှီမှ ရှုပ်ထွေးစွာဖြေခဲ့ကာ ရူးချင်ယောင်ဆောင်၍ ပန်းကန်နှစ်ခုအားကိုင်ကာ ခုန်ပေါက်ပြေးသွားသည်။

ကျိဟွာလည်း ထွက်ခွာသွားသော ထင်းရှီ၏နောက်ကျောအားကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင််ဘခေါင်းယမ်းလိုက်မိသည် ။

သူမအနေဖြင့် ထင်းရှီအား ဖြောင်းဖျမရမှန်းသိသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် တစ်စုံတစ်ခုအား သတိရသွားသည့်ပုံဖြင့်အော်ဟစ်လိုက်သည်။

" ရှီလေး မင်းသိုးထိန်းကြီးဆီသိပ်မသွားနဲ့။ သူကအချိန်ပြည့်ပျင်းနေတဲ့လူကြီး ။ မင်းပါသူ့လိုလိုက်ပြီးပျင်းရိသွားမယ် "

ကျိဟွာမှာအော်ဟစ်လိုက်သည်။ ထင်းရှီမှာ ရယ်ချင်စိတ်အားမြိုသိပ်ကာ ဖုံးဖိထားရင်း လှည့်ကာခေါင်းညိမ့်ပြလိုက်သည်။

" ဟက်ချိုး "

ရွာအစွန်ရှိခြံဝန်း‌လေးထဲတွင် ပျင်းရိစွာလဲလျောင်းနေသော သိုးထိန်းကြီးမှာ ရုတ်တရက်နှာချေချလိုက်သည်။ ထို့နောက်

" ဘယ်သူငါ့အကြောင်းပြောနေတာလဲဟ "

ကြောင်တောင်တောင်ဖြင့် ရေရွတ်လိုက်မိသည်။

----------------------------------------

All Chapters