← Chapters

လက်ရည်စမ်းတိုက်ပွဲငယ်

Vol. 1 Ch. 31

လက်ရည်စမ်းတိုက်ပွဲငယ်

Vol. 1 Ch. 31

သိုးထိန်းကြီးမှာ ထင်းရှီ၏ သိလိုစိတ်ပြင်းပြ‌နေသည့်ပုံကိုကြည့်ကာ ရယ်မောလိုက်သည်။

" မင်းကဒုတိယအဆင့်ကို အောင်မြင်ရင်တောင်တော်တော်လေး အံ့ဩဖို့ကောင်းနေပြီ။ ပထမအဆင့်ကိုအောင်မြင်ဖို့က နှစ်နဲ့ချီပြီးလေ့ကျင့်ရမှာ။

နောက်ပိုင်းအဆင့်တွေကပိုပြီး ခတ်ခဲသေးတယ် ။စိတ်ကူးမယဉ်စမ်းပါနဲ့ကွာ "

သိုးထိန်းကြီး၏စကားကြောင့် ထင်းရှီမှာ မကျေမနပ်ဖြစ်သွားသည်။ သူကနှာခေါင်းရှုံ့ကာပြောလိုက်သည်။

" အောင်မြင်တာ မအောင်မြင်တာကတစ်ပိုင်း။ ကျွန်တော်သိချင်တာက တစ်ပိုင်းလေဘာမှမဆိုင်ဘူး "

ထင်းရှီမှ ပြောလိုက်သည် ။ သူ၏စကားကြောင့် ငိုးထိန်းကြီးမှ သဘောကျစွာရယ်မောကာ ရှင်းပြလိုက်သည်။

" တတိယအဆင့်ကို အောင်မြင်သွားရင်တော့ မင်းထက်သိုင်းအဆင့်မြင့်တဲ့လူတွေတောင် မင်းဆန္ဒမရှိရင် သူတို့ရှေ့မှာတင် ပုန်းကွယ်နေလို့ရတယ်။

ဒါပေမယ့် အဆင့်က မဖြစ်နိုင်ဘူးလို့တောင်ပြောကြတယ်။ ဒါပေမယ့်ငါကတော့ ဖြစ်နိုင်တယ်လို့ထင်တယ် "

သိုးထိန်းကြီးမှ ရယ်မောရင်းဖြင့်ရှင်းပြလိုက်သည်။ ထင်းရှီလည်း အနည်းငယ်ကျေနပ်သွားသည်။

သိုးထိန်းကြီးမှ သူ၏ရင်ဘက်ကြားမှ စာအုပ်နစ်အုပ်အား ထုတ်ယူလိုက်သည်။ သာအုပ်မျက်နှာဖုံးပေါ်တွင် မည်သည့်စာလုံးမှမပါဘဲ စာအုပ်မှာလည်း စာရွက်သားကြမ်းတမ်းလှသည် ။

" ရော့ ကောင်လေး "

သိုးထိန်းကြီးမှ ထိုစာအုပ်ငယ်အား ထင်းရှီထံသို့ပစ်ပေးလိုက်သည်။ ထင်းရှီလည်း ‌ယောင်နနဖြင့်ဖမ်းယူထားလိုက်သည် ။။

ထို့နောက် စာအုပ်ကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် စာလုံးအချို့နှင့် ရုပ်ပုံအနည်းငယ်ကိုတွေ့ရသည်။ ထိုစာအုပ်ကိုကြည့်၍ ထင်းရှီမှာ မျက်မှောင်ကြုတ်လိုက်မိသည် ။

သူ၏စိတ်ထဲရှိ သံသယမှာကြီးထွားလာသည်။ ထို့နောက် ထိန်းချုပ်မထားနိုင်တော့ဘဲ သိုးထိန်းကြီးအား‌မေးလိုက်သည် ။

" သိုးထိန်းကြီး ဒါက လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာသိုင်းကျမ်းတော့မဟုတ်လောက်ပါဘူးနော် "

ထင်းရှီမှ အနည်းငယ်မယုံရဲဖြစ်ကာာမေးလိုက်သည်။ သူ၏မေးခွန်းကြောင့် သိုးထိန်းကြီးမှာ ခေါင်းညိမ့်ပြလိုက်သည်။

" ဘာဖြစ်လို့လဲ ။ အဲဒါလေနတ်ဆိုးရဲ့မိစ္ဆာခြေလှမ်းလေ "

သိုးထိန်းကြီးမှ မထူးဆန်းသည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။ သူ၏အဖြေကြောင့် ထင်းရှီမှာ ဆွံ့အသွားသည် ။

ထို့နောက် သူ၏လက်ထဲမှ သိုင်းကျမ်းစာအုပ်အား တစ်ခေါက်ပြန်ကြည့်လိုက်သည် ။ စာအုပ်မှာ လွန်စွာကြမ်းတမ်းသည့် စက္ကူဖြင့်ပြုလုပ်ထားကာ စာရွတ်များပြုတ်မထွက်စေရန် ဂုန်နီအိတ်ကြိုးဖြင့်ချည်ထားသည်။

စာအုပ်ထဲတွင်လည်း စာလုံးများနှင့်ရုပ်ပုံများကို မီးသွေးခဲဖြင့်ရေးခြစ်ထားသည်။ ထိုမျှသားနားကာ အထင်ကြီးဖွယ်လှသောသာအုပ်အားကြည့်ကာ ထင်းရှီ၏နှုတ်ခမ်းမှာ မဲ့ရွဲ့သွားသည်။

" စာအုပ်က တော်တော်လေးသားနားတာပဲ။ ဒီ့ထက်စုတ်ပြတ်တဲ့စာအုပ်မရှိဘူးလား "

ထင်းရှီမှာ မနေနိုင်ဘဲ ရွဲ့မေးလိုက်သည်။ ထင်းရှီ၏ စကားကြောင့် သိုးထိန်းကြီးမှ ပျင်းရိစွာပခုံးတွန့်ပြလိုက်သည်။

" ငါ့မှာ ရှိတာနဲ့ရေးထားတာပဲ ။ မင်းမလိုချင်ရင်လည်းရတယ် "

သိုးထိန်းကြီးမှပြောဆိုကာ စာအုပ်အားပြန်ယူရန်ပြင်လိုက်သည် ။ သို့သော် ထင်းရှီမှ ‌ရှောင်ဖယ်လိုက်သည် ။

" ကောင်းပြီလေ ဒါကိုပဲကျင့်တာပေါ့ "

မတတ်သာသည့်ဟန်ဖြင့်ပြောကာ စာအုပ်အားစူးစိုက်ကြည့်ကာ အာရုံစိုက်ဖတ်လိုက်သည်။

သိုးထိန်းကြီးလည်း သိုင်းကျမ်းထဲတွင် အာရုံရောက်သွားသည့် ထင်းရှီအားပြုံးလျက်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

ထင်းရှီမှာ သိုင်းကျမ်းအားဖတ်ရှုနေရင်း သူ၏မျက်နှာထက်တွင် အံ့အားသင့်သည့်အရိပ်အ‌ယောင်များ ထွက်ပေါ်လာသည်။

ဤကိုယ်ဖော့ပညာရပ်မှာ သိုးထိန်းသိုးပြောသလို အစွမ်းထက်လွန်းသည်။ ဓားစံအိမ်တွင် ဤသိုင်းနှင့်နှိုင်းယှဉ်နိုင်သည့် ကိုယ်ဖော့ပညာရပ်မရှိပေ။

သိုင်းကျမ်းအား ဖတ်ရှုပြီး‌သည့်နောက်တွင် ထင်းရှီမှာ စတင်လေ့ကျင့်လိုက်သည် ။ သိုးထိန်းကြီး၏ခြံဝန်းထဲတွင် ထင်းရှီ၏ ခန္တာကိုယ်မှာ ရှေ့နောက်ယိမ်းထိုးနေတော့သည်။

သိုးထိန်းကြီးမှာ ထင်းရှီအားကြည့်နေကာ တစ်ချို့နေရာများတွင် လမ်းညွှန်မှုပေးသည်။ ထို့ကြောင့် ထင်းရှီ၏လေ့ကျင့်မှုမှာ ပိုမိုမြန်ဆန်လာသည်။

အချိန်မှာတဖြည်းဖြည်းကုန်လွန်သွားသည်။ သိုးထိန်းကြီးလည်း ငိုက်မျဉ်းနေရာမှသတိဝင်လာသည် ။

ထို့နောက် အတော်မြင့်တတ်နေပြီဖြစ်သောလခြမ်းကွေးအား သူ၏အိပ်ချင်မူးတူးကျဉ်းမြောင်းသည့်မျက်လုံးများနှင့်မော့ကြည့်ကာ ထင်းရှီအားကြည့်လိုက်သည်။

ထင်းရှီမှာ ယခုအချိန်ထိ လေ့ကျင့်နေဆဲပင်ဖြစ်သည်။ သိုးထိန်းကြီးလည်း ထင်းရှီအား ရပ်နားခိုက်လိုက်သည်။

" နား‌တော့ကောင်လေး သိုင်းသမားတွေက အတွင်းအားလေ့ကျင့်ရင်းနဲ့ခ်ွအားဖြည့်လို့ရတယ်ဆိုပေမယ့် အိပ်စက်ခြင်းက အကောင်းဆုံးသောခွန်အားဖြည့်ခြင်းပဲ ။ စံအိမ်ကိုပြန်တော့ "

ထင်းရှီလည်း သိုးထိန်းကြီးအား နှုတ်ဆက်ကာ ဓားစံအိမ်သို့ပြန်သွားသည်။ သိုးထိန်းကြီးမှာထင်းရှီပြန်သွားပြီးနောက် ခုံပေါ်တွင် ပျင်းရိပျင်းတွဲထိုင်ကာသစ်ပင်ကိုမှီလျက် အိပ်စက်ရန်ပြင်လိုက်သည်။

သို့သော် သူစမျက်လုံးများဖျက်ခနဲပွင့်လာကာစူးရှတောက်ပသောမျက်လုံးအစုံဖြင့် ခြံဝအားကြည့်လိုက်သည်။

ခြံဝတွင် အဖြူရောင်ဖျင်ကြမ်းဝတ်စုံနှင့်လူကြီးတစ်ယောက်ရောက်နေသည်။ ထိုလူအားမြင်သောအခါ သိုးထိန်းကြီး ၏မျက်လုံးများစုကြုံ့သွားသည်။

ထို့နောက် သူ၏မျက်နှာထပ်တွင် အပြုံးတစ်ခုပေါ်လာကာ ထိုလူကြီးအားပြောလိုက်သည်။

" စံအိအ်သခင်ပါလား။ ကျုပ်ရဲ့ စုတ်ချာတဲ့ခြံဝန်းထဲကိုဝင်ခဲ့ပါ။ ခွင့်တောင်းနေစရာမလိုပါဘူး "

သူ၏စကားကိုကြားမှ ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးမှာ ခြံဝန်းအတွင်းသို့ ဖြေးညင်းစွာဝင်လာသည်။ ထို့နောက် သိုးထိန်းကြီးထိုင်နေသည့်ထိုင်ခုံရှေ့တွင်ကပ်လိုက်သည်။

" သိုးထိန်းကြီး ခင်ဗျားက ကောင်လေးရှီကို သိုင်းပညာသင်ပေးနေတာလား "

လူကြီးမှ ဖြေးညင်းစွာမေးလိုက်သည်။ သူ၏မျက်လုံးများက သိုးထိန်းကြီးအား စိုကိကြည့်နေသည်။

သိုးထိန်းကြီးမှ လူကြီး၏စူးရှတောက်‌ပသောမျက်လုံးများအောက်တွင် ပုံမှန်အတိုင်းပင်ရှိနေသည်။ လူကြီး၏မေးခွန်းကိုကြားမှ သူပြုံးလိုက်သည်။

" ကျုပ်ရဲ့နိမ့်ကျနဲ့ကိုယ်ဖော့ပညာရပ်လေးကိုသင်ပေးနေတာပါ။ ဒါမှနောင်တစ်ချိန်မှာ ပြေးရလွှားရ လွယ်မှာပေါ့ "

သိုးထိန်းကြီးမှ သူ၏ဝသီအတိုင်း ပျင်းရိ‌နေသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

သူ၏စကားကြောင့် လူကြီးမှာ တစ်ချက်တွေဝေသွားကာ စဉ်းစားနေပုံပေါက်သည်။

" ကိုယ်ဖော့ပညာသင်ကြားပေးတာကတော့ ဘာမှမဖြစ်ဘူး ။ ဒါပေမယ့်ခင်ဗျားရဲ့သိုင်းပညာရပ်တွေလုံးဝသင်ကြားပေးလို့မဖြစ်ဘူးနော် ။

နောက်မှ ကျုပ်ကို မရိုသေဘူးလို့မပြောနဲ့။ ကျုပ်ခင်ဗျားကိုမနိုင်ဘူးဆိုတာသိပေမယ့် အစွမ်းကုန်တိုက်ခိုက်သွားမှာ "

လူကြီးမှ အေးစက်စွာပြောလိုက်သည်။ သူ၏စကားကြောင့် သိုးထိန်းကြီးမှ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

သို့သော် သူ၏ရယ်သံထဲတွင် ကြေကွဲရိပ်အချို့စွန်းထင်းနေသည်။

" ကျုပ်ရဲ့ပညာရပ်တွေအကြောင်းကို ကျုပ်သိပါတယ်။ သူ့ကိုလုံးဝသင်ပေးမှာမဟုတ်ဘူး။ ပြီးတော့ ကောင်လေးကိုကျုပ်သဘောကျတယ် ။ ဒါကြောင့်သူ့ကို ကိုယ်ဖော့ပညာသင်ပေးတာ။

တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ပညာအမွေကို ဆက်ခံမယ့်လူမရှိတာ ဘယ်လောက်ဆိုးရွားလိုက်သလဲ "

သိုးထိန်းကြီးမှ ရယ်မောကာပြောလိုက်သည်။ သူ၏ရယ်မောသံမှာ အနည်းငယ်နာကျင်နေဟန်ရသည်။

ဖျင်ကြမ်းအင်္ကျီနှင့်လူကြီးလည်း တိတ်ဆိတ်သွားသည်။ သိုးထိန်းကြီးမှ ဆက်ပြော‌လိုက်သည် ။

" ပြီးတော့ ကောင်လေးကို ကျုပ်သိသမျှအခြားပညာရပ်တွေသင်ပေးထားတယ် ။ သူ့ရဲ့စိတ်ဓာတ်ကိုခင်ဗျားလဲရိပ်မိမှာပေါ့။ အချိန်တန်ရင်သူကဒီလိုနေရာကျဉ်းကျဉ်းလေးထဲမှာ လှောင်ပတ်နေမှာမဟုတ်ဘူး "

သိုးထိန်းကြီး၏စကားကြောင့် လူကြီးမှာ သက်ပြင်းမောတစ်ချက်အားမှုတ်ထုတ်လိုက်သည်။

" အချိန်တန်လို့အတော်စုံရင် သူတို့ကကောင်းကင်ထက်မှာ တောင်ပံဖြန့်ပြီးပျံသန်းရမှာပဲလေ ။ ကျုပ်ဘာမှမပြောလိုပါဘူး ။ သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပေါ့ "

လူကြီးမှ ထိုသို့ပြောကာ ချာခနဲလှည့်ထွက်သွားသည်။ သိုးထိန်းကြီးမှာ လူကြီးအားကြည့်ကာ ပြုံးလိုက်သည်။

ထို့နောက် သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်ရာ ခြံဝန်းအဝသို့ချက်ခြင်းရောက်ရှိသွားကာ လူကြီးအားပတ်ထားလိုက်သည်။

" သတိထား "

သိုးထိန်းကြီးမှ သတိပေးစကားပြောကာ သူ၏လက်အားလှုပ်ရှားလိုက်သည်။ ထိုအခါ သိုးထိန်းကြီး၏လက်မှာ လက်ရိပ်များစွာခွဲသွားသကဲ့သို့ထင်ရကာ အစိမ်းရောင်အရပ်အများအပြားလူကြီးထံသို့ပြေးဝင်သွားသည်။

ထိုအစိမ်းရောင်အရိပ်များမှာ မိုးမခသး်ရွက်များဖြစ်သည်။ သစ်ရွက်များမှာ လွန်သွာလျက်မြန်သည့်အရှိန်ဖြင့်ပြေးသွားကာ လူကြီး၏မတူညီသည့်ခန္တာကိုယ်အစိတ်အပိုင်း‌များသို့ တိုးဝင်သွားသည်။

သစ်ရွက်များမှာ အံ့အားစင့်ဖွယ်ကောင်းလောက်အောင် လေတိုးသံပင်မထွက်ပေ။ ထို့အပြင် လရောင်အောက်တွင်ဖြစ်သောကြောင့်ထိုသစ်ရွက်အကုန်လုံးအား သိုင်းဝိဇ္ဇာတစ်ယောက်ပင်ရှောင်တိမ်းရန်မဖြစ်နိုင်ပေ။

လူကြီးမှ သူ၏လက်အားတစ်ချက်လှုပ်ရှားသွားသယောင်ထင်လိုက်ရသည်။ သို့သော်မည်သည့်လှုပ်ရှားမှုမှမတွေ့ရပေ။ သူ့ထံသို့ပြေးဝင်လာသည့်သစ်ရွက်များမှာမူ အစိတ်အပိုင်းများအဖြစ်သိူ့ပြောင်းလဲသွားကာ သူ၏ခြေရင်းသို့ကျရောက်သွားသည်။ ထို့နောက် လူကြီး၏ပုံရိပ်မှာ မှုန်ဝါးသွားသည်။

သိုးထိန်းကြီးမှာ မျက်ခုံးနှစ်ဖက်မြင့်တတ်သွားသည်။ ထို့နောက် ချက်ခြင်းပင် သူ၏လက်နှစ်ဘက်အား အလျှင်အမြန်လှုပ်ရှားလိုက်သည်။

အဖြူရောင်ဓားသွားတစ်ခုမှာ သူ၏လက်အတွင်းညပ်၍နေသည် ။ လူကြီးမှာ အတွင်းအားမည်မျှသုံး၍ဆွဲစေကာမူ ကျောက်တုံးကြီးနှစ်တုံးကြားတွင်ညပ်နေသကဲ့သို့ ဆွဲယူ၍မရပေ။

လူကြီးလည်းသူ၏အားအားဆက်၍ဆွဲမယူတော့ဘဲလက်လျော့လိုက်သည်။ ထိုအခါ ဓားမှာ သူ၏လက်အတွင်းပြန်ပါလာသည်။

" မင်းက နောက်ထပ်နှစ်နည်းနည်းကြာရင်ဟိုအဖိုးကြီးရဲ့အဆင့်ကိုရောက်တော့မှာဘဲ ကောင်းတယ် "

သိုးထိန်းကြီးမှ လက်ဝါးနှစ်ဖက်အားပွတ်ကာချီးကျူးလိုက်သည်။ လူကြီးလည်း ခေါင်းတစ်ချက်ညိမ့်ပြကာ ခြံဝန်းအတွင်းမှထွက်ခွာသွားသည်။

------------------------------------------------

All Chapters